ဒီမိုး ဒီရေ ဒီလှေ ဒီလူနဲ ့ကတော့…

johnnydeerNovember 17, 20131min1477

သိန်းတစ်ရာတန် လမ်းခင်းမယ်ဆိုပါစို့…

အထက်အဆင့်ဆင့်က ခင်းမယ့်သူဆီက တိုက်ရိုက် ဖြတ်ချတာ က အနည်းဆုံး 27% နဲ့ အထက်မှာ ရှိပါတယ်…ဒီတော့ 73% ကျန်ပါတယ်…

နောက်…ငွေထုတ်ပေးမယ့်သူက 5% အနည်းဆုံး လက်မှတ်ထိုးပေးခ ထပ်ဖြတ်ပါတယ်…68% ကျန်ပါတယ်…

      လမ်းမှာအသုံးပြုမယ့် ပစ္စည်းသွင်းတဲ့သူက ငွေကြေးကြံ့ကြာစောင့်ဆိုင်းရမှုအတွက် မူရင်းအမြတ်ယူပြီးသား ရောင်းဈေးထက် 5% ပိုတင်ပြီး သွင်းပါတယ်…63% ကျန်ပါတယ်…

လုပ်တဲ့ခေါင်းဆောင်အဖွဲ့ဟာ 20% သူ့အတွက်အနည်းဆုံး ကျန်အောင်လုပ်ပါတယ်…43% ပဲ ကျန်ပါတော့တယ်…

အောက်က တကယ်လက်တွေက လုပ်ကြတဲ့ အဖွဲ့ဟာ စားဝတ်နေရေးအတွက် 10% ကျန်အောင်လုပ်ပါတယ်…33% ပဲ ကျန်ပါတော့တယ်…

သိန်းတစ်ရာတန်လမ်းဟာ တကယ်လက်တွေ့ သိန်း 30 လောက်ပဲ လမ်းပေါ်အမှန်တကယ်ရောက်ပါတယ်…

ဒါ့ကြောင့် ဆယ်နှစ်ခံရမယ့် လမ်းဟာ 3 နှစ်တောင် မခံတော့ပါဘူး…သိန်းတစ်ရာ ကုန်ပြီး ဆယ်နှစ်ခံရမယ့် လမ်းဟာ ထပ်ထပ်ပြင်ရတာနဲ့ ဆယ်နှစ်အတွင်း သိန်းသုံးရာကျော်ကုန်ပြီး လုပ်အားတွေ    အထပ်ထပ်          ဆုံးရှုံးပါတယ်…

     ဥပမာ ပြောပြတာပါ…ဒီလိုတွေ မြန်မာပြည် နေရာတိုင်းမှာ ဖြစ်နေတာပါ…အဆောက်အဦးတွေ.. .ရေကာတာတွေ…စိုက်ပျိုးရေးမှာေကာ…မွေးမြူရေးမှာကော…သယံဇာတ ရှာဖွေရေးမှာကော…

     နောက်ဆုံး တကယ်ဆုံးရှုံးရတာ ပြည်သူတွေပါ…လမ်းဘေးရပ်ရင် ရပ်နားခွန်…ဆိုင်ကယ်အပ်ရင် ဆိုင်ကယ်ခွန်…အသားဝယ်စားရင် လေလံကြေးကြောင့် နှစ်ဆဈေးကြီး ဝယ်စားရတဲ့    အသားခွန်…ဝင်ငွေခွန်…အမြတ်ခွန်…ကုန်သွယ်လုပ်ငန်းခွန်…ေမြခွန်…ရေခွန်…မီးခွန်…ဖုန်းခွန်… မရေမတွက်နိုင်တဲ့ အခွန်ပေါင်း မြောက်များစွာ ပြည်သူတိုင်း ထမ်းဆောင်ရပါတယ်…ထမ်းဆောင်ရတဲ့ အခွန်ငွေတွေကို လုပ်ချင်ရာ လုပ်…အိပ်ထဲ ထည့်ချင်သလို ထည့်ပြီးမှ ပြည်သူအတွက် လုပ်ပေးရမယ့် ကိစ္စသေးသေးလေးတွေကိုကျမှ မကိုက်ဘူးတို့…ရှုံးတယ်တို့...အရှုံးခံ ဆောင်ရွက်ပေးနေတာပါတို့…ပြောရဲတဲ့ ရွှေပါးစပ် တော့

