တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့ ဩဂုတ်လ ၂ရရက်နေ့

etoneAugust 6, 20101min18610

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့

ဩဂုတ်လ ၂ရရက်နေ့

ကဲ…သူငယ်ချင်းတို့ရေ. …လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို
ဩဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။
၎င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း
တောက်ပမှာပါ။ အဲဒါကတော့ ဩဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့
မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့
သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th ဩဂုတ်လ12:30AMမှာ
ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ
ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့
နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။
ကဲသူငယ်ချင်းတို့ရေ… တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိ
ုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင ့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ်
မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ
စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့…
အော်..မေ့နေမှာစိုးလို့…..နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊
နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့
မမေ့နဲ့နော်။

10 comments

  • Chaw Chaw

    August 26, 2011 at 12:17 pm

    တကယ်ကြည့်မှာနော်…မဟုတ်လို့ကတော့…..
    ………………………………………………….
    းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • etone

    August 26, 2011 at 12:25 pm

    ဒုက္ခပါပဲ.. တနှစ်ပြည့်တဲ့စာကြီးကို လာပြန်ဖတ်တယ် အဟီး .. စောင့်ချင်ရင် ဒီတသက်တော့မရတော့ဘူး … နောက်တသက်မှ ပြန်စောင့်တော့ chaw Chaw ရေ .. ဟိဟိ 😀 😀

  • Lu Ka Lay

    August 26, 2011 at 12:32 pm

    ဟုတ်လို့လားဂျာ… အလကား အိပ်ရေးပျက်ခံပြီးတော့ မကြည့်နိုင်ပါဘူး 🙂

  • မီးမီး သော်

    August 26, 2011 at 2:27 pm

    လူကလေးက အိပ်ရေးပျက်မှာပေါ့။သိပ်မသုံးပါနဲ ့ရှင်။စောစောအိပ်စောစောထ နောက်တရက်သတင်းမှာပြန်ကြည့် ရပါတယ်။အေးဆေးပေါ့နော့

  • koyinmaung

    August 26, 2011 at 2:49 pm

    သတင်းမှားကြီးပါ…ဘယ်သတင်းဌာနကမှပြောတာမကြားမိပါ….

  • etone

    August 26, 2011 at 2:54 pm

    ဘာတွေ လာပြောနေကြတာလဲဟင် … ပို့စ်တပုဒ်ဖတ်တော့မယ်ဆို … တင်တဲ့ရက်စွဲရော စဖတ်သင့်ပါတယ် … လွန်ခဲ့တဲ့ တနှစ်ကပို့စ်ကို တယောက်တမျိုးစီလာ မန်းနေတယ်.. ရယ်ရလွန်းလို့ … ဗိုက်ကြောတွေတောင်နာလာပြီ 😀 😀 😀 😀 😀

  • ဝင်မန့်လိုက်ဦးမယ်..
    အေးလေ.. အီးတုန်းက ပြီးခဲ့တဲ့နှစ်က သတင်းကြီးကို တင်ထားတယ်
    မနက်ဖြန် မဖြစ်ရင်တော့ နာပြီသာမှတ် 😀 😛 🙂

  • Gipsy

    August 26, 2011 at 6:17 pm

    ဟာသပါပဲ….ဟာသမှ ဟာသ အစစ်ပါ… ပို့စ် မြင်တာနဲ့ ပိုက်ပိုက်မျှော်ပီး ဝင် တယ်. 7% ယူမယ်ပေါ့ …
    တည့်တည့်မကျတော့ ဟားခံရ…ငါလဲ 7% ရ….. 🙂

  • ဆူး

    August 26, 2011 at 8:49 pm

    အီးတုံးတော့ လာဘ်ရွင်နေတယ် ခေါ်တယ် တယောက် ၃ကျပ် လာပေးနေကြတာ..
    ခေါင်းစဉ်ဖတ်တုန်းကတော့ စိတ်ဝင်တစားနဲ့.. နောက်မှ ရက်စွဲမြင်မှ ၁နှစ်တိတိကြာတဲ့ အမှတ်တရပေါ့။
    ၃ကျပ် လာပေးတဲ့ စာရင်းထဲမှာ ဆူးတောင် ပါသွားပြီ။
    ဟိဟိ 😀

  • unclegyi1974

    August 26, 2011 at 10:00 pm

    ထို့ကြောင့်ဤအရာကို…..ဟုခေါ်သည်

Leave a Reply