မြန်မာစစ်အစိုးရကို ဖြုတ်ချပစ်နိုင်ဖို့ အမေရိကန်တပ်ဖွဲ့ တွေ မြန်မာနိုင်ငံကို ဝင်တိုက်မှာလား

DaveMarch 3, 20101min17514

အီရတ်နိုင်ငံတွင် သူတစ်လူငါတစ်မင်းဖြစ်ခဲ့သော ဆက်ဒမ်ဟူစိန်သည် အိမ်နီးချင်းနိုင်ငံများ၏ ဒေသဆိုင်ရာလုံခြုံရေးကိုပင် ထိပါးနှောက်ယှက်ခဲ့ပြီး လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များထုတ်လုပ်ရန်ကြံစည် အားထုတ်နေသည်ဟု သံသယဖြစ်စေခဲ့ရာမှ အမေရိကန်တပ်ဖွဲ့ များ အီရတ်နိုင်ငံအတွင်းသို့ မဟာမိတ် တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ကာ အာဏာရှင်အစိုးရကို ဖြုတ်ချပစ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှလူပေါင်းများစွာတို့ အနေဖြင့် အမေရိကန်၏လုပ်ရပ်ကို ထောက်ခံခဲ့ကြသည်။မြန်မာနိုင်ငံတွင်လည်း အာဏာရှင်စစ်အစိုးရကို ဖြုတ်ချပစ်ရေးအတွက် စစ်ရေးဖြင့်သာ အရေးယူဆောင်ရွက်သင့်သည်ဟု ရှုမြင်သူများရှိနေကြဆဲပင်ဖြစ်သည်။

ယင်းရှုမြင်မှုဂယက်တစ်ခုကို လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၆ရက်နေ့ နေ့လယ်၃နာရီက မန ္တလေးမြို့ ၂၆လမ်းနှင့် ၇၁လမ်း ထောင့်ရှိ ဂျက်ဖာဆင်စင်တာတွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လာရီ ဒင်းဂျား၏ အလွတ်သဘော ဆွေးနွေးပွဲ၌ ထင်ဟပ်ကြားသိခဲ့ရပြန်သည်။

အဆိုပါအလွတ်သဘောဆွေးနွေးမှုအစီအစဉ်သို့ မန ္တလေးမြို့ပေါ်မှ ဒေသခံ ၂၀ဝခန့် တက်ရောက်ခဲ့ပြီး ၂၀၁ဝ ရွေးကောက်ပွဲ၊မြန်မာ-အမေရိကန် ဆက်ဆံရေးရှေ့ အလားအလာ၊အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထား၊လူ့အခွင့်အရေး၊မြန်မာ-တရုတ် စွမ်းအင်အရောင်းအဝယ်ကြောင့် မြန်မာ့ ပတ်ဝန်းကျင်ရေမြေ သဘာဝပျက်စီးဆုံးရှုံးနေရပုံ၊အမေရိကန်နိုင်ငံသားခံယူပြီးဖြစ်သော ညီညီအောင် ဖမ်းဆီးထိမ်းသိမ်းခံရခြင်း အပေါ်အမေရိကန်အစိုးရဖက်မှ ထိရောက်စွာကိုင်တွယ်ဆွေးနွေးဖြေရှင်း နေခြင်းရှိ၊မရှိ စသော ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသော ပရိသတ်နှင့် မစ္စတာ လာရီ ဒင်းဂျားတို့အကြား အပြန်အလှန် အလွတ် သဘော ပြောဆိုဆွေးနွေးခဲ့ကြသည်။

မြန်မာစစ်အစိုးရကို ဖြုတ်ချပစ်နိုင်ဖို့ အမေရိကန်တပ်ဖွဲ့ တွေ မြန်မာနိုင်ငံကို ဝင်တိုက်မှာလားဟူသော ခေါင်းစဉ်သည် ထိုအစီအစဉ်တွင် ပရိသတ်အလန့်တကြားဖြစ်စေခဲ့သည်။ထိုအကြောင်းအရာနှင့် ပတ်သက်၍ မစ္စတာလာရီဒင်းဂျားက ၁၉၈၈ခုနှစ် ဆိုရှယ်လစ်အစိုးရဖြုတ်ချရေး လူလုအုံကြွမှုကြီးနှင့် မရှေးမနှောင်းတွင် မြန်မာရေပိုင်နက်အနီးသို့ အမေရိကန်ရေတပ်သင်္ဘောတစ်စင်းချဉ်းကပ်ရောက်ရှိလာသောဖြစ်စဉ်ကို ပြန်ပြောင်း မီးမောင်းထိုးပြကာ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးကိုစစ်ရေးအရ ဖြေရှင်းသွားဖွယ် ရှိနိုင်မည်မဟုတ်ကြောင်း ဆွေးနွေးခဲ့သည်။

