ဟေ့ရောင် ကြောင်ကြီး.. မင်းဂို တာဝံပေးရင် အသက်စွန့်နိုင် ဗမလား.. … ပေးရင် စွန့်တာပေါ့ဗျာ အသက် ဘယ်လောက် တန်လို့လဲ။ ဤတချက်ထဲနှင့် ရဲကြောင်ကြီး ပြိုင်ဖက်အားလုံးဂို ကျော်တက်ခါ သာမီးဒေါ်ဂလေး ကိုယ်ရံတော် ဖြစ်သွားသည်။ အမှန်မှာ သူနှင့်တွဲနေသည့် သက်ဝေအမည်ရှိ ကောင်မလေးအား မေးသည်ထင်၍ စွန့်နိုင်ဂျောင်း ဖြေခဲ့ဂျင်းဖြစ်သည်။ မှန်၏.. ကကြောင့်လို ၂၄နာရီ အန္တရာယ်နှင့် ကစားတမ်းလုပ် နေသူအဖို့ သံယောဇဉ် တွယ်တာစရာ အလျဉ်းမရှိချေ.. စားပီးနားမလည် ဝါးပီးထွေးထုတ် ရလျင် ဝါးမည်သာတီး..။ ဒချိ ဒချိ ဒချိ…။

မည်သို့ပင် ဖြစ်စေကာမူ ကကြောင်ကြီး ဒုတ်ရဲအုပ် ရာထူးဖြင့် တုတ်တချောင်းကိုင်ကာ တာဝံထမ်းဆောင်ရန် ဂေဇက်သဂျီး မာမွတ်ခိုမ် အိမ်တော်သို့ ရောက်ရှိသွားဂျေပီ။ အဦးဆုံး သတင်းပို့ရ၏.. မဟုတ်တရုတ်ပြည်သူ့ သမတနိုင်ငံ မြန်တျန့်ပြည်နယ် အထူးလုံခြုံရေး အရာရှိ ကကြောင်ကြီး.. ကိုယ်ပိုင်အမှတ် ဇီးရိုးဇီးရိုးဆဲဗင်း.. ကုတ်ဒ်နိမ်း ဂျိမ်းစ်ဘွန်း အယာတိုလာ ၇၈၆ သဂျီးမင်း သမီးတော်လေးအား စောင်မကြည့်ရှုရန် သတင်းပို့ဗာ၏။ မာမွတ်ခိုမ် အတော်ဆိတ်ညစ်သွားသည်။ မျှော်လင့်ထားသည်က ဒေါင်းဥမွမွခန့်ရှိ ရဲမေအပျိုဆင်လေး.. အခု တွေ့ရသည်က နှာယောင်တောက်တောက်နှင့် ရဲဒဂေါင်..။ ပြီးဒေါ့ လျှာဂျီးကလည်း နည်းတဲ့အရှည်မဟုတ်…။ အင်း.. ဒွတ်ခ ဒွတ်ခ.. အဖြစ်ချေဗူး ဖြစ်ချေဗူး.. အိမ်ထဲအဝင်မခံ ပြန်နှင်လွှတ်လေမှ..။

