အ​မေ​ပြော​တော့ငယ်​​သေးတယ်​..​ရေချိုးမှသိမယ်​

ခရီးသည္ႀကီးNovember 23, 20131min33318

တခါတရံ၌ ​ရှေးလူကြီးများ​ပြောခဲ့​သော ဒန်​့ကျွဲပင်​ ပခက်​လွှဲဆိုသည်​ကို

ပြန်​လည်​သတိယမိသည်​ ။ ​ခေတ်​မှီတိုးတက်​ခြင်​းသည်​ လူမုှဝန်​းကျင်​ကို​ပြောင်​းလဲ​စေ​သော်​လည်​း

အကျိုးရှိစွာ​ပြောင်​းလဲခြင်​းနှင်​့ အကျိုးမဲ့ ​ပြောင်​းလဲခြင်​းဟူ၍

ကွဲပြားပါလိမ်​့ဦးမည်​ ။ အကျိုးမဲ့​စေ​သော ​ပြောင်​းလဲမုှများကို​တော့ စာ​ရေးသူအ​နေဖြင်​့ မကြိုဆိုပါ ။ အရာရာတိုင်​း​ပြောင်​းလဲလျှင်​

​ကောင်​းသွားမည်​ဟုလည်​းမထင်​ပါ။

အထူးသဖြင်​့ဆိုရ​သော်​ အိမ်​​ထောင်​သား​မွေး ၊ ချစ်​သူရှာခြင်​း နှင်​့

လူ​နေမုှ ပုံသဏ္ဍန်​စရိုက်​တို့ဖြစ်​​လေသည်​ ။ ​ပြောင်​းလဲတိုးတက်​ရမည်​ဆို​သော်​လည်​း ​ခေတ်​မှီတိုးတက်​​သော အ​နောက်​နိုင်​ငံကြီးများကို

တိုက်​ရိုက်​ကူးချသည်​ထက်​ မိမိတို့နှင်​့သင်​့​တော်​သည်​့အ​နေအထားအလိုက်​မြန်​မာမုှပြုသင်​့သည်​ဟုထင်​ပါသည်​။

 

လူအများစုကြား၌​ခေတ်​စား၍အသုံးများကြသည်​မှာ ​ဖေ့စ်​ဘွတ်​ ဖြစ်​သည်​။

မြန်​မာပြည်​ကွန်​နက်​ရှင်​ဖြင်​့ အဆင်​​ပြေသည်​ကတ​ကြောင်​း၊အသုံးပြုရလွယ်​သည်​ကတ​ကြောင်​း ​ကြောင်​့ ​တောရွာများမှာပါ အသုံးပြု​နေကြသည်​။

ထိုမျှပင်​မက က​လေးများပါတွင်​တွင်​ကျယ်​ကျယ်​အသုံးပြု​နေ​ကြောင်​းကြားသိရပြန်​သည်။

အများသိပြီးသည်​့အတိုင်​း ဆိုရှယ်​ဝဘ်​ဆိုဒ်​ဖြစ်​သည်​နှင်​့အညီ လွတ်​လပ်​ခြင်​းနှင်​့အတူ

သန်​း​ပေါင်​းများစွာ​သော အ​ကောင်​့များ​ထွေး​ရောယှက်​တင်​ ပါဝင်​​နေရာ အသုံးပြု​သောသူ၏ ပုံသဏ္ဍန်​ကိုလိုက်​၍ အဆိုးအ​ကောင်​းတို့ဒွန်​တွဲလျှက်​ရှိ​လေသည်​ ။

 

အွန်​လိုင်​းချစ်​သူ၊ အွန်​လိုင်​းလင်​မယားတို့မှာ အရွယ်​​ရောက်​ပြီးသူတို့အတွက်​ ​ပြောစရာမရှိ​သော်​လည်​း

အသက်​ ၁၂ နှစ်​ ၁၃ နှစ်​ ၁၄ နှစ်​ အရွယ်​အတွက်​ ဆိုပါက

အလွန်​့အလွန်​ ​စော​နေပါလိမ်​့မည်​ ။ ယခု​ခေတ်​ ထိုသို့​သောအရွယ်​​လေးများသည်​ အွန်​လိုင်​း​ပေါ်တွင်​