14 comments

  • မောင်မိုးညို

    March 4, 2010 at 6:12 pm

    Hope this has never been an issue. US Government has no intention so far in making turmoil in internal affairs of Burma. In stead, they are looking into the best option to maintain geopolitical neutrality. It has been, in fact, long overdue. A series of meetings had been conducted between state department and Burmese experts (Burmese who are currently in various departments) in January at Washington DC. Burmese generals are moving into the new era that will legitimize their existence while appeasing world super-powers. Last referendum in 2008 (during Nargis disaster) has proved and encouraged the junta to follow the same path and time-table. Most likely the election law will be enacted at the last minuite paving little time frame for so-called oppositions. Then the election will be folded within days regardless of several obstacles.
    Burma has been challenged by neighbouring countries (Thailand, Bengladesh, ect.) lately. Their only concern is who’s behind them. Currently they are struggling to get agreement with border guards formation with minority ethnic groups. Generals are throwing all possible ‘incentives’ to minority leaders to make them agree to the terms that they prefer. So far there are still resistance in making this happen.
    In the mean time Burma’s militarization has trippled momentarily. Massive expansion of mility might itself is a threat to its own people. Every town is being under complete military survellence. Believe it or not, people are eating the general’s ‘tainted’ food already. The nation is slipping into dark-age with little chance of return.
    My Dad once told me his hope to witness the nation’s democratization; that was during 2000s. He died with faded hope. Now I am wondering that hope is going to realize during our age!

  • timothy

    March 16, 2010 at 2:28 pm

    It is interesting topics of military solution for seemingly deadlock political stalemate in Burma. Current global politics and economic depression make it impossible for US troops to go into Burma for noble duty of putting the people from harm way of Burmese` Junta. The junta`s tight grip on power and complete annihilation of people and opposition parties dictate the armed struggle as a solution to stalemate. Have we able to remove Adolf Hitler, Saddam Hussein, Mobutu Seko and Idi Amin by Gandhi-style peaceful means? The history of fall of Apertheid systems in South Africa showed deployment of ANC military wing to terrorize the city`s dwellers with bomb blasting definitely help the liberation efforts. Peaceful non-cooperative passive resistance does not work with the hard-core criminal and dictators who only understand and respect the brute force. Now I encourage the NLD leaders to register for 2010 election without expelling the jailed leaders. This will force the Junta to ban all political parties which disobey its order. The political showdown and crack down will test the strength of opposing forces. NLD and Ethnic brothers must unite together and prepare for final show down, order the country to revolve against the evil Junta and pose direct challenge to the military. The political leader sometimes need to sacrifice the lives for the true cause of liberation war. NLD should order the military to join the people, side with the liberation of country and turn the barrel against Gen Than Shwe . Doing nothing will bring Burma to nowhere. The year 2010 should be the final battle ground to bring down the evil junta of Burma.

  • maung

    April 1, 2010 at 3:51 am

    It should be said that people including us will be suffered whether US attack to the regime or not.

  • susunosuki

    April 17, 2010 at 3:27 pm

    မလုပ်သင့်ပါဘူး
    ဘယ်အရာ မဆိုညှိလို့ရနိုင်ပါတယ်
    အိုဘားမားက လည်းဒီလိုပဲတွေးပါလိမ့်မယ်
    စစ်ကြောင့်အပြစ်မဲ့ပြည်သူတွေသေကြေရတာကို ကျွန်တော်တို့အားလုံးစိတ်ကုန်နေပါပြီ

  • Mg Soe Ko Ko

    May 12, 2010 at 6:53 am

    ကျွန်တော် တို့ အားလုံး ဒီ အခြေအနေမှာ သခင်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ် တို့ မြန်မာလွတ်လပ်ရေးအတွက် အင်္ဂလိပ် အခက်ဗမာ့ အချက်ဆိုပြီးဂျပန်ပြည် မှာ စစ်ပညာ သင်ခဲ့ ကြ တာ ကို အမှတ်ရ သင့် ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ ဒီနေရာမှာ ရဲဘော်သုံးကျိတ် ဆိုတဲ့ ပြည်တွင်းအင်အား က အရေးကြီးပါတယ်။

  • khaung shan

    August 2, 2010 at 11:31 am

    ဝင်တော့မတိုက်စေချင်ဘူးဗျာ..။
    စစ်ဘေးကို မြန်မာတွေ ကြုံဖူးတာပဲ..။အပြစ်မဲ့ပြည်သူတွေ၊ ကလေးတွေ…….

