ဘလက်ချောကြီးတို့ရဲ့ နားစွန်နားဖျားရပ်ကွက်…။

black chawDecember 12, 20131min30666

နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။
နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။
နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။
နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။
နားစွန်နားဖျားရပ်ကွက်သည်
စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ
တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။
နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်…
မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော
ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။

အခုတလော နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာတဲ့ အသံတစ်သံကတော့…
ဇာဂနာလေးက ကျေးဇူးရှိတယ်…။
သူလွတ်လာတော့ ကျွန်တော့်ကို လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ဖူးတယ်…။
ဒါကြောင့် ကျေးဇူးရှိပါတယ်…။

ဆိုတဲ့ ဦးခင်ညွန့် ကြီးရဲ့ ဒိုင်ယာလော့ခ်ပါ…။
ကျေးဇူးဆိုတာ ကြံဖန်တင်တတ် ရတယ်ကွယ့် ဆိုတဲ့
ကျွန်တော့် ကြီးဒေါ်ကြီးတစ်ယောက် ပြောတဲ့ စကားလေး သွားသတိရမိပါတယ်…ကျောင်းဒကာ…။
အဲဒီလိုသာ ကြံဖန် ကျေးဇူးတင်ကြကြေးဆို မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး
စာဖတ်နေသူကြီး ဟာလည်း… (နာမည်တော့ ရေးရဲဘူး…ကိုယ့်ဟာကိုယ်တွေးကြည့်ကြ)
ကျေးဇူးတင်ထိုက်သူ ကြီး ဖြစ်နေပြန်ပါပေ့ါကွယ်…ဟေးဟေး…။
ဒီလိုရှိပါတယ်ခင်ဗျ…။
လွန်ခဲ့တဲ့ နှစ် ၂၀ဝ ကျော်က
အမေရိကန်ပြည်ထောင်စုကြီးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတဲ့…
(သိတ်…စကားကြီး…စကားကျယ် ပြောတဲ့ ကောင်ဗျ…ဟေးဟေး…။)
ဘယ်အစိုးရတက်တက် ဘယ်ခေတ်ဘယ်ကာလ မှာမှ ပြင်ဆင်ခြင်းမပြုရဆိုတဲ့…
အပိုဒ်တွေ ပါပါတယ်တဲ့…။
အခြေခံဥပဒေ ဆိုတာမျိုးက ခေတ်နဲ့ လျော်ညီအောင် ပြုပြင်သင့်တာကိုပြုပြင်…
ပြောင်းလဲသင့်တာကို ပြောင်းလဲ ရ တာမျိုးတွေ ရှိပါတယ်…။
(လုပ်ထားကောင်လေး…ဆက်ဆွဲထားဟ…။)
သို့သော်လည်းတဲ့…။
အမေရိကန်ပြည်ထောင်စုကြီးရဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြတဲ့…
ပုဂ္ဂိုလ်အကျော်အမော်ကြီးတွေက အမျှော်အမြင် ကြီးစွာနဲ့
ပြင်ဆင်ခွင့်မရှိဆိုတဲ့…
အချက် ၂ ချက်ကို ထည့်သွင်းရေးသား သွားခဲ့ပါတယ်တဲ့…။
(အဟမ်း…အော် ဒီချောင်းနှယ်…
စကားကြီးစကားကျယ် ပြောနေပြီဆို အလိုက်ကန်းဆိုးမသိ…အာဟီး…။)

ပထမ အချက်…။

စာနယ်ဇင်းလွတ်လပ်ခွင့်…၊ လွပ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကို ပိတ်ပင်တားဆီးတဲ့
ဥပဒေပြင်ဆင်ချက်ကို ဘယ်သောအခါမှ မပြုလုပ်ရတဲ့…။

ဗိုလ်လိုတော့ ကျွန်တော်က မတော့တတ်ဘူးရယ်…။
မြန်မာလိုသာ အဆင်ပြေသလို ဖတ်လိုက်ကြပါတော့…။
ကျုပ်တို့ မြန်မာပြည်ကရော အဲဒီအချက်ကို ပြင်ဖို့လိုရဲ့လား ကျောင်းဒကာကြီးတို့…။
အိမ်း…မလိုပါဘူး…ဟုတ်လား…။
နဂိုကတည်းက လွှတ်ကို မလွှတ်သေးတာ…ဟေးဟေး…။
ဒုတိယ အချက်…။

ပြည်သူလူထုက သေနတ်လက်နက်များ ကိုင်ဆောင်ခွင့်ရှိတယ်…။
အဲဒီလို ပြည်သူလူထုက သေနတ်လက်နက်များ ကိုင်ဆောင်ခွင့်ကို ပိတ်ပင်တားဆီးတဲ့
ဥပဒေပြင်ဆင်ချက်ကို ဘယ်သောအခါမှ မပြုလုပ်ရတဲ့…။

မိုက်တယ်နော် ကျောင်းဒကာကြီးတို့…။
မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ လူရမ်းကားကြီးတွေကို…
ခုခံကာကွယ်ဖို့ ရည်ရွယ်တာ ထင်ပါရဲ့…။
မြန်မာ ခြေ/ဥ ဆီပြန်သွားလိုက်ရအောင်…။
တကယ်လို့များ စာဖတ်နေသူကြီးက
အခု NLD နဲ့ အမေစု တို့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့…
အခြေခံဥပဒေပါ အချက်တွေကို…
ဘယ်သောအခါမှ ပြင်ဆင်မှု မပြုလုပ်ရ ဆိုတဲ့ အချက်ထည့်ရေးသွားခဲ့ရင်…
ဒန်…တန့်…တန်…

ရွှေပြည်တော် မျှော်တိုင်းဝေးပြီပေါ့ ကျောင်းဒကာတို့ရေ…။
သဘောထားကြီးတာပဲလား…၊
အဲဒီလို ပြင်ဆင်ခြင်းမပြုရဆိုတာမျိုးထည့်ရကောင်းမှန်းမသိတာလား…၊
ပြင်ဖို့ တံခါးလေး ဟပေးထားခဲ့တာကိုက…
စာဖတ်နေသူကြီးကို ကျေးဇူးတင်စရာ ကောင်းမနေဘူးလား
ဟင်…ဟင်…ဟင်..လို့…။
ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက စာဖတ်နေသူကြီးကို ကျေးဇူးတင်သင့်တယ်…။
ကျေးဇူးဆိုတာ ကြံဖန်တင်တတ်ရတယ်ကွယ့်…။ ဟေးဟေး…။

ဝမ်းနည်းရမလား…၊ ဝမ်းသာရမလား…၊
မဝေခွဲနိုင်တဲ့ သတင်းလေး တစ်ပုဒ်ပြောပြချင်ပါတယ်ကွယ်…။
စင်္ကာပူ လူမှုအသိုင်းအဝိုင်းအနေနဲ့…တဲ့…။
လစာဈေးနှုန်းလည်း သက်သာ…၊ သိမ်မွေ့ပြီး ကျိုးနွံနာခံတတ်သူတွေလည်းဖြစ်တဲ့…
မြန်မာနိုင်ငံက အိမ်ဖေါ်အလုပ်သမတွေကို လိုချင်သူတွေ ပိုများလာပါသတဲ့ဗျာ…။
အင်း…မြန်မာမလေးတွေက
ဈေးပေါပေါနဲ့ သိမ်မွေ့ကျိုးနွံတတ် သတဲ့လား…။
သိတ် ခိုင်းလို့ကောင်းတဲ့ မြန်မာအိမ်ဖေါ်တွေပဲနော်…။
ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ်…၊ ဝမ်းသာလို့ပဲ ဖြစ်ဖြစ်…၊
ရင်ချောင်သွားအောင်…၊
လေးဖြူကီး နဲ့ ပဲ ဖြစ်ဖြစ်…၊
တွံတေးသိန်းတန်ကီး နဲ့ ပဲ ဖြစ်ဖြစ်…၊
အော်ချင်တဲ့ ကီးနဲ့ သာ အော်ကြည့်လိုက်ပါ…ကျောင်းဒကာ…။
အိမ်ဖေါ်မျိုးဟေ့ ဒို့ ဘားမန်း…။

သက်ငယ်မုဒိမ်းမှုတွေ သိတ်…သိတ်…ရေပန်းစားနေတဲ့ အချိန်အခါမျိုးကြီးမှာ…၊
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဆိုတဲ့ အသံတွေ ကျယ်လောင်နေတဲ့ အချိန်ကြီးမှာ…၊
သက်ကြီးမုဒိန်းမှုတစ်ခု ရဲ့ သတင်းကလည်း နားစွန်နားဖျားရပ်ကွက် ထဲ
ရောက်ချလာပါတယ် ကျောင်းဒကာ…။
ဝါသနာပါရင် လမ်းမပေါ်တက် ဆန္ဒပြလို့ရတာပေါ့…။
သက်ကြီးမုဒိမ်းမှု ပပျောက်ရေး တို့အရေး…ဟေးဟေး…။
လှည်းကူးမြို့နယ် မှာတဲ့…၊
အသက် ၆၈ နှစ်ရှိ အဘွားအို ကိုတဲ့…၊
ကျပန်းအလုပ်သမား သက်နိုင်ဝင်း(ခ)ကုလား (၂၃) နှစ်ကတဲ့…၊
(အင်း…ဒီနာမည်မျိုး ရင်းရင်းနှီးနှီးကြီးကို ကြားဖူးတယ်…။)
သားမယားအဖြစ် ပြုကျင့်ခဲ့ပါတယ်တဲ့…။
ဟေးဟေး…။ တော်တော် ဗရုတ်ကျတဲ့ သူငယ်…။
အံမယ်…ဒီလောက်နဲ့ တော့ သက်နိုင်ဝင်း လေးက အားမရနိုင်သေးဘူးတဲ့…။
နောက်တစ်ကြိမ် ပြန်လာဦးမည်… လို့လည်း ကြုံးဝါးသွားသေးသတဲ့…။
လူဆိုး…။
အဲဒါနဲ့…ဘွားဘွားက နောက်တစ်ခါ ပြန်လာမှာ ကြောက်တာနဲ့ ရဲစခန်းသွားတိုင်လို့…
သက်နိုင်ဝင်း(ခ)ကုလား တစ်ယောက် ကိစ္စများနေရသတဲ့…။
၃၇၆ နဲ့ ပဲပေါ့…။
အင်း…ကိစ္စများမြောင် လူတို့ဘောင်ပေါ့ကွယ်…ဟေးဟေး…။

တောင်တန်းနှင့်တူသော ဝါဆိုမိုးဦးတင်ပါးကြီးများ အကြောင်း
အခုတလော ဝါဆိုမိုးဦးတစ်ယောက် သူမရဲ့တင်ပါးကြီးတွေကို အသားပေးလွန်းတယ်ဆိုတဲ့…
သတင်းကလည်း နားစွန်နားဖျားရပ်ကွက်ထဲရောက်ချလာပါတယ်ဗျာ…။
ရွှေFM ပွဲမှာ ဂျေလို ပုံစံနဲ့ ကပြပြီး သူမရဲ့ တင်ပါးကြီးတွေကို ဝါကြွားခဲ့သေးတယ်ဆိုလား…။
မခိုင်ကြီးသီချင်းလေးတောင် သွားသတိရမိသေး…ဟေးဟေး…။

