စဉ်းစားကြစေလိုပါတယ် ( ၆၅ ) ( အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် )

Foreign ResidentNovember 18, 20132min26718

စဉ်းစားကြစေလိုပါတယ် ( ၆၅ )

( အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် )

 

အင်းးး ။

အဘ ဒီ Post ကို ရေးရတာကတော့ ၊

ရွာသူားတို့ မှတ်မိကြအုံးမယ် ထင်ပါတယ် ။

 

တစ်ခါက ရွာသား တစ်ယောက် ရဲ့ အဖေ မော်ကွန်းဝင် တံဆိပ် ဓါတ်ပုံတင်တော့ ၊

အဘ တောင် ဝင် Comment ပေးခဲ့မိပါတယ် ၊ အဘ ရဲ့ ( – – – – – ) ဆီမှာ ၊

ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ထိုး ပြီး ချီးမြှင့်ထားတဲ့ ၊

အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ရှိတယ် ဆိုတာလေ ။

 

အမှန်ပြောရရင် ၊ အဲဒီ လက်မှတ်ကြီး ပြလိုက်ရင် ၊

အဘ ရဲ့ Personal Information တွေ တော်တော်လေး ပါကုန်မှာဖြစ်တဲ့အတွက် ၊

အဘ မတင်သင့်ဘူး ထင်လို့ ၊ မတင်ဘဲ ထားခဲ့တာပါ ။

 

အခုအခါမှာတော့ Face Book ပေါ်မှာ ၊

သခင် လေးသောင် ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ဆိုတာကြီးကို ၊

အတု အစစ် ဆိုပြီး ၊ အကြီး အကျယ် ငြင်းနေကြလို့ ၊ ရွာသူား တို့ ဗဟုသုတ ရအောင် ၊

အဘ ( – – – – – ) ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် နှင့် ယှဉ်ပြလိုက်တာပါ ။

 

အတု လား ၊ အစစ် လား ဆိုတာကတော့ ၊ ရွာသူားတို့ ဘဲ ဆုံးဖြတ်ပေးလိုက်ကြပါတော့ ။

 

ဒါက FB ပေါ်က ၊ သခင် လေးသောင် ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ဆိုတာ ။

 

ဒါက FB ပေါ်က ၊ သခင် လေးသောင် ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ဆိုတာ
ဒါက FB ပေါ်က ၊ သခင် လေးသောင် ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ဆိုတာ

 

ဒါကတော့ ၊ အဘ ( – – – – – ) ရခဲ့တဲ့ ၊ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် အစစ် ။

 

ဒါကတော့ ၊ အဘ ( - - - - - ) ရခဲ့တဲ့ ၊ ဒါကတော့ ၊ အဘ ( - - - - - ) ရခဲ့တဲ့ ၊ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် အစစ်
ဒါကတော့ ၊ အဘ ( – – – – – ) ရခဲ့တဲ့ ၊ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် အစစ်

 

အဘ က တော့ ၊ သခင် လေးသောင် ရဲ့ လက်မှတ် ကို နဲနဲ သံသယ ရှိတယ်ကွယ့် ။

၁ ။ စာရွက်သား မတူဘူး ကွယ့် ။

၂ ။ အပေါ်ထောင့်မှာ မျိုးချစ် ဗမာ့တပ်မတော် ရဲ့ ရုံး တံဆိပ် မပါဘူးကွယ့် ။

၃ ။ စာလုံး ဖေါင့် ပုံစံ မတူဘူး ကွယ့် ။ စာပိုဒ် စီတာလဲ လွဲတယ် ။

၄ ။ ခုနှစ် ၁၉၄၂ နှင့် ၁၉၄၁ မှားနေတယ် ။

၅ ။ အစစ် ရဲ့ အမည် မှာ ( ဗိုလ် စသဖြင့် ) ရာထူး ပါတယ်ကွယ့် ။

၆ ။ အစစ် ရဲ့ ရာထူး မှာ ( ဗိုလ် စသဖြင့် ) သုံးတယ်ကွယ့် ။

ရ ။ အမည် ၊ ရာထူး ၊ အသက် တွေ ဘေးက လိုင်းက အရှည်ကြီး ကွယ့် ။

 

