အင်တာဗျူး တဲ့ဗျာ ၊

တောင်ပေါ်သားNovember 21, 20131min1259

 

 

အင်တာဗျူးတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း ကြုံဘူးသလို ရုပ်သံက လာတဲ့ အင်တာဗျူးတွေကိုလည်း ရံဖန်ရံခါ ကြည့်မိပါတယ် ၊

ရုပ်သံက လာတဲ့ အင်တာဗျူးဆိုတာ အားလုံး တည်းဖြတ်ပြီးမှ ထုတ်လွှင့်တာမို့ အပြစ်တင်စရာမျိုး သိပ်မရှိလှပါဘူး ၊

ပရိသတ် သိလိုမှာကို မမေးမိတာမျိုးတော့ ပါနိူင်ပါတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘယ်လိုဖြစ်ရတယ်ဆိုတာလေး ပြောချင်ပါတယ် ၊

အဲသလို ရုပ်သံက အင်တာဗျူးအဖွဲ့ ဘယ်လို ဗျူးမိတယ် ဆိုတာလေး ဖောက်သည်ချပါရစေ ၊

တစ်ခါက လို့ ဆိုကြပါစို့ ၊ စာပေဆိုင်ရာ အခမ်းအနား တစ်ခုမှာပါ ၊

စာရေးဆရာမကြီး တစ်ယောက် သူ့ ဘော်ဒါ စာရေးဆရာ / စာရေးဆရာမတွေနဲ့ ထိုင်စကားပြောနေတုန်း နာမည်ကြီး ရုပ်သံလိုင်းကနေ ဗျူးချင်ပါတယ်ဆိုတော့

ကဲ ကဲ ကျန်တဲ့သူတွေက ဘေးကို နည်းနည်း ဖယ်ပေးကြရတာပေါ့ ၊

အဗျူးခံမယ့် စာရေးဆရာမကြီးကလည်း ဘာတွေများ မေးလာမလဲ ? ဖြေပလိုက်မယ်ပေါ့လေ ၊

အဲဒီမှာ ဆလိုက်မီးတွေထိုးပြီး ရယ်ဒီ ဆိုတဲ့အချိန်မှာ အင်တာဗျူဝါ ကောင်မလေး စ မေးလိုက်တာက ( ဟုတ်ကဲ့ ၊ နာမည်လေး သိပါရစေရှင် ) တဲ့ ၊

စာရေးဆရာမကြီးလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ရပါသတဲ့ ၊ သမီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့ ၂၁ တဲ့ ၊

ကဲ  ၊ နောက်တစ်ခါကတော့ စာအုပ်ဖွင့်ပွဲပါ ၊ စာရေးဆရာမ ၂ ယောက်ရဲ့  စာအုပ်သစ် မိတ်ဆက်ပွဲပေါ့ ၊

အဲဒီမိတ်ဆက်ပွဲမှာလည်း နောက်ကျပြီး ရောက်လာတဲ့ ရုပ်သံအင်တာဗျူးအဖွဲ့ဟာ ဘယ်လိုဗျူးပြန်သလဲ ဆိုတော့

သူ့စာအုပ်မိတ်ဆက်ပွဲအတွက် ရှိူးစမိုး အပြည့်ဝတ်ပြီး လာခဲ့တဲ့ စာရေးဆရာမကြီးကို

( အန်တီက ဒီ စာအုပ်မိတ်ဆက်ပွဲကို ဘာကြောင့် လာခဲ့တာပါလဲ ၊ ဒီစာရေးဆရာတွေရဲ့  လက်ရာအပေါ်မှာကော ဘယ်လို ပြောချင်ပါလဲရှင် ) တဲ့ ၊

ဪ ဒီစာရေးဆရာမကြီးက သူ့စာအုပ်ကို သူ ဘယ်လိုပြောရမလဲ ၊

နောက်တစ်ခါကတော့ ကွယ်လွန်သွားရှာတဲ့ စာရေးဆရာ သတင်းစာဆရာကြီးရဲ့  ရက်လည်နေ့မှာပါ ၊

ခင်ပွန်းသည် ဆုံးပါးသွားလို့ ၄ – ၅ ရက်လောက် အိပ်ယာထဲ လဲခဲ့ပြီး

အခုဒီနေ့မှာမှ ထိုင်ခုံလေးပေါ် မှီထိုင်ရင်း လာတဲ့ဧည့်သည်တွေကို ကြိုးစားနှုတ်ဆက်နေတဲ့ ဆရာကတော်ဆီကို