တင်ပါးလေး တစ်ဖက်ကို လှုပ်ပြလိုက်ရင် တစ်ပြုံကြီးပါလာမယ်…

အမေမွှေးလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကြီးကတော့
မျက်လုံတစ်ဖက်တည်းက မျက်ရည်ကျပြပြီး အကယ်ဒမီ ဆု တစ်ဆု ယူခဲ့သေးတယ် ဆိုပဲ…။
အဲဒီလိုပဲ…
ဝါဆိုမိုးဦးလေးကလည်း တင်ပါးလေးတစ်ဖက်တည်းလှုပ်ပြပြီး အစ်ကိုကာလသားတွေရဲ့…
အိပ်မက်တွေကို သိမ်းပိုက်သွားခဲ့ပြန်ပါပြီ…။
ကဗျာဆရာ ကမ်းဝေး ကတော့ ကဗျာသမားဆိုတော့ အရာရာကို…
ကဗျာတစ်ပုဒ်လိုပဲ ခံစားလေ့ရှိပါသတဲ့…။
ပြီးတော့ သူက ပြောသေးတယ်…။

ဝါဆိုမိုးဦးတင်ပါးကြီးတွေက ကျွန်တော့်အတွက်တော့ ကဗျာတစ်ပုဒ်ပါပဲ အစ်ကိုရယ်

တဲ့…။
ပြီးတော့…ဆက်ပြောသေးတယ်…။
ဝါဆိုမိုးဦး သာ ဖြစ်ပလေ့စေ…။
တင်ပါးလေးတစ်ဖက်ကို အပင်ပန်းခံပြီး လှုပ်ပြနေစရာမလိုအပ်ပါဘူး
…တဲ့…။
ဝါဆိုမိုးဦး တင်ပါး ဆိုတာနဲ့တင် ပွဲ ပြီးပါတယ်တဲ့…။
အင်း…စိတ်ကိုလျှော့ပါ ကဗျာဆရာ…။
8 Days ဂျာနယ် မျက်နှာဖုံးမှာလည်း တင်ပါးကြီးတွေကို အသားပေးလို့…
ဓါတ်ပုံအရိုက်ခံခဲ့ပြန်ပါရောလားဗျာ…။
ပြီးတော့ ကျတော့ ဂျာနယ်ထဲပါတဲ့ ဓါတ်ပုံတွေမှာလည်း တင်ပါးကြီးတွေကိုပဲ…
အသားပေးခဲ့ပြန်ပါတယ်ဗျာ…။
ဓါတ်ပုံဆရာ ကိုကို အေးဇော်မိုးရဲ့ လက်ရာတွေပေါ့…။
(ဆက်စီ ဖြစ်အောင် ရိုက်ပဲ ရိုက်တတ်လွန်းပါတယ် ကိုကိုရယ်…။)
ဂျာနယ်ထဲပါခဲ့တဲ့ အင်တာဗျူးမှာလည်း…
ဝါဆို ငယ်ငယ်ကတည်းက J-Lo ကို ကြိုက်တယ်…။ ခုချိန်ထိ သူ့စတိုင်ကို ဝါဆို ခိုက်တုန်းပဲ…။
လို့ ပြောသွားခဲ့တာ ဖတ်လိုက်ရပါတယ်…။
ဟောကြည့်…။
သူမက ဂျေလိုကို ကြိုက်သတဲ့…။ ဂျေလို့ စတိုင်ကို ခိုက်သတဲ့…။
ဦးဘလက်ကလည်း ဂျေလိုကို ကြိုက်တာပါပဲ…။ ဂျေလို့ စတိုင်ကို ခိုက်တာပါပဲကွယ်…။
အကြိုက်တွေ…အခိုက်တွေကတော့ တူနေပြန်ပါပြီ…။
ဟေး…ဟေး…။
မနေ့တစ်နေ့ကပဲ Sky Net ကလာတဲ့ သက်ဝင်ပြတိုက်ဆိုတဲ့ မြန်မာပြဇာတ်ကြည့်ဖြစ်ပါတယ်…။
တင်ပါးကြီးတွေ သိတ်လှတယ်လို့ နာမည်ကြီးနေတဲ့ ဝါဆိုမိုးဦးလေးက ဂျနီဖာလိုပက်အဖြစ်
သရုပ်ဆောင်ခဲ့ပါတယ်…။
အဲဒီ ပြဇာတ်ထဲမှာ အရိုင်းနဲ့ ကျော်ထူးတို့က ပြတိုက်စောင့် အလုပ်သမားတွေ ပေါ့…။
ဝါဆိုမိုးဦးလေးက သူ့တင်ပါးကြီးတွေကို ပရိသတ်ဘက် ဘတ်ကနဲ ပစ်ပြလိုက်တဲ့အခါ…
ကြည့်နေတဲ့ ဘလက်ကြီးတစ်ယောက်
ဒဘယ်ဘလက် ကို ရေမရောပဲ သောက်ချလိုက်သလို…
သွေးတွေ ဆူပွက်လာပါရောလားဗျာ…။

ဝါဆိုမိုးဦးလေးရဲ့ ဒိုင်ယာလော့ ကလည်း မီးလောင်ရာလေပင့် ခဲ့ပြန်ပါတယ်…။
ကျမတင်ပါးကို အာမခံထားချင်ပါတယ်…။ ဒီနိုင်ငံမှာ အာမခံထားလို့ရသလား တဲ့…။
အင်း…ဝါဆိုမိုးဦးကို များ အပြင်မှာ အရှင်လတ်လတ် တွေ့ခဲ့ရင်လေ…
သူမကို ပြောပြပေးစမ်းပါ…။
ခေးသာ ထားချင်လို့ကတော့လေ…၊
ခေးတင်ပါးကြီးတွေကို ဦးဘလက်ဆီမှာသာ စိတ်ချလက်ချ အပ်နှံထားလိုက်စမ်းပါ…လို့…။
အာမခံကြေးကတော့ ပိုင်ဆိုင်သမျှပေါင်နှံရောင်းချလို့ ရသမျှပေါ့ကွယ်…။
အပျော်ပါဗျာ…။

ဟယ်ရီလင်းကြီးက အချစ်နဲ့ ပေါင်မုန့်တဲ့…။
တို့ မကြီးမိုးကတော့ အချစ်နဲ့ အင်တာနာ ပဲ ကွယ်…။
မကြီးမိုး (တင်မိုးလွင်) ရဲ့ ဒိုင်ယာလော့ လေးကိုလည်း…ဖတ်ကြည့်ပေးကြပါဦး…။

မမိုးမှာ အာရုံတွေများပေမယ့် အချစ်ကို အာရုံခံစားဖို့ အင်တာနာက ပါမလာဘူး…

တဲ့…။
အော်…ချစ်ရပါသော မကြီးမိုး…ငဲ့…။
အချစ်မှာ အင်တာနာ လိုသတဲ့လား…။
ထူးဆန်းပါပေ့ မကြီးမိုးရယ်…။
ဟိုနေ့က ကိုဆာမိ ကြီးတစ်ယောက်…
နီးဘန်း အင်တာနာကြီး တစ်ကိုင်ကိုင်နဲ့ ဖြစ်နေတာ ဒါကြောင့်ကိုး…ဟိုး…ဟိုး…။

သဉ္ဇာဝင့်ကျော်လေး အင်တာဗျူးတစ်ခုမှာ ပြောသွားတဲ့ ဒိုင်ယာလော့ခ်လေးဖတ်ကြည့်ပေးကြပါဦး…။
အချစ်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်မခံချင်တော့တဲ့ အတွက်…တဲ့…။
ကိုယ့်ဆီရောက်လာတဲ့ သူကိုပဲ…တဲ့…။
အဆင်ပြေသလို တွဲလိုက်ပါတော့မယ်…တဲ့…။
သဉ္ဇာဝင့်ကျော်ဆီ ရောက်အောင်သာသွားပေတော့ အာဂ ရေ..။
အဆင်ပြေသလိုပဲတဲ့ဟ…။

အင်း…ဒီတစ်ခါ ခေတ်မီသွားအောင် ၁၈ နှစ်အောက် မဖတ်သင့်တဲ့ သတင်းလေး
ပြောကြည့်ဦးမယ်ကွယ်…။
HIPHOP အဆိုတော် ကန်းယေးဝက်(စ်) ရဲ့ ချစ်သူ
ကင်(မ်)ခါဒါရှန်း
ဆိုတဲ့ မိန်းမက သားလေးမွေးသတဲ့…။
ယောကျ်းယူကြသော မိန်းမတိုင်း နီးပါး
ကလေးမွေးကြတာပဲ…ဘာများဆန်းကြယ်နေလို့လဲ…။
ဟုတ်ကဲ့…။
အဲဒီမိန်းမက ကလေးမွေးပြီး သူ့ရဲ့ မိန်းမအင်္ဂါကိုတဲ့…
နဂိုပုံစံအတိုင်း ပြန်ဖြစ်ရဲ့လား သိရအောင်တဲ့…
ကိုယ်တိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်တဲ့…။
ဒီစာကို ဖတ်နေတဲ့ စာဖတ်သူမိတ်ဆွေ… အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရဲ့လားဗျာ…။
ပြည့်ရင် ဆက်ဖတ်ပါဗျာ…။
သူမရဲ့ ဒိုင်ယာလော့ က ဒီလိုပါ…။
ဆေးရုံက ဆင်းဆင်းချင်း အိမ်မှာ ကျမ ပထမဆုံးလုပ်တဲ့ ကိစ္စက
မှန်တစ်ချပ်ရှေ့ထားပြီး ကျမရဲ့ မိန်းမကိုယ်ကို စစ်ဆေးတာပဲ။ အဲဒါက
အရင်ထက် ကြည့်ကောင်းနေတာ တွေ့ရတယ်ရှင့်
တဲ့…။
ဟေးဟေး…။
မှန်တစ်ချပ်ရှေ့ချပြီး ခက်ခက်ခဲခဲ စစ်ဆေးရေးဝင်နေရှာတဲ့
မိန်းမတစ်ယောက်ပုံကို…စိတ်ကူးထဲ ကွင်းကနဲ ကွက်ကနဲ မြင်ယောင်လိုက်မိတယ်ဗျာ…။
အင်း…အရင်ထက် ကြည့်ကောင်းနေတယ်ဆိုပဲ…။
ဘယ်လိုမျိုးကြီးတွေတဲ့လဲ…ဟေးဟေး…။
ကန်တော့နော်…အစ်ကိုတို့…အစ်မတို့…။