အေးကွာ.. နိုင်ငံဒေါ်ဂ စီမံဒဲ့ လုံခြုံရေး ဆိုဒေါ့လည်း အငြင်းသာဗူးပေါ့ကွာ..။ သို့ပေကလိ ငါ့သာမီးနဲ့ ဝါးတရိုက် အကွာမှာ နေပေးပါ မောင်ရယ်..။ နင့်လျှာက ရှည်ပါသဘိနဲ့ ဒါတောင် နီးလွန်းနေဗလား မသိ။ တိန်.. သဂျီးမင်း လုံခြုံရေးအစောင့် အက်စ်ကော့ လိုက်တယ်ဆိုဒါ သူနဲ့ကိုယ်ကြား ရင်းနှီးကျွမ်းဝင်မှုအပြည့် ရှိရဒယ်။ အနော်က ဆယ်ပေဆယ့်ငါးပေ အကွာမှာ နေပါပြီဒဲ့.. ဝုန်းဆို ကြွက်တဂေါင်လို မြေကြီးထဲက ထွက်လာ သုတ်သွားရင် ဘယ်လို လုပ်မလဲ..။ ရွာထဲက အမ်တီနှင်းဆိုသူဂို ဟောင်ကောင်မြေကြွက်စ်ဂိုဏ်းက အဲသလို သုတ်သွားတာ..။ နောက်တခါ ဗျန်းဆို သစ်ပင်ပေါ်က မျောက်လို နင်ဂျာအကွက်နင်း အလစ်သုတ်သွားရင်.. ဘာတတ်နိုင်မလဲ.. ကေအန်ယူသဗုံခေါင်းဆောင် နော်ရှီးဂလေး ယာကူဇာ လက်မရွံ့ နှူးဘာဂီစံ လက်ချက်မိသွားဒါ အဲသလိုမျိုး…။ ဆိတ်ချဗာ သဂျီး.. ဦးသာမီးဂို လက်ဖျားနဲ့တောင် အထိဝံ့ဗာပူး..။ ကကြောင့် လျှာဂျီး တတောင်လောက်ထွက် ပြောလေ.. မာမွတ်ခိုမ် ဆိတ်မချနိုင်လေ ဖြစ်ရသည်။

သာမီးဒေါ်ဂလေး ငါးကျီးကြော်ကျွေး အနီးတော်ငေး ခရီးပျော်သေး

သာမီးဒေါ်ဂလေး ငါးကျီးကြော်ကျွေး အနီးတော်ငေး ခရီးပျော်သေး

မင်းဂ ဒီလောက်တောင် ဖြစ်နေရအောင် ဘယ်လောက် အရည်အချင်း ရှိလို့လဲ၊ လူဆိုးဖမ်းဖူးသလား..ပြောဇမ်း။ အဟမ်း.. အထင် အဲသလောက် မစမောလ်ဗာနဲ့ မာမူဂျီး။ အနော့် ပထမဆုံး အတွေ့အကြုံက ဖာဘိဝင်ဖမ်းဒါ.. အဲသမှာ မီးအမှောင်ချလိုက်တာ့ မြင်မြင်ရာ ဝင်လုံးပီး လည်ဗင်း တက်နင်းထားရဒယ်။ မီးလည်း ပြန်လာရော.. ဟယ်.. ကြောင်မှန်းသိ ကိုင်ဆောင့်ပစ်ပါတယ်လို့… ဇယားတဗွေရဲ့ မကျေမနပ် ပြောသံလည်း ကြားရော…… “ဘာလုပ်လိုက်လဲ နားပန်ကျင်းလိုက်ရောလား.. သမဒဂျီး ကိုယ်ရံဒေါ် ဟိုအမျိုးသမီး ရဲအုပ်လို။” သဂျီး နားရွက် ထောင်လာသည်။ ကကြောင်ကြီး ငါးသုံးလုံး စီကရက်တလိပ်ကို အသာမီးညှိရင်း.. မျက်လုံးတချက် ဝေ့ကာ.. အိမ်ထဲဝင်ထိုင် ပြောဗရစေ မူလာဂျီး။ မီဒီယာတွေကြားရင် သတင်းပွကုန်မယ်.. ဒါမျိုး ဒင်းတို့ ချောင်းနေဂျဒါ..။

ပြောပြောဆိုဆိုဖြင့် အိမ်ထဲ ရောက်သွား၏ ပထမအဆင့် အောင်လေဗျီ။ အဲဒါနဲ့ ဒင်းဂို ပြန်ပြောရဂေါင်းလာဆိုပီး တခါထဲ ပွေ့ချီပီး နောက်ခန်းထဲခေါ်သွား ပစ်လိုက်တယ်။ သိဒယ်မှတ်လား အက်ဖ်အိုစီ ဖရီးအော့ဖ်ချာ့ခ်ျလေ.. လုပ်ကြဗာရှင်.. ရှင်ဒို့ဂ ရဲဒွေဗဲလို့တောင် အပြောနိုင်လျှာဗူး။ ကောင်မလေးဂ သူ့ကိုယ်သူ အသစ်လေး အိမ်က ထွက်ပြေးတာ လဗိုင်း ရှိသေးတယ် ပြောဒယ်။ အလန်းလေးပေါ့ဗျာ.. ဂလုစ်။

