စဉ်းစားကြစေလိုပါတယ် ( ၆၆ ) ( ၁၈ နှစ်အောက် မဖတ်ရ )

Foreign ResidentNovember 21, 20134min25518

စဉ်းစားကြစေလိုပါတယ် ( ၆၆ )

( ၁၈ နှစ်အောက် မဖတ်ရ )

 

ဟဲ ဟဲ ။

မနေ့က ကို Kyaemon ကြီး ရဲ့ Post တစ်ခုမှာ ၊

၁၈ နှစ်အောက် မကြည့်ရပါ ဆိုတာလေးတွေ့ရတော့ ၊

အဘ လဲ ၊ ၁၈ နှစ်အောက် မကြည့်ရ ဆိုတာလေး ရေးချင်လာလို့ ။

 

ဟီ ဟိ ။ အဘ ဩဇီ ကိုပြန်ရောက်လာတော့ ၊

ထူးထူး ဆန်းဆန်း ဆေး ကြော်ငြာလေး တစ်ခု တွေ့ရသဗျာ ။

 

အဘ အထင် ၊ အဲဒီ ဆေး ၊ မြန်မာပြည် ကို မရောက်သေးဘူး လို့ ထင်မိတယ် ။

အဲသဟာကြောင့် ၊ အဘ တို့ ရွာသူားတွေ ဗဟုသုတ ခေတ် နောက်မကျရလေအောင် တင်လိုက်ပါတယ် ။

 

အဲဒီ ဆေး က ဘယ်လောက် သစ်သလဲ ဆိုတော့ ၊ အမေရိက မှာတောင် ခွင့်မပြုသေးဘူးတဲ့ ။

ဥရောပ နှင့် အဘတို့ ဩဇီ မှာတော့ ခွင့်ပြုဘီ တဲ့ ။

 

ကြော်ငြာမှာ ရေးထားတာကတော့ ဩဇီ မှာတောင် ပြီးခဲ့တဲ့ July ကမှ ခွင့်ပြုတာတဲ့ဗျား ။

ဟဲ ဟဲ ၊ ဆေးနာမည်ကို ရွာသူားတို့ သိချင်နေပြီ ထင်တယ် ။

ဟဲ ဟဲ ၊ ဆေးနာမည် က ” Priligy ( Dapoxetine ) ” တဲ့ ။

” Priligy ” က Commercial / Trade Name ဖြစ်ပြီး ၊ ” Dapoxetine ” က Chemical Name ဖြစ်ပါတယ် ။

 

ဟဲ ဟဲ ၊ ဒီဆေး က ဘယ် ဝေဒနာရှင်တွေ အတွက်လဲ ဆိုတော့ ၊

for the treatment of premature ejaculation (PE) in men 18–64 years old တဲ့ ။

 

ဟဲ ဟဲ ၊ ဒီဆေး က ဘာလုပ်ပေးသလဲ ဆိုတော့ ၊

significantly improves the mean intravaginal ejaculation latency time ( IELT ) တဲ့ ။

ဟဲ ဟဲ ၊ သူ့ ( IELT ) က ” S ” လဲ မပါဘူး ရယ် ။

 

ဟဲ ဟဲ ၊ သူ့ ဆေးကြော်ငြာလေး ဖတ်ကြည့်ပါအုံး ။

 

ဟဲ ဟဲ ၊ သူ့ ဆေးကြော်ငြာလေး ဖတ်ကြည့်ပါအုံး
ဟဲ ဟဲ ၊ သူ့ ဆေးကြော်ငြာလေး ဖတ်ကြည့်ပါအုံး

 

 

အဲဒီ ဆေး ” Priligy ” ကို ဘယ်လို သောက်ရမလဲ ဆိုတော့ ။

( သူက အရက် နှင့် တွဲ မသောက်ဖို့တော့ ပြောထားသဗျ )

 

အဲဒီ ဆေး  Priligy  ကို ဘယ်လို သောက်ရမလဲ ဆိုတော့
အဲဒီ ဆေး Priligy ကို ဘယ်လို သောက်ရမလဲ ဆိုတော့

 

 

အဲဒီ ဆေး ” Priligy ” ရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့ ။

( ခေါင်းမူး ၊ ခေါင်းကိုက် ၊ ဖျားသလို ခံစားရတတ်တယ်တဲ့ )

