မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း ( နိုဝင်ဘာ ၂၀၁၃)

kaiNovember 18, 20131min25910

၂၀၁ဝခုနှစ်တွင် အီရတ်၊အာဖဂန်စစ်မှတ်တမ်းများနှင့်အမေရိကား၏သံရုံးအချက်အလက် ပေးပို့ကြေးနန်းတို့ ဝိကီလိခ်မှတဆင့်ပေါက်ခဲ့သည်။
ယခုနှစ်တွင်လည်း စီအိုင်အေအရာရှိဟောင်းတဦးကြောင့် အမေရိကား၏လျှို့ဝှက်သူလျှိုလုပ်မှုတို့ပေါ်ကုန်ပြန်လေပြီ။
အမေရိကားအစိုးရသည် အမေရိကန်တို့အတွက်ပရိုက်ဗေစီ(ပုဂ္ဂလိကလွတ်လပ်မှု)တို့တွင်တွင်ပြောလျှက်မှ ပြည်သူတို့၏အသံစကားကြားဖြတ်နားထောင်သည်။ အင်တာနက်၊ရေဒီယိုလှိုင်းများမှခိုးယူဖမ်းချစိစစ်သည်။တိုင်းပြည်၏လုံခြုံရေးနှင့်အကြမ်းဖက်မှုတို့ကိုကာကွယ်ရန်အတွက်ဟုတွင်တွင်ဆိုလျှက်မှ သူ၏အခြေခံဥပဒေကိုထိပါး၍သာနေလေသည်။
“လုံခြုံရေးအတွက်..” အဆိုပါစကားသည် မြန်မာတို့အတွက်မူ စိမ်းသောစကားမဟုုတ်၊
စင်စစ် ဒေဝေါကြီးသာတည်း။

လုံခြုံရေးအတွက်ဟူသည်
မြန်မာပြည်တွင် ပြီးခဲ့သော ဆယ်စုနှစ်ပေါင်းမျာစွာက “လုံခြုံရေးအတွက်” အကြောင်းပြချက်ဖြင့် စစ်အာဏာရှင်၊ စစ်ထောက်လှမ်းရေးတို့တန်ခိုးထွားခဲ့သည်။ ပြည်သူသားရဟန်းရှင်လူ ကျောင်းသားသူငယ်တို့ကို အချိန်မရွေးဖမ်းချုပ်နိုင်သည်၊ ဖျောက်ဖျက်နိုင်သည်။ တည်ဆဲဥပဒေ၊ အခြေခံဥပဒေ လူ့အခွင့်အရေးတို့သည် လုံခြုံရေးအကြောင်းပြချက်အောက်တွင် ခြွေချ မှိန်ချခံကြရရှာပါသည်။
မည်သူမှ မည်သူ့အတွက် လုံခြုံရေးပေးယူရကြသည်ဟူ၍ ပွင့်လင်းမြင်သာ ကြေညာခြင်းကား အလျှင်းမရှိခဲ့။
တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်သည် ပုဂ္ဂလိကတဦးချင်း၏ ဘဝလုံခြုံရေး လူ့အခွင့်အရေးကိုမူ များစွာထိပါးစေသည်ဟုသာ အတွေ့အကြုံနှင့်ရင်း၍ပြောပြလိုပါသည်။ မြန်မာ့ဘဝတို့နှင့်ရင်းရခဲ့သည့် ခါးသီးလှသည့် အတွေ့အကြုံများပါပေတည်း။