​နေရာယူ​နေကြ​လေပြီ ။ မိမိကိုယ်​ကို အပျိုဖားဖားကြီးအသွင်​ယူ၍

ဓတ်​ပုံများစွာ တင်​ကြသည်​ ။ စာ​ရေးသူအ​နေ ဖြင့် ပြင်​ပတွင်​ သိကျွမ်​း​နေ​သော က​လေးမ​လေးများဆိုလျှင်​

​Fb ​ပေါ်တွင်​မမှတ်​မိခဲ့ပါ။ သူတို့အား အရွယ်​​ရောက်​ပြီးအပျိုကြီးများဟု ထင်​မိပါ​သေးသည်​ ။

 

လွန်​ခဲ့​သော လအနည်​းငယ်​က မိတ်​​ဆွေဖြစ်​သူ၏​ပြောပြချက်​အရ ဖြစ်​ရပ်​မှန်​ဇတ်​လမ်​းတစ်​ခုအား

သိခဲ့ရသည်​ ။

ထိုသို့​သောဇတ်​လမ်​းများ အများအပြားရှိကြမည်​ကိုလည်​း ယုံမှားသံသယမရှိပါ ။ ဖြစ်​ရပ်​ကို​ပြောရပါလျှင်​ …

ခုနှစ်​တန်​းအရွယ်​သမီးငယ်​​လေးအား မိဘများမှ စု​ပေါင်​းကျူရှင်​ပြ​သောဝိုင်​းသို့ လာပို့​ပေးပါသည်​ ။

မိဘအလစ်​တွင်​ က​လေးမ​လေးမှာ ကျူရှင်​သို့မတက်ပဲ သူ့ရွယ်​တူ​ကောင်​​လေးနှင်​့ချိန်​း​တွေ့သည်​ ။မကြာခဏလည်​း​ကျောင်​း​ပြေးပြီး ချိန်​း​တွေ့ကြသည်​ ။ ကျူရှင်​သို့လည်​း မကြာမကြာပျက်​ကွက်​သဖြင်​့ မထူးခြားသလိုဖြစ်​​နေသည်​ ။ သို့နင်​့…

မိဘများက ကံ​ကောင်​းစွာသိရှိပြီး​နောက်​ ​မေးမြန်​​းစုံစမ်​း​လေ​သောအခါ

​ဖေ့စ်​ဘွတ်​ တွင်​​တွေ့ပြီး ရီးစားဖြစ်​ကြသည်​ ဟု သိရ​လေသည်​ ။

 

စာ​ရေးသူသည်​ အွန်​လိုင်​းသုံးခြင်​းကို မကန်​့ကွက်​ပါ ။

သို့​သော်​ … သင်​့​တော်​သည်​့ ကြီးကြပ်​ထိန်​းသိမ်​းမုှ​တော့ ရှိသင်​့သည်​ထင်​ပါသည်​ ။

ယ​နေ့​ကျောင်​းများ ကျူရှင်​စာသင်​ဝိုင်​းများသည်​လည်​း ​ကျောင်​းသား​ကျောင်​းသူတစ်​​ယောက်​မလာလျှင်​

အိမ်​သို့ ​မေးမြန်​းစုံစမ်​းသင်​့သည်​ ။ ပိုက်​ဆံရပြီး လျှင်​ပြီး​ရော ဟု ​မေ့​မေ့​ပျောက်​​ပျောက်​သ​ဘောမထားသင်​့ပါ ။

ထို့အတူ .. ​တွေ့ဖူး​သောဖြစ်​ရပ်​တစ်​ခုကို ဥပမာထားဆိုရပါလျှင်​ ….

လွန်​ခဲ့​သော ၃ နှစ်​ခန်​့က ​မြောက်​ဥက္ကလာရှိတည်​းခိုခန်​းတစ်​ခုအတွင်​းမှ

အဖြူအစိမ်​းဝတ်​စုံဖြင်​့ က​လေးစုံတွဲထွက်​လာသည်​ကိုမြင်​ခဲ့ဖူးပါသည်​ ။

ထိုသို့​သော တည်​းခိုခန်​းများ ၊ဟိုတယ်​ မိုတယ်​.အင်​း များအ​နေဖြင်​့ ​ငွေရ​ရေးကိုဦးစားမ​ပေးပဲ