သွားဇမ်းဗာကွာ.. အဲလို ဟာမျိုးဒွေဗဲ ငါတို့ရပ်ကွက်မှာ ဆယ်နှစ်ဆယ်မိုး လုပ်စားပီး နေရာသစ် ပြောင်းသွားဒါ။ ပါးကွက်လေးနဲ့ မဟုတ်လား.. နာမည်က ဒေစီတို့ ရှယ်လီတို့လေ..။ ခံရဗောင်းများလို့ အံတိုနေပီကွ.. သဂျီး မာမွတ်ခိုင် ပါးစပ်ကြီး ဟပြရင်း အချဉ်မဟုတ်ကြောင်း ပြလိုက်သည်။ အတန်ငယ်ကြာမှ.. ဗာကွ.. အဲဒေါ့မင်းက ရဲလုပ်နေပီး လစ်ရင် လစ်သလို တီးဒက်သလား..။ ဆိတ်ကြီးဂျောင်း သဘောပြောဒါဗာ မာမွတ်..။ တခါလည်း.. ဘဂျီး ကားပေါ်အတက် အနားဂိ လူတယောက် ဗြုန်းဆို ရောက်လာပီး…. “လူဆိုးလား အဲဒကောင်ဂ…” ဦးခိုမ် အငြိမ်မနေနိုင် ဝင်မေးဗျံသည်.. တော်တော် အမှတ်သဲခြေနည်းဒဲ့လူဂျီး..။ ဟုတ်ဖူး.. စပါယ်ယာ.. ကားခလာ တောင်းဒါ။ အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ…။ ဟား.. ဟား.. ဘဂျီးဆိုဒါ သမဒဂျီးကို စကားဝှက်ပြု ခေါ်တာ…. အမ် ဂလိုလား..။ သမဒဂျီး လိုင်းကားစီးပီး ဘာလုပ်တာဒုံး..။ ခက်ပါရောလား ဦးရယ်.. သမဒလည်း လူဗဲဗျ.. လစ်တုံး မာဆက်လေးဗာလေး ရုပ်ဖျက်သွားတာပေါ့။ အိမ်မှာဆို သူကပဲ မိန်းမဂို နှိပ်ပေးနေရဒါ။ လျောက်မဖွနဲ့နော်.. ဒါ နိုင်ငံဒေါ် ထိပ်တန်း လျှို့ဝှက်ချက်..။

သင်တန်းမှာဆိုလည်း ပေငါးဆယ်အကွာရှိဒဲ့ ပစ်မှတ်ကို မလွတ်တမ်း သေးပန်းနိုင်တယ်။ ရန်သူလာမည့်လမ်း မိုင်းဗုံးထောင်တာတော့ ပါရမီရှင်ပဲ.. မိုင်းခြောက်ထောင်မလား မိုင်းပျော့ထောင်မလား.. မလွတ်စေရဘူး၊ အာမ ခံတယ်။ ညဖက် မှောင်ရိပ်ခိုတာလည်း စပါယ်ရှယ်လစ်.. ညဖက်သုံး မှန်ပြောင်း လိုဗူး၊ မှောင်လေ တောင်လေ အဲ.. တောင်ပေါ်က တိုက်တဲ့လေကို ပြောဒါ.. တောင်ခြေ ညအမှောင်ထဲ လေဘယ်လာက် တဟူးဟူးတိုက် နေပါစေ.. မမှုဗူး..။ သဂျီးခမျာ ဘုရားဘုရား ရင်တမမနှင့် ကကြောင်ကြီး စွန့်စားခန်းကို နားဆင်နေရသည်။ ခွေးဂျီး လေးငါးကောင်ကိုလည်း အသာလေး ကိုက်ပစ်နိုင်သည်။ အယ်လ်ဇေးရှင်းခွေး ဆိုသည်မှာ ကြောင့်အဖို့ ကြွက်လေးသာသာ ကစားစရာ.. စာမဖွဲ့လောက်ချေ..။