နန်းဆုရတီစိုး က သူမ ခန္ဓာကိုယ်မှာ အကြိုက်ဆုံးအစိတ်အပိုင်းက…
နှုတ်ခမ်း…တဲ့…။
အင်း…။
အဲဒီသတင်းနဲ့ ပတ်သက်လို့ ဆရာလေး အင်ဇာဂီ ရဲ့ အပြောက ဒီလိုပါဗျာ…။
နန်းဆုရတီစိုး သာ ဖြစ်လို့ကတော့…
နှုတ်ခမ်းလေးလည်း ကြိုက်…။
နှာခေါင်းလေးလည်း ကြိုက်…။
ရွှေလည်တိုင်လေးလည်း ကြိုက်…။
ဒေါင်းဥမွမွလေးလည်း ကြိုက်…။
ကြိုက်…ကြိုက်…အားလုံးကြိုက်…
နန်းဆု ဆိုရင်….အားလုံးကြိုက်…။
ကောင်း…တယ်…။
(ကော်ဖီကြော်ငြာထဲက တိုင်းရင်းသူမကြီးလေသံဖြင့် ဖတ်ပါ…။)

ယောက်ျားယူတော့မယ့် ဝိုင်းစုခိုင်သိန်းလေးကို နံနက်ခင်းဂျာနယ်က
အင်တာဗျူးလုပ်ပါတယ် ကျောင်းဒကာ…။
မေး။ ။ကဲ…ဝိုင်းစုကရော ကိုဥက္ကာကို ဘယ်လိုမြင်လဲ…။
ဖြေ။ ။သူက ပုံမှန်အားဖြင့် စိတ်မရှည်တတ်ဘူး။ သူ့အိမ်မှာ အားလုံးက
သူ့ကို အလျှော့ပေးရတယ်။ ဝိုင်းစုနဲ့တွေ့တော့ သူက အလျှော့ပေးသွားရတယ်…။

အဲဒီအဖြေလေး ဖတ်ပြီးတော့ ဟိုဟာသလေး သွားသတိရမိပါတယ်…။
ဝိုင်းစုလေးအတွက် မင်္ဂလာဦး လက်ဆောင်လို့ပဲ မှတ်ပေးကြပါဗျာ…။
တစ်ခါက သမီးရည်းစားနှစ်ယောက် သန်လျင် သင်္ဘောပေါ်မှာ လေညှင်းခံရင်းနဲ့
စင်ယော်လေးတွေပျံဝဲနေတာကိုကြည့်ရင်း ကောင်မလေးက ကောင်လေးကို မေးပါတယ်တဲ့…။
မောင်…အဲဒီ ငှက်လေးတွေက ဘာငှက်လေးတွေလဲ…ဟင်…။
ကောင်လေးကလည်း ချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးကြီးတွေနဲ့ ကောင်မလေးကို ပြန်ကြည့်ပြီး
ဖြေပါသတဲ့…။
အချစ်ငှက်ကလေးတွေပေါ့ကွယ်…။
တဲ့…။
နောက်တစ်နှစ်လောက်ကြာတော့ ကောင်လေးနဲ့ ကောင်မလေး အိမ်ထောင်တွေဘာတွေကျ…။
ကလေးကတစ်ယောက်ရ…။
အဲဒီမှာပဲ သန်လျင်သင်္ဘောကြီးစီးပြီး စင်ယော်လေးတွေပျံဝဲနေတာကိုကြည့်ရင်း…
ကောင်မလေးက ကောင်လေးကို မေးပြန်ပါသတဲ့…။
ကောင်မလေးရဲ့ လေသံက ရည်းစားဘဝတုန်းက လေသံအတိုင်း ချို နေမြဲ ပါတဲ့…။
မောင်…အဲဒီ ငှက်ကလေးတွေက ဘာငှက်လေးတွေလဲ…ဟင်…။
ကောင်လေးက သိလျက်သားနဲ့ လာမေးနေတယ်ဆိုပြီး စိတ်ဆိုးဆိုးနဲ့ ဖြေပါတယ်…။
စင်ယော်…စင်ယော်…။
အဲဒါနဲ့ နောက် ၃ – ၄ နှစ်လောက် ကြာတော့ ကောင်မလေးက ကလေး ၃ ယောက်ရပြီပေါ့…။
အဲဒီလိုပဲ သန်လျင်သင်္ဘောကြီးပေါ်မှာ စင်ယော်လေးတွေပျံဝဲနေတာကို ကြည့်ရင်း…
သင်္ဘောစီးကြရပြန်ပါသတဲ့…။
ကောင်မလေးက မေးပြန်ပါတယ်…။
မောင်…အဲဒီ ငှက်ကလေး တွေက ဘာငှက်လေးတွေလဲ…ဟင်…။
ဒီတစ်ခါ ပြန်ဖြေလိုက်တဲ့ ကောင်လေးရဲ့ အဖြေကိုကြားပြီးကတည်းက ကောင်မလေးဟာ
ကောင်လေးကို မောင်…အဲဒီငှက်ကလေးတွေက ဘာငှက်လေးတွေလဲ…ဟင်…လို့ တစ်သက်လုံး
မမေးတော့ဘူးတဲ့…။
ကောင်လေးရဲ့ အဖြေက..
နင့်မေလင်ငှက်…နင့်မေလင် ငှက်…တဲ့…။
ကြားဖူးတဲ့ ဟာသလေး ပြန်ပြောပြတာပါ ဝိုင်းစုရေ…။
အခုအချိန်တော့ အချစ်ငှက်ကလေးတွေ ပေါ့ကွယ်…။
မြင်မြင်သမျှ အချစ်တွေလွှမ်းနေတဲ့ အချစ်ပင်လယ်ပြင်ကျယ်ကြီးပေါ့…။
မကြာခင် စင်ယော်…စင်ယော် ဖြစ်လာပါလိမ့်မယ်…။
စိတ်ကုန်စ ပြုလာတတ်တဲ့ ယောက်ျားတွေရဲ့ သဘောဗျ…။
နောက်ဆုံးတော့ နင့်မေလင်ငှက် နင့်မေလင်ငှက် ဖြစ်လာမှာဗျ…။
အပျော်ပါဗျာ…။
ဝိုင်းစုခိုင်သိန်း နဲ့ ကိုဥက္ကာတို့ အမြဲတမ်း အချစ်ငှက်ကလေးတွေ ဖြစ်ကြပါစေလို့
ဦးဘလက်နဲ့…မြန်မာဂဇက် ရွာသူရွာသားများက မင်္ဂလာဦးဆုတောင်းပေးလိုက်ပါတယ်ဗျာ…။

အဆိုတော်တွေ…မင်းသမီးတွေ…အလုပ်အကိုင်မကောင်းကြလို့ပေပဲလား…မသိ…။
ယောက်ျား ချည်း လွှတ်ယူနေကြတော့တာပါပဲ…ကွယ်…။
ယောက်ျားဆိုတာ ယူရုံနဲ့ မပြီးဘူးခင်ဗျ…။
ဗိုက်တွေလည်း ကြီးကြပြန်သပေါ့…။
တချို့မင်းသမီးတွေများ ကလေးအမေတွေ ဖြစ်လို့…။
ပြစ်မှားလက်စရှိနေတတ်တဲ့ မင်းသမီးတွေ အဆိုတော်တွေတွေ့ရင်…
မပြစ်မှားမိအောင် သတိပြန်ထားနေရတာကိုက အလုပ်ကြီးတစ်ခုဗျ…။
ဟော…အခုပဲကြည့်…။
အပျိုဘဝတုန်းက ပြစ်မှားခဲ့ဘူးတဲ့
(ယောက်ျားရပြီးကတည်းက ပြစ်မှားတော့ဘူးနော်)
အဆိုတော် ချမ်းချမ်းတစ်ယောက် ကိုဘုဏ်းသိုက်လေးနဲ့ ယူသွားတာ ဘာကြာသေးလို့လဲ…။
အခု ဗိုက်ကြီးတော်မူနေပြီတဲ့…။
အမေရိကားမှာတောင် မီးဖွားဖြစ်မလားမသိဘူး ဆိုပဲ…။
တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဒီနေ့ သစ်ထူးလွင် က သတင်းတစ်ပုဒ်မှာ
Britney Spears ရဲ့ ဒိုင်ယာလော့ခ်လေး ဖတ်လိုက်ရပါသဗျ…။
“ကျွန်မကိုယ်ဝန်ဆောင်ရတာကို ကြိုက်တဲ့အကြောင်းပြချက်များစွာရှိပါတယ်။
အဲဒီ့အချိန်မှာ လိင်ဆက်ဆံရတာမိုက်တယ်ဆိုတာကိုတော့ ပြောစရာတောင်လိုမယ်မထင်ဘူး”

ဆိုပဲ…။
ဘလက်ကြီးတို့ မြန်မာပြည်က မင်းသမီးတွေ အဆိုကျော်တွေ…
အဲဒီလို ပွင့်လင်းတဲ့ ခေတ်ရောက်လာလိမ့်ဦးမှာလား…
စိုးထိတ်ပူပန်မိရပါကြောင်း…အဟမ်း…အဟမ်း…။

တောင့်တယ်…၊ ဖြောင့်တယ်…၊ မို့တယ်…၊ မောက်တယ်…၊
ဝင်းတယ်…၊ မွတ်တယ်…၊ စွဲမက်ဖွယ်ကောင်းတယ် ဆိုတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင်…။
(ဟေးဟေး…ဆွေလှိုင်ဦးကြီး သွားသတိရမိသေး…။)
Sexy ဓါတ်ပုံတွေနဲ့ ကျွန်တော်တို့ အစ်ကိုကာလသားတွေရဲ့
အိပ်မက်တွေကို စိုးမိုးပိုင်သလေသော မော်ဒယ်မလေး မရွှေစင် တစ်ယောက်
အတွယ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းလေးကလည်း
နားစွန်နားဖျားရပ်ကွက်ထဲ ပေါက်ချလာပါရောလားဗျာ…။
ဟေးဟေး…။
ဟိတ်ကောင်…ဘလက်…။
ခင်ညာ…။
ရွှေစင်လေးကို တွယ်သွားတဲ့ တရားခံရောမိလိုက်ရဲ့လားကွ ဟေ…။
ဟုတ်ကဲ့…မိလိုက်ပါတယ်…ခင်ည…။
ဘယ်ကောင်တဲ့လဲကွ…။
တရားခံက သွေးစုတ်တတ်တဲ့ ကျွတ်ကလေး တစ်ကောင်ပါ ကိုကို…။
ကွယ် မထိတ်သာ မလန့်သာ…။
တွယ်ထည့်လိုက်တဲ့နေရာကလည်း နားထဲမှာတဲ့…။
တွယ်မယ့်တွယ်…အဲ…အဲ…ဝင်းမွတ်သန့်စင်ဖေါင်းအိ နေတဲ့…
ခြေချောင်းကလေးတွေကိုတော့မတွယ်ဘူး…။
တော်တော် အနေအစား မတတ်တဲ့ ကျွတ်…။
သေတာတောင် နည်းသေး…။
ဟေးဟေး…။
ထုံးစံအတိုင်း မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ် ကျောင်းဒကာတို့…။
ကဲ…ခင်ဗျားတို့ ကျွတ်ဖြစ်လို့ တွယ်ခွင့်ရခဲ့မယ်ဆိုရင်…
မော်ဒယ်မလေး မရွှေစင်ရဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းကို
တွယ်ဖို့ ဆန္ဒရှိကြပါသလဲ…။