သားသမီးခြင်​းကိုယ်​ခြင်​းမစာသင်​့သ​လော …။

​​ခေတ်​ကို အပြစ်​မတင်​ပါ ။ စံနစ်​ကိုလည်​း အပြစ်​မတင်​ပါ။

လူသာ ပဓာနကျသည်​ဟု ဆိုချင်​ပါသည်​ ။

မိမိနှင်​့တကွ ပတ်​ဝန်​းကျင်​ကပါ ဝိုင်​းဝန်​းပြုပြင်​ထိန်​းသိမ်​းပါက

ဆိုးဆိုး ဝါးဝါးဖြစ်​မည်​မဟုတ်​ပါ။

 

သီးချိန်​တန်​သီး ၊ ပွင်​့ချိန်​တန်ပွင့် ဆို​သော်​လည်​း ….

ဤအရွယ်​​လေးများ က​လေးအ​ဖေ ၊က​လေးအ​မေ၊ ဖြစ်​လာကြမည်​ဆိုပါလျှင်​ ​​ဒန်​့ကျွဲပင်​ပခက်​ဆင်​ ဟူ​သော​ရှေးစကား မှန်​​နေပါလိမ်​့မည်​ ။

ထိုစကား ကို စာ​ရေးသူတို့ ​တော်​လှန်​ရန်​ မသင်​့​ပေသ​လော ။

​လေတိုက်​တိုင်​း.၊သစ်​ရွက်​လှုပ်​တိုင်​း စိတ်​ကစားတတ်​​သော ဤလူမမယ်​အ​ပျို​ဖော်​ဝင်​စ​ သားသမီး​လေးများက်ို

စာ​ရေးသူတို့အ​နေဖြင်​့ သင်​့​တော်​သလိုကူညီထိန်​းသိမ်​းလမ်​းညွှန်​ရန်​ မသင်​့ပါသ​လော ..။

လစ်​ဗင်​းတူဂဲသားကို အလွဲသုံးစားလုပ်​​လေ့ရှိ​သော စာ​ရေးသူတို့နိုင်​ငံတွင်​ အရွယ်​မ​ရောက်​​သေး​သော က​လေးသူငယ်​များအား

အလွဲသုံးစား မစမ်​းသပ်​​စေချင်​​ပေ ။

မည်​သို့​သော နည်​းလမ်​းများဖြင်​့ လမ်​းညွှန်​သင်​့သည်​ကို မိဘများနှင်​့ ပတ်​ဝန်​းကျင်​မှ ​ဆောင်​ရွက်​နိုင်​ပါက… မီးတစ်​မီး​တော့ ငြိမ်​းမည်​ထင်​ပါသည်​ ။

 

 

 

 

18 comments

  • kyeemite

    November 23, 2013 at 1:41 pm

    ……ခေါင်းစဉ်ဖတ်ကြည့်ပြီး လန့်တာ..ခရီးသည်ကြီးရာ…
    သမီမိန်းကလေးမွေးထားသူမိဘများ ရင်တထိတ်ထိတ်နဲ့ မျက်လုံးဒေါက်ထောက်ကြည့်
    နေကြရပါသဗျား…

  • Mr. MarGa

    November 23, 2013 at 3:35 pm

    စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ်
    ဆင်ဆာ ဆင်ဆာနဲ့ ဒီသိကြား အော်နေတာ ဒါတွေမြင်လို့ပါ။
    အတုယူမှားရင် သိပ် ကြောက်စရာကောင်းတယ်နော်
    ဟိုးး အရင်တုန်းက မိဘတွေ မထိန်းနိုင်ရင်တောင် ပတ်ဝန်းကျင်က၊ ရပ်ကွက်က ဝိုင်းလို့ ဝန်းလို့ ပဲ့ပြင်ဆုံးမ ပေးကြတယ်။
    အခုတော့ ကိုယ့်အတွက် တစ်ခုပဲ ကြည့်တဲ့သူတွေ များလာတာဆိုတော့
    ဆုံးမမယ့်သူတွေ၊ အမြင်မတော်တာကို ဟန့်ပေး မာန်မဲပေးမယ့်သူတွေ ပျောက်ကုန်ပြီကိုး
    ဥပဒေတစ်ခုခုနဲ့ တိတိကျကျတော့ လုပ်ဖို့ လိုပြီ ထင့်
    အင်တာနက်ကို သွားပိတ်လို့ မရတော့
    ကိုယ်တွေကပဲ သူတို့ကို ပြန်ထိန်းရတော့မပေါ့……..
    နည်းပညာတွေ မျှဝေကြပါကုန်…