    အာဖဂန်နဲ့အီရတ်ကိုပဲကြည့်…။

  • zarny

    August 30, 2010 at 12:27 pm

    စစ်ဆိုတာ မဖြစ်စေချင်ဘူး အသက်ကြီးတဲ. အဘိုး ၊အဘွား သားငယ် မိခင် တွေအတွက် နဲ. နိုင်ငံပျက်စီး မှာ မလိုချင် ပါဘူး သူ.ကို လိုချင်ရင် သင်သူ.ကိုသာ ရအောင်ခေါ်သွားပါ အခုလို ဆန်းပြားလှတဲ. လက်နက်တွေ ပေါ်နေတဲ. အချိန်မှာ စစ်ဖြစ်ရင် အတိုက်ခံ ရတဲ. နိုင်ငံ ဟာ တော်တော်နဲ. ပြန်လည် ထူထောင်နိုင်မှာမဟုတ် ပါဘူး

  • မန်း ရိပ်

    September 4, 2010 at 1:43 pm

    တိုက်ရင်တော့ အရင်ဆုံးပြည်သူတွေပဲ ဒုက္ခ ရောက်မှာပဲ

  • hlahtun

    September 4, 2010 at 3:50 pm

    War is an evil in itself. It can deal huge damage and great casualties to our country. It will do more bad than good. So war should be avoided at all costs.

  • mG

    September 4, 2010 at 3:55 pm

    ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အမေရိကန်က အခုလို အလေးပေးဆွေးနွေးပေးတာကို သဘောကျပါတယ်ဗျာ။ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာလူတွေကို ညှင်းပန်းနေတာတွေကိုမြင်စေချင်လား။အလကားနေရင်း သေနတ်နဲ့ ပြစ်နေတာကို မြင်စေချင်လား ဆိုတာကို ကျွန်တော်စဉ်းစားမိတယ်ဗျာ။အရင်က အမေရိကန် ကိုအရမ်းအားပေးတယ်။မြန်မာအစိုးရပြုတ်ကျဖို့အတွက်လေ။ကျွန်တော် အိုဘားမား ပြောတဲ့စကားကိုကြားရတော့ အရမ်းလည်းသေဘာကျသွားတယ်။သူ့ရဲ့စကားတွေက အရမ်းလည်းတရားမျှတတယ်ဗျ။”လူတွေ စိတ်ဆင်းရဲနေတာကို သူဘယ်တော့ထိုင်းကြည့်လို့မရဘူးတဲ့လေ။”သူပြောချင်တာကတော့ အများကြီးပေါ့ဗျာ။ဒါပေမဲ့အခုကမ္ဘာမှာစစ်ကြောင့် ဘဝပျက်သွားတာတွေ နည်းတာမှမဟုတ်ပဲ။လူတိုင်းသိနေကျဖြစ်တဲ့ (အီရက်နဲ့အမေရိကန်) စစ်ပွဲမှာပဲကြည့်ပေါ့ဗျာ။ဘယ်လောက်လုံခြုံတဲ့ နေရာမှာပဲ နေနေပါစေ။ဗုံးတွေ အမြှောက်တွေရဲ့ဒဏ်က ဘယ်လိုမှရှောက်လို့မရပါဘူးဗျာ။ဘာဖြစ်လို့များလည်း………..။အဲ့လက်နက်တွေက ခေတ်လွန်ပညာတွေနဲ့ ထုတ်လုပ်ထားလို့ပါပဲ။
    တချို့လူတွေပြောကျတယ်။အီရက်လို ခေတ်မှီတဲ့ နိ်ုင်ငံမှာတောင် စစ်ဖြစ်တာ အဲ့လောက်ပျက်စီးသေကျေနေရင်တော့ ငါတို့ မြန်မာနိုင်ငံဆိုလို့ကတော့ ဗုံး 10 လုံးထဲနဲ့ ပြာကျနိုင်တယ်တဲ့လေ။ကျွန်တော်တို့တွေအားလုံး စစ်တိုက်ခြင်း ၊ အကြမ်းဖက် ခြင်းတွေကို ရှင်ချင်တယ်ဗျာ။လူတဦးတယောက်ကိုမှ မနှစ်နာစေချင်ဘူးဗျာ။မြန်မာနိုင်ငံဟာ (ဗုဒ္ဓဘုရား ရဲ့တရားတော်တွေ ထွန်းကားရာ ရွှေနိုင်ငံ)ဖြစ်ပါသောကြောင့် ဘုရားရဲ့တရားကိုတာ လူတိုင်းယုံကြည်အားထား ကိုးကိုယ်ပြီး နိုင်ငံရဲ့ကောင်းကြိုးကို ဘယ်သူကကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ကိုယ်ကအကောင်းဆုံးဖြစ်အောင် လုပ်ဖို့တာ လိုမယ်လို့ကျွန်တော် ရဲ့ထင်မြင်ချက်ကိုပြောပါရစေဗျာ။