နိုဇိုးမိကြီးက တော့…
တွယ်တော့ တွယ်ချင်ပါတယ် တဲ့…။
ကျွတ်တော့ မဖြစ်ချင်ပါဘူး တဲ့…ဟေးဟေး…။
ကျွတ် စင်ကြီးပဲနော့်…။

မြေတောင်မြှောက်ပေးတယ်လို့ ပြောရမလား…။
စိုက်ပျိုးထွန်ယက်ဖို့ မြေကွက်ဝယ်ပေးတယ်လို့ ပြောရမလား…။
ဘာပြောရမလဲ မသိတော့ဘူးကွယ်…။
အိပ်မက်ဆုံရာရဲ့ ဇာတ်လိုက်ကျော်တွေ သီဆိုထားတယ်ဆိုတဲ့…
တေးစီးရီး နှစ်ခု ထွက် လာပါသတဲ့…။
ခုနှစ်စင်ကြယ် စီးရီးက
အိပ်မက်ဆုံရာရဲ့ Season 2 အဆိုရှင် ရ ယောက် သီဆိုထားတာပါ…။
တေးသီငှက်တို့ ဒဏ္ဍာရီ စီးရီးက
အိပ်မက်ဆုံရာ မောင်နှမ ၃ ယောက် သီဆိုထားတာပါ…။
ကဲ…။
မြေတောင်မြှောက်ပေးချင်ကြသူများရော…၊
ထွန်ယက်စိုက်ပျိုးဖို့ မြေကွက်ဝယ်ပေးချင်သူများရော…၊
အိပ်မက်ဆုံရာ မောင်နှမတွေသီဆိုထားတဲ့ တေးစီးရီးတွေကို
ဝယ်ယူနားဆင် နိုင်ကြပါပြီ ဆိုတဲ့ အကြောင်း…၊
မြေတောင်မြှောက်တဲ့အနေနဲ့ သတင်းပေးလိုက်ပါတယ် ကျောင်းဒကာတို့…။

သူမကို တချို့က မြန်မာပြည်ရဲ့ လေဒီဂါဂါ တဲ့…။
ပြောကြတာပဲကွယ်…။
တချို့က သူမကို အရူးအမူး ကြိုက်ကြ…အားပေးကြ…။
တချို့က သူမဘာလုပ်လုပ် မျက်စိ စပါးမွှေး စူးကြ…။ ဝေဖန်ရှုတ်ချကြ…။
သူမကတော့ ယုံကြည်မှု အပြည့်နဲ့ (လွန်ကဲတဲ့ ဘက်တောင် နည်းနည်းရောက်နေသေးလားမသိ)
အသစ်အဆန်းတွေ တည်ထွင်ကြံဆ နေဆဲ…။
အဲဒါ ဖြူဖြူကျော်သိန်းပေါ့…။
ဆရာဝန် အဆိုတော် ဒေါက်တာ ဖြူဖြူကျော်သိန်းပေါ့…။
ဘယ်သူ…ကိုယ့်လောက်ချစ်သလဲ ဆိုပြီး တဖွဖွ မေးတတ်သူကြီးပေါ့…။
အဲဒီ ဒေါက်တာ ဖြူဖြူကျော်သိန်း ကြီးက
Channel 7 ရဲ့ လူကြိုက် များတဲ့…အိပ်မက်ဆုံရာ အစီအစဉ်မှာ…
ဒိုင် လုပ်ခဲ့ပါတယ် ကျောင်းဒကာ…။
လုပ်ပေါ့…။
အောင်မြင်ထင်ရှားတဲ့ အဆိုတော်တစ်ယောက် ဒိုင်လုပ်တာ ဘာများဆန်းကြယ်နေပါသလဲ…။
ဟုတ်ကဲ့…။
အဲဒီ ဒိုင်လူကြီး ဖြူဖြူကျော်သိန်း ရဲ့ ခေါင်းမှာ ပြင်ဆင်ထုံးဖွဲ့ခဲ့တဲ့
ဆံပင်ပုံစံက ထုံးစံအတိုင်း ဆန်းကြယ်ခဲ့တယ် ပေါ့ဗျာ…။
လူပြောသူပြော သိတ်…သိတ်…များခဲ့တယ်ရယ်လို့ ဘလက်ကြီးတို့ရဲ့
နားစွန်နားဖျားရပ်ကွက်ထဲ သတင်းတစ်ပုဒ်အဖြစ် ရောက်ရှိလို့ လာခဲ့ပါတယ်…။
လက်ခံအားပေးသူတွေ ရှိသလို
ဝေဖန်ကဲ့ရဲ့ ရှုတ်ချ သူတွေလည်း ရှိကြတယ် ဆိုလား…။
ဘလက်ကြီးကတော့ ေခါင်းမှာ ဂြိုလ် ပေါက်တဲ့ စတိုင်နဲ့…
အမေ နံကရိုင်း ပုံစံ ဆံပင်ဖက်ရှင် ထွင်ပြခဲ့တဲ့ ဒေါက်တာ ဖြူဖြူကျော်သိန်း ကြီးရဲ့…
လုပ်ရဲ…ထွင်ရဲ…တဲ့ သတ္တိကိုတော့ ဖြင့် မလေးစားပဲ မနေနိုင်ဘူး
ဆိုလား…။
ဟေးဟေး…။

အဲဒီ Channel 7 ရဲ့ အိပ်မက်ဆုံရာ အစီအစဉ်မှာတဲ့…
(အိပ်မက်ဆုံရာ ကြီးက သိတ်သိတ် ရေပန်းစားလွန်းနေတာပဲ…နော့်…)
ကျွန်တော်တို့ရဲ့ မူလလက်ဟောင်း မခိုင်ကြီး (ထွန်းအိန္ဒြာဗို) တစ်ယောက်
အကဲဖြတ်ဒိုင် လုပ်ဦးမယ်တဲ့ ကျောင်းဒကာကြီးတို့ရေ…။
ဘယ်လိုဖက်ရှင်အသစ်အဆန်းတွေနဲ့ ပွဲတက် ပွဲထွက်လာဦးမယ် မသိ…။
မခိုင်ကြီးတို့က အကယ်ဒမီရုပ်ရှင်မင်းသမီး အဆိုတော်ဆိုတော့…
ဖြူဖြူကျော်သိန်း ထွင်တာလောက်တော့…အေးဆေးပါ…နော့်…။
အသာလုပ်ပါ မခိုင်ကြီးရာ လို့ပဲ ပြောပါရစေတော့…။

အဲဒီ ကလေးမလေးကို တရုတ်မလေး ဆိုပြီး…
ခင်ဗျားတို့ အမုန်းစကားတွေ ပြောခဲ့ဖူးပါတယ်…။ (ရက်စက်စိမ်းကားတဲ့ လေသံတွေနဲ့ပေါ့…။)
အဲဒီ ကလေးမလေးကိုပဲ ဘာပဲ ဖြစ်ဖြစ်
မြန်မာကိုယ်စားပြုတဲ့ မြန်မာမလေးအဖြစ် ခင်ဗျားတို့ ချစ်ခင်အားပေးခဲ့ကြဖူးပါတယ်…။
ဟုတ်တယ်…။
မိုးစက်ဝိုင်…။
တရုတ်မဖြစ်ဖြစ်…မြန်မာမဖြစ်ဖြစ်…
ဘာများအရေးကြီးပါသလဲကွယ်…။
အရေးကြီးတာက အရေးကြီးတာပဲပေါ့ ကျောင်းဒကာတို့ရယ်…။
ဟေးဟေး…။
အဲဒီ…မိုးစက်ဝိုင်…ဆိုတဲ့…တရုတ်မလေးက (တရုတ်မပဲ ထားလိုက်ပါတော့ကွယ်…)
ပြောသတဲ့…။
အင်ဂျလီနာ ဂျိုလီလောက်သာ အရည်အချင်းရှိမယ် ဆိုရင်…
ကလေးတွေ အများကြီး မွေးစားချင် ပါတ
ယ် တဲ့…။
ရည်ရွယ်ချက် သိတ်ကြီးတယ်နော် ကျောင်းဒကာ…။
အဲဒီ ရည်ရွယ်ချက်ကြီး ပြည့်ဝဖို့ ဘလက်ကြီးက အကူအညီတွေ ပေးချင်လို့တဲ့…။
သူများကလေးတွေ မွေးစားဖို့ ဘာလို့ စိတ်ကူးနေမလဲ…မိုးစက်လေးရယ်…။
ကိုယ်ပိုင်ကလေးတွေမွေးဖို့ ဦးဘလက်ကြီးကို အား…ကိုး…လိုက်…စမ်း…ပါ…။
ဟေးဟေး…။

ဆုရွှန်းလဲ့ တစ်ယောက်လည်း စင်္ကာပူမှာနေသူတစ်ယောက်နဲ့…
လာထားအာဘွား လုပ်ကြဦးမယ်ဆိုပဲ…။
ခေတ်မီသွားတာပေါ့ကွယ်…။
အဲဒီလို ဆုရွှန်းလဲ့တစ်ယောက် အိမ်ထောင်ပြုတော့မှာနဲ့ ပတ်သက်ပြီး…
နံနက်ခင်းဂျာနယ်က ရုပ်ရှင်မင်းသား လူပျိုကြီး ဝေဠုကျော်ကို အင်တာဗျူးပါတယ်တဲ့…။
ကောင်းပါတယ်၊ အစစအဆင်ပြေစွာနဲ့ အိမ်ထောင်ရေးဖြောင့်ဖြူးပါစေလို့၊
အိမ်ထောင်ပြုဖို့ အင်အားရှိသူတိုင်း၊ အိမ်ထောင်ပြုခွင့်ရသူတိုင်းအတွက်
ဂုဏ်ယူပါတယ်…
လို့ ဖြေကြားခဲ့ပါတယ်တဲ့…။
ဟုတ်ကဲ့ ကျွန်တော်တို့ မြန်မာဂဇက်ကလည်း
ဆုရွှန်းလဲ့အတွက် ဂုဏ်ယူပါတယ် ဆိုတဲ့ အကြောင်း…။
ဝေဠုကျော် ကြီးအတွက်လည်း
ဟုတ်ကဲ့…ဂုဏ်ယူရပါသော်ကော ကျောင်းဒကာရယ်…
ဘယ့်နှယ့်ပြောလိုက်ပါလိမ့်…။