ဒါပေမယ့် ၊ ဗိုလ်ချုပ် အောင်ဆန်း လက်မှတ် ၊ နေ့စွဲ ၊ ပုံနှိပ်တိုက် တွေကတော့ ၊

သေသေချာချာ Scan လုပ်ထားတာဖြစ်ရမယ် ။

 

ပြောရမယ်ဆိုရင် ၊ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ လက်မှတ် ဆိုရင် ၊ သူ့ ဟာက ၊

အဘ ( – – – – – ) ရဲ့ အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် ထဲကထက်တောင် ထင်ရှားနေသေး ။

 

အဘ တော့ ၊ အတု လို့ဘဲ ထင်တာဘဲ ။

ရွာသူားတို့ ဘဲ ယှဉ်ကြည့်ကြပါတော့ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

18 comments

  • Tristan

    November 18, 2013 at 1:09 pm

    ကျော်လည်း အတုလို့ပဲ ထင်သဗျ…

    အောက်ဆုံးနားက လက်မှတ် နဲ့ ရက်စွဲ နေရာတွေမှာ အစက်အစက်တွေ ပါနေတာ..scan ရဲ့ သက်သေတွေလို့ ထင်မိတယ်..
    နောက်… မြို့မ ပရက်စ်စ် က အစစ်မှာလို center align ဖြစ်မနေတာလည်း သံသယဝင်စရာကောင်းတယ်
    နောက်ဆုံးဗျာ.. ဘယ်ဘက်အပေါ်ထောင့်မှာ တစွန်းတစ ပါနေတဲ့ ဘောင်က ပေ့ချ်မိတ်ကာ ရဲ့ rounded corner နဲ့ လုပ်ထားတဲ့ ပုံ အားကြီးပေါက်တယ်ညှော်…

    ခစ်ခစ်… x လေးရာ့နှစ်ဆယ်..

    PS ရဲဘော် ၏ နေရာက ၏ က ၏ အစစ် မဟုတ်ဘဲ ဧ ကို ။ နဲ့ -် တပ်ထားတဲ့ အင်ဂုလိ ဧ။် ဖြစ်တာလည်း မမြင်ခြင်ထောင်ထောင်လိုက်ပါသည်။

  • Khant Khant

    November 18, 2013 at 1:09 pm

    အဘရေ ကျတော့်အမြင်အရတော့ စာရွက်သားတခုတည်းနဲ့

    အတုပါလို့ ကောက်ချက်ချ ပါတယ်။

    အနှစ် လေးဆယ်လောက်က ကျတော့် မွေးစာရင်းတောင်

    ထုတ်မကြည့်ရဲတော့ဘူး။ စာရွက်တွေက အထိသိပ်မခံတော့ဘူး။

    အဘဟာလဲ ဘောင်ကွပ်ထားမှနဲ့တူတယ်။တော်ကြာ :mrgreen:

    • Foreign Resident

      November 18, 2013 at 1:22 pm

      Khant Khant says:
      ” အဘဟာလဲ ဘောင်ကွပ်ထားမှနဲ့တူတယ် ”

      ဟဲ့ ပလုတ်တုတ် ၊ အဘ ဟာ တော့ ဟုတ်ရပါဘူးကွယ် ။
      အဘ ( – – – – – ) ရဲ့ ဟာ လုပ်ပါကွယ် ။
      အဘ ၊ အဲဒီလောက် အသက် မကြီးသေးပါဘူးကွယ် ။

  • surmi

    November 18, 2013 at 1:14 pm

    အဲ့ဒါ.. ​မောင်​ဆာမိတို့နားမလည်​ …..
    ကိုရင်​ ရာမည​ရေ…. လာကြည်​့ပါဗျို့ … 🙂

  • ကြောင်ဝတုတ်

    November 18, 2013 at 2:05 pm

    တစ်ခုပဲပြောခဲ့မယ်… ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က ကွန်ပျူတာပေါ်ပြီလား…
    လက်နှိပ်စက် (Type Writer) နဲ့ Computer Fonts နဲ့ ဘယ်လိုမှမတူတဲ့ကိစ္စပါ…
    အဲဒါသိရင်… သတိထားမိရင်… အတု… အစစ်ပြောလို့ရပါပြီကွယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kyeemite

    November 18, 2013 at 2:09 pm

    ကိုရင်ဖေါကျေးဇူးကြောင့်….
    အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် အစစ်ကိုမြင်ဖူးသွားတာပေါ့ဗျာ…

