တောင်တွင်းကြီးမြို့တွင် ဖခင်ဖြစ်သူမှသမီးအရင်းဖြစ်သူအားသားမယားပြုကျင့်မှုဖြစ်ပွား

   တောင်တွင်းကြီးမြို့ နေ တရာလို ဒေါ်အေးမြင့်၊အသက်(၄၅)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ယောက်မတော်စပ်သူ မဝင်းခိုင်ရောက်ရှိလာပြီး ဒေါ်အေးမြင့်၏တူမအရင်းဖြစ်သူ အသက်(၁၄)နှစ်အရွယ်မိန်းကလေးအား ၏ဖခင်ရင်းတော်စပ်သူ ဦးသုခ မှသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရ၍ တူမဖြစ်သူအားခေါ်ယူမေးမြန်းရာတွင် တူမဖြစ်သူမှ အောက်တိုဘာ(၇)ရက်နေ့နေ့လည်(၂)နာရီချိန်က ဖခင်ဖြစ်သူ ဦးသုခရှိရာဈေးအပြင်ဘက်ရှိ ဆိုက္ကားဂိတ်သို့ ဈေးဘိုးငွေသွားရောက်တောင်းခဲ့ရာ ဖခင်ဖြစ်သူမှလူစီးသွားခေါ်မည်ပြောသဖြင့်ဆိုက္ကားဖြင့်လိုက်ပါသွားခဲ့ကြောင်း၊တောင်ပြင်(၂) ရပ်ကွက်၊အတွင်းစည်းခုံဘုရားအနီးအရောက်တွင် ဆိုက္ကားအားရပ်၍ချုံပုတ်အတွင်းသို့သမီးဖြစ်သူအားဆွဲခေါ်ကာ ဖခင်ဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊မိခင်ဖြစ်သူအားတိုင်ကြားလျှင်သတ်ပစ်မည်ဟုပြောဆိုသဖြင့်ဖခင်အားကြောက်၍မပြောဘဲ နေခဲ့ကြောင်းအဒေါ်ဖြစ်သူ ဒေါ်အေးမြင့်အားပြန်လည်ပြောပြသိရှိရသဖြင့်  အလိုမတူဘဲသားမယားပြုကျင့်သူ ဦးသုခအားအရေး ယူပေးပါရန် နိုဝင်ဘာ(၁၃)ရက်နေ့နေ့လည်(၃)နာရီချိန်တွင် အဒေါ်ဖြစ်သူ ဒေါ်အေးမြင့်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၂၁၂/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။

မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ မှန်လုံယာဉ်ပေါ်မှဖဲလောင်းကစားပြုသူများဖမ်းဆီး

        မကွေးမြို့၊ရန်ဝေးရပ်၊ကားကြီးကွင်းအတွင်းရှိ ရွှေမန်းသူကားဂိတ်ရှေ့တွင်ရပ်ထားသော ၅ဂ/၉၈၅၂၊ YUDONG အမျိုးအစားမှန်လုံယာဉ်ပေါ်တွင်နိုဝင်ဘာ(၁၃)ရက်နေ့နေ့လည်(၂)နာရီ(၁၅)မိနစ်ချိန်က ဖဲဝိုင်းလောင်းကစားပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှဖုန်းဖြင့်သတင်းပေးချက်အရ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၁/၂၀၁၃) ဖြင့် မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းနိုင်နှင့်အဖွဲ့မှသက်သေများနှင့်အတူသွားရောက်ဖမ်းဆီးခဲ့ကြောင်း ယာဉ်ပိုင်ရှင် လွင်ဦး၊ အသက်(၄၇)နှစ်ရန်ကုန်မြို့နေသူ၏ယာဉ်ပေါ်တွင် လွင်ဦးယာဉ်မောင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း) ရန်ကုန်မြို့နေသူ၊ ညီညီအောင်၊ အသက်(၂၄)နှစ်၊ယာဉ်မောင်းအကူ၊ရန်ကုန်မြို့နေသူ၊အောင်နိုင်ဌေး၊အသက်(၃၃)နှစ်၊ယာဉ်မောင်း၊မင်းလှမြို့နေသူ၊တင်ဝင်း၊အသက်(၅၉)နှစ်၊ယာဉ်ကြီးကြပ်၊ရန်ကုန်မြို့နေသူတို့(၄)ဦးအား ဖဲလောင်းကစားနေသည်ကို တွေ့ရှိရပြီးဖဲလောင်း ကစား ရာတွင် အသုံးပြုသော လောင်းကစားပစ္စည်းများနှင့်ငွေ ကျပ်(၆၁၂၅၀)တို့အားသိမ်းဆည်းရမိခဲ့ကြောင်း ၊လောင်းကစားပြုလုပ်သူ လွင်ဦး၊ညီညီအောင်၊အောင်နိုင်ဌေး၊တင်ဝင်းနှင့်ယာဉ်ပိုင်ရှင် လွင်ဦးတို့အား ဒုရဲအုပ် မင်းနိုင်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ (ပ)၂၀၆/၂၀၁၃၊လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ပေါက်မြို့နယ်တွင် အမျိုးသားတစ်ဦးနွားစာရိတ်ရန်သွာရာမှ ကြိုးဆွဲချသေဆုံးနေ

   မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်၊ထန်းတပင်ကျေးရွာတွင် နိုဝင်ဘာ(၁၃)ရက်နေ့နေ့လည်(၁)နာရီချိန်ကအမျိုးသားတစ် ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မောင်ဝင်းရွှေ၊အသက်(၅၃)နှစ်၊ထန်းတပင်ကျေးရွာပေါက်မြို့နယ်နေသူသည် အဆိုပါနေ့နံနက်(၈)နာရီချိန်က နွားစာရိတ်ရန်နေအိမ်မှထွက်သွားရာနေ့လည်(၁၁)နာရီချိန်ထိပြန်မရောက်လာသဖြင့်လိုက်လံ ရှာဖွေရာ ရွာ၏အရှေ့တစ်ဖာလုံခန့်အကွာတောစပ်ရှိ တမာပင်အမြင့်(၁၀)ပေခန့်ရှိ တမာကိုင်းလုံးပတ်(၆)လက်မခန့်တွင်ကြိုးဆွဲ ချသေဆုံးနေကြောင်းတွေ့ရှိရသဖြင့် အမျိုးသားသေဆုံးမှုအားဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် ပေါက်မြို့နယ်၊မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..