…….ကပ်ထားပေးရမယ်…ချီးသုတ်ထားတဲ့ ဖိနပ် နဲ့…..HaHaHa72(slipper)

7 comments

  • KZ

    November 18, 2013 at 10:04 am

    ခင်များတိုု့လုုပ်တတ်တာ ဘာရှိလဲ ……………

    လျှပ်စစ်တွေ ထုုတ်တယ်
    ပြည်သူအများစုု မသုုံးရဘူး။

    ဆံစပါးအများကြီး ထွက်တယ်
    ပြည်သူတွေ ဝဝလင်လင်မစားရဘူး။

    တိုုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
    ခြံစည်းရိုုးမရှိဘူး။

    ဆင်းရဲလိုု့ မိန်းမငယ်လေးတွေ သူများနိုုင်ငံမှာ
    ပြည့်တံဆာအလုုပ် အစေခံအလုုပ်တွေ သွားလုုပ်နေရတယ်
    ပြည်တွင်းမှာ အလုုပ်အကိုုင်ရှိအောင် မလုုပ်ဘူး။

    စစ်သည်သုုံးသိန်းရှိတယ်
    သောင်းကျန်းသူတွေကိုု မနှိမ်နင်းနိုုင်ဘူး။

    ပညာတတ်တွေ အများကြီးထွက်တယ်
    ပြည်တွင်းမှာ အသုုံးမချတတ်ဘူး။

    ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
    လမ်းတွေ မကောင်းဘူး။

    သံတွေထွက်တယ်
    အပ်တစ်ချောင်းတောင် မလုုပ်တပ်ဘူး။

    ရာဘာတောကြီး ရှိတယ်
    တာယာကိုု နိုုင်ငံခြားက ဝယ်ရတယ်။

    သယံဇာတတွေ အများကြီးထွက်တယ်
    ကုုန်ချော မလုုပ်တတ်ဘူး။

    ရတနာတွေ အများကြီးထွက်တယ်
    ပြည်သူတွေ အလှမဆင်နိုုင်ဘူး။

    ပညာရေးနိမ့်ကျနေတယ်
    ကောင်းကောင်း သင်ဖိုု့ စိတ်မကူးဘူး။

    ပင်လယ်ပြင်ကြီးရှိတယ်
    ပင်လယ်စာကောင်းကောင်း မစားရဘူး။

    အုုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
    တရားဥပဒေ စိုုးမိုုးအောင် မလုုပ်ကြဘူး။

    အကျင့်ပျက်ချစားမှုတွေ များနေတယ်
    ပိုုင်ဆိုုင်မှု ပြအောင်မလုုပ်နိုုင်ဘူး။

    ကမာ္ဘမှာ အကောင်းဆုုံး ဘာသာတရားရှိတယ်
    မငြိမ်းချမ်းဘူး။

    အမှန်တရားရှိပေမဲ့
    အမုုန်းတရားနဲ့ အုုပ်ချုပ်တယ်။

    မကျန်းမာတဲ့သူတွေ ရှိတယ်
    ဆေးမကုုနိုုင်ဘူး။

    ရာသီဥတုု ကောင်းတယ်
    စိုုက်ပျိုးရေးမှာ အောက်ဆုုံးက။

    တိုုင်းပြည် ဖွံ့ဖြိုးတိုုးတက်မှု အောက်ဆုုံးရောက်နေတယ်
    ပြည်သူတွေ အုုပ်ချုပ်ရေး အတတ်ပညာကိုု သင်ခွင့်မရဘူး။