    • Foreign Resident

      November 18, 2013 at 2:27 pm

      အမှန်ကတော့ ၊ အဘ လည်း စတွေ့ကတည်းက သိ ပါတယ်ကွယ် ။
      ရွာသူား တွေကို ကြုံတုန်း အစစ် နှင့် တွဲပြလိုက်တာပါ ။

      FB ထဲက Post မှာ Comment ပေးသွားတာ တစ်ခုက တော်တော် ရီရတယ် ။

      ဪ ၊ ဒို့ အဘ ဗိုလ်ချုပ် ( အောင်ဆန်း ) လဲ Lap Top သုံးတာဘဲ လား ၊ တဲ့ ။
      ဒို့ အဘ ဗိုလ်ချုပ် ( အောင်ဆန်း ) လဲ ဇော်ဂျီ Font ဘဲ သုံးခဲ့တယ် ထင်တယ် ၊ တဲ့ ။

      ရီလိုက်ရတာ ၊ အူ ကို နာရောဘဲ ။

      • ကြောင်ဝတုတ်

        November 19, 2013 at 5:04 pm

        အဘရေ… မှားနေတယ်…
        ဗိုလ်ချုပ်က ဝင်းအင်းဝသုံးသွားတာဗျ… ဟီး

  • kyeemite

    November 18, 2013 at 2:59 pm

    ထူးတာလေးတွေ့လို့…ဒီလိုပါ
    အဲဒီအချိန်က ဒီအရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ်ကို
    ပုံနှိပ်တိုက်မှာ ပုံနှိပ်ပြီး ပေးမဲ့လူနာမည်ကို လက်ရေးနဲ့ဖြည့်တာသဘာဝကျပါတယ်
    အပေါ်ကစာမှာ တစ်ခါထဲရိုက်ထည့်ထားတယ်..ဟီးဟီး
    အဲလိုသာဆို တစ်ယောက်အတွက်တစ်ခါစာစီ တစ်ရွက်ရိုက်…..အင်လုပ်တာတောင်ဉာဏ်တော်တော်နဲပါတယ်

  • TNA

    November 18, 2013 at 4:06 pm

    အောင်မယ်လေး လိမ်စရာရှားလို့ မသိတော့မှာကျနေတာပဲနော်။ ခက်လိုက်တာ။ လိမ်ချင်ရင်လဲ ပုံနှိပ်စက်က ဖြစ်ဖြစ် လက်နှိပ်စက်နဲ့ဖြစ်ဖြစ်လိမ်မှပေါ့။ အခုဟာက ပေါ်တင်ကြီး ရှက်စရာကြီးနော်။

  • အဘ ဘုတ်ကလုံ

    November 18, 2013 at 4:08 pm

    ဪ.. အဘဖော.. အဘဖော.. စာများများဖတ်ခဲ့ပြီး ပညာကို လက်တွေ့ကျကျ အသုံးပြုတတ်
    တွေးခေါ်တတ်တော့လဲ အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ပိုင်ခြားနိုင်တဲ့ဉာဏ် ရနေတာပေါ့ကွယ်။
    အဘဘုတ်ကတော့ အဘဖော စာရေးရင် ကျနော် ကျနော်သုံးတာထက်
    အဘလို့ ရေးတာလေးကို ဖတ်နေကျမို့လို့လား မသိဘူး အဘဘုတ်တော့ အားရတယ်ကွယ်။
    အဘဘုတ်တော့ အဘကို သမီးလေးတွေက အဘလို့ ခေါ်ရင် စိတ်ဆိုးတယ်။ အစ်ကိုလောက်ခေါ်ရင်တောင်
    သိပ်သဘောတွေ့တာမဟုတ်ပါဘူးကွယ်။

  • KZ

    November 18, 2013 at 4:14 pm

    အဲဒါပေါ့ အနော်တို့ ဆီမှာ လိမ်တာတောင် အဆင့်မမြင့် မလိမ်နိုင်ဘူးဆိုတာ။
    ဟိဟိ။
    တစ်ကြောင်းမဟုတ် တစ်ကြောင်း ပေါ်တာပဲ။
    ကိုရီးယားကားတစ်ကား ကြည့်ဖူးတယ်။
    တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းကို အတုလုပ်တာ။
    အတုလုပ်ချင်ရင် အစစ်အကြောင်းးးလည်း ကျွမ်းကျင်ရသတဲ့။

