ကြိုးဆွဲချမှု.များခေတ်စားနေ

Hlaing Zar ChiNovember 21, 20131min1787

ဒဟတ်ပင်ရေနံမြေတွင် မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမြေလုပ်ကွက်အမှတ်(၅)ရှိ ယာပိုင်ရှင် ဦးကျော်တိုးမောင် မင်းလှမြို့နယ် နေသူ၏ယာအတွင်း နိုဝင်ဘာ(၂၀)ရက်နေ့နေ့လည်(၁၁)နာရီ(၂၀)ချိန်ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရေနံတွင်းပိုင်ရှင် ဦးကျော်တိုးမောင်၏ယာထဲတွင် ဝင်းမင်းဌေး(ခေါ်)ဖိုးပြည့် မြိုင်မြို့နယ်နေသူရေနံခပ်စဉ် ရေနံခပ်ခွက်နှင့် သံကိုင်းတို့ပွတ်တိုက်မိ ရာမှ မီးပွင့်၍မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးလောင်ကျွမ်းမှုကြောင့် စက်ကလပ်ခုံတစ်ခုံ၊ရေနံစိမ်း(၅)ပေပါမီးလောင်  ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၇၅၀၀၀၀)ခန့်ဖြစ်ကြောင်း နှင့်ရေနံပေါ့ဆစွာခပ်သူ ဝင်းမင်းဌေး အား မင်းလှမြို့မရဲစခန်းမှ (ပ)၁၃၅/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ဘရိတ်ပေါက်လမ်းဘေးချောက်ထဲထိုးကျ ယာဉ်နောက်လိုက်နှစ်ဦးသေဆုံး

ပွင့်ဖြူမြို့နယ်၊မဲဇလီကျေးရွာအုပ်စု လယ်မရွာအနောက်ဘက်ရှိ ဒဟတ်ပင်ကုန်းအနီးတွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၃) နာရီခွဲချိန်က ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ စေတုတ္တရာမြို့နယ်၊ခဲပစ်ကျေးရွာမှပွင့်ဖြူမြို့နယ် မဲဇလီကျေး ရွာသို့ ဆန်အိတ်တင်ရန်အတွက် ယာဉ်မောင်း အောင်ကို၊ခဲပစ်ကျေးရွာနေသူမောင်းနှင်သည့် ဖောကားအပြာရောင်ယာဉ် ပေါ်တွင် အလုပ်သမား ဇော်ထူး၊မောင်ထူးတို့အားတင်ဆောင်မောင်းနှင်လာစဥ ် ကားဘရိတ်ပေါက်၍လမ်းဘယ်ဘက်ခြမ်း(၆)ပေ ခန့်ရှိသည့်ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဇော်ထူး တွင် ဘယ်ဖက်မျက်နှာ(၁)လက်မခန့်ချိုင့်ဝင်ဒဏ်ရာ၊မေးစေ့အောက် တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ဘယ်ဘက်လက်ကောက်ဝတ်ကျိုးပဲ့ဒဏ်ရာများနှင့်သေဆုံးခဲ့ပြီး မောင်ထူးတွင်လည်း ဘယ်ဘက် မျက်ခုံးပွန်းပဲ့ဒဏ်ရာ၊ပါးစပ်သွေးထွက်ဒဏ်ရာတို့ရရကာအခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကို အား ပွင့်ဖြူမြို့နယ်၊မြို့မရဲစခန်းက ယာဉ်(ပ)၁၄/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် အသက်(၃၄)နှစ်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး

ဆင်ပေါင်ဝဲမြို့နယ်၊ကုန်းဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင် မှ နိုဝင်ဘာ(၁၉)ရက်နေ့ည(၈)နာရီချိန်က၎င်းကျေးရွာ တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းပေးချက်အရ ကိုးပင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဘိုဘို နှင့်အဖွဲ့ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ စိုးမြင့်၊အသက်(၃၄)နှစ် ကုန်းဘိုကျေးရွာဆင်ပေါင်ဝဲမြို့နယ်နေသူသည် ရွာ၏အရှေ့ဘက်ရှိ၎င်း၏ယာခင်းထဲမှ အမြင့်(၁၀)ပေခန့်ရှိ မန်ကျီးပင်ကိုင်းတွင် အရှေ့ဘက်သို့မျက်နှာမူ၍ ဦးခေါင်းစောင်း လျှက် အရှည်(၆)တောင်ခန့်ရှိ နီဝါရောင်လေးပင်လိမ်ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါအမျိုးသားသေဆုံးမှုနှင့်ပက်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၃ ဖြင့်အမှုဖွင့်ထားရှိကြောင်းသိရသည်။

7 comments

  • alinsett

    November 21, 2013 at 8:45 pm

    ခေတ်နောက်လိုက်တဲ့…နည်းကြီးနဲ ့များ…..
    တေချင်ကြရတေးဒယ်….

    ချဉ်လိုက်တာ…

  • e tone

    November 22, 2013 at 9:07 am

    ငယ်ငယ်တုန်းစ်က ကျိစ်ခဲ့ ဖူးဒဲ့ … တလုပ်ကား ဒေမှာတော့ လျှာကိုက်ပြီး သတ်သေကြတာပဲ ….. ။
    သုံးစက္ကန့်တွင်း ချက်ချင်းသေရော …. ။

    သတ်သေတဲ့အထဲမှာ အဲ့ဒီ hanging သေတာကြီးက မလှမပကြီး ၊ မျက်လုံးကြီးလည်းပြူးဦးမယ် … အခန့်မသင့်လျှင် လျှာလည်း ထွက်ဦးမယ် … ဒီကြားထဲ လည်ပင်းမှာလည်း အညိုမည်းစွဲဦးမယ် မလှဝူး … ။ သေပန်းမပွင့်ဘူး ….. ။

    သတ်သေမယ့် တူတူ … လှလှပပလေး သေကြပါဗျို့ … :mrgreen:

  • ခင် ခ

    November 22, 2013 at 9:16 am

    အနိစ္စ အနိစ္စ အနိစ္စ

  • ဦးကြောင်ကြီး

    November 22, 2013 at 11:21 am

    ကြိုးဆွဲချ
    မိုးသဲည
    သိုးမည်းက
    အိုးလဲခ
    ချုိုးဖဲပြ
    ဗျိုးဆဲတ
    နိုးပဲကွ
    ဖြိုးရွှဲမြ..။

  • မဟာရာဇာ အံစာတုံး

    November 22, 2013 at 11:52 am

    ကြိုးဆွဲချတယ် ဆိုတာလည်း
    တကယ်တော့ …
    ကြိုးဆွဲချတာပါပဲ …။
    သေတယ် ဆိုတာလည်း
    တကယ်တော့ …
    သေတာပါပဲ …။

  • TNA

    November 22, 2013 at 4:42 pm

    တချို့ကလဲ ဇွဲကြိုးချသေတယ်လို့ခေါ်သေး

Leave a Reply