ရှုးပေါက်နေသော ရန်သူအား နောက်မှ လုပ်ကြံဂျင်း သင်ခန်းစာ

ရှုးပေါက်နေသော ရန်သူအား အနောက်မှ ပစ်ခတ်ခြင်း လေ့ကျင့်ခဏ်း

 

သမဒဂျီးအိမ်မှာ လုပ်တုံးဂဆို သမဒနဲ့ သမဒဂျီး ဂဒေါ်တို့က ကိုယ်ရေးကိုယ်တာကိစ္စ လုံးဝမခိုင်းဘူး။ လုံခြုံရေး အရာရှိဆိုတော့ ရန်ပြုလာရင်သာ တာဝံရှိဒါဂလား..။ သမဒဂျီးဂဒေါ် ရေမချိုးခင် သူ့ခေါင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် ရန်ပြုတဲ့သန်းတော့ တုပ်ပေးရဒယ်။ သူတို့ အိပ်ယာဂ ကြမ်းပိုး ရှာပေးရဒယ်။ နောက်ပီး သမဒဂျီး အောကားကြည့်ရင် အင်တာနက် ပွန်းဆိုက်တက်ရင် အပြင်လူ မသိအောင် လုံခြုံရေးအစောင့် ယူပေးရတယ်။ လခ တသိန်းရှစ်သောင်းရဒယ်၊ သမဒဂျီးက မုန့်ဖိုး သုံးသောင်းပေးတယ်။ “အဟက်..” သဂျီးထံမှာ မခိုးမခန့် ရယ်သံဖြစ်သည်။ ကကြောင်အား သနားကြည့် ကြည့်ပြီး သုံးသောင်း အီးကွဲတူ ဒေါ်လှသုံးဆယ်.. ကျွတ်စ်… ဦးကျောက်လုံး စတိုင်ဖြင့် တချက်ငြီးလိုက်သည်။

ထပ်သရီး.. ဒေါ်လာသုံးသောင်းကို ပြောဒါဗျ၊ ကျုပ်တို့သမဒဂျီး ဘာမှတ်တုံး… ဒေါ်လာ ဘီလျံချီရှိဒယ်။ သဂျီးလို ဟိုက်ဘရစ်ကား ဖွတ်ချက်လေးစီးရရင် မာန်တက်နေတာ မဟုတ်ဖူး။ မာမွတ်ခိုမ် ငြိမ်သွားပြီ၊ မထင်မှတ်သော ထောင့်ကန်ဘော တိုက်ရိုက် ဂိုးဝင်သွားဂျင်း ဖြစ်၏။

နှလုံးသားရေးရာနဲ့ ပတ်သက်လို့ရောကွ.. ဇာတ်လမ်းလေး ဘာလေး မရှိဗူးလား၊ စက်ရုပ်မှ မဟုတ်တာဘဲနော်၊ အတော်စပ်စုသည့် သဂျီး.. သများ ပါစင်နယ်လ်ကိစ္စ အလိုက်ကန်းဆိုးမသိ မေးနေဗျံသည်။ ဩော် မြန်တျန့်ရွာ သဂျီးပဲ ဒီလောက်ပဲ ရှိဗေမပေါ့။