ဝီကီလိခ်
Julian Assange ၏ ဝိကီလိခ်မှတဆင့် အမေရိကားအစိုးရ၏လျှို့ဝှက်ဖိုင်ပေါင်း သန်းချီအပြင်ရောက်ကမ္ဘာသိဖြစ်ခဲ့ဖူးသည်။အမှန်တကယ်တွင်တော့ ဝိကီလိခ်သို့ လက်ထောက်ချ သတင်းပို့လိုက်သူမှာ Chelsea Manning အမည်ရှိ ယူအက်စ်အာမီမှစစ်သူားလေးတဦးသာလျှင်ဖြစ်ပေသည်။ စစ်သားဖြစ်သော်လည်း ဂေးတဦးဖြစ်နေကာ မိန်းမကဲ့သို့ဝတ်စား နေထိုင်မှုရှိသူတဦးဖြစ်သည်ဆိုပါ၏။
ဩဂတ်စ်လ ၂၀၁၃ တွင်အဆိုပါစစ်သားအား ပြစ်မှုထင်ရှားသဖြင့် တရားရုံးမှထောင်ဒဏ် (၃၅)နှစ်ချလိုက်လေသည်။
အဆိုပါ ဝီကိလိခ်ပို့ချချက်သတင်းဖွင့်ပြမှုများကြောင့် အမေရိကန်တို့၏သံရုံးများ ဘာလုပ်နေသည်၊ တတိယနိုင်ငံများကို ပထမနိုင်ငံကြီးကမည်သို့ထိမ်းကြောင်းကိုင်တွယ်နေသည်ကို ကမ္ဘာမှသတိပြုမိလာကြသည်။ အမေရိကား၏အာဏာပါဝါကွန်ယက် ဖြန့်ကျက်မှုများကို သိလာကြသည်။
ခြုံငုံသုံးသပ်ရပါလျှင် အဆိုပါဖြစ်ရပ် အရယူကာ အတွေးအခေါ်ဗျုဟာ စီးချင်းထိုးမှုများဖြင့် အာရပ်နွေဦးတော်လှန်ရေးကြီးကို မီးမွှေးအစပျိုးပေးလိုက်သည်ဟုပင်ဆိုချင်မိသည်။
ဝီကီလိခ်သည် အမေရိကန်တို့၏ ထွင်ချက်တခုဖြစ်သွားသည်ဟူလို။

စနိုးဒန်မ်း
၂၀၁၃မေလတွင် Edward Snowden သည်  National Security Agency (NSA) ၏လျှို့ဝှက်ချက်အချို့ကို မီဒီယာသို့ဖွင့်ချခဲ့သည်။ မီဒီယာသို့သတင်းတက်လာပြီးပြီးချင်းတွင်ပင် Snowden သည်ဟာဝိုင်ယီမှဟောင်ကောင်၊ ထိုမှ ရုရှားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နောက်ဆုံးတွင်ရုရှားအစိုးရတိုက်ရိုက်အမိန့်ဖြင့် ရုရှားနိုင်ငံတွင်နိုင်ငံရေးခိုလှုံခွင့်ရသွားသည်ဟုသတင်းများကဆိုပါသည်။
အသက်၃ဝနှစ်ရှိသောသူသည် စီအိုင်အေဝန်ထမ်းဟောင်းဖြစ်၍ အန်အက်စ်အေ၏ကန်ထရတ်တာအလုပ်လုပ်နေသူတဦးဖြစ်ပါသည်။

ဖွင့်ဟဝန်ခံချက်
စနိုးဒန်မ်း၏ဖွင့်ဟဝန်ခံချက်များကိုအရကောက်မှုများအရ အမေရိကန်တို့သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်တွင်း အမေရိကန်တို့၏နေအိမ်ဖုံးအင်တာနက်အီးမေးလ်များသာမက ပြည်ပနိုင်ငံခြားအစိုးရများနှင့်သူ၏ ပြည်သူများအထိပင်ကြားဝင်ထိုး
ဖေါက် နားထောင်ကူးယူထောက်လှမ်းမှုများရှိနေကြောင်း ပေါ်လွင်လာသည်ကိုတွေ့ရ၏။
ပြင်သစ်၊ စပိန်၊ အီတလီနိုင်ငံမှ ပြည်သူတို့၏ဖုံးပြောဆိုမှုတို့အား ယူအက်စ်မှအကြိမ်သန်းချီ၍ ကြားဖြတ်ထောက်လှမ်းမှုရှိသည်ဟူသောအသံများထွက်လာလေသည်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့ အပါအဝင် ဥရောပမဟာမိတ်နိုင်ငံများကိုပင် အမေရိကန်တို့က ထောက်လှမ်းနေသည်ဆိုသော မီဒီယာသတင်းများကြောင့် NSA, DNI တို့၏အကြီးအကဲများ ယူအက်စ်ကွန်ဂရက်တွင်ကြားနာစစ်ဆေးခံရင်းရှင်းယူရသည့်ဘဝ ရောက်ကုန်သည်။
အမေရိက၏ထောက်လှမ်းကြားဖြတ်နားထောင်ခံရသူများတွင် ဩစတေးလျှနိုင်ငံနှင့်မြန်မာနိုင်ငံတို့ပင်ပါဝင်နေသည်ကိုတွေ့ရပေသည်။ မြန်မာပြည်၏လက်ရှိအခြေအနေသည် ချိုင်းနားပြည်နှင့်အာစီယံ(အရှေ့တောင်အာရှနိုင်ငံများအဖွဲ့) ကြားဝင်ဆက်စပ်ပေးနိုင်သည့်နိုင်ငံနေရာဖြစ်နေပေရာ အမေရိကန်တို့ အထူးအာရုံစိုက်ခံရမည်မှာ မလွဲနိုင်ဟုဆိုချင်ပါသည်။
ဖွင့်ဟဝန်ခံချက်နောက်ဆက်တွဲ သတင်းများအရ  ရာဟူးနှင့်ဂူဂယ်ဆာဗာဒေတာစင်တာများမှ/သို့ပင် ထောက်လှမ်း ဖောက်ယူနေသည်ဆိုကြသည်။