ပြည်ပအခြေစိုက် ရုပ်သံ မြန်မာပိုင်းကနေ လာပြီး အင်တာဗျူးပါတယ် ၊

သူတို့မေးတဲ့ ပထမဆုံး မေးခွန်းက ( အခုလို ဆရာကြီး ဆုံးပါးသွားတော့ ဘယ်လို ခံစားရပါသလဲ ) တဲ့ ၊ အမေးခံရတဲ့သူ သေရောပေါ့ဗျာ ၊

ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေပါ ၊

ထက်ထက်မိုးဦးရဲ့   တစ်ထောင်တန် ပါးရိုက်ချက်ဟာ ဒီလို မေးခွန်းမျိုးကြောင့် ဖြစ်ချင်ဖြစ်မှာပါ ၊

မီဒီယာသမား မီဒီယာသမားဆိုပြီး မပြည့်တပြည့်အိုးတွေနဲ့ ကိုယ့်ကိုယ်ကို ထင်တစ်လုံးဖြစ်နေသူတွေ အများကြီးတွေ့ဘူးပါတယ် ၊

အဲဒီအထဲကမှ အခု အင်တာဗျူဝါ ဆိုတဲ့ မီဒီယာသမားမျိုးဟာ ပိုပြီး သတိထားရပါတယ် ၊

အကယ်ဒမီပွဲ လာအားပေးတဲ့ ပြည်သူထဲက သာမန်ပရိသတ်ကို ဗျူးတာနဲ့ ရုပ်ရှင်လောကထဲကလူကို ဗျူးရာမှာ မေးခွန်းတွေ ကွာခြားရပါတယ် ၊

တစ်ဦးတစ်ယောက်ကို ဗျူးတော့မယ်ဆို ဘက်ဂရောင်းလေးတော့ နည်းနည်း ကြိုလေ့လာရမှာပေါ့ ၊

တကယ်တော်တဲ့ အင်တာဗျူဝါတွေ အများကြီး ကြားခဲ့ဘူးပါတယ် ၊

မင်းသား မင်းသမီး အဆိုတော် စာရေးဆရာ ပြီးတော့ တစ်ခြားနယ်ပယ်က လူတွေနဲ့ ဗျူးရာမှာ

ကိုယ်ဗျူးမယ့် လူအကြောင်း ဘယ်လောက် လေ့လာထားတယ်ဆိုတာ သူ့မေးခွန်းတွေမှာကို ပေါ်နေပါတယ် ၊

 

အာတာဗျူဝါကောင်းများ ဆထက်ထမ်းပိုး ပေါ်ထွက်လာနိူင်ကြပါစေ ၊

 

4a

9 comments

  • KZ

    November 21, 2013 at 11:17 am

    ပြောလဲ ပြောစရာဖြစ်နေပြီ။

    ခက်တယ်။
    အနော်မေးပြမယ်။
    ကြည့်ပြီး အတုယူပါ။
    😀

    ကိုမျိုးသန့် နာမည် ဘယ်လိုခေါ်ပါသလဲ။
    ကောင်းကောင်းက တစ်ဦးတည်းသောသား ဆိုတော့ သားလေး တစ်ယောက်ပဲ ရှိတာပေါ့နော်။

    :mrgreen:

    • Myo Thant

      November 21, 2013 at 11:25 am

      အနော်က အမေ့ရဲ့ တစ်ဦးတည်းသောသား
      ကောင်းကောင်းကလည်း ကျနော့်ရဲ့ တစ်ဦးတည်းသောသား

      ထပ်ရစရာတော့ ဟီး ဟီး ရှိဦးမလား မသိ ၊ 🙂

  • ဦး ဌက် ကြီး

    November 21, 2013 at 11:20 am

    အဟေးးး ကျတော်လည်းပြောချင်နေတာ ဟီးး။

    ဒါက သေသေချာချာပြင်ဆင်ထားတဲ့ရုပ်သံအင်တာဗျူးး

    ပါ။အမျိုးသမီးအဆိုရှင်ဟောင်းကြီးတဦးကိုဗျူးတဲ့အခန်း။

    ဗျူးသူနဲ့ အဗျူးခံရသူက မြေး နဲ့ အဘွားအရွယ်။ မြေး

    အရွယ် ဗျူးဆရာကလည်း ဘာတွေ ဘယ်လို မေးမေး

    တာလဲမသိဘူး။အဗျူးခံ ဖွားဖွားကလည်း စိတ်ရှည်ဟန်မတူ

    ဘူး ခဗျ။ဗျူးဆရာကလည်း သူ့စကားချည်း ရုပ်သံမှာထင်ပေါ်

    စေဟန်နဲ့ ခဏခဏ ဖြတ်ဖြတ် ဗျူးတော့တာခဗျ။ အဆိုရှင်

    ဟောင်းဖွားဖွားကြီးလည်း စိတ်မရှည်တဲ့အဆုံး သူ့မေးခွန်းတွေ

    ဖြတ်ဖြတ်မေးဟန်ပြုတိုင်း သူကလည်းအတင်းစကားနဲ့ပြန်ပြန်

    အရိပ်ပြတယ်။ ” အဲဒီတုန်းက သားတို့တောင် မွေးမှာမဟုတ်

    သေးဘူး” တို့ ” အဲဒီခေတ် ကို သားတို့မမှီသေးဘူး” တို့

    နဲ့ ဗျူးဆရာ မေးခွန်းတွေ ပိတ်ပါလေရော ။ ဟီးး:mrgreen:

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 11:46 am

    ဒဂယ်ဒေါ့ ..
    အင်တာဗျူး ဆိုဒါ …
    ဦးတင်ဗျာ … လို့ အဒိတ်ဘယ် ထွက်ဘာဒယ် …။
    ဒီဒေါ့ဂါ ..
    ကျုပ်ကို အင်တာ လာဗျူးမယ်ဆိုရင်ဒေါ့ …
    အရင်ဆုံး ဦးတင်ရဘာမယ် …
    ဦးဒေါ် .. ဦးဒေါ် လုပ်နိုင်မှ လာဗျူးလှည့်ဂျဘာ …
    ကျုပ်ဂဒေါ့ ဘူ့မှ ဗျူးဘူးးးး

  • TNA

    November 21, 2013 at 12:08 pm

    အကယ်ဒမီပေးပွဲမှာ အာဇာနည်ပေါ်ခါစက အကိုကဘယ်ကားတွေပါတာလဲဟင်တဲ့။ အာဇာနည်ခမျာ အရမ်းအံ့ဩစိတ်ပျက်သွားတဲ့မျက်နှာနဲ့ ကျွန်တော်သီချင်းလာဆိုတာပါခင်ဗျာတဲ့ မှတ်သားလောက်ပါပေတယ်။

  • alinsett

    November 21, 2013 at 1:34 pm

    တို့ကတော့ အင်ဒါဗျူးဆို စိတ်နာဒယ်
    ဟိုတလောက ကနားစီးဂီ မွှေသွားတာ
    အဲဒီ အင်တာဗျူးကိစ္စပေါ့

    ပိုစ့်တစ်ပဒု်ရေးပြီး ဂီ ့ကို ကလော်တုတ်ဦးမယ်
    ဟွန်းးး

    🙁

    ———-

    အင်တာဗျူးဆိုုတာ
    မေးသူရော ဖြေသူပါ
    အဖြေမတတ် အမေးမတတ်ရင်
    ခွက်ခွက်လန်အောင် အရှက်ကွဲမယ့်အရာ

    • TNA

      November 21, 2013 at 2:48 pm

      ဖတ်မယ်အေ့ ပြောရအုံးမယ်ဂီ့ရေဆိုပီး :mrgreen:

  • kyeemite

    November 21, 2013 at 2:39 pm

    ရီစရာလေးအရင်ပြောရရင်..အလွမ်းသီချင်းတွေအဆိုကောင်းတဲ့ နာမည်ကြီးအဆိုတော်ကြီးကို
    အင်တာဗျူးတော့…အစ်ကိုကြီးသီချင်းတွေ ကျနော်အရမ်းကြိုက်တာပဲဗျာ..ဥပမာ“ရောင်ပေစူး”
    သီချင်းပေါ့တဲ့…သေရော..ဘယ်သီချင်း ဘယ်အဆိုတော်ဆိုမှန်းတောင်မသိပဲသွားဗျူးတယ်…
    အလွမ်းသီချင်းဆရာကြီးကဘာလုပ်သလဲဆိုတော့..ဆဲ ပြီးမောင်းထုတ်ပါလေရော..ဟေးဟေး
    😀

  • လုံမလေးမွန်မွန်

    November 21, 2013 at 2:56 pm

    ဟီး.. အနောင်ဇာ တို့ အင်တာဗျူဝါ တို့ လုပ်ရတာ တကယ်မလွယ်တာပါ…
    ကိုယ်က နောက်ကြောင်းကို အတော်လေး သိထားနိုင်မှ
    ပြီးတော့.. မေးနေကျမဟုတ်တာတွေ မေးနိုင်မှ…
    အာ့ကြောင့် ဘယ်ရုပ်သံမှာမှ ဝင်မလုပ်ဘူး.. ဟီး..

Leave a Reply