သစ်ပင်ဖြစ်သွားတဲ့ လူတစ်ယောက် အကြောင်း

alinsettNovember 19, 20131min23422

44

 

 

 

 

 

 

 

 

 

 

 

 

သစ်ပင်ဖြစ်သွားတဲ့

လူတစ်ယောက်အကြောင်း

______________________

 

* အုတ်တစ်ချပ် သဲတစ်ပွင့်နဲ ့. . .

ခက်ခက်ခဲခဲ ပွင့်ရတဲ့ပန်း. . .

ဘယ်သူ ယူ နမ်းနမ်း – အဖြစ်မခံဘူး ။

 

* အရွက်တစ်ရွက် သစ်တစ်ခက်နဲ့

မိုးတိုးမတ်တပ်

ရပ်နေရတဲ့သစ်ပင်ဆိုပေမယ့် . . .

ပုဆိန်လက်နက် ခပ်ထက်ထက်ကိုတောင်

ဒူးထောက် မပေးဘူး ။

 

* ခပ်ပြင်းပြင်းပဲ. . .

ရေ မရောပဲ သက်ပြင်းချ

လေမထန်ပဲ ယိမ်းထိုး ပြလိုက်မယ်

ကိုယ့် တောက်ခတ်သံတွေကို စု ထုပ်

သံစဉ်လုပ်လို ့ပေါ့ ။

 

* သူချစ်ကိုချစ်. . .

စည်းချက်မကိုက်ညီသေးပေမယ့်

အဆင်ပြေပါတယ်

နေ/ရေ/လေ မလိုဘူး

ကဗျာတွေ ရေးလို ့ရနေသေးရင်

အသက် ဝဝရှူလို ့ . . .ရနေသလိုမျိုး . . .

 

* မရယ်နဲ ့. . .

ငါ လက်ကိုင်ထားတဲ့ တရား ကိုက

” သင်သည်မုချသေရမည်

အချိန်ပိုင်းသာ လိုတော့သည်”

 

* အေးးး ဟုတ်တယ်

ငါက . . .

မာန ခပ်ကြီးကြီး . . .

ဘယ်ကောင်းကင်ကိုမှ လူမထင်တဲ့

ခါးကော့ထားတဲ့ သစ်ပင် ။

 

———————-

 

alinsett

 

16 / 11 / 2013 / 10 : 30 am

 

 

45

 

 

22 comments

  • KZ

    November 19, 2013 at 11:13 am

    ဟာဂျာ။
    ကဂျာ မဆန်ဘူးပဲ ပေါပေါ
    တစ်ပင် အဖစ်ချင်ဝူးးးးးး

    ခွေး တေးပန်းခံရမှာ ကြောက်ရို့။

    :mrgreenn:

    • alinsett

      November 19, 2013 at 11:20 am

      သစ်ပင် မြင့်မြင့် ဆိုရင် ပန်းရဲပါဘူးဂျာ

      🙂

      ကျွန်တော်တော့
      ဒီကဗျာထဲမှာ မာနတွေ အတ္တတွေ ထီမထင်တာတွေ
      ပလူပျံအောင်ထည့်ရေးထားတယ်
      ခါးကော့ထားတဲ့သစ်ပင် လေ
      ဘယ်ကောင်းကင်ကိုမှ လူမထင်ဘူးတဲ့

      အဟိ

      :kwi:

  • Tristan

    November 19, 2013 at 11:24 am

    ဟဲ့ … ဘယ့်နှယ့် … မြို့ထဲ လာပြီး ကော့ပြနေတယ်…
    ဒညင်းဝက် ကနေ ပဲမြစ်ဖြစ်တော့မယ်…

    အာ..ဟိ

    :hee:

    • alinsett

      November 19, 2013 at 11:37 am

      ပဲမြစ်ထက်တော့ အများကြီးသာပြီးသားပါဂျာ
      ကိုယ့်ကို ကိုယ်အသိဇုံး
      ဟီဟိ
      အဲ ပြောရင်းနဲ့ ဘယ်တွေ ရောက်ကုန်ပါလိမ့်

      🙂

  • Wow

    November 19, 2013 at 1:08 pm

    ခါးကော့ထားရင် ကောင်းကင်ကို ပိုမြင်ရတာမဟုတ်ဘူးလား :hee:

    • alinsett

      November 19, 2013 at 3:29 pm

      ကောင်းကင်ကို … မြင်လေ…
      ထီမထင်တဲ ့စိတ်နဲ ့.. ခါးကိုပိုကော့မိလေ….

      သစ်ပင်ဖြစ်ရတာလည်း.. မလွယ်ပါဘူးဗျာ..။

      :kwi:

  • kyeemite

    November 19, 2013 at 2:38 pm

    “ဘယ်ကောင်းကင်ကိုမှ လူမထင်တဲ့
    ခါးကော့ထားတဲ့ သစ်ပင် ။”……ဟဲ့ဟဲ့..အသာလုပ်ပါကွယ်..ကျောက်တတ်လို့ပါ 😀

    • alinsett

      November 19, 2013 at 3:22 pm

      အဟီး…

      ဒေါသဘုန်ထနေတုန်း ရေးထားတဲ ့ကဗျာပါ..။
      စကားလုံးက နည်းနည်းကြမ်းနေတယ်…။

      :kwi:

  • ရွှေမိုးတိမ်

    November 19, 2013 at 4:02 pm

    ခါးကော့ရင်မော့ထားဒဲ့ တစ်ပင်ပေါ့လေ .. 😉

    • alinsett

      November 19, 2013 at 4:05 pm

      ဟုတ်ပါ့ဗျာ…။
      ဇော်ဂျီတော့ ဟုတ်ဘူး..။
      :kwi:

  • TNA

    November 19, 2013 at 5:03 pm

    အပင်မြင့်လေလေတိုက်ခံရလေတဲ့ ဘာဒဲ့မြက်ပြားပင်ပဲကောင်တယ်ဆိုလား :mrgreen:

    • alinsett

      November 20, 2013 at 7:44 am

      ကျွန်တော်ကတော့ လေတိုက်ခံရတဲ့သစ်ပင်ဘဝကို
      ကြိုက်တယ်။
      လေဒဏ်ကို ကြံ့ကြံ့ခံနိုင်မှ
      သစ်ပင်စွမ်းအား ရှိတာ

      ခပ်ညံ့ညံ့သစ်ပင် အဖြစ်မခံနိုင်ဘူးလေ

      :kwi:

      • TNA

        November 21, 2013 at 5:35 pm

        အိုက်ဒါဆိုလဲဖြစ်ချင်းဖြစ်သစ်ပုပ်ပင်ပဲဖြစ်အေ ဘယ်တော့မှလဲဘူးရယ်

        • alinsett

          November 21, 2013 at 5:44 pm

          ကျောင်းထဲက သစ်ပုပ်ပင်တော့ ဖျစ်ချင်ဘူး တီသဲရယ်

          🙂

  • Mr. MarGa

    November 19, 2013 at 5:25 pm

    ကောင်းကင်ကို လူ ထင် ရအောင်
    ကောင်းကင်က လူမှ မဟုတ်တာနော့….. :kwi:

    • alinsett

      November 20, 2013 at 7:41 am

      နာလည်းလူမထင်ဘူးလို့ပဲ ပြောတာလေ

      :kwi:

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 1:39 pm

    ဟကောင် ..
    နင်က ခါးကော့ထားတော့
    နင့်အနား ဘယ်သူ ကပ်ရဲတော့မတုန်း ငါ့ကောင်ရ …

    • alinsett

      November 21, 2013 at 5:29 pm

      ခါးကော့ထားမှ ကပ်ချင်သူတွေလည်း ရှိမှာပေါ့အေ
      ခါးကုန်းကုန်နဲ့သစ်ပင်ကြီးဆို
      အားမရှိဘူးထင်ပြီး ဘယ်သူမှ ကပ်မမဟုတ်
      ဒီတော့

      ကော့သာကော့
      မင်း ဂရုမစိုက်နဲ့
      ကော့သာကော့
      မင်း
      ဂရုမစိုက်နဲ့
      ရို ့ရို ့ အဟက်
      🙂

  • Swal Taw Ywet

    November 21, 2013 at 2:17 pm

    အင်းးးး
    ဓါတ်သေတွေထဲ ကြည့်မိတော့ မသဲကွဲတော့ဘူးးး။
    ကုံးနေ( ခါးကုန်းနေ ) တယ်မှတ်ထာဘဲ။။။။
    ဟုတ်လားဟင်င်င်င်င်။
    With respect,
    Swal Taw Ywet.

    • alinsett

      November 21, 2013 at 5:32 pm

      သစ်ပင် ဖြစ်သွားပြီးမှ
      ခါးကော့တတ်သွားတာပါ ဦးစွယ်
      🙂

  • yiwai

    November 21, 2013 at 4:31 pm

    ငါက . . .

    မာန ခပ်ကြီးကြီး . . .

    ဘယ်ကောင်းကင်ကိုမှ လူမထင်တဲ့

    ခါးကော့ထားတဲ့ သစ်ပင် ။

    • alinsett

      November 21, 2013 at 5:34 pm

      ရီဝေ လို ့ခေါ်ရမယ်ထင်တယ်

      ကျွန်တော်ရေးတာလေးကို ဖတ်ရှု ခံစားပေးသွားတဲ့အတွက်
      ကျေးဇူးတင်ပါတယ်နော်

Leave a Reply