ကျောင်းသားဘဝမှ အမှန်တရားအတွက် ဖြစ်ရခြင်း…အကြောင်းတရား…

ကျောင်းသားဘဝမှာဘတ်စကားတိုးစီးပြီး အမှန်တရားဘက်ကနေ ရပ် တည်ခဲ့ရတာတွေ အခုခောတ်ကျောင်းသားတွေသိစေချင် မိတယ်..။ဒီလိုဗျ….ဒဂုံမြောက်ပိုင်းကိုကားကိုစီးပြီးအလာ သံဃာတော်များ ဦစားပေးရန်ဆိုတဲ့ ထိုင်ခုံနေရာမှာငနဲ၃ကောင် နို့ပုံးကိုယ်စီနဲ့အခန့်သားထိုင်နေကျတယ် ထားပါတော့သ သံဃာတော်မှ မကြွသေးတာရပါတယ်….နေလေးအတော်ထွက်တော့ သံဃာတွေဆွမ်းခံပြန်ကြွလာပါတော့တယ်…နေ့ဆွမ်းလေးမှီအောင် ပေါ့ဒီလိုနဲ့ သဘာဝမကြတဲ့ ဖြစ်ရပ်က ကျွန်တော် ကိုဒေါ သဖြစ်စေခဲ့တာအမှန်ဘဲ စပယ်ယာခေါ်၊ကားယဉ်နောက်လိုက်က ရဟန်းတပါးတက်လာတာတွေ့တယ် ဟောနောက်တပါးတက်လာတာတွေတယ် ပိုက်ဆံတပြားမှ မယူဘဲကုသိုလ်ယူတာ ဂုဏ်ယုူစရာပါ..။သိုသော်ရဟန်းဦးစားပေးနေရာမှာထိုင်နေတဲ့ငနဲ ၃ကောင်ကိုနေရာမဖယ်ခိုင်းတာကိုတွေရတော့ထိုင်နေတဲ့ ကောင်တွေရောစပါယ်ယာရော့ကိုယ်ပါဒေါသနဲ့ ဟေ့ မင်းတို့တတွေမိုက်ရိုင်းလိုက်တာ ရဟန်းတွေထိုင်ရမဲ့နေရမှာ လူတွေထိုင်နေ တာ မဖယ်ခိုင်းတာတော့လွန်တယ်နော် ၊ထိုင်နေတဲ့လူတွေကလည်းနားမလည်ဘူလား လို့ပြောလိုက်မှ နေရာကဖယ်ပေး ခိုက်ပါတော့တယ်.။ပြောချင်တာက ကားပေါ်မှာရဟန်းနေရာမှ မဟုတ်ဘူးနော်ကျန်တဲ့လူတွေလဲနေရာပေးသင့်တာပေါ့.ဥပမာ လူနာ၊ကိုယ်ဝန်ဆောင်၊သက်ကြီးရွယ်အို၊ကလေးသူငယ် အစရှိသဖြင့်ပေါ့….။
နောက်တခုက နတ်မောက်ကျောင်းကအပြန် ရုံးဆင်းလာတဲ့ အမတယောက်ကိုကိုယ်တော် ငနဲ့သားတကောင်က နှမသားချင်းမိုက်ရိုင်းချင်းတွေ လုပ်နေတယ်ကားပေါ်မှာပါဘဲ အနောက်ဘက်ကနေလုပ်ဒီလုပ် ပြောရမှာ ရိုင်းပါတယ်ဘတ်စကားစီးသူတွေသူတွေမျက်လုံးထဲမြင်နှိုင်ပါလိမ့်မယ်..။ပထမက ရီစားတွေစိတ်ဆိုးကြလို့ငနဲကလိုက်ချော့ နေတာမှတ်လို့ ဘယ်ဟုတ်မှာလဲမိုက်ရိုင်းနေတာဗျ…တောက်!သူငယ်ချင်းတွေပါပြလိုက်တော့ ဖဲ့မယ်ခွဲမယ်တွေဖြစ်ကုန်ရောဒါနဲ့ ကျွန်တော်ကစပြီးဟေ့လူခင်ဗျား ဘာလုပ်တာလဲလို့မေးတော့ဘုကြည့်ပြန်ကြည့်တယ်..တချိန်ထဲမှာဘဲ ကျွန်တော် တို့ကားပေါ်ကဆွဲချလိုက်တယ် အဲဒီအမလဲ လိုက်ဆင်းလာပြီး ဘာမပြောညာမပြောနဲ့ လက်ထဲမှာ ပါလာတဲ့စတီးဂျိုက်နဲ့ ကြွေးထဲလိုက်တာမှ ငနဲမျက်နှာတခု လုံးခောတ် အဌာနဲ့ပြောရင် ရာသီလာပြီးထွက်ပြေးပါလေ သတည်း..ပြန်သုံးသပ်ကြည့်တော့မိန်းကလေးကလည်းဖြစ် အရှက် ကလဲလွန်ဒေါသကလဲ ထွက်တော့ နဲ သားခမြာ အရှက်လဲရ၊ဒဏ်ရာလဲဖြစ်ပြီး အဆော်ခံရတာနည်းသေးတာပေါ့….နောက်တက်တဲ့တို့လူငယ်တွေလဲ အမှန်၊အမှား ကို သိပြီးဘာသာနဲ့လူမျိုး ကိုကာကွယ်စေချင်တာ ကျွန်တော်ရဲ့ဆန္ဒပါ….။

2 comments

  • Pa Pa

    August 7, 2010 at 12:32 am

    When I was young I am also happend like that…

  • nay phonehlan

    August 7, 2010 at 4:36 am

    BIGCAT give me comment for my new post ok?

Leave a Reply