စိတ်ဝင်စားဖို့ကောင်းတဲ့ လင်းဇင်းဆည်ကြီးကြောင့် နှေ၏စ်ပေါင်း ၈ဝ ကျော် ရေမရခဲ့တဲ့ စိုက်ပျိုးမြေ များဖြစ်ထွန်းနေလျှက်ရှိနေပြီ

Hlaing Zar ChiNovember 22, 20131min730

မကွေးတိုင်းဒေသကြီးရှိ လင်းဇင်းဆည်ကြီးကြောင့် မြေဧက ၃ သောင်းကျော်စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိ

          စလင်းတမံနှင့်လင်းဇင်းကြားမှာ ဆည်ရေသောက်လယ်ဧကပေါင်း ၄၀၀ဝ ကျော်ရှိသည့်အနက် အခုလို လင်းဇင်းရေဆည်ရေသောက်စနစ်ပြုပြင်ပြောင်းလဲမှုတို့ကြောင့် တောင်သူလယ်သမားတို့မှာ ယခုနှစ်တွင် နှမ်းတင်း ၁၅၀ဝ လောက်ရရှိကြသဖြင့်တောင်သူလယ်သမားများမှာ အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လာကြ သဖြင့် နှစ်ပေါင်းများစွာ ရေရရှိမှုမရှိခဲ့သောရွာများမှ ယခုကဲ့သို့ နှမ်း ၊စပါးဧကများ အထွက်တိုးလာကြသည်မှာ ရွာသူရွာသားများပျော်ရွင်မဆုံးဖြစ်နေကြသည်။၂၀၁၃ ခုနှစ်တွင် အရှိန်အဟုန်မြင့်၍ တူးမြောင်း များရေစီး ရေလာကောင်းမွန် လာရုံသာမကမြောင်းဘောင် တစ်လျှောက်မြေ နီကျောက်စရစ်ခင်းခြင်းနှင့်ရေမတိုက်စားစေရန် မြက်ပင်များစိုက်ပျိုးခြင်း၊ရေမြောင်းမကြီးနှင့်ဆက်သွယ်မှုများကို စနစ်တကျ ပြုပြင်မွန်းမံ လျှက်ရှိသဖြင့် စလင်းမြို့နယ် အတွင်း ရှိ ကျေးရွာတောင်သူ လယ်သမား များ၏ အဓိကမရှိမဖြစ် မှီခိုအားထားရာ ရေမြောင်း ဆည်ကြီးဖြစ်လာသဖြင့် လယ်မြေများအဖြစ်ပြောင်းလဲစိုက်ပျိုးလာနိုင်မှာ ဖြစ်သဖြင့် လင်းဇင်း ဆည်ကြီး ပြီးစီးပါက လယ်ယာ ၃၄၃၃၂ ဧကနှင့်ယာမြေဧရိယာ (၂၀၀၀)ကျော်ကိုလည်း လယ်မြေ အဖြစ် စိုက်ပျိုး နိုင်တော့မည် ရေနှုတ်မြောင်းများလင်းဇင်းဆည်ရေသောက်ဧရိယာအတွင်းရှိ ရေနှုတ်မြောင်းများကို ပြန်လည်ရှင်းလင်းတူးဖော်ပေးခဲ့သဖြင့် လယ်ယာမြေ များ ရေနစ်မြုပ်မှုမှ ကင်းဝေစေခဲ့ပြီး လယ်ကြားမြောင်းများ တူးဖော်ပေးခဲ့သဖြင့် သန့်ရှင်းသောရေများကို ရရှိသည်။ဟိုအရင်တုန်းက လယ်ကြားမြောင်းကြားများ တူးဖော်ခြင်းမရှိ ၊သန့်ရှင်းမှု မရှိခြင်း များကြောင့် ရေများ ရရှိသင့်သလောက် ရေမရကြဘဲ ရေလေလွင့်ဆုံးရှုံးမှုများ ရှိပြီး ယခုအခါ ဆည်မှလွှတ်ပေးသောရေများကို စည်းကမ်းစနစ်ကျမှုဖြင့် တောင်သူများက လိုက်နာ ဆောင်ရွက်ခြင်း မရှိကြ သဖြင့် ရေများ အလဟသ ဆုံးရှုံးနေကြရသည်။

          လင်းဇင်းဆည် ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၁/၂၀၁၂ ခုနှစ်မှ စ၍ ဆောင်ရွက်ခဲ့ကြသည်။ ဒီလိုနှစ်ရှည်လများစွာ တောင့်တင်းခိုင်မာစွာ ရှိနေသည်မှာ တည်ဆောက်မှုနည်းပညာနှင့် သုံးစွဲသောပစ္စည်း အရည်အသွေးများကောင်းမွန်ခြင်းကြောင့် ယနေ့ထိတိုင် နှစ်ပေါင်းရှစ်ဆယ်ကျော်ကြာမြင့် ခဲ့သော ရေတလျှောက်ကြီး ၏ အလျား ပေ ၆၅ဝ ရှည်ပြီး အကျယ် ၁၄ ပေရှိသည့် ရေလွှဲဆည်ကြီးမှာပုံမှန် ရေ ၆ ပေပေးရတဲ့ ဆည်တွေကတဆင့် စလင်းမြောင်းမကြီးမှ ဧကပေါင်း ၃ သောင်းကျော်ကို ရေရရှိနိုင်ဖို့ အတွက် လင်းဇင်းရေတလျှောက်ကြီးက နေ့စဉ် ရေများ သက်တမ်းရှည်ကြစွာ အသုံးပြုနိုင်ရေးအတွက်ယာဉ်များ ယာဉ်ကြီးများ  ခိုးမောင်း၍ မရအောင် ဂ ကွေ့ လမ်းချိုးလေးများထားပြီး ရှေးယခင်ကပင်နည်းပညာဖြင့် တည်ဆောက် ခဲ့ကြောင်း၊လင်းဇင်းရေတလျှောက်ကြီးမှာ သက်တမ်း ၈ဝ ကျော်ကြာမြင့်သော်လည်း အရည်အသွေးကောင်းသော နည်းပညာများဖြင့် တည်ဆောက်သွားခြင်းကြောင့် ယခုခေတ် နည်းပညာရှင်များပင် အတုခိုးလောက်အောင် ကောင်းမွန်သောကြောင့် လင်းဇင်းဆည်၏ ရေပေးဝေမှုမှာ အခက်အခဲမရှိခဲ့ကြောင်း လင်းဇင်းရေလွှဲဆည်မှ တာဝန်ရှိသူ ဦးစီးမှူးဦးမောင်စိုးမှ ပြောပြသည်။