လွတ်မြောက်မှု အလင်းတန်းများ အပိုင်း (၃)…

Ko out of...November 21, 20131min1163

– အာရုံတခုက စိတ်တည်ငြိမ်အောင်လုပ်တာရယ်…နောက်အာရုံတခုက… အာရုံတွေမရှိတဲ့နေရာကို မြင်အောင်လုပ်တာရယ် ဒီအရာနှစ်ခုကိုဘဲ တရားလုပ်နေကြတယ်…ဒီနှစ်ခုအပြင်ဘက်က ဘယ်သူမှ မထွက်နိုင်ကြသေးဘူး….(ဓမ္မဝိဟာရီ ဆရာတော်)

– ဘယ် အယူဝါဒဘဲဖြစ်ဖြစ် ဒါကိုငါနှစ်သက်တန်ဖိုးထားတယ်လို့ဆိုတာကိုသိဖို့ အထောက်အထားကဘာလဲ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး

သူဘာလုပ်နေလဲဆိုတာကို ကြည့်ရမယ်…(ဆရာတော် ဦးဇောတိက)

– ကြိုးစားရုံနှင့် မပြီး၊ အရင်အနှီးရှိရုံနှင့် မပြီး၊ အလုပ်လုပ်တတ်ရုံနှင့် မပြီး မိတ်ဆွေများနှင့် အလုပ်လုပ်မှပြီးမယ်…

– လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတာ တစ်ကနေစပြီးရေတွက်ရမယ်မဟုတ်လား? အဲဒီတစ်မတိုင်ခင် ဘုရားဘယ်မှာလဲ? ဘယ်ဘဝမှာလဲ?…

– ထပ်ခါထပ်ခါ လေ့ကျင့်ပြီး အဲဒီပုံသေအတိုင်းပြန်လုပ်ခိုင်းတာ ပညာသင်တာမဟုတ်ဘူး…

We train dogs we educate man. ကျွန်တော်တို့က လူတွေကို ပညာပေးပြီး တိရိစ္ဆာန်တွေကိုတော့ လေ့ကျင့်ပေးတယ်.

3 comments

  • kai

    November 21, 2013 at 1:28 pm

    ဘယ်ဒေသတိုင်းထွက်ဘယ်လိုနုဖတ်တဲ့… ဝါဂွမ်းဆိုလားနဲ့.. ဘယ်နှယူဇနာဆိုလားရှိတဲ့ကျောက်တုံးကိုပွတ်တာ.. ကျောက်တုံးပွန်းပြီးကုန်မှ.. တကမ္ဘာတဲ့..။
    အဲဒီလိုကမ္ဘာပေါင်းလေးသချေင်္နဲ့၁သိန်းမှ.. ဘုရားတဆူပါရမီဖြည့်တာဆိုပဲ..။
    အဲလိုဘုရားပေါင်း.. ဂင်္ဂါဝဌုသဲစုမက(ဂင်္ဂါမြစ်ကသဲမှုန်တွေလောက်) ပွင့်ခဲ့တယ်ဆိုပဲ…။

    ဒါကိုလိုက်ကြည့်..တွက်နေမိတဲ့.. ငါ့ကိုယ်ငါ… သနားတယ်..။ :kwi:

  • Ko out of...

    November 21, 2013 at 4:50 pm

    ဂင်္ဂါဝါဌုသဲစုမက ဗုဒအဆူဆူပွင့်တော်မူ တဲ့ဗျာ….ကမ္ဘာလူဦးရေသန်းခေါင်းစာရင်းကောက်လို့ရတယ်….ဂင်္ဂါဝါဌုသဲစုမက ဗုဒအဆူဆူပွင့်တာ ဘယ်သူရေတွက်လို့ရပါသလဲ? ဘုရားတဆူပွင့်ဖို့မလွယ်သလို…သတ္တဝါတွေချေချွှတ်ဖို့လည်း လက်သည့်ခွံကပါလာသည့် သဲမှုန့်ပမာဆိုတာလည်း…စဉ်းစားကြည့် ဘုရားက ဂင်္ဂါဝါဌုသဲစုမက ဘုရားတွေများမှတော့ လက်သည်းခွံဦးရေလောက်လူကို မကယ်နိုင်ဘူးလား? ရေနှစ်သည့် လူက တစ်ယောက် ကယ်မည့်သူက အယောက်တစ်ရာ မကယ်နိုင်ဘူးလား? ၅ဆူပွင့်သည့်ကမ္ဘာ ၄ဆူပွင့်သည့်ကမ္ဘာ သုညကမ္ဘာ သဒ္ဒါဓိကဘုရား…ပညာဓိကဘုရာ လေးသင်္ချေ….ရှစ်သင်္ချေ…တစ်ဆယ်ခြောက်သချေင်္တဲ့ဗျာ….စသည်ဖြင့်ရှုပ်နေတာဘဲ…ကျွန်တော်တို့လည်း အတော်မိုက်ပါ့…ဘုရားအဆူဆူနဲလွှဲ…ဪ Ko Out Of ကိုသနားပါဘိ……

  • alinsett

    November 21, 2013 at 8:43 pm

    ကောင်းပါလေ့….

    ————-

    လူဖြစ်ရုံနဲ့မပြီး…လူပီသအောင်လည်း..လုပ်ရမယ်..ဆိုတဲ ့…
    ဆရာတော်ဦးဇောတိက ရဲ ့.. ဒဿနလေးကိုလည်း..ပြန်တွေးမိသွားပါကြောင်း…

Leave a Reply