ကဲ…ကျွန်တော်တို့ ရွာထဲက ဗန်းကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက်…သတင်းလေးတစ်ပုဒ်ခင်ဗျ…။
မကြာခင် ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကြီးမှာ ဗန်း ကိုင်လိုသူတွေအနေနဲ့
ဒီဇင်ဘာ ရ ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါသတဲ့…။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ရှိတဲ့ အကယ်ဒမီ ဗန်းကိုင်ကော်မတီ ထံ လျှောက်ထားရမှာဖြစ်ပါတယ်…။
ဗန်းကိုင် ကော်မတီတဲ့ လားကွယ်…။
ဟေးဟေး…။
ဘလက်ကြီးတို့ကတော့ ခွက်ကိုင်ကော်မတီပဲ စိတ်ဝင်စားတယ်…။
အရက်ခွက် ကိုပြောတာနော်…။
တော် ကြာ ခွက်ဆွဲတောင်းခိုင်းနေမှ အခက်…။

Junction Square မှာ SEA Games လှုံ့ဆော်ရေးပွဲ ကျင်းပသွားခဲ့ပါရောလားဗျာ…။
ထိုင်းနိုင်ငံက နာမည်ကျော် အဆိုတော် MOS နဲ့ PeeMak မင်းသမီးလေး တို့လည်း…
မြန်မာအနုပညာရှင်တွေနဲ့ အတူပူးပေါင်းပြီး ဖျော်ဖြေပေးခဲ့ကြပါသတဲ့…။
ထုံးစံအတိုင်း Miss Universe Myanmar မိုးစက်ဝိုင်လည်း ပွဲတက်ခဲ့တယ်ပေါ့…။
လူရှေ့သူရှေ့မှာ ယိုးဒယားကောင်လေး MOS က
မြန်မာမလေး မိုးစက်ဝိုင်ရှေ့ ဒူးထောက်လို့ ပန်းစည်းပေးသတဲ့…။
ဒီယိုးဒယားလေး လက်ကလည်း ခပ်သွက်သွက် ရှိပုံပေါ်ရဲ့…။
မိုးစက်ဝိုင် ရဲ့ ခါးလေးကိုလည်း အသာအယာဖက် ခဲ့ သေးသတဲ့…။
ပြီးတော့ကျတော့…
““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ဝမ်းသာတယ်။
ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်””

ဆိုပြီး ရေမြောင်းလေးတွေလည်းကြိုဖေါက်သွားလိုက်သေးသတဲ့…။
ယိုးဒယားလေး လက်သွက်ခြေသွက် နှုတ်သွက် ဖြစ်နေချိန်မှာ…
ကျုပ်တို့စိုင်းစိုင်းကြီးက ပြုံးပြုံးကြီးနဲ့…PeeMak မင်းသမီးလေးကို စိုက်ကြည့်လို့ တဲ့…။
အင်း…စိုင်းစိုင်း ပြုံးရင် ကြောက်ဖို့ ကောင်းတယ်တဲ့…။
ခိုင်ဇာကြီးပြောတာ ကြားဖူးတာပဲ ဗျာ…။
ယိုးဒယားထီးလေး နဲ့ မြန်မာမလေး…။
မြန်မာလေး စိုင်းစိုင်းနဲ့ ယိုးဒယားမလေး…။
ဟေးဟေး…။ စနေနေ့ ယိုးဒယားနဲ့ မြန်မာ ဘောပွဲရှိသတဲ့…။
စောင့်ကြည့်ပြီးအားပေးကြမယ်ဗျာ…။

ချစ်ခင်လေးစားတဲ့…ဘလက်ချော…။

66 comments

  • အဘရဟူဒီ

    December 12, 2013 at 10:47 am

    ဟာဂျာ ….
    သချင်္ာ နဲ့ နန်းစု လူဂျင်းလဲပေးဘာာာာ…

    အာ..ဟိ

    • black chaw

      December 12, 2013 at 11:17 am

      @ ဂီဂီ ;
      ပထမဆုံး ပေးတဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
      နန်းဆုလေး လည်း မဆိုးလှပါဘူး…ဟ…။
      သူတို့အရွယ်တန်းမှာတော့ သူလေးက ဆိုးရှာပါဘူး ကွယ်…။
      ဝတ်ပျော်ပါတယ်…။
      😀

  • KZ

    December 12, 2013 at 10:52 am

    ခင်ညား ဟာ တွေ က (သီတင်းတွေ ပြောပါတယ်)
    နား စွန် နား ဖျား မို့ သာ တော်တော့။
    အတော်ဖတ်လိုက်ရတယ်။
    😀
    ကိုနို တို့တော့ မနိုင်ဘူးးး
    ဒါနဲ့ နားထဲ ကျွတ်တွယ်တယ် ဆိုရအောင် ဘယ်နား ဘာသွားလုပ်သတုန်းးးးး

    စိုင်း အပြုံး ကို ချစ်စာကောင်းတယ် ပဲ ပြောဖူးပါတယ်အေ။
    ကြောက်စာကောင်းပါဘူးးး ဟိဟိ။
    အဲဒီ ယိုးဒယား မင်းသမီးနဲ့များဆို ပြုံးရုံမက ဖြီးလို့။
    နာ လည်း သရဲ ကားရိုက်ရင် သူ့ထက်အောင်မြင်ပါတယ် ဟေးဟေးဟေးးးးး
    :mrgreen:

    အတော် ဖတ်ကောင်းလို့ ကျေးဇူးပါ..

    • black chaw

      December 12, 2013 at 11:24 am

      @ KZ ;
      ချစ်စရာကောင်းတာကိုက…
      တစ်ဖက်ကပြန်လှည့်တွေးရင် ကြောက်စရာကောင်းနေပြန်တာပါပဲကွယ်…။
      အတော်ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးအထူး…အထူး…အထူးပါဗျာ…။
      :mrgreen:

  • မင်း ခန့် ကျော်

    December 12, 2013 at 10:52 am

    အားးးးးးးးးစိ ပါးးးးးးးးးးးစိ

    ဖတ် သွားးးး ပါ တယ်

    ဒါနဲ့ စဂါးးးးးးးးဆက်ချင်တာ ဟီးးးးးးး

    ကယ် ဒမီ ဗန်းးးးးးးကိုင် လုပ် ဂျင် လို့ ဘာာာ :mrgreen: လျောက် လွှာ တင် မ ရို့ ့ ့

    • black chaw

      December 12, 2013 at 11:26 am

      @ မင်း ခန့် ကျော် ;
      ဗန်း ကိုင်လုပ်ချင်ရင် ဗန်းကိုင်ကော်မတီ ဆိုတာရှိသတဲ့…။
      သွားသာလျှောက်ပေတော့ ကိုမင်းခန့်ကျော်ရေ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
      :mrgreen:

  • sorrow weaver

    December 12, 2013 at 10:55 am

    အို..ဝိုင်းချုရယ်..အဟင့်ဟင့် ….

    • black chaw

      December 12, 2013 at 11:29 am

      @ sorrow weaver ;
      စိတ်လျှော့ပါ ညီလေးရယ်…။
      လူတွေ ယုံထင် ကြောင်ထင် ထင်နေကြပါဦးမယ်…။
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    December 12, 2013 at 11:03 am

    ကျောင်းဒဂါကြီးကို တစ်ခုလောက် မေးခွင့်ပုဘာ …
    ဟို .. ဇင်ယော်တွေနဲ့ ပတ်သက်လို့ပေါ့လေ ..
    အခုအချိန်မှာများ ကျောင်းဒဂါကြီးကို မေးလာခဲ့ယင် ..
    ဘယ်လို ဖြေမလဲဆိုတာ သိဘာရစေ ခည …

    • KZ

      December 12, 2013 at 11:07 am

      ရေထဲ တွန်းချလိုက်မယ်။
      မဖြေတော့ဘူးတဲ့။
      အဟမ်း! နားစွန်နားဖျားကြားတာပဲ။
      😀

    • black chaw

      December 12, 2013 at 11:35 am

      @ မဟာရာဇာ အံစာတုံး ;
      အင်း…ကိုကို အံစာကြီးက ကွက်ရှင် ရှုတယ်ပေါ့လေ…။
      အဲဒါ…လူကြားထဲမှာ ဖြေရမယ့်ပုစ္ဆာမျိုး မဟုတ်ဘူး ကိုကိုရဲ့…။
      ကွယ်ရာမှာမေး…ကွယ်ရာမှာဖြေရတဲ့ ကိစ္စမျိုးတွေကွယ့်…။
      :mrgreen:

  • ဦးကျောက်ခဲ

    December 12, 2013 at 11:09 am

    ဆြာဘလက်ရဲ့ နားစွန်နားဖျားက ကျောက်စ်တို့လို…
    ဟိုသတင်း ဒီသတင်းငတ်သူအဖို့ တန်ကျေးရှိပါတယ်ဗျ…
    ကင်(မ်)ခါဒါရှန်း က တစ်ထောင်ပေးပြီး ပါးချတဲ့ မင်းသမီးရဲ့နောက်မှာ ခင်ည…
    ခီလေးမွေးတော့ ဘန်ကောက် ယန်ဟီးဆေးရုံမှာမွေးပြီး…
    အလှပြင်လာသတဲ့… မညှီပါဘူး… မျက်နှာကိုပြောတာပါ… ဟီး ဟီး
    😀

    • KZ

      December 12, 2013 at 11:11 am

      အဲလို အလှပြင်တာကို ဘန်းစကားနဲ့ ဘာခေါ်တုန်း သိလားးး

      😀

      • ဦးကျောက်ခဲ

        December 12, 2013 at 11:26 am

        တားတားက ငယ်သေးတော့… တိဝူးလေ…
        ဒါပေသည့် အဲသည့်သတင်းက အမှန်ပါ…
        မှန်ဆို အဲ့ဆေးရုံမှာ ဆရာဝန်ဘော်ဒါရှိတယ်…
        နောက်ပြီး သချင်္ာကြီးတို့ Lsz ကလေးတို့လည်း…
        အဲ့မှာ ပလပ်စတစ်ဆာဂျရီ လုပ်သွားကြသတဲ့… ဟီ ဟိ
        😀

        • sorrow weaver

          December 13, 2013 at 12:36 pm

          ကျောက်စ်ကတော့ တကယ့်မျက်စိကြီးနားကြီး….အာဟိ…
          ဘာလေးတော့မသိပါဘူးဆိုတာများရှိသလားဗျ….
          အာဟိ

        • ဦးကျောက်ခဲ

          December 13, 2013 at 12:49 pm

          ဂယ်ပါဗျာ… ဒါမျိုးဆို တည့်တည့်တိုးလွန်းလို့…
          ဟိုမင်းသမီး ခလေးမွေးပြီး ဆြာဂီပြောတာ လုပ်တုန်းက…
          ကျောက်စ် အဲ့ဆေးရုံက ဘော်ဘော်ဆီ ရောက်နေတာ…
          ဘယ်မင်းသမီး ဘာလုပ်ထားတယ် ဆိုတာ သိပါ၏… ဟိ
          😀

    • black chaw

      December 12, 2013 at 11:39 am

      @ ဦးကျောက်ခဲ ;

      နားစွန်နားဖျားက ကျောက်စ်တို့လို…
      ဟိုသတင်း ဒီသတင်းငတ်သူအဖို့ တန်ကျေးရှိပါတယ်ဗျ…

      ကျေးဇူးပါ ကိုကျောက်ရေ…။
      သချင်္ာကြီးတို့ Lsz ကလေးတို့ရဲ့ပလပ်စတစ်ဆာဂျရီ တဲ့လား…။
      ကွယ်…နားရှက်စရာတွေကွယ်…။
      အဲဒီအကြောင်းပို့စ် တင်ပြီး ရှင်းပြပေးပါ ကိုကျောက်…။
      😀

  • Mr. MarGa

    December 12, 2013 at 12:10 pm

    နားစွန်နားဖျားတွေပဲ ဖတ်သွားပါတယ် ဘဘ ဘလက်ရေ
    အင်း….
    မော်ဒယ်လ် လေးများလဲ
    တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း စနစ်နဲ့
    ဆက်လက် ဆက်လက် ချီတက်ဆဲ ပါလား……

  • black chaw

    December 12, 2013 at 12:18 pm

    @ Mr. MarGa ;
    ဖတ်သွားတာ ကိုပဲ ကျေးဇူးတင်လှပါပြီ ကိုမာဃရယ်…။
    ကျေးဇူးအထူးပါဗျ…။
    😀

  • kai

    December 12, 2013 at 12:37 pm

    ယူအက်စ်မှာကလေးမွေးရင်.. အဲဒီကလေး.. ချွင်းချက်မရှိ..အမေရိကန်တန်းဖြစ်သဗျ…။
    ဖယ်ဒရယ်အစိုးရက ..ဆေးရုံကိုလူလွှတ်ပြီး.. ဆိုရှယ်နံပါတ်..ဘာညာတွေအကုန်လုပ်ပေးတဲ့အပြင်.. လိုအပ်တာတွေအကုန်ဖရီးပေးသဗျ…။

    ဆိုတော့…
    ချမ်းချမ်း..ဗိုက်ကြီးနဲ့လေယဉ်ပေါ်တက်.. ယူအက်စ်မှာ ကလေးမွေးဖို့.. သံရုံးကဗီဇာပေးမပေးမသေချာ..

    ဆိုတော့…
    အတွင်းစကား..သတင်းကြားတာကတော့.. ယူအက်စ်လာရမဲ့.. မေမှာ.. ကလေးကအပြင်လောကရောက်နေပြီး…ဖြစ်မှာပါတဲ့..။
    လာမယ့်နှစ်ဆန်းလတွေမှာမွေးချမှာဆိုတာပဲ…

    ပိတ်သတ်ကြီးရေ..
    ရက်တွေတွက်ပါဦး..
    ဒန်တန်တန်.. :kwi:

    အောက်မှာကြော်ငြာဝင်တာပါ..။
    =
    Vaginal Tightening‎
    Adwww.beautifulandhealthy.com/‎1 (855) 989 8446
    Beverly Hills Board Certified GYN Web Special: $2,500+anesthesia fee
    Vaginal Rejuvenation‎
    Adwww.drgorodisky.com/‎1 (805) 918 4549
    Vaginal Rejuvenation From Local Board Certified Plastic Surgeon.
    Face Lift – Neck Lift – Tummy Tuck – Contact Us
    Vaginal Surgery Expert,LA – Experienced Female Gynecologist‎
    Adwww.laser90210.com/‎
    Boutique Practice in Beverly Hills
    =

    PS
    ကိုရင်ဘလက်ချော နားရင်းပါးရင်း( နားစွန်းနားဖျား -ပြောင်းပြန်) ကို.. အဲဒါလေးနဲ့ အားဖြည့်လိုက်ကြောင်း….။

    • အဘရဟူဒီ

      December 12, 2013 at 1:26 pm

      Rejuvenation ဆိုပါ့လား …
      အဲ့လိုယီး တစ်တစ်ခွခွ သုံးတယ်လား..
      အောင်မငီး ..ပူလာပြီ နားထင်နားရင်းတွေ

      :boss:

    • black chaw

      December 12, 2013 at 5:12 pm

      @ kai ;
      အော်…တိုက်ပဲ တိုက်ဆိုင်လွန်းစွ…။
      ချမ်းချမ်းသည်လည်း သူကြီး ပယောဂနဲ့ အမေရိကားရောက်ဦးမယ့်သဘောပေါ့…။
      နားရင်းပါးရင်း ဆိုတဲ့
      Vaginal Rejuvenation‎ အတွက် ဗဟုသုတပေးသွားလို့ ကျေးဇူး…။
      ကျေးဇူး…UPG…။
      ကျေးဇူး…UPG…။
      😀

  • မင်း ခန့် ကျော်

    December 12, 2013 at 12:47 pm

    ဟုတ်တယ်လေ သူကြီးရဲ့

    တရုပ်မတွေယူအက်ကို ဗိုက်လုံးမပေါ်ခင် အရောက်သွားပြီး

    ကလေးခိုးမွေးတဲ့ ဇာတ်ကားတောင်ရှိသေး။

    သေချာတာကတော့ အဲဒီမှာ ကလေးသွားမွေးရင်

    မြန်မာပြည်မှာ သမ္မတ ဖြစ်ခွင့်မရှိ :mrgreen:

    • kai

      December 12, 2013 at 1:32 pm

      အဲဒါလည်းမဟုတ်သေးဘူးဗျ…
      မြန်မာလူမျိုး.. တိုင်းရင်းသား၂ယောက်က.. ကမ္ဘာ့ဘယ်နိုင်ငံမှာမွေးမွေး.. မြန်မာဖြစ်ခွင့်ရှိပါတယ်..။
      ဒါက.. မြန်မာ့လဝကဥပဒေထဲ.. ပါကိုပါရမယ်..။

      ဆိုတော့..
      ယူအက်စ်မြေမှာမွေးတဲ့ကလေး.. အမေရိကန်(အလိုအလျှောက်) တန်းသာဖြစ်နေတာ.. အဲဒီကလေးရဲ့.. သဘောတူခွင့်ပြုချက်မပါသေးတာမို့.. ယူအက်စ်ဥပဒေအရ.. သူအသက်ပြည့်မှ.. (၁၈လား…၂ဝလားရောက်မှ.. )သူကိုုယ်တိုင်က..ဘယ်နိုင်ငံသားခံယူချင်တယ်အပေါ်မူတည်ပြီး.. တရားဝင်… ဆုံးဖြတ်နိုင်ပါတယ်..

      ဥပဒေဆိုတာ… လူကလုပ်တာဖြစ်ပြီး.. လူတွေအဆင်ပြေဖို့အတွက်ပါ… :mrgreen:

  • Crystalline

    December 12, 2013 at 1:36 pm

    မနေ့က သတင်းစာထဲ ယင်းလပ်ပုံတွေ့တော့ ဦးဘလက်ကြီး ကြေကွဲနေလောက်ပြီးထင်တာ.. အခုတော့ ဖြေဆေးတွေများတော့ ယင်းလပ်ကိုမေ့နေပြီပေါ့.. :mrgreenn:

    • black chaw

      December 12, 2013 at 5:16 pm

      @ Crystalline ;
      အော်…သမီးလေး ကိုမြင်တိုင်း ခရစ္စတီးနားကို ပြေးပြေးသတိရမိတယ်ဗျ…။
      ယင်လတ် ရဲ့ သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ကို သမီးလည်း သိပြီးရောပေါ့…။
      လေးစားတဲ့ အနေနဲ့ ယင်လတ်ကို ထည့် မနောက်တော့တဲ့ သဘောပါဗျာ…။
      ယင်လတ် ကြီးနဲ့ တွဲပြီးတော့ မှတ်မိနေတယ် ဆိုတော့…
      လေကြီးမိုးကြီး ဝုန်းဒိုင်း ပို့စ် ကို ဖတ်ထားတာ ဖြစ်ရမယ်ဗျ…။
      ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါဗျာ…။
      😀

  • မင်း ခန့် ကျော်

    December 12, 2013 at 1:47 pm

    ဒါပေမဲ့ပေါ့ သူကြီးရယ် ဟီးးးး

    ချမ်းချမ်းက ကလေးကိုယူအက်မှာမွေးမည်။

    ပြီး မြန်ပြည်ပြန်လာပြီး NLD ပါတီ သို့ ပါတီထောင်မည်။

    သမ္မတ လုပ်ဖို့ အရိပ်အရောင် ပြလာရင်

    ဥပဒေသည် လူကလုပ်တာမို့ လုပ်သူများအဆင်ပြေအောင်

    ပြင်ပြပါလိမ့်မယ် ဟီးးး

    ချမ်းချမ်း ညည်းနဲ့ မဆိုင်ဘူးနော် စဂါးအဖြစ်ပြောတာ :mrgreen:

    • kai

      December 12, 2013 at 1:56 pm

      ချမ်းချမ်းကလေးက.. အသက်၁၈အရောက်မှာ.. ကမ္ဘာတန်းအဆင့်.. ဥပမာ..။ သီချင်းအော်ဆိုလိုက်ရင်.. ရှေ့၁ဝပေကမှန်ကွဲထွက်သွားတယ်ဆိုပါစို့…။

      ယူအက်စ်သံရုံးက.. ပုဂ္ဂိုလ်တွေ.. အဲဒီအိမ်ရှေ့သွားစောင့်ပြီး… အမေရိကားသွားဖို့.. ပါတ်စ်ပို့အတင်းထုတ်ပေး.. အမေရိကန်ဖြစ်ကြောင်း…အတင်းပြော.. လုပ်ကြမှာဗျ..
      ပြန်ပေးဆွဲမတတ်ပေါ့…

      မြန်မာလူမျိုး.. အဖြစ်ကိုခံမှာမဟုတ်…။
      အဲလို..

      ကိုရင်ဘလက်ရေ..
      ကိုရင့်ပို့စ်ထဲ.. အာလာရိုက်နေတာ… စောတီး…
      ပြန်တည့်သွားအောင်.. ပြောရရင်.. ယူအက်စ်လာဖြစ်ကြရင်.. ဖြူုဖြူကျော်သိန်းနဲ့..ချမ်းချမ်း.. ထွန်အိဒြာင်္ဗိုလ် တူတူလာကြမှာဖြစ်ပါကြောင်း..