    ဝန်ကြီးဌာနအများစုု အလွဲသုုံးစားလုုပ်နေတယ်
    အရေးမယူဘူး။

    ကျွန်းသစ်တွေ အများကြီးထွက်တယ်
    ပြည်သူအများစုု တဲနဲ့နေရတယ်။

    ကမာ္ဘမှာ လူဦးရေအများဆုုံးနိုုင်ငံ နှစ်နိုုင်ငံနဲ့ ကပ်နေတယ်
    ကုုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

    ကမာ္ဘကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
    ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

    အမှားတွေ ထောက်အပြခံရတယ်
    မပြင်ဆင်ကြဘူး။

    ဒီမိုုကရေစီနိုုင်ငံသစ် ထူထောင်နေတယ်
    အာဏာရှင် စိတ်ဓါတ်နဲ့။

    ကမာ္ဘကျာ် ခေါင်းဆောင်ရှိတယ်
    အုုပ်ချုပ်ခွင့် မရဘူး။

    (ဒေါက်တာ အောင်ခင်)

  • Ma Ma

    November 18, 2013 at 10:21 am

    ဘရာဗိုပါ သမင်လေးဂျွန်နီရေ။

    တကယ့်လက်တွေ့အဖြစ်အပျက်တွေကို ကိန်းဂဏန်းနဲ့ ချပြလိုက်တာ ထင်သာမြင်သာရှိလိုက်တာ။

    ကိုယ့်ပတ်ဝန်းကျင်မှာလည်း တွေ့ဖူးပေမယ့် ဒီလိုအဆင့်ဆင့် မစဉ်းစားမိတော့ ၃၀%လောက်အထိ ကျသွားလိမ့်မယ်လို့ မထင်မိဘူး။

    ပို့စ်က KZ ရဲ့ ကွန်မန့်နဲ့ ဖြည့်စွက်လိုက်တော့ ပိုပြီး ပြည့်စုံသွားတယ်။

  • ခင် ခ

    November 22, 2013 at 9:11 am

    အခုမှဘဲ လမ်းခင်းတဲ့ရှင်းတမ်း ထွက်လာတော့တယ်။
    ရှင်းတမ်းလဲထွက်လာရော တာဝန်ရှိသူတွေလည်း ပင်စင်ယူသူကယူ ထွက်သွားသူကသွား မို့ နောက်ရောက်တဲ့တာဝန်ရှိသူကိုမေးတော့ ဒီလိုဖြေလိမ့်မယ် ” အဲဒါ ကျွန်တော်တာဝန်ယူတဲ့ လက်ထက်ကမဟုတ်လို့ ကျွန်တော်မသိပါဘူး ” တဲ့။ ကဲ ကောင်းရောကွယ်။
    ပလုံ ပလုံ ပလုံ။

  • အရီးခင်

    November 22, 2013 at 4:59 pm

    မောင်ဂျော်
    ဒီမိုး ဒီရေ ဒီလေ လားလို့။
    ပုံ
    မရောင်ရာ ဆီလူး တတ်သည့် အရီး 😛

  • TNA

    November 23, 2013 at 4:41 pm

    ကြားဖူးသလောက် မူလတန်းကျောင်းတခုမှာ အုပ်တံတိုင်းခတ်ဖို့ အထက်က ဘိလပ်မြေအိပ် တရာချပေး လိုက်တယ်တဲ့။ စာထွက်လာပြီး ကျောင်းအုပ်ကလက်မှတ်ထိုးပြီးလက်ခံရတယ်။ နောက်နေ့လာချမယ်ပေါ့။ တကယ်လာချတာ အိပ်ရှစ်ဆယ်ပါတဲ့။ ကဲကျန်တဲ့အိပ်နှစ်ဆယ်ဘယ်ရောက်သွားပါလိမ့်။ လမ်းမှာများထွက် ကျခဲ့သလားလို့။ :mrgreen:

Leave a Reply