ထောက်လှမ်းရေးများ
အမေရိကားတွင်ထောက်လှမ်းရေးအဖွဲ့အစည်းများစွာရှိသည်။ ဝက်ဆိုက်ရေးသား ချက်များအရ  Intelligence Community(IC)အဖွဲ့ ၁၆ဖွဲ့ရှိပြီး DNI (Director of National Intelligence )၏အုပ်ချုပ်မှုအောက်တွင်ရှိပါသည်။ ယခင်ကစီအိုင်အေမှာ ထောက်လှမ်းရေးများ၏ ဦးပိုင်ဖြစ်ပုံရသော်လည်း ၂၀၀၄ခုနှစ်ဥပဒေတခုအရ သမ္မတအိမ်ဖြူတော်သို့ DNI မှတဆင့်သာ တိုက်ရိုက်ဆက်သွယ်မှုရှိသည်ဆိုပါသည်။
IC ထဲရှိ NSA သည် ယခုကဲ့သို့အိုင်တီ-ဆိုင်ဘာခေတ်ကြီးတွင် အလွန်အရေးပါသော ထောက်လှမ်းရေးအဖွဲ့ဖြစ်၍လာနေလေပြီ၊ Wired မဂ္ဂဇင်းအဆိုအရ ကမ္ဘာ့ဟက်ကာနှင့် ဆိုင်ဘာပညာသည်များအတွင်းဝင်ရောက်၍ စည်းရုံးစုဆောင်းထားသော လူအင်အားသောင်းကျော်ဖြင့် ယူအက်စ်အစိုးရ၏ဆိုင်ဘာအထူးတပ်ဖွဲ့ထားလျှက် ပြည်တွင်းပြည်ပဂမ္ဘီရအားဖြင့် ထောက်လှမ်းခိုးယူထွင်းဖေါက်ကာကွယ်ခြင်းအမှုတို့ပြုလျှက်ရှိသည်ဆိုခဲ့သည်။
NSA ၏လျှို့ဝှက်အခြေစိုက်ဒေသတခုသည် ယူတားပြည်နယ်တွင်ရှိကြောင်း မြေပုံနေရာရုံးအဆာက်အဦ ဓါတ်ပုံမြေပုံများနှင့်တကွ Wired မဂ္ဂဇင်းမျက်နှာပုံသတင်းဖေါ်ပြခဲ့ဖူးသည်။

မြန်မာပြည်ဟက်ကာ၊ခရက်ကာများ
မြန်မာပြည်တွင်လည်း ဟက်ကာ၊ခရက်ကာများရှိသည်။ အဆိုပါသူတို့သည် စစ်အစိုးရခေတ်က အတိုက်အခံအရေးများ ရခိုင်-ဘင်္ဂလားအရေးများတို့တွင်ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ကြသည်ကိုတွေ့ရ၍ Blink Hacker Group (BHG)အမည်ရှိအဖွဲ့မှာမူ နိုင်ငံတကာအဆင့်တွင်ပင် ထိပ်တန်းရှိကြောင်း စကာင်္ပူမှစာတမ်းတခုတွင်ဖတ်ခဲ့ဖူးပေသည်။
သာမန်Crackerများမှာ အများအားဖြင့်  Distributed Denial-of-Service attack (DDoS attack) မျိုး၊ SQL Injectionမျိုးသာပြုလုပ်တိုက်ခိုက်နေကြသည်များလာသဖြင့် နောက်ပိုင်းနှစ်များတွင် ပညာပိုင်းဆိုင်ရာ ပရောဖက်ရှင်နယ်ဆန်မှု အားလျျှော့လာသည်ကိုသတိထားမိပါသည်။
ပရိုဂုဏ်ဆောင်လျှက် အလုပ်လုပ်ကြ လျှင်ကား အမေရိကား၏ ဆိုင်ဘာအာမီမှတော်ကောက်ခေါ်ယူမည်လား မဆိုနိုင်ပေ။