  • ရွှေတိုက်စိုး

    December 12, 2013 at 2:07 pm

    ဦးဘက်ကြီးလဲ ဂျေလိုကို ကြိုက် တော့ ဂျေလိုလို. တင်ပါးကြီးကော့ပြီး ဓာတ်ပုံတစ်ပုံလောက် ရိုက်တင်ပါလားဟင်…
    အရမ်းဆက်ဆီကျမှာပဲနော်… အဟိ 🙂

    • black chaw

      December 12, 2013 at 5:18 pm

      @ ရွှေတိုက်စိုး ;
      ဟဲ့…ဟဲ့…အသာလုပ်ပါ ရွှေတိုက်ရဲ့…။
      ဘယ်တုန်းက လိင်တူ ခြင်း စိတ်ဝင်စားမှု ကို အစပြုခဲ့တာလဲကွယ်…။
      ဦးဘလက် တင်ပါးကြီးကို တော့ မပြစ်မှားချင်ပါနဲ့ ကိုကိုရယ်…။
      ဆက်စီတွေ ပဲဆီတွေ လည်း မကျပါရစေနဲ့ ကွယ်…။
      😀

  • ကြောင်ဝတုတ်

    December 12, 2013 at 3:32 pm

    အမြဲတမ်းဖတ်နေတယ်နော်…
    အသက်အရွယ်လေးရလာတော့ တစ်ခါတစ်လေဘာပြန်ပြောရမလဲစဉ်းစားလို့မရတော့ဘူး…
    ဘာမှပြန်မပြောပေမယ့်လဲ အချိန်ရတိုင်း ဘဘဘလက်ရော… ရိုးရိုးဘလက်ရော… ဒါဘယ်ဘလက်ရောကို
    အားပေးနေပါတယ်နော်…

    သူကြီးကူးမပြခင်… ယူနိုက်တက်စတိတ်ရဲ့ အခြေခံဥပဒေမှာပါတဲ့ ပြင်ခွင့်မရှိတဲ့ဟာ (၂)ခုကို
    ကူးပြလိုက်ပါတယ်နော်… ဘိုလိုဖတ်ကြည့်ကြပါကုန်…

    The First Amendment (Amendment I) to the United States Constitution prohibits the making of any law respecting an establishment of religion, impeding the free exercise of religion, abridging the freedom of speech, infringing on the freedom of the press, interfering with the right to peaceably assemble or prohibiting the petitioning for a governmental redress of grievances. It was adopted on December 15, 1791, as one of the ten amendments that comprise the Bill of Rights.

    The Second Amendment (Amendment II) to the United States Constitution protects the right of individual Americans to keep and bear arms regardless of service in a militia. The right is not unlimited and does not prohibit all regulation of firearms and similar devices.[1] State and local governments are limited to the same extent as the federal government from infringing this right. The Second Amendment was adopted on December 15, 1791, as part of the first ten amendments comprising the Bill of Rights.

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • black chaw

      December 12, 2013 at 5:23 pm

      @ ကြောင်ဝတုတ် ;
      အရွှတ်အနောက်တွေကြားထဲက…
      ကျွန်တော် တင်ပြချင်တဲ့…
      အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ အကြောင်း…
      ဗိုလ်လို တော့ပေးသွားလို့ ကျေးဇူးပါ ညီလေးရေ…။
      😀

  • marblecommet

    December 12, 2013 at 3:33 pm

    ဆရာ့ဟာက
    စစ်မြေပြင်က ပြန့်ကြဲနေတဲ့
    ကျည်ဆံတွေ၊ ယမ်းတွေ လိုက်ကောက်
    ပြီးတော့…ကိုယ်တိုင်လုပ် လက်နက်ကြီးနဲ့
    အုံးကနဲပြန်ထု…အဲကလိုဖြစ်နေတယ်…
    ဒါပေသိ…..
    လက်နက်ဆိုတာလည်း လုပ်တတ်မှ ရသနော့……
    အစအနတွေကို ကိုယ်တိုင်လုပ်လက်နက်ပညာရှင်ကို ကျေးကျေးပါ…
    ………
    ဝါဆိုမိုးဦး တင်ပါး ဆိုတာကျတော့
    နားစွန်နားဖျားရပ်ကွက်အတိုင်း ထင်တော်မူကြပါနော့…….
    ညော်…….လူဇိုး……

    • black chaw

      December 12, 2013 at 5:26 pm

      @ marblecommet ;
      ဝါဆိုမိုးဦးတင်ပါး ကြီးတွေ အကြောင်းက ပို့စ်တင်မလို့ ရေးထားတာ
      ၂ ပတ်လောက်ရှိပြီဗျ…။
      ခေါင်းစဉ်ကိုက…
      တောင်တန်းနှင့်တူသော ဝါဆိုမိုးဦး တင်ပါးကြီးများ အကြောင်းတဲ့…။
      ကဗျာဆရာကမ်းဝေး နှင့် တောင်တန်းနှင့်တူသောဝါဆိုမိုးဦးတင်ပါးကြီးများ ဆိုလည်း
      မိုက်နေတာပါပဲ ကိုကမ်းဝေးရယ်…။
      မြင့်မိုရ် မို့လား ကွယ်…။
      😀

      • sorrow

        March 19, 2014 at 11:51 am

        ဒီတောင်ကို မောင်ဖြိုမယ် ..မြင့်မိုရ်မို့လား…အဲ့လို ညှီတယ်ပေါ့လေ… အလို….လူမျိုးရေးတိုက်ခိုက်တတ်သူကြီး ငဲ့….

  • kyeemite

    December 12, 2013 at 4:03 pm

    ကျွတ်…ကျွတ်…ကျွတ် ကျွတ်မဖြစ်ချင်ဘူးပြောမလို့ပါ 😀
    နားစွန်နားဖျား ရပ်ကွက်က တစ်နေ့တခြား ပွင့်လင်းလာပါလား
    ကြိုဆိုပါတယ်ရဲဘော်ဘလက်ရေ…ဖတ်ကြည့်ပြီး ညေပာချင်တာတွေများနေပေမဲ့
    လူချင်းတွေ့၊ ခွက်ချင်းတေ့ပီးမှ ပြောကောင်းမှာတွေမို့..ရင်ထဲမှာချန်ထားလိုက်ပါဂျောင်းးး

    • black chaw

      December 12, 2013 at 5:29 pm

      @ kyeemite ;
      ပြောချင်တာတွေ များပြီး…
      ရင်ထဲမှာ သိမ်းထားလိုက်တယ်ဆိုလို့…
      ကျေးဇူးပါ ကိုမိုက်ရေ…။
      နားစွန်နားဖျားရပ်ကွက်က အမြဲတမ်းကြိုဆိုနေပါတယ်ဗျာ…။
      😀

  • marblecommet

    December 12, 2013 at 5:02 pm

    ခွက်ပြိုင်တွေဆိုတော့ ခွက်ချင်းတွေ့မှ ပြောချင်တာ မဆန်း…..
    😀

  • Ma Ma

    December 12, 2013 at 5:48 pm

    ဟေးးးး ဟေးးးး (ခွက်ဒစ်တူ နားစွန်နားဖျား) 😀
    ဘာရယ်မဟုတ်ပါဘူး။
    နားစွန်နားဖျားဖတ်ပြီး အသံထွက်သွားတာ။ “:loll:

    • black chaw

      December 13, 2013 at 8:55 am

      @ Ma Ma ;
      နားစွန်နားဖျားရပ်ကွက်က လှိုက်လှဲနွေးထွေးစွာ
      ကြိုဆိုပါတယ် မမရေ…။
      ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာလည်း ကျေးဇူးအထူးပါဗျာ…။
      ဟေး…ဟေး…။
      😀

  • alinsett

    December 12, 2013 at 6:00 pm

    အားရပါးရကြီးကို ဖတ်လိုက်ရတယ် ။

    လေးဘလက် ရဲ့ တင်သမျှစာတွေကို စောင့်မျှော်ဖတ်ရှုနေတဲ့ မန်ဘာဝင်မဟုတ်သူ မမကြီးတစ်ယောက် ရှိတယ်နော်

    လေးလေး စာတွေ မတွေ ့တာကြာရင် တမေးထဲမေးးးအဲ ကြုံတိုင်းမေးနေတတ်တာရယ်

    မိတ်ဆက်ပေးရမလားးး

    ——–

    အိပ်မက်ဆုံရာမှာ ဖြူဖြူ ဒိုင် လုပ်တာ ဂွတ်တယ်။
    မခိုင်ကြီးဆို ပိုဂွတ်မယ်

    ဖြူဖြူ ့ကို ချစ်တယ်

    အဟိ

  • black chaw

    December 13, 2013 at 8:59 am

    @ alinsett ;
    အားရပါးရကြီး ဖတ်သွားတာ ကျေးဇူးပါ ညီလေးရေ…။
    မိတ်ဆက်ပေးမယ်…ဟုတ်စ…။
    အသာလုပ်ပါ…။
    စိတ်က သိတ်ခိုင်လှတာ ဟုတ်ဘူးရယ်…။
    😀

  • nozomi

    December 13, 2013 at 9:51 am

    ကိုချော ခင်ဗျာက လုပ်လိုက်ရင်တော့ လေ
    ပြော မပြောချင်တော့ဘူး
    မရေး မရေး နဲ့ ရေးတော့လဲ ဒီ အညှီ အဟောက်တွေ ချည်းပဲ
    မဖတ်ချင်လို့ မရေးပါနဲ့ ဆို မေတ္တာရပ်ခံတာ မရဘူး
    …..
    ခင်ဗျာက ရေးတော့ ဖတ်မိရော
    ဖတ်မိတော့ ထပ်ဖတ်ချင်ပြန်ရော
    အပတ်တိုင်း မှန်မှန် ရေးမယ် လို့ အာမ မခံနိုင်ရင်
    ဒီ လို အညှီအဟောက်မျိုး လုံးဝ မရေးပါနဲ့
    ( အီးမေးနဲ့ သာ ပို့လိုက်ပါ )

    အဲလို အလှပြင်တာကို ဘန်းစကားနဲ့ ဘာခေါ်တုန်း သိလားးး လို့ တန်းလန်းကြီး မလုပ်ထားနဲ့ လေ
    ဒေါ်ဆွိ ရဲ့ သိရင် ပြောပါဦး

    • အဘရဟူဒီ

      December 13, 2013 at 12:11 pm

      အုံမာဒါနီ အော်ပရေးရှင်း ခေါ်သလားလို့. …
      ဟိ….