  • TNA

    November 23, 2013 at 4:26 pm

    အင်းမိဘတွေကလဲမိဘတွေပဲလေ ကိုယ့်သားသမီးဘာလုပ်နေသလဲတော့ အနဲဆုံးလေ့လာနေသင့် ပါတယ်။ ကိုယ့်သားသမီးပြောတိုင်းမယုံသင့်ပါဘူး။ နောက် ကျူရှင်ဆရာ တည်းခိုခန်း အထွေထွေအနေနဲ့ကတော့ ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။ ခေတ်ကြီးကိုက ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓါတ်တွေသွပ်သွင်းမှိုင်းတိုက်ခံခဲ့ရတော့ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးဘယ်လိုပြောရမယ်တောင်မှမသိ 😥

  • ည lay

    November 23, 2013 at 7:36 pm

    မလွယ်တဲ့ အရွယ် တယ်ခက်တယ် ဘိုလုပ် ရမလဲ ?

  • ရန်ကုန်သား

    November 23, 2013 at 7:52 pm

    ကလေးတွေ ရဲ့ အတွေးအခေါ်တွေ မြှင့်တင်နိုင်ဖို့ ပညာရေးစနစ်ကောင်းကောင်းလိုပါတယ်…
    စာများများ ဖတ်ဖို့ လိုပါတယ်…

  • တချို ့ကလေးတွေ.. စာများများဖတ်ကြပါတယ်..
    လူပျိုပေါက်ကလေးတွေပေါ့….
    ပန်းဆိုးတန်းစာအုပ်တန်းတွေဘက်ရောက်ရင်…
    ဘာညာစာအုပ်ရှိလား..ဆိုပြီး.မေးမေး..ဝယ်နေကြတဲ ့ ကောင်လေးတွေ.မှ အများကြီး..

    ကျွန်တော် အဲဒီ စာအုပ်တန်းဘက်..စာအုပ်အဟောင်းသွားငေးတိုင်းလည်း..
    ဘာညာစာအုပ်..ရှိတယ်..ယူမလား..လို ့ ကပ်တိုးလေးတွေ.လာလာမေးကြတဲ ့.. စာအုပ်ရောင်းသူတွေ..နဲ့
    ကြုံရတာ…
    စာပေလောကကြီး..လည်း..ချဉ်စူးစူး အနံ့တွေ..ရနေပါလားလို ့တောင်..တွေးမိတဲ့အထိ…

    ဒီတော့…
    စာများများ ဖတ်ဖို့လိုပါတယ်..
    စာပီသသော..စာ….

    :kwi:

  • ကြောင်ဝတုတ်

    November 25, 2013 at 9:45 am

    မတူသောအမြင်လို့ပဲဆိုရမလား… ကွဲပြားစွာခံစားခြင်းလို့ပဲပြောရမလား…
    ဒီနေရာမှာတစ်ခုလောက်တော့ပြောချင်ပါရဲ့…
    တကယ်ဆို ဒီအကြောင်းပြောချင်တာကြာပါပြီ… ပြောစရာအခွင့်အရေးမပေးသေးလို့ မပြောမိတာပါ…

    အရင်ဆုံးပြောချင်တဲ့ကိစ္စကတော့ဖြင့် ကလေးသူငယ်များအား လေ့ကျင့်သင်ကြားပေးခြင်းလို့
    ခေါင်းစဉ်တပ်ပါရစေ…
    ကျွန်တော်တို့က ကလေးငယ်များ… လူငယ်များကို လေ့ကျင့်သင်ကြားပေးရမှာ…
    တကယ်တန်း လက်တွေ့မှာ ကျွန်တော်တို့ခံစားခဲ့ရတာ… လက်ရှိမြင်တွေ့နေရတာအားလုံးက…
    ကလေးငယ်များ… လူငယ်များကို မိဘများ… ဆရာသမားများက ပုံသွင်းယူနေကြတာ…
    ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်… လေးထောင့်ပုံကို အဝိုင်းထဲရိုက်သွင်းမှတော့…
    ဘေးအနားသားနဲနဲတော့နာမယ်ပေါ့…
    အရင်ဆုံး ကျွန်တော်တို့ဖြစ်သင့်တဲ့အချက်က မင်္ဂလာပါဆရာမဆိုပြီး လက်ပိုက် ခေါင်းငုံထားရတဲ့…
    ကြိမ်တဝင့်ဝင့်နဲ့မို့ ပြန်မပြောရဲတဲ့ဘဝရောက်နေတဲ့ ကလေးသူငယ်များ… လူငယ်များရဲ့ဘဝကို…
    အရင်ဆုံးကယ်တင်ဖို့ပါပဲ…
    တနည်းအားဖြင့်ဆိုရရင်… စာသင်ခန်းနဲ့ နေအိမ်အတွင်းမှာရှိတဲ့ အာဏာရှင်စနစ်ကို
    အရင်ဆုံးဖျက်သိမ်းဖို့ပါပဲ…

