မကွေးမြို့တွင် ကလေးသမဂ္ဂ ကျင်းပ

Thiha Phone MoNovember 22, 20131min1280

ချောက်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

    ချောက်မြို့၊ဗဟိုကွက်သစ်ရပ်ရှိ သာသနာ့ဗိမ္မာန်တွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၁၀)နာရီချိန်က လွှတ်တော်ကိုယ်စားလှယ် များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ ဦးစောဝင်းမောင် မှ ၁၃၀ဝ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီသို့ အလှူငွေ ကျပ်(၅)သိန်းပေးအပ်ခဲ့ပြီးနောက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ငြိမ်း ကလွှတ်တော်အတွေ့အကြုံရှင်း လင်းတင်ပြခြင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် မှလွှတ်တော်အတွေ့အကြုံများရှင်းလင်းခြင်း၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးမှမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်ချက်များရှင်းလင်းတင် ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။တက်ရောက်လာကြသူများမှ ကျေးလက်ဒေသရေရရှိရေး၊လျှပ်စစ်မီးရရှိရေး၊ဟောင်းနွမ်းဆွေးမြေ့နေသည့် ကျေးလက်ဒေသဆေးပေးခန်းများ ပြန်လည်ပြုပြင်မွမ်းမံပေးရေး၊ချောင်းတက်ကျေးရွာ မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ် ပေးရေး၊ချောက်မြို့ပေါ်တွင် ယာဉ်၊လမ်းစည်းကမ်းစနစ်တကျဆောင်ရွက်ပေးရေးတို့အားတင်ပြဆွေးနွေးခဲ့ကြောင်း၊အခမ်းအနား သို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာများမှ(၂၀)ဦး၊ ၁၃၀ဝ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီဝင် (၂၀၀)ကျော်နှင့်ပြည်သူလူထု(၁၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့အခမ်းအနား မကွေးမြို့တွင်ကျင်းပ

     မကွေးမြို့၊စိုးကောမင်းရပ်ကွက် အထက(၁)လမ်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် နိုဝင်ဘာ(၂၀) ရက်နေ့နံနက်(၉)နာရီချိန်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှစ်ပတ်လည်နေ့အခမ်း အနားအားကျင်းပပြုလုပ်ခဲ့သည်။အခမ်းနားတွင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း မှအဖွင့် အမှာစကားပြောကြာခဲ့ပြီးနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးဇော်မင်း မှ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထိုနောက် မူလတန်းကြိုကျောင်းများရှိ ကလေးသူငယ်များမှတေး သရုပ်ဖော်များနှင့် ကပြဖျော်ဖြေခဲ့ကြသည်။အခမ်းအနာသို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေး၊တိုင်းဒေသကြီး ကြက်ခြေ နီဦးစီးမှူး ဦးကျော်နိုင်ဦး၊တိုင်းဒေသကြီးပညာရေးဦးစီးဌာန ဒုညွှန်မှူး ဒေါ်ဝင်းဝင်းရီ၊တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းစိန်၊တိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန ဒုညွှန်မှူး ဦးသိန်းဌေး၊တိုင်းဒေသကြီးအလုပ်သမားဦးစီးဌာန ဦးစီးမှူး ဒေါ်မြမြထွေး၊တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုညွှန်မှူး ဦးညွှန့်နိုင်၊လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့မှစီမံကိန်းအရာရှိ ဦးနေဝင်းကို၊ မကွေး၊ရေနံချောင်း၊ချောက်၊မင်းဘူးမြို့နယ်များရှိ မူလတန်းကြိုကျောင်းများ မှကလေးငယ်များ၊ဆရာ၊ဆရာမများ၊မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။