    :mrgreen:

  • အရီးခင်

    November 18, 2013 at 4:39 pm

    တို့ အဘဖော ကွ နော်။
    လက်တွေ့ ကျကျ သက်သေပြ တာ မြင်ရ ကြားရတာ မို့ ဒါမျိုးတွေ တော်ရုံ ရွှီးဖို့ မစဉ်းစားကြနဲ့ တော့။
    ခေတ်ပြောင်းပြီ ဗျို့။ 😛

  • ဦးကြောင်ကြီး

    November 19, 2013 at 10:38 am

    ဘာဒွေပေါနေဂျလဲလို့ အင်တာနက်ပေါ် ဂူဂဲကြည့်လိုက်တော့ ရဲရင့်ငယ် ဝက်ဘ်ဆိုက်မှာ ဟောသလို တွေ့သဗျာ… http://www.yeyintnge.com/2013/11/blog-post_17.html#.UorjcCcueM0 … နောက်ဆက်တွဲ ဘယ်လိုဖြစ်မဲ စောင့်ကြည့်ရမှာဗဲ… ဦးဖောရေ ဆိုင်ကယ်ဦးထုပ်သာ ဆောင်ထားဗေဒေါ့..

    Sunday, November 17, 2013
    နောက်တစ်ယောက် (သခင်လေးသောင်) အသက်(၉၄)နှစ်။

    ကျွန်ုပ်တို ့ တိုင်းပြည် ရဲ့ သခင်တွေအသက်က ၉ဝ ကျော် လမ်းမ ပေါ ်မှာ ပိုက်ဆံတောင်းစားနေရကြရှာတယ်ပြောတော့ စစ်မှ ု ့ထမ်းဟောင်းတွေ အတွက် ဘယ်လောက် ရာခိုင် နှ ုန်းအစိုးရက ထောက်ပံ့ပေးနေတယ်ဆို တာပြောနေကြသလဲ အသက်တွေ မ သေလို ့ကျန်ခဲ့တဲ့သခင် တွေကျတော့ လက် ရှိဗိုလ်ချူပ်တွေ အိမ်က အိမ်ဖော် တစ်ယောက်လောက်တောင် ခံစားခွင့် မရှိကြဘူး အိမ်ဖော်နှင့်သခင် ခိုင်းနှိ ုင်းခြင်းမဟုတ်ပါအိမ်စောင့် အစိုးရ တက်လာချိန်မှာ အစ ပထမ တော့ အနည်းအကျဉ်းထောက်ပံ့တယ်နောက်တော့ လိုက်လံဖမ်းဆီးတယ် သခင် လေးသောင်ဆို တောခိုသွားရရှာတယ်။ မထင် မရှား ဇာတ်မြှပ် နေခဲ့ကြတာသူတို ့မိသားစု စားဝတ် နေ ရေးအတွက် ဘယ်သူကို မှ အပူမကပ်ပဲအသက် ၉၄ နှစ် တန်ပေမယ့်လမ်းမ ပေါ ်ပိုက်ဆံ ထွက်တောင်းနေရရှာတယ်။ အခုလို ပဲခူးက သခင် လှကြိုင်အ ကြောင်း ကြားသိလိုက် ရလို ့သခင် တွေ ကို သခင် လိုပဲ မြင် ချင်တဲ့ ကျွန်တော် ဆန္ဒ တစ်ခု ပြည့်ဝ လို ့အရမ်းဝမ်းသာရပါတယ်ဗျာ ကျွန်တော်ကြိ ုးစားပေးနေတာတစ်နှစ်ကျော်ခဲ့ပါပြီအဘ သခင် လေးသောင် ကိုလည်း သခင် လို ့အသိမှတ်ပြ ုပေးကြပါအုံးလို မေတ္တာ ရပ် ခံ တင် ပြရင်းဓာတ်ပုံ များကို တင်ပြ လိုက် ရပါတယ်။

    သတင်းဓါတ်ပုံ- Minmin Nld.

    သ ခင်လေးသောင် ဆိုသူမှာ အ မေစု ငယ်စဉ် အခါက ထိန်းခဲ့ဖူးပါတယ်

    ဗိုလ်ချူပ် အ ကြောင်းပြန်ပြောပြလျှင် လွန်စွာမှ နားထောင် ကောင်းပါသည်

    သူပြောပြသည့် အထဲမှ နမူနာ တစ်ခု ရေးပြပါမည်

    တစ်နေ သော် ဒေါ ်ခင်ကြည် နှင့် ညီမ ဖြစ်သူတို ့ဈေးမှပြန်၍ အိမ်တို ့အလာ ရဲဘော် တစ်ဦးမှ ညီမ ဖြစ်သူအား လူပျိုစကားပြောလိုက်မိပါသည်

    ထိုအ ကြောင်းကို အစ်မဖြစ်သူအား ပြန်တိုင် လိုက်သောအခါ အစ်မဖြစ်သူမှ ဗိုလ်ချူပ်အိမ်သို ့ပြန်ရောက်ရောက်ချင်းပြန်လည် ပြောပြပါတော့သည်

    ထိုစဉ် ဗိုလ်ချူပ်မှ ထိုင် ရာမှ ချက်ချင်း ထ၍ မင်္ဂလာဒုံမြိ ု ့နယ် ရှိတပ်သို ့ ကားဖြင့် ထွက်ခွာလာခဲ့သည်

    တပ်သို ့ရောက်သည် ဆိုလျှင် တပ်ဖွဲ့ဝင် များအားလုံးကို စုရုံးစေပြီ အသံပြတ်ပြတ်ဖြင့် မေးပါတော့သည်

    ဒီက နေ ့ ငါခယ်မကို ရည်းစာ စကား ပြောတာဘယ်သူလဲ ထွက်ခဲ့လို ့ ပြောနေသည့် အချိန်

    ” နောက်ဆုံးမှ ရဲဘော်တစ်ဦး ဗိုလ်ချူပ်ရှေ ့သို ့ထွက် လာကာ ကျွန်တော်ပါပဲ ကျွန်တော်မှာ အပြစ် ရှိပါတယ်။

    ပေးတဲ့ အပြစ်ကို ခံပါမယ် ဆိုပြီး သတိအ နေထားဖြင့် ရပ်နေပါတယ် ”

    ဗိုလ်ချူပ်မှ ထိုရဲဘော်အနီးသို ့ လျှောက်သွားကာ ရဲဘော်၏ ပုခုံးပေါ ်သို ့ လက်ကိုတင် လိုက်ပြီး ဗိုလ်ချူပ်ပြောလိုက်ပုံက

    ” ဒါမှ ငါရဲဘော် ငါသ ဘောတူတယ် ” လို ့ဖြေလိုက်သည်ဆိုရင် ပဲ ဘေးမှာရှိနေကြတဲ့ ရဲဘော်အားလုံးဟာ ဟာခနဲဖြစ်သွား ကြပါတော့သည်

    ပြောပြလျှင် ကုန်မှာ မဟုတ်သည့် အတွက် သခင် လေးသောင် နှင့်တွေ့ ကြသည့်အခါ သိချင် သမျှ မေးတာ ကြည့်ကြပါတော့ ခင် ဗျာ

    ဂျပန်စကားကို ကျွမ်းကျွမ်းကျင် ကျင် ပြောဆိုပုံကို အံ့အားသင့်မိပါသည်

    အသက် ၉၄ နှစ် ရှိပြီ ဖြစ်သော်လည်း မေ့လောက်ပြီ ထင် မှ ပြန်မေးလဲ ဒီစကားအတိုင်း ခုနှစ် သက္ကရာဇ် တွေမှ အစ အတိအကျ ပြောနိုင် ပါသေးသည်

    Min Min NLD : https://www.facebook.com/minmin.nld မှ ကူးယူဖော်ပြသည်

    • kai

      November 19, 2013 at 3:28 pm

      လောလောဆယ်တော့… ဒေါင်းကလေးကိုကြည့်နေတယ်..ကြည့်နေတယ်…

      • အဘဖားသက်ပြင်း

        November 19, 2013 at 4:46 pm

        ဟီ ဟိ….

        🙂

  • မဟာရာဇာ အံစာတုံး

    November 22, 2013 at 12:13 pm

    အဘ ဟာဂျီးက
    အတုဂျီးး
    အပေါ်ဂ ဟာကမှ
    အစစ်ဗျ …
    ဘာမှလည်း မသိဘဲနဲ့

Leave a Reply