 

အဲဒီ ဆေး  Priligy  ရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့
အဲဒီ ဆေး Priligy ရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့

 

 

ဟဲ ဟဲ ။ ရွာသူား တို့ မေးလာမယ့် မေးခွန်းလေး တစ်ခု ကို ကြိုဖြေရရင်တော့ ။

Wikipedia ကတော့ < http://en.wikipedia.org/wiki/Dapoxetine > ဒီလိုပြောသဗျ ။

အဲဒီ ” Priligy ” ဆိုတဲ့ဆေးကို Viagra ( sildenafil ) Cialis ( tadalafil ) တို့နှင့်လည်း

တွဲသုံးလို့ ရတယ်တဲ့ ။

 

Viagra ( sildenafil ) Cialis ( tadalafil ) တို့နှင့်လည်းတွဲသုံးလို့ ရတယ်တဲ့
Viagra ( sildenafil ) Cialis ( tadalafil ) တို့နှင့်လည်းတွဲသုံးလို့ ရတယ်တဲ့

 

 

ကဲ ကဲ ၊ ရွာသူားတို့ လဲ ဗဟုသုတ တိုးသွားရောပေါ့ ။

ရွာသူား တချို့ကတော့ ပြောကြလိမ့်မယ် ။

ဒီလိုမျိုး ( ကြာဆေး ) တွေများ ၊ ရန်ကုန်က လမ်းဘေးဆိုင်တွေမှာ ပုံလို့ လို့ ။

မတူပါဘူးကွယ် ၊ ဒီ ” Priligy ” ဆေး က ၊ နိုင်ငံတကာ က စံနစ်တကျ စစ်ဆေး စမ်းသပ်ပြီးလို့ ၊

အများပြည်သူ သုံးစွဲခွင့်ပြုလိုက်တဲ့ ၊ ပထမ ဦးဆုံး ( ကြာဆေး ) ပါကွယ် ။

( The First Approved On-Demand Treatment For Premature Ejaculation တဲ့ )

 

ဟဲ ဟဲ ၊ ကြိုပြောထားရဦးမယ် ။

အဲဒီ ” Priligy ” ဆေး ကို ၊ အဘ လည်း မသုံးဘူးသေးဘူး ကွယ် ။

အဘ လည်း ဘေးပြော နှင့် ကြော်ငြာကြည့်ပြီး ရေးရတာ ( ကိုယ်တွေ့ မပါ ) ။

( ဘေးပြော အရတော့ ၊ အတော် စွမ်းတယ် ဆိုပဲ )

( ဟီ ဟိ ၊ ဒီလောက် နာမည်ကြီးလှတာ ၊ တစ်နေ့တော့ စမ်းကြည့်ဦးမှပါလေ )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

18 comments

  • ဦး ဌက် ကြီး

    November 21, 2013 at 10:11 am

    စမ်းကျိပြီးရင် မှတ်တမ်းလေးတော့

    ပြန်ပြပေး ဟီးးးးးးးးးးးးးး :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 10:40 am

    အဘ စမ်းကျိပီးလို့
    ဘေးဥပါဒ်တွေ ဘာဒွေ မဖစ်ဘူးဆိုရင်
    တားဒို့ဂိုလည်း ပျံမျှဘာအုံး .. ငိငိ …
    :mrgreen:

  • KZ

    November 21, 2013 at 11:25 am

    အနော် က ၁၈ နှစ် မပြည့်သေးတဲ့ အပြင် …….
    ဗိုင်းကောင်း ကျောက်ဖိ ဆိုတော့ ကာ …..
    (အဲ့ ကျောက်တုံး ကိုတော့ မဖယ်ကြနဲ့ ပေါ့ဗျာ)
    ဒီ စာကို ဖတ်မသွားဘူးဆိုတာ လာပြောတာပါ ဘဖော။
    အဟွတ်!!
    😀
    ကျန်တာတော့ ……
    ကျန်တဲ့သူတွေ ဆွေးနွေးတာကို တိတ်တိတ်လေးပဲ စောင့်ဖတ်ပါမယ် ဆိုတာကို
    အမည်မဖော်လိုသူ ကေဇီမှ တိုးတိုးလေးလာပြောတာပါ။

    :mrgreen:

  • ခင် ခ

    November 21, 2013 at 11:42 am

    ဪ အဘနဲ့ ခွဲခြားခွဲခြား။
    ၁၈ နှစ်အောက် ဖတ်ရမည့်စာလေးတွေလည်း တင်ပေးအုံးမှပေါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2013 at 11:55 am

    လမ်းကြုံလို့ ဝင်ကြော်ငြာလိုက်ဦးမယ်
    ဆရာကြီးမိုက်ကယ်ဂျော်နီအောင်ပု ကိုယ်တိုင်
    တီထွင်ထုတ်လုပ်ထားသော
    ( အဲဗားတောင် )
    အမှတ်ဒဇိပ် ( ကျား ) စွမ်းအားမြှင့်အားတိုးဆေး ကို သုံးစွဲခြင်းဖြင့်
    သတ္တိပြဘါ
    ကိုယ်ဇလယ်မရှိဘါ ။ အတုအပသဒိပြုဘါ

  • TNA

    November 21, 2013 at 12:08 pm

    မဖတ်ဘူးဆိုတာ လာပြောတာအဘဖော :mrgreen:

  • sorrow weaver

    November 21, 2013 at 12:30 pm

    အဘဖော…ရမ်းတိုက်ဆိုင်နေဘူးရား..
    ကျွဲကောသီးပေါ်တာနဲ့ အဘ အော်ဇီပြန်တာနဲ့….
    အခုဒီပိုစ့်တက်လာတာနဲ့…ရက်ပိုင်းပဲဟတယ်နော်…..
    အမငီး…တိုက်တိုက်ရယ်မှ…ဆိုင်ဆိုင်…အဟီးဟီး

    • Foreign Resident

      November 22, 2013 at 6:01 am

      sorrow weaver says:
      ” အဘဖော…ရမ်း တိုက်ဆိုင်နေဘူးရား..
      ကျွဲကောသီးပေါ်တာနဲ့ အဘ အော်ဇီပြန်တာနဲ့ ”

      အင်င်င်င်င်င် ၊ အဘ ၊ ဒီ Nov လလယ်လောက် ဩဇီ ပြန်မယ်ဆိုတာ ၊
      ရွာသူားဟောင်းကြီးတွေ ကို ၊ ဟိုးအရင်ကတည်းက ပြောထားပြီးသားပါကွယ် ။
      အဘ ဩဇီ ပြန်ခါနီးမှ ၊ ဒီ ကျွဲကောသီး ကိစ္စက ရုတ်တရက် ကြားကဖြတ်ပေါ်လာတာပါကွယ် ။

      ဒီ Nov လလယ်မှာမှ ၊ ဩဇီ ကို မ ပြန်လို့လဲ လုံးဝ မရတော့ဘူးလေ ။

      ၁ ။ အဘ ဘဝရဲ့ ပဲ့ကိုင်ရှင် ကိုယ်တိုင် ရန်ကုန်ကို လာပြီး ၊
      ( ပိုင်ရှင် အမှန် ဖြစ်သည်နှင့် အညီ ) အဘ ကို ပြန်သိမ်းသွားတာပါ ကွယ် ။

      ၂ ။ လာမဲ့ December လဆန်း ဆိုရင်ဘဲ ၊
      အဘ ရဲ့ နောက်ထပ် ပစ္စည်းထမ်း ပေါ်တာ ခရီးစဉ်တစ်ခု ဖြစ်တဲ့ ၊
      Celebrity Cruise လိုင်းက ၊ Celebrity Solstice ဆိုတဲ့ သင်္ဘော နှင့် ၊
      နယူးဇီလန် – ဩစတေလျှ ၁၁ မြို့ ၊ ကျွန်းပတ် ၊ ၁၃ ရက် Cruise ခရီးစဉ် ကို ၊
      ပစ္စည်းထမ်း ပေါ်တာ လက်မှတ်တောင် ဝယ်ထားပြီးတာ ၊ ကြာကြာလှပါပေါ့ ကွယ် ။