မောင်းသူမဲ့လျှင် သတ်ခွင့်ရှိသလော
ယခုလပိုင်းတွင်မူ ကွန်ဂရက်သည် အမေရိကား၏ကြားဖြတ်နားထောင်စပိုင်လုပ်မှုများအတွက်ကြားနာစစ်ဆေးမှုများပြုလုပ်လာနေသည်ကိုတွေ့ရသည်။ NSA အကြီးအကဲ၊ DNI အကြီးအကဲတို့မှတွက်ဆိုငြင်းဆိုကြသည်လည်းတွေ့ရသည်။ သမ္မတအိမ်ဖြူတော်မှလည်း ကာကွယ်ငြင်းဆိုနေသည်ကိုတွေ့ရပေသည်
မည်သိူ့ဆိုကြစေ ယခုလဆန်းက ပါကစ္စတန်-တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သည်လူမဲ့မောင်းနှင်ဒုံးလေယာဉ်(Drone)ဖြင့်လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ သူ၏ရှေ့မှညီတော်နောင်တော်ခေါင်းဆောင်များ နိုင်ငံတကာမှအကြမ်းဖက်သမားခေါင်းစဉ်ရှိသူများသည်လည်း ဒရုန်းဖြင့်ပြင် သတ်ခံသေခဲ့ကြလှပေရာ ဆက်စပ်ဖြစ်ပျက်မှုများအရကောက်လျှင် တီဗီ၊ရေဒီယို၊တယ်လီဖုံးစသော အီလက်ထရောနစ်ပစ္စည်းများမှတဆင့် ဆိုင်
ဘာအာမီ၏ကြားဖြတ်နားထောင်ထောက်လှမ်းခြင်းဖြင့်ရသော အကျိုးကျေးဇူးနှင့် သူ၏အစွမ်းပါဝါကြီးကိုသိသာမြင်တွေ့နိုင်ပါသည်။
အမေရိကန်တို့၏ ဘဝလုံခြုံရေးကို ကာကွယ်ပေးနေသည်ဆိုငြား အဆိုပါခြေလှမ်းတို့သည် လွတ်လပ်မြေအမေရိကားနေ အမေရိကန်တို့အတွက်ကြီးမားသော ခြိမ်းခြောက်မှုကြီးပင်ဖြစ်သည်။
သာမန်လူတန်းစားအတွင်း တယ်လီဖုံးနှင့်စကားပြောအသံသွင်းယူနိုင်သည့်စနစ်ကိုပင် တရားဝင်ခွင့်မပြုသော၊ အသံဖမ်းခြင်းပြုလုပ်လျှင်ကြိုတင်သတိပေးကြေညာရသော ဤလွတ်လပ်သည်မြေတွင် အီးမေးလ်ဖေါက်၊သတင်းခိုး ပုဂ္ဂလိက အတွင်းရေး ဝင်နှိုက်ခြင်းတို့ကိုယူအက်စ် အစိုးရကိုယ်နှိုက်က ပြုနေခြင်းသည်လွန်လွန်းလှသည်ဆိုရမည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် ကမ္ဘာ့စူပါပါဝါအစိုးရ၏ခြေတို့ကားကျွံလာလေပြီ။
နှုတ်မရသော ကျွံခြင်းမဖြစ်ခင် ကွန်ဂရက်ဥပဒေပြုသူတို့မှ ဖျက်သင့်သလော၊ တားသင့်သလော၊လွှတ်သင့်သလော ဆုံဖြတ်ချက်ပြုရန်လိုပါသည်။
မြန်မာ-အမေရိကန်တို့အတွက်ကား “လုံခြုံရေးအကြောင်းပြချက်”အသံတို့ထွက်လာတိုင်း ခဲမှန်ဖူးသောစာသူငယ်လို  တွန့်၍ကြောက်၍နေလေမည်။  ။

10 comments

  • KZ

    November 19, 2013 at 8:40 am

    ခု စလုံး မှာ အနော့နိမတ် ဆိုလားးးး ဘာလားးးး
    စလုံး အစိုးရ ဆိုဒ်တွေကို ဟက်တာဆိုလား ဘာလားးးးး
    အဲမှာ မြန်မာ ဟက်ကာတွေ ပါတယ် ဆိုလား ဘာလားးးး
    အင်။
    ပြန်ဖတ်လိုက်ဦးမယ်။
    …..ဆိုလား ……ဘာလားတွေများနေပြီ။

    😀

  • Tristan

    November 19, 2013 at 8:56 am

    in democracy people get the government they deserve

    ဆို …

    ငိငိ …
    ဂုဏ်ယူသဗျာ ..ဒါမိုးကျမှ အမေရိက နဲ့ လာတူနေတယ်…
    သခင်မျိုးဟေ့ ..ဖုန်းသခိုး …
    အာဝူး….

  • Wow

    November 19, 2013 at 9:03 am

    ဒဂျီးဆိုဒ်လဲ ခီနခီန အဟက်ခံရတော့.. ခေသူမဟုတ်ပါ ဆိုတဲ့ထဲပါသပေါ့… စီအိုင်အေ မှတ်တမ်းထဲမှာ ဒဂျီး ဖုန်းကောတွေ ရှိလောက်တယ်… ပေါက်ကြားသွားရင်တော့ ဒဂျီးကတော်နဲ့ ကွိုင်ဘီ :mrgreen:

    • kai

      November 19, 2013 at 3:22 pm

      စီအိုင်အေမဟုတ်.. အလက်ဇမ်းဒါးတို့အဖွဲ့ပါလို့..ဆိုနေတာပဲ..ဟာကိုပဲဟာကိုကွယ်.. :kwi:

  • ဦး ဌက် ကြီး

    November 19, 2013 at 9:14 am

    ဒီဒီချူပ် ရေ

    ဒီလိုဆိုတော့လဲ

    စနစ်ကြောင့် ဟုတ်ဘူး

    စနစ်ကြောင့် ဟုတ်ဘူး

    စနစ်ကြောင့် ဟုတ်

    စနစ်ကြောင့်

    စနစ်

    :mrgreen:

    • kai

      November 19, 2013 at 3:23 pm

      စနစ်ကိုလုပ်တာ..လူုတွေပါ..
      လူတွေကိုလွှမ်းမိုးတာ.. ဘာသာရေးပါ..
      ဆိုတော့..
      ဘ..ဘာ…ဘား…. :mrgreen:

      • alinsett

        November 20, 2013 at 11:09 am

        စနစ်ကို လူက လုပ်တာဆိုပေမယ့်
        အဲလို လူတွေ ဖြစ်လာအောင် ဇွတ်ဖန်တီးထားခဲ့တဲ့
        စနစ်တွေက စခဲ့တာ လို့လည်း
        ပြောချင်သေးတယ်
        🙂

  • ဦးကြောင်ကြီး

    November 19, 2013 at 9:43 am

    ဒစ်ဂျစ်တယ် ဗားရှင်းလေး ပို့ဗာအုံးခမျ.. သာမီးဒေါ်ဂလေး မျက်နှာဖုံးနဲ့ အက်ဒီးရှင်းလည်း ကြည့်ချင်ပါဒယ်.. ဒီလဆို ဒုတိယမြောက်မှတ်တယ်..။ ပထမမြောက်ကတော့ ကြုံလို့ ပုံနှိပ်စာဖတ်ရဗာ၏။

    • kai

      November 19, 2013 at 3:19 pm

      ပြေးကြည့်တွေးကြည့်တာထက်မှန်ပါတယ်ကွယ်…
      ဒီလ.. သမီးကိုမျက်နှာပုံမှာ ပုံထားထားပါတယ်.. :mrgreen:

  • Mr. MarGa

    November 19, 2013 at 3:38 pm

    အင်းးး
    ဒို့ သဂျီး အဟက်ခံရတာများလို့ နိုင်ငံတကာအကြောင်းပါ ပတ် ရှာမိသွားသလိုပဲနော်
    တစ်ဖက်က ပြန်တွေးရင် ဒါမှ အဆင့်မီတာလို့ ပြောရမှာ…
    ဆိုတော့
    သိပ်မကြာမီ
    မြန်မာဟက်ကာများ ဟိုနား သည်နားမှ ထွက်လာမည်ဟုသာ………

Leave a Reply