  • unclegyi1974

    October 5, 2010 at 3:46 pm

    ဖြစ်နိုင်တာကိုစဉ်းစာကြစေချင်ပါတယ်
    နိုင်ငံအခုကိုဝင်တိုက်တယ်ဆိုတာ ၁၉ ရာစုကပါ အခု ၂ဝရာစုကျော်လာပါပြီ
    အမေရိကန်နိုင်ငံခြားမှာဝင်တိုက်တာတွေရှိပါတယ်
    အာဖဂန် နဲ့ အီရတ်မှာ ဝင်တိုက်တာ အကြမ်းဖက်မှုအတွက်ပါ
    အီရန်နဲ့ မြောက်ကိုရီးယား ကိုကြည့်ကြပါ မြန်မာထက်အများကြီးဝင်တိုက်ဖို့ကောင်းပါတယ်
    အမေရိကန်ဝင်တိုက်ပြီး မြန်မာ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့မျှော်နေကြရင်တော့
    စိတ်ကူးယဉ်လွန်းနေပြီလို့ဘဲပြောချင်ပါတယ်

  • michaelaungpu

    October 5, 2010 at 4:10 pm

    mg ရေ
    ဘာသာရေးကို အကြောင်းပြုပြီး ဒီလိုဘဲ ဖောလာတာတွေက အရမ်းများနေပြီနော်
    မပူပါနဲ ့ ဒီအခြေနေနဲ ့ဘယ်တော့မှ သူတို ့မလာဘူး ဆိုတာလည်းမောင်သိပါတယ် ဒါပေမယ့် သူတို ့ထောက်ခံမှ မောင်တို ့ဆရာတွေ ခိုးထားတဲ့ငွေတွေ
    တရားဝင်မှာဆိုတာလည်း မောင်အသိဆုံးပါ ဒို ့ကျဆုံးနေရတာကလည်း မောင့်လို လက်ပါးစေကြောင့်လို ့တော့မပြောရက်ပါဘူး
    ဘုရားကို အရှေ ့ကပြ နောက်ပြန်လက်နဲ ့သတ်နေတာတွေဟာ ကိုယ့်ပရောဂ မကင်းဘူးဆိုတာ ခုန မောင်ပြောတဲ့တရားရဲ ့အနှစ်သာရနဲ ့ချိန်ကြည့်စေခြင်ပါတယ်
    မောင့်လိုအရည်ချင်းရှိတဲ့သူတစ်ယောက်ကိုလည်း သမာသမတ်ကျတဲ့ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်စေခြင်ပါတယ် ဒါကတစ်ကယ်ပြောတာပါ ပြည်သူတွေ အရမ်းဒုက္ခရောက်နေကြတယ် မောင်ရဲ ့
    ကိုယ့်မှာအရည်ချင်းရှိတာဘဲ ပြည်သူတွေချစ်တဲ့ခေါင်းဆောင်ကြီးဖြစ်အောင်ကြိုးစားကြည့်စေခြင်တယ် ပြောချင်တာတွေကတော့အများကြီးပါ
    ပြည်သူတွေချစ်တဲ့ခေါင်းဆောင်ကြီးဖြစ်အောင်ကြိုးစား ဘို ့ပဲထပ်ပြီးတိုက်တွန်းပါတယ်

  • winkhant

    October 9, 2010 at 3:39 pm

    ပြည်သူတွေအတွက်လုပ်တာဖြစ်လို့ ပြည်သူတွေအတွက်ပဲ စဉ်းစားရပါမယ်…
    အရင်ဆုံးထိခိုက်ခံစားရမှာ ပြည်သူတွေပါပဲဆိုတာ…………………….

  • cum min

    June 20, 2012 at 4:07 pm

    ပြည်သူတွေဒုက္ခရောက်မှာကိုစဉ်စားစေလိုတယ်

Leave a Reply