      ရွာသူားဟောင်းကြီးတွေ ကို ၊ ဟိုးအရင်ကတည်းက ၊ ပြောထားပြီးသားပါကွယ် ။

      အဘ ဩဇီ ပြန်တာ ၊ ဒီ ဩဇီ ကျွဲကောသီး နှင့် ဘာမှ မဆိုင်ရပါကွယ် ။

      • sorrow weaver

        November 22, 2013 at 10:19 am

        http://en.wikipedia.org/wiki/Celebrity_Solstice ….. အဘရေ….ကြွေချင်စရာကြီးနော်…
        http://www.celebritycruises.com/search/searchResultsVacationItinerary.do?packageid=SL12K032&dest=AUSTL&shipCode=SL ဒါလေးကိုပြောတယ်ထင်ပါတယ်….အဘ..အဲ့သိန်းဘောကြီး စီးပြီးရင် …အကျိုးအကြောင်း အဆိုးအကောင်းလေး..ရေးတင်ပါဗျာ ..ကျော်တို့က စတားခရု လောက်လေးမစို့မပို့ သိတာရယ်…

      • Foreign Resident

        November 22, 2013 at 11:07 am

        sorrow weaver says:
        ” အဘရေ….ကြွေချင်စရာကြီးနော်… ဒါလေးကိုပြောတယ်ထင်ပါတယ် ”

        sorrow weaver ရေ ။
        ဟုတ်ပါတယ် ။ အဲဒီ Celebrity Solstice ဆိုတဲ့ သင်္ဘော နှင့် သွားမှာပါကွယ် ။
        အဲဒီ သင်္ဘော ကလည်း နာမည်ကြီး လို့ပြောကြတာဘဲ ။
        အဲဒီ Solstice Class စီးရီး သင်္ဘောတွေကို ၊
        ၂၀၁၁ ခုနှစ်အတွက် ” Best Cruise Ship ” ဆိုပြီး အရွေးခံခဲ့ရတယ်တဲ့ ။

        ” ကျော်တို့က စတားခရု လောက်လေးမစို့မပို့ သိတာရယ်… ”

        Celebrity Cruise လိုင်း က ၊ P & O တို့ ၊ Star Cruise တို့ထက် ၊
        အများကြီး ပိုကောင်း ၊ ပို အဆင့်မြင့်တယ် လို့ ၊ အဆင့် သတ်မှတ်ကြတယ် ကွယ့် ။

        အမှန် ပြောရရင်တော့ ။
        အဘ အတွက်ကတော့ ၊ သင်္ဘောစီးပြီး ပင်လယ်ထွက်ရတာ မုန်းတောင်နေပါပြီကွယ် ။
        သို့ပေမယ့် ၊ အဘ ဘဝ ကလဲ ၊ ပဲ့ကိုင်ရှင် ကြိုးဆွဲရာ က ရတဲ့ ဘဝ ရယ်ပါ ။
        အဘ ရဲ့ ပစ္စည်းထမ်း ပေါ်တာ ခရီးစဉ်တွေကို ၊ သူ့စိတ်ကြိုက် ဆွဲတာကွဲ့ ။
        အဘ မှာ ၊ ပစ္စည်းထမ်း ယုံ သက်သက် လိုက်ရတာပါကွယ် ။ အဟင့် ၊ အဟင့် ။

  • kyeemite

    November 21, 2013 at 2:27 pm

    ကိုရင်FR တို့ကတော့လုပ်ချလိုက်ပြန်ဘီ…ကြီးမိုက်ကဒါတွေသိပ်မကြိုက်ပါဘူးဟယ်…
    လူကြုံရှာ၊ နမူနာအမြန်ပို့..ဟို့ဟို့(အရက်ကတော့ တစ်ရက်တလေနားလို့ရပါတယ်..ဟိ) 😀

  • alinsett

    November 21, 2013 at 8:33 pm

    သဘာဝအတိုင်းပဲ….နေမယ်.ဟီဟိ ။
    သဘာဝအတိုင်းလည်း..အလုပ်ဖြစ်တာပဲ..ကို…
    လူမစွမ်း မှ…ဆေးစွမ်းဖြည့်ရမှာ…
    လူစွမ်းပြီးသားတွေအတွက်….ဆေးမလို / မသုံးသင့်ပါကြောင်း….

    ————

    အဲ..သားက ခလေးပဲ.ရှိသေးတာ..

    ဖတ်သွားဘူးနော်..