      • ဦးကျောက်ခဲ

        December 13, 2013 at 12:19 pm

        ဟုတ်ရား… အဂုမှသိတယ်… ဟီဟိ
        အောက်ကတစ်ယောက်ကလည်း…
        ထောက်ခံချက်ပေးထားသေးတယ်…
        ဂဇက်ထဲမှာ ဆြာ့ ဆြာတွေချည်းပဲ…
        😀

        • KZ

          December 13, 2013 at 12:30 pm

          ဪ။,
          ကို နို မေးလို့ ဆက်ဖြေပေးမို့ဟာကို ဒီ ကိုတတ်ပ က ဖြေသကိုးးးး
          😀
          မောင်ဂီ ညည်း မလွယ်ဘူးးး
          မိညီမဆီက မေးသလားးးး
          အဲဒါ ဆရာဝန်တွေ စ တဲ့ ဘန်းစကားးးး
          :mrgreen:

    • KZ

      December 13, 2013 at 12:14 pm

      ဂီ ပြောတဲ့အတိုင်းပဲ။
      ဒီကောင်လေး မလွယ်ဘူးးးး

      :boss:

      • အဘရဟူဒီ

        December 13, 2013 at 12:25 pm

        ကိန် ကိန်……

        🙁

    • black chaw

      December 16, 2013 at 4:08 pm

      @ nozomi ;
      ဒေါ်ဆွိကို ဘာတွေ မေးနေရပြန်တာတုန်းဗျာ…။
      😀

  • twitty

    December 13, 2013 at 1:07 pm

    ဟုတ်ကဲ့…။
    အလှပြင်နည်းက နှစ်မျိုး နှစ်စား ရှိပါတယ်တဲ့…။
    ဥမ္မာဒန္တီ က ချုပ်ရိုးပျောက်ပါတဲ့…။
    နောက်တမျိုးကို ခေါ်တာလဲ ရှိသေးတယ်…တဲ့။
    ဆရာ့ ဆရာ တွေ ထပ်ဖြည့်ပါလိမ့်မယ်…။

    • ဦးကျောက်ခဲ

      December 13, 2013 at 1:19 pm

      အာပါး… ဆြာတွေ ထပ်ထွက်လာပြီ…
      ကျောက်စ်ကတော့ ဘာဆို ဘာမှမသိ… ဟီ ဟိ
      😀

    • black chaw

      December 16, 2013 at 4:09 pm

      @ twitty ;
      ချုပ်ရိုးပျောက် တဲ့လား…ဝေါင်း…။
      😀

  • black chaw

    December 13, 2013 at 1:26 pm

    နားရှက်စရာ စကားတွေ သိတ်ပြောကြတာပဲ…
    ဟေးဟေး…။

  • surmi

    December 14, 2013 at 12:40 pm

    အဟမ်​းးးးး းးးး ..
    တစ်​ခု​လောက်​​မေးချင်​လို့ 🙂
    ဟိုတစ်​​လောက ကြားလိုက်​ရတဲ့​ကျောက်​ချဉ်​ဆိုတာ​လေ…
    အဲ့ဒါ ..ဘာလုပ်​ရတာလဲခင်​ဗျ .. ​ဟေး​ဟေး ..

    ဒါနဲ့… ဘဘ ဘလက်​ကို​တောင်​ဆိုပါရ​စေ..
    ကျ​နော်​တို့လည်​း အသက်​​လေးရှည်​..
    ​ရောဂါလဲ သက်​သာ​အောင်​ ဒီလိုမျိုးသတင်​း​လေးများ
    မကြာခဏ​ရေးပြီး လက်​တို့ပါ.. လို့ …
    သတင်​းစုံတဲ့ လမ်​းဆုံက ဘဘ ဘလက်​ကိုလည်​း​ကျေး​ကျေးပါ လို့ …
    အင်​တနာ တယမ်​းယမ်​းလုပ်​ရတာကလည်​း…
    စကိုင်​းနက်​ ကိုစိတ်​နာလို့ ဖိုက်​မူဗွီပြန်​တပ်​​နေရလို့ပါ လို့… 🙂

    • black chaw

      December 16, 2013 at 4:12 pm

      @ surmi ;
      ကျောက်ချဉ်…က ဘာတွေစွမ်းသလဲ…
      သိသလိုလိုနဲ့ သိဘူးကွယ်…။
      အားပေးသွားတာ အတွက်ရော…
      ခွင့်မတောင်းပဲ နာမည်ထည့်နောက်တာကို စိတ်မဆိုးတာအတွက်ရော…
      ကျေးဇူးအထူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      😀

  • Paing Lay

    December 14, 2013 at 3:15 pm

    အနော်ယဲ စကိုင်းနက်မှာ Shwe FM ၄နှစ်ပြည့်း ရှိုးပွဲမှာ ဝါဆိုမိုးဦး ပါဖောမင့်ကို ကြည့်ပြီး အနော်တို့တောင် ဟိုက်ရှားဘားကို ဖစ်ယို့ 😀 :mrgreen:

    • black chaw

      December 16, 2013 at 4:28 pm

      @ Paing Lay ;
      ဟိုက်ရှားဘားစ်…ဝါဆိုမိုးဦး…ပေါ့ကွယ်…။
      😀

  • ဦးဘလက်ရဲ့နားစွန်နားဖျားရပ်ကွက်ကလည်း အတော်လေးလက်ဝါးဇောင်းထက်တယ်။
    ဖတ်လိုက်ရတာ နားစွန်နားဖျားတွေမို့သာပဲ ဒီတေးသာဆိုရင်တော့ တစ်ထောင့်တစ်ညဖြစ်လောက်တယ်။

    ပြည်သူလူထုက သေနတ်လက်နက်များ ကိုင်ဆောင်ခွင့်ရှိတယ်…။
    အဲဒီလို ပြည်သူလူထုက သေနတ်လက်နက်များ ကိုင်ဆောင်ခွင့်ကို ပိတ်ပင်တားဆီးတဲ့
    ဥပဒေပြင်ဆင်ချက်ကို ဘယ်သောအခါမှ မပြုလုပ်ရတဲ့…။

    အဲ့ဥပဒေကြီးတွေကိုတော့ မကြိုက်တာအမှန်ပဲ ကြောက်တယ်။

    မြန်မာကားမကြည့်ဖြစ်တာရနှစ်လောက်ရှိနေပေမယ့် ဖွဘုတ်အားကိုးနဲ့မင်းသားမင်းသမီးအသစ်တွေအကြောင်းကိုတော့ သိသိနေရပါတယ်
    ဒီလောက်အတင်း(အဲလေ)သတင်းစုံအောင်တော့ တထိုင်တည်းမဖတ်ဖူးဘူး
    😀

    • kai

      December 15, 2013 at 3:41 pm

      ပြောရရင်..ဒီနေ့(၁၂။၁၄။၁၃)က.. Newtown Sandy Hook Elementary မှာကလေးတွေအစုလိုက်အပြုံလိုက်သတ်ခံရတာရဲ့.. နှစ်လည်နေ့ပဲ..

      Remembering the Sandy Hook Elementary victims – CNN.com
      http://www.cnn.com/interactive/2012/12/us/sandy-hook-victims/‎
      A gunman opened fire in a Connecticut elementary school on December 14, killing 26 people — 20 of them children — according to law enforcement officials.

      ဆိုတော့…
      သေနတ်ကိုင်ဆိုင်ပိုင်ခွင့်ကို.. အဲဒါလူသတ်ပွဲပြီးတော့.. တော်တော်လေး.. ပြန်စိစစ်ကြတာတော့အမှန်..
      ဒါပေမယ့်…
      သေနတ်ကိုင်ဆောင်ခွင့်ကိုထိမ်းချုပ်ဖို့ကြိုးစားတဲ့.. လွှတ်တော်အမတ်တွေခမြာ.. ပြီးခဲ့တဲ့.. နိုဝင်ဘာရွေးကောက်ပွဲမှာ.. ပြုတ်ကုန်ပါရောလား..

      အမေရိကန်တွေဟာ..သွေးထဲက သေနတ်ကိုင်ချင်ကြပါတယ်..။
      ထပ်ပြောရရင်…
      The First Amendment (Amendment I) ဆိုတာ.. အခြေခံဥပဒေကို.. ပြင်ဆင်ချက်ထုတ်ထားတာ လို့.. သဘောပေါက်ရမယ်ဖြစ်ကြောင်းပါ..။
      အခြေခံမကလို့.. အခြေခံ့ဘိုးအေဖြစ်ဖြစ်.. ဥပဒေကိုလူကလုပ်တာမို့.. လူတွေအတွက်ဥပဒေက..ညှိနှိုင်း ပြင်ခွင့်ရှိကိုရှိရပါမယ်..။

      မြန်မာပြည်မှာ.. ပြင်ဆင်ဖြည့်စွက်ချက်.. မထုတ်သင့်ဘူးလား..
      ထုတ်သင့်တယ်..။ ထုတ်သင့်တယ်..။ (အကြိမ် ၂သိန်း)

      • black chaw

        December 16, 2013 at 4:32 pm

        @ kai ;
        ဟုတ်တယ်…။
        မြန်မာ နိုင်ငံရဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ချက်…
        ထုတ်သင့်တယ်…။
        ထုတ်သင့်တယ်…။
        (အကြိမ် ၂ သိန်း လောက် ဘယ်ရလိမ့်မလဲ သူကြီးရယ်…။)
        အကြိမ်ပေါင်း သန်း ၆၀။
        😀

    • black chaw

      December 16, 2013 at 4:30 pm

      @ နန်းတော်ရာသူ ;
      အားပေးသွားတာကျေးဇူးပါ ဗျာ…။
      😀

  • ဦးဦးပါလေရာ

    December 15, 2013 at 12:43 am

    မရောက်တာကြာလို့ဝင်ကြည့်တာ
    ဒီရွာထဲ ဒီရပ်ကွက်က အစည်ဆုံးပါကလား ကိုချောရဲ့ …
    :mrgreen:

    ဒီစကားဝိုင်းမှာတော့ ဝင်ပြောတတ်တာ ဘာမှမရှိလို့
    ဒါနလေးမြောက်အောင်ပဲ
    နှစ်ခါပြန်လောက် အားပေးသွားကြောင်း…..
    :mrgreen:

  • black chaw

    December 16, 2013 at 4:36 pm

    @ ဦးဦး ပါလေရာ ;
    အညှီ ရှိရာ ယင် အုံ တဲ့ သဘောပါဗျာ…။
    ကျွန်တော့်ပို့စ်လေးထဲမှာ ကွန်းမန့်ဝင်ပေးသွားတာလေးနဲ့တင်…
    အကျေနပ်ကြီးကျေနပ်နေပါပြီ ကိုပါကြီးရေ..။
    😀

  • kokothandar

    December 17, 2013 at 11:42 am

    မန်းလေးဂဇက်ကို မတက်တာကြာပြီ ပို့စ် တင်သူတွေကို အလေးနီ ပြုပါတယ် ကိုဘလက်ချောဟာ မြန်မာဆိုင်းဝိုင်းစကားနဲ့ ပြောရရင် ခြောက်လုံးပတ် တီးနေသူလိုပါလား ဘယ်ဗုံမှ မလွတ်ဖူး။ ကိုယ်ဝန်ဆောင်ရတာ ကြိုက်တယ်ဆိုသူလေးတွေ ရှိတယ်ဆိုလို့ ဝမ်းသာလိုက်တာ။ တွေ့ရင် လက်တို့နော် ကိုယ်ဝန်ဆောင် အားဆေးတွေ လက်ဆောင်ပေးနေချင်လို့ပါ။

    • black chaw

      March 18, 2014 at 2:14 pm

      @ kokothandar ;
      တော်တော် ကြီးကို နောက်ကျသွားပါတယ်ဗျာ…။
      ကျေးဇူး အထူးပါ ကိုကိုသန္တာ ခင်ဗျာ…။

  • Char Too Lan

    March 18, 2014 at 3:51 pm

    ဟဟား အူးဘလက်တို့ဝိုင်း အရင်အတိုင်းလူစည်မျဲဘဲ
    ကိုယ်တိုင်တောင် အပ်ဒိတ်ဖစ်တွားဒယ် 🙂
    ပီးရင် အူးကျောက်အလှဲ့ 🙂

Leave a Reply