    ကလေးသူငယ်တွေ… တည်းခိုခန်းရောက်တာ… အရက်ဆိုင်ရောက်တာ… ဆေးလိပ်သောက်တာ
    အဓိကတရားခံက ရောင်းချသူတွေတင်မပါဘူး… စာသင်ပေးနေတဲ့ဆရာဆရာမတွေ…
    စာကျက်စာဖတ်ဖို့ အချိန်တိုင်းတိုက်တွန်းနေတတ်တဲ့မိဘတွေလဲ တရားခံပါ…

    အရင်ဆုံးပြောရရင် မြန်မာနိုင်ငံစာသင်နည်းစနစ်…
    ကျောင်းနေပျော်၍ စာတော်ရမည်…
    ကျွန်တော့်ဘဝမှာ ၁ဝနှစ်လုံးလုံး အခြေခံပညာရေးစနစ်ထဲမှာနေထိုင်ခဲ့တယ်…
    ကျွန်တော်ကျောင်းနေမပျော်ခဲ့ပါဘူး… အဲ့လိုပဲ စာလဲမတော်ခဲ့ပါဘူး…
    ထပ်ပြောရရင် ကျောင်းဟာပျော်စရာလုံးလုံးမကောင်းခဲ့ဘူးလို့ပဲပြောရမှာပါ…
    စိတ်ဝင်စားစရာမကောင်းတဲ့ သင်ကြားမှုစနစ်ရဲ့နောက်ဆက်တွဲက ကျူရှင်ဆိုတာဖြစ်လာတယ်…
    ကျူရှင်တက်လို့ရော… မိမိရဲ့ကလေးစာပိုကြိုးစားလာမယ်ထင်မိပါသလား…
    စာပိုတတ်လာမယ်ထင်မိပါသလား…
    ကျူရှင်ဟာ တကယ်တော့ကလေးသူငယ်တွေရဲ့ ပျော်ရွှင်စွာကြီးပြင်းဖို့အချိန်တွေကို လျော့ကျအောင်
    လုပ်လိုက်တဲ့အဓိကတရားခံဖြစ်ပါတယ်…
    ကလေးငယ်တွေ ဘယ်မှာအပျော်ရှိပါသလဲ… ဘယ်မှာစိတ်ထွက်ပေါက်အဖြစ်ရှိမလဲ…
    ကျုပ်တို့တောင် တစ်နေ့ကို (၈)နာရီထက်ပိုပြီးအလုပ်လုပ်ရင် Stress တွေဖြစ်လာကြသေးတာ…
    တစ်နေ့ကို ၁ဝနာရီထက်ပိုပြီး စာသင်… စာကျက်လုပ်နေရတဲ့ ကလေးငယ်တွေအတွက်…
    Stress မရှိဘူး… အချိန်တန်ထမင်းစားရတယ်… ဘာအလုပ်မှမရှိလို့ စာပဲကျက်… စာပဲဖတ်လို့
    လုပ်လို့မရဘူး… သူတို့လေးတွေလဲ သွေးနဲ့ကိုယ်… သားနဲ့ကိုယ်ပါပဲ…

    အဲဒီတော့ ကျောင်းနေပျော်စေရေး… အရင်ဆုံးလုပ်ရပါ့မယ်…
    အတန်းထဲမှာ အဆင့် (၁)ရဖို့ ကလေးငယ်တစ်ယောက်ရဲ့ ပျော်ရွှင်လှပတဲ့ငယ်ရွယ်မှုဘဝတစ်ခုလုံး
    စတေးခံလို်က်ရအောင် တန်ပါသလားလို့ ပြန်စဉ်းစားစေချင်တယ်…