    ဟီဟိ
    :kwi:

  • Don Juan Ronald

    November 21, 2013 at 8:59 pm

    တရုတ် ဘယ ဆေး ကို ပို ယုံကြည် ပါ ကြောင် ဝင် ပြော သွား တယ် ။

  • အဘ ဘုတ်ကလုံ

    November 22, 2013 at 12:00 am

    အဘဖော ဆေးညွှန်းတော့မှပဲ အဘဘုတ်လည်း အရက်တောင်
    ဖြတ်ချင်စိတ်ပေါ်သွားပြီးကွယ်။ အသက်ကကြီးလာတော့
    တော်ရုံဆေးဆို မတိုးတော့ဘူးကွယ်။ (ဖျားနာခေါင်းကိုက်ပြောတာ)
    လမ်းဘေးဆေးတွေက သောက်ရင် နှလုံးထိခိုက်တာများတယ်။
    ရမ်နှစ်ပတ်ကို ဖီးကြမ်းနဲ့ တောကြက်ဥလေး သောက်လည်း
    ဆန္ဒရှိတိုင်း ခရီးရောက်ဖို့တော့..။
    ရွာသားအားလုံး ကြာပါစေ၊ ကြီးပါစေ၊ မာပါစေ၊ ရှည်ပါစွေ ကွယ်။ အဟွတ်.. (အသက်)

  • Foreign Resident

    November 22, 2013 at 6:20 am

    ဦး ဌက် ကြီး says:
    ” စမ်းကျိပြီးရင် မှတ်တမ်းလေးတော့
    ပြန်ပြပေး ဟီးးးးးးးးးးးးးး :mrgreen:

    kyeemite says:
    ” လူကြုံရှာ၊ နမူနာ အမြန်ပို့..ဟို့ဟို့
    ( အရက်ကတော့ တစ်ရက်တလေ နားလို့ရပါတယ်..ဟိ ) 😀 ”

    မှန်တာပြောရရင် ၊ ဒီ ဆေး က အခု July ကမှ ပေါ်တာဆိုတော့ ၊
    အဘ မိန်းမ ဆီမှာလဲ Sample တွေ အများကြီး ၊ မ ရှိသေးဘူးရယ် ။
    ( Viagra တို့ ၊ Cialis တို့ တော့ ၊ ဆေး Sample တွေ အများကြီး ရှိတယ် )

    သို့ပေမယ့် ၊ မှတ်တမ်းလေး ပြောပြစေချင်တဲ့ ရွာသူားများကလဲ ရှိနေတော့ကာ ၊
    ဒီလိုလုပ် ၊ အဘ ဆေးကို မရရအောင် ကြံဖန်ပြီး ၊ မြန်မာပြည် ပို့ပေးမယ် ။

    မြန်မာပြည် က လက်ခံရရှိတဲ့ ရွာသားက ၊ ဆေးစွမ်းကို ကိုယ်တိုင်စမ်းသပ်ပြီး ၊
    ရွာသူားတွေ ၊ ဗဟုသုတ ရအောင် Post တစ်ပုဒ် ရေးတင်လိုက်ပေါ့ ၊
    ဒီ အကြံ မကောင်းဘူးလား ။

    ဟီ ဟိ ၊ Comment ရေးရတာတောင် ၊ တော်တော် ညှီလာသလိုဘဲ ။

  • ဦးကြောင်ကြီး

    November 22, 2013 at 10:29 am

    လျှာအားကောင်းတဲ့ဆေး ရှိရင်ပေါဗာဗျာ..။

    • အဘရဟူဒီ

      November 22, 2013 at 2:38 pm

      အရွယ်တော် ဂေါ်လီတလုံးနဲ့ ဖန်ခွက် တခွက် သာ လိုတယ် ဆိုလားဗျာ…(သူများပြောတာကြားဖူးတာပါ)

      😛

  • မောင်မိုဘိုင်(သလ္လာဝတီ)

    November 23, 2013 at 2:53 am

    ဘဂျီးဖောတင်တဲ့ ဒီတစ်ခါ စဉ်းစားကြစေလိုပါတယ်ဆိုတာ ဘလိုဂျီးလဲမသိဘူးရယ်…
    ကျနော်တို့ဖြင့်ရယ် အဲ့ဒီလိုဆေးတွေဝါးတွေ မမှီဝဲပဲနဲ့ကို ဘာမှန်းညာမှန်း မသိတော့ပါဘူးရယ်…

Leave a Reply