မကွေးသတင်းတိုများ

Thiha Phone MoNovember 19, 20131min17012

မင်းဘူးမြို့နယ်တွင် မြန်မာဩဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ တောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းပညာပေ ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊အမှတ်(၃)ရပ်ကွက် ပြည်တော်သားလမ်းရှိ သုခမိန်ခန်းမတွင် နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်(၈)နာရီခွဲချိန်က မြန်မာ့ဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ရှိန်ဦးဆောင်၍ တာဝန်ရှိသူများမှတောင်သူများအားစိုက်ပျိုးဆေးသုံးစွဲနည်းများကို ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။ထိုဟောပြောပွဲသို့ မင်းဘူးမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၇)စုတို့မှတောင်သူ(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊တက်ရောက်လာကြသည့်တောင်သူ ဦးကြီးများအားမြန်မာဩဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းခဲ့ကြောင်းသိရသည်။

ရန်ဖြစ်ရာကိုဝင်ရောက်ဖြန်ဖြေသူအားဓားဖြင့်ခုတ်သူအားအရေးယူမှု မင်းဘူးစကုမြို့နယ်တွင်ဖြစ်ပွား

မင်းဘူး၊စကုမြို့နယ်၊အမှတ်(၃)ရွှေတိုင်ရပ်နေ ညွှန့်ဝင်း၏ မင်္ဂလာဆောင်နေအိမ်တွင် နိုဝင်ဘာ(၉)ရက်နေ့ နေ့လည်(၂)နာရီချိန်က မောင်စိုးနှင့်မောင်ကြည်တို့အရက်အတူသောက်စားပြီး စကားနိုင်လုပြောရာမှတစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်နေသည်ကို အနီးရှိ တစ်ရပ်တည်းနေ ဦးလှမောင်မှဝင်ရောက်ဖြန်ဖြေပေးခဲ့ပြီးနောက် ဦးလှမောင်သည်နေအိမ် သို့တစ်ဦးတည်းပြန်လာခဲ့စဉ် ရွှေပေါက်ကံရပ်ကွက်အရောက်တွင် မောင်ကြည်သည်နောက်မှဓါးကိုင်ပြေးဝင်လာပြီး ဘာမှမပြော ဘဲ ဦးလှမောင်အားဓါးဖြင့်ခုတ်သဖြင့် ဦးလှမောင်တွင် ဝဲဘက်ဒူးအထက်ပြတ်ရှဒဏ်ရာ၊ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ဝဲဘက်နဖူးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုရေးအရစောင့်ဆိုင်းသော်လည်းလာရောက်တောင်းပန်ခြင်းမရှိသဖြင့် မောင်ကြည်အားအရေးယူပေး ပါရန် နိုဝင်ဘာ(၁၆)ရက်နေ့တွင်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊စကုနယ်မြေရဲစခန်းမှ (ပ)၇၂/၂၀၁၃၊ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့် ထားကြောင်းသိရှိရသည်။

ရေစကြိုမြို့နယ်ရှိ မအူအောက်ဆိပ် အထက(ခွဲ)ကျောင်းအား အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်တွင်  မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူအောက်ဆိပ် အထက(ခွဲ)ကျောင်းအား အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားအား နိုဝင်ဘာ(၁၆)ရက်နေ့နံနံက်(၈)နာရီခွဲ ချိန်ကကျင်းပပြုလုပ်ခဲ့သည်။အခမ်းနားတွင် ၂၀၁၃ ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်ကျောင်းသူ(၂)ဦးမှမင်္ဂလာဆိုင်း ဘုတ်ဖွင့်လှစ်ပေးပြီးပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်မှ မင်္ဂလာဆိုင်းဘုတ်အားအမွေးနံ့သာများပက်ဖြန်းပေးပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့်တိုင်းပညာရေးမှူးရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်မောင်မှပညာရေးဆိုင်ရာ များတင် ပြခဲ့ကြောင်း၊ မအူအောက်ဆိပ် အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေသန်းမှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး စီမံ/စီးပွားဝန်ကြီး ဦးမြင့်နိုင်၊ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ဌာနဆိုင်ရာအကြီးအကဲများ၊ မအူအောက်ဆိပ် အထကမှ ကျောင်းသား/ကျောင်းသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

12 comments

  • San Hla Gyi

    November 19, 2013 at 8:46 pm

    အမယ်လေးနော်လို့သာ ပြောလိုက်ပါရစေ မကွေး သတင်းထောက်တို့ရေ

    • Thiha Phone Mo

      November 20, 2013 at 1:04 pm

      ဘာဖြစ်လို့လဲ ဟင်

      • San Hla Gyi

        November 20, 2013 at 7:07 pm

        ဘာဖြစ်လို့လဲဆိုတော့ မသိရင်လည်း ပြောပြပါ့မယ်။ တရက်ကို ပို့စ် ၂ ခုထက် ပိုမတင်ရဘူး စည်းကမ်းအတိုင်း မဟုတ်ပဲ ပို့စ်တွေ အများကြီး တင်ထားပါတယ်။ တင်ထားတဲ့ ပို့စ်တွေကလည်း ဖတ်ရှုသူ အများစုအတွက် သိပ်အကျိုးမများဘူးလို့ ထင်ရတဲ့ သာမန် အရပ်သတင်းလေးတွေကို ခေါင်းစဉ်တွေ ခွဲပြီး အများကြီး ဖြစ်အောင် တင်ထားတာ ဖြစ်ပါတယ်။
        အဲဒီလို တင်မယ့်အစား ဒီလို ကျောင်းဖွင့်ပွဲသတင်းလို သတင်းလေးတွေကို ခေါင်းစဉ်ကြီး တခုတည်း အောက်မှာပဲ ခေါင်းစဉ်ငယ်လေးတွေ ခွဲပြီး တင်လို့ရပါတယ်။ ကျန်သူတွေကိုလည်း နေရာပေးပြီးသား ဖြစ်သွားပါလိမ့်မယ်။
        ကျန်တဲ့လူ အများစုက သုတပဲဖြစ်ဖြစ် ရသပဲဖြစ်ဖြစ် သရော်စာပဲဖြစ်ဖြစ် ကိုယ်တိုင် အိုင်ဒီယာထုတ်ပြီး အားစိုက်ပြီး ရေးထားချိန်မှာ ကိုယ်က သာမန်သတင်းလေးတွေကို ခေါင်းစဉ်တွေ အများကြီးနဲ့ ပို့စ်တွေ အများကြီးတင်ရင် ကျန်သူတွေကို အားနာဖို့ ကောင်းပါတယ်။
        အဲဒါလေးပါ။

  • naywoon ni

    November 20, 2013 at 7:56 am

    MRTV ကြည်​့​လိုက်​ရလိုပါပဲလား

    • Thiha Phone Mo

      November 20, 2013 at 1:05 pm

      ကျေးဇူးပါပဲကွယ်

  • Thiha Phone Mo

    November 20, 2013 at 1:06 pm

    ကဲ ဖျားသွားပြီမို့လား နောက်ထပ်ထူးဆန်းတာတွေ လာဦးမယ်နော် မကြာမီလာမည် …မျှော်ပေါ့ကွယ်

  • San Hla Gyi

    November 20, 2013 at 7:08 pm

    အဲဒီလို ပို့စ်ကလေးတွေကို အများကြီးတင်ဖို့ မကြာမီလာမည် မျှော်ဆိုရင်တော့ သဂျီးနဲ့ မော့စ်များအနေနဲ့လည်း မကြာမီလာမည် ဖျက်ပေါ့ကွယ်လို့ ပြောသင့်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 10:44 am

    မကွေးမှာ မြေအောက်ငလျင်တစ်ခု
    လှုပ်ခတ်တွားဂဲ့ဒယ်
    ဒါနဲ့ဘဲ …
    စိုက်ပျိုးသီးနှံတွေ ရဒေါ့ဘူးဒဲ့ …

  • နန်းခင်ဝင့်ဝါ မိုးစက်ထက်ထက်ချာ

    November 22, 2013 at 2:43 pm

    ဟေ………… မကွေးတိုင်းဒေသဂျီးဂ မညိမ်းချမ်းဝူးလားကွီ
    နက်ဖန် ညနေ မကွေးတွားမို့ မကွေးကနေတဆင့် မင်းလှတွားမယ် အဲ့ကနေတဆင့်
    မလွန် – ထန်းကိုင်းဆက်တွားမယ် နာတထုထုဖစ်ရင် ဒီလိုဒဒင်းထဲပါပရဇီကွီ 😀
    ပေါက်တောသွားရင် ရွှေတုံးကောက်ရတာတို့
    လမ်းသွားရင်းကံစမ်းရင်း မကွေးရော့ပင်းမောမှာ မော်တော်ကားဒဇီးပေါက်သွားတာတို့ ထန်းကိုင်းမှာခလုတ်တိုက်ရင်း ရေနံတွင်းအောင်သွားတာဒို့ ဘာတို့ ညာတို့ အဲ့လိုလေးပေါ့ 😀
    နန်းခင်ဝင့်ဝါ မိုးစက်ထက်ထက်ချာက ချရို့စတာနော် ချိတ်ချိုးနဲ့ 😛

  • Shwe Ei

    November 22, 2013 at 3:19 pm

    အိုက်သဒင်းတေ ဘယ်ကရတုန်း

    ကိုယ်တိုင်ထောက်သလား သူများထောက်တာလား

    သူများထောက်ရင် ခရက်ဒစ်ပေးဘာ

    ကိုယ်တို်င်ထောက်ရင် လိုင်စင်လေးပြဘာ :harr:

    ့ပုံ

    မန်းဂဇက် ကျီးကျပ်ရေး အမှုဆောင်အရာရှိ
    ချွေအိ

Leave a Reply