    ကျောင်းမပျော်ရွှင်တဲ့ကလေးငယ်တစ်ယောက်ကို… အလုပ်မှာမပျော်ရွှင်တဲ့ဝန်ထမ်းတစ်ဦးအဖြစ်
    စိတ်ကူးကြည့်ပါ… အလုပ်ကနေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူမယ်…
    အိမ်မှာအိမ်ချင်အိပ်မယ်… အပြင်သွားချင်သွားမယ်…
    ကလေးငယ်ကျတော့ ကျောင်းကလစ်ရင် အိမ်ပြန်လို့မဖြစ်ဘူးလေ… အဲဒီတော့ တခြားသောနေရာတွေသွားမယ်… ဒါဆိုရင် ကလေးတွေလမ်းမှားရောက်ဖို့ အခွင့်အရေးပိုများလာပြီ…

    ကလေးသူငယ်တွေ လမ်းမှားရောက်အောင်တွန်းပို့နေတာ… လမ်းဘေးက ဆင်ဆာမဲ့တွေမဟုတ်ဘူး…
    လူကြီးစာပေတွေမဟုတ်ဘူး… ကျန်းမာရေးဗဟုသုတမပေးတဲ့… ကျောင်းမှာပျော်အောင်စာမသင်ပေးနိုင်တဲ့…
    အားနေကျူရှင်ပဲပို့တတ်တဲ့သူတွေကြောင့်က ပိုများပါတယ်…

    နောက်တစ်ခုက လူအကြောင်းကို လူဖြစ်တဲ့ကလေးငယ်တွေမသိအောင် မျက်စိပိတ်ထားခြင်း…
    လိင်ကိစ္စတွေကို အသက်အရွယ်အလိုက် အသိပညာပေးရပါမယ်…
    သွေးသားအရ လိင်ကိစ္စကိုတောင်းတတဲ့အချိန်မှာ ကလေးငယ်တွေမှာ အသင့်ဖြစ်နေဖို့အရေးကြီးပါတယ်…
    မဟုတ်ရင်တော့ နဂိုကမှ ရှက်ရမယ်… ကြောက်ရမယ်ဆိုပြီး ဖုံးကွယ်ထား… မျက်စိပိတ်ထားကာမှ…
    ဒီပြသနာနဲ့ဒဲ့တိုးလာကြုံရတော့ ကလေးတွေခမြာ… သားမိုက်… သမီးမိုက်တွေဖြစ်ကြရပြန်ရော…

    အဲဒီအကြောင်းကို လက်တွေ့ပြပါ့မယ်…
    ဆင်းရဲတဲ့မိသားစုတွေမှာ ချမ်းသာတဲ့မိသားစုတွေထက် ကလေးပိုများတဲ့ဥပမာကိုကြည့်ကြပါ…
    ဆင်းရဲတဲ့မိသားစုမှာ Entertainment အတွက် လိင်ကိစ္စကိုပဲ ဦးစားပေးကြရတဲ့အပြင်… ကျန်းမာရေးဗဟုသုတလဲမရှိသမို့ ဆိုင်းဝိုင်းကဗုံလေးများစီထားသလို… ဟောတစ်ယောက်… ဟောတစ်ယောက်
    ဖြစ်ကြရပါတယ်…

    ကလေးငယ်များမှာလဲ ဒီလိုပါပဲ…
    သူတို့ဘဝမှာ သူတို့ခံနိုင်ဝန်… သူတို့အမှန်တကယ်ခံစားနေရသော စိတ်ခံစားမှုထက်
    ပိုမိုတဲ့ စာသင်စာကျက်အလုပ်တွေဝံပိလာတဲ့အချိန်မှာ…
    သူတို့သွေးသားနဲ့ Entertainment လုပ်လာပါတော့တယ်…
    ကျောင်းတွေ… ကျူရှင်တွေကနေ လစ်ထွက်လာပါတော့တယ်…

    ကျောင်းသားလူငယ်တွေရဲ့ Stress ကို လျော့ချပေးရင်း…
    လူငယ်တွေအတွက် တကