မဆင်မခြင်မှု.များကြောင်.သေဆုးံမှု.များနေ

Thiha Phone MoNovember 19, 20131min1205

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင့်သဖြင့် တံတားပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်ပွား

ဆောမြို့နှင့် ခွင်းချောင်းကျေးရွာဆက်သွယ်ထားသော ယာယီတံတားပေါ်တွင် နိုဝင်ဘာ(၁၇)ရက်နေ့ညနေ(၅)နာရီခွဲ ချိန်က အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မင်းမင်းထွန်း(ခေါ်)ဖေစိန် ဖျဉ်းကြီးကျေးရွာ စေတုတ္တရာမြို့နယ်နေ သူမောင်းနှင်ပြီးနောက်မှတစ်ရွာတည်းနေ စန်းမြင့်ကို လိုက်ပါလာသောဆိုင်ကယ်သည် ခွင်းချောင်းရွာဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာစဉ် တံတားပေါ်အရောက်တွင်တံတား၏ ယာဘက်ခြမ်းသို့ပြုတ်ကျ၍ မင်းမင်းထွန်း တွင် ယာဘက်နောက် စေ့တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ယာဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး စန်းမြင့်မှာ ဝဲဘက်ဒူးခေါင်းနာ၊ယာဘက်ခြမ်း ဦးခေါင်းနာဒဏ်ရာများရရှိခဲ့သဖြင့်  ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ မင်းမင်းထွန်းအား ဆောမြို့နယ်၊ဆောမြို့မရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၃၊ပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ယောချောင်းတစ်လျှောက် ဆိတ်ကျောင်းသွားကျောင်းရာမှ အမျိုးသမီးငယ်တစ်ဦးရေနစ်သေဆုံးခဲ့

ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်အုပ်စု မိကျောင်းတွင်းကျေးရွာနေ အမျိုးသမီးငယ်တစ်ဦး နိုဝင်ဘာ(၁၆)ရက်နေ့က ရေနစ်သေ ဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ထိုကျေးရွာနေ မတင်ဇာဝင်း၊အသက်(၁၃)နှစ်သည်နေ့လည်(၁၁)နာရီချိန် နေအိမ်ရှိ ဆိတ်အုပ်အား ယောချောင်းတစ်လျှေက်သွားကျောင်းရာမှ နေအိမ်သို့ပြန်လာချိန်နောက်ကျနေသဖြင့် ဖခင်ဦးဘိုပု နှင့် အစ်ကို ဖြစ်သူ ဇော်နိုင်ထွန်း တို့လိုက်လံရှာဖွေခဲ့ရာ ကျေးရွာ၏အရှေ့ဘက်ယောချောင်းအစပ်သောင်ခုံတွင် မတင်ဇာဝင်း ဝတ်ဆင်သည့် အကျင်္ ီအားတွေ့ရှိရသဖြင့်  ရွာသူရွာသားများစုစည်းပြီး ရေငုတ်ရှာဖွေခဲ့ရာ ယောချောင်းအတွင်း အနက်(၈)တောင်ခန့် ရှိနေရာတွင်ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် နေအိမ်သို့ပြန်လည်သယ်ဆောင်လာခဲ့ကြောင်းသိရှိရသည်။၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၃)ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

5 comments

  • kai

    November 20, 2013 at 7:18 am

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    ဆိုတဲ့စည်းကမ်းအရ…
    ကျန်ပို့စ်တွေ.. ဖျက်လိုက်ပါတယ်နော..။

    သတင်းတွေအတွက်.. ကျေးဇူးတင်ပါတယ်..။ ဒါပေမယ့်… မျက်နှာစာမှာတခြားသူတွေအတွက်နေရာပေးစေလိုပါကြောင်း…..။
    ကွန်မန့်များလည်း..ရေးစေလို.. ကိုယ့်ဆီလာရေးသူတွေဆီမှာလည်းပြန်ဆွေးနွေး..ပြန်စာရေးစေလိုပါတယ်..။
    အဲဒါတွေလုပ်ရင်လည်း.. ပွိုင့်ရပါတယ်ခင်ဗျား…။

  • alinsett

    November 20, 2013 at 10:46 am

    သူစိမ်း မဆန်ပါနဲ့ကွယ်

    :kwi:

    • Thiha Phone Mo

      November 20, 2013 at 1:01 pm

      မမက သူစိမ်းမဆန်ပါဘူးကွယ် အားလုံးကို ခင်ပါတယ် နောက်ပြီး မမရဲ့ သတင်းလေးတွေကို ဖတ်ပြီး ကော်မန့်လေးတွေ ရေးကြဦးနော် ကျေးဇူးတင်ပါတယ်ကွယ်

  • Wow

    November 20, 2013 at 11:04 am

    တစ်ချက်လေးစောင်းငဲ့ကျိအုံးးးးး :mrgreen:

    • Thiha Phone Mo

      November 20, 2013 at 1:00 pm

      ကျွန်မကတော့ တည့်တည့် ပဲကြည့်ပါတယ်ရှင်

Leave a Reply