ရဲဇာနီ ကကြောင်ကြီး ငေးငိုင်သွားသည်၊ မျက်ဝန်းအစုံက အဝေးတနေရာကို လှမ်းမျှော်ကြည့်ရင်း ခေတ္တအသံ တိတ်သွားပြီးနောက်… ဘူကနဲ အီးတချက်ထုကာ… နောက်ထပ်လည်း အီးအချက်ပေါင်းများစွာ ဆင့်ကဲဆင့်ကဲ ထုလိုက်သည်။ ကကြောင်ကြီးထံမှ အဖြေစဂါး စောင့်စားရင်း ပင့်သက်ရှိုက်ချိန်နှင့် တိုက်ဆိုင်သွားသည်မို့ သဂျီး ခေါက်ကနဲ လဲကျသွားသည်။ ခေါ်ပါဟဲ့ လူနာတင်ကား အမြန်.. သဂျီး ဟက်အတက်ခ် ရသွာပီ… ပီးပေါ် ပီးပေါ် ရွှီးရွှီး.. ခြံဝန်းတခုလုံး ပျားပျမ်းခပ်မျှ ဆူညံသွားသည်။

နေဂျ နေဂျ.. ငါဘာမှ မဖြစ်ဘူး.. ထန်းသီးကြွေခိုက် ကျီးနင်းခိုက်.. ကြောင်အီးပေါက်ခိုက် ငါရှုခိုက် ဖြစ်သွားဒါ..။ ဆက်စမ်းပါအုံးကွ မင်းအကြောင်း..။ ဂွီစ်.. အတော် ဆိုးသည့်သဂျီး.. ခံရသည်ကို မမှတ်.. သိချင်ပြန်ဗီ၊ နောက် အီးတချက် ထုရင်ကောင်းမလား.. ဒီတခါတော့ မရဒေါ့.. မာမွတ်ခိုမ် ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ်လျက် ဘေးမှ ပန်ကာဆယ်လုံး ပြိုင်ဖွင့်ထားသည်။ ကံစီမံရာပေါ့ သဂျီးရယ်.. နောက် ဆယ့်လေးငါးနှစ် စောင့်ရအုံး ဗေမပေါ့..။ သမီးရဲ့ဦးဆိုဒါ အပြောလွယ်သလောက် ကာယကံရှင်အဖို့ ခံစားရလွန်းပါဒယ်။ ဒီလောက်နဲ့ ကျေနပ်ပါဒေါ့ဗျာ.. ဆက်မဖြေ ပါရစေနဲ့။

အေးကွယ်.. ကြားရဒါ ဆိတ်မကောင်းဘူး.. နင့်လို အဖိုးတန် မျိုးမှန် နိုင်ငံ့သားဂေါင်း ရတနာလေးကို သာမီးဒေါ် ဂလေး လုံခြုံရေးအတွက် အနီးကပ် စောင့်ရှောက်ခွင့် ပြုလိုက်ပါပြီ။ အယင်က ပြောမှားဆိုမှား ရှိရင် ဗွေမယူပါနဲ့၊ ဦးနဲ့ဒေါ်ဒေါ်တို့ကိုလည်း မိဘလို သဘောထားပါကွယ်..။ ဟုတ်ကဲ့ပါ ပါးပါးနဲ့ မာမား။ ကျနော် ခွင့်လွှတ်ပါဒယ်၊ အနော့်ကိုလည်း ကိုယ့်သားအရင်းလို ဆက်ဆံပါ။ အေးကွယ်.. သားမောင်ကြောင်ကြီး.. သာဓု သာဓု သာဓု…။ သူ့ကိုယ်သူ လည်လှ လည်လှနဲ့ ခြံထဲ ကျားဝင်နေဒါတော့ မသိဘူး…။ ဒီသဂျီးတော့ နာဗေအုံးဒေါ့မယ်..။

အပိုင်း၂ ကိုတော့ နောင်ဆယ်နှစ်ကျော်မှ တင်ဆက်နိုင်မှာမို့ နားလည်သီးခံ စောင့်မျှော်ပေးဂျပါလို့ ရွှေပွဲလာ စာဖတ် ပိတ်သက်ကျီးကို တောင်ပန်းရင်း …..

သမီးဒေါ်ဂလေးရဲ့ ကိုယ်ရံဒေါ်တပ်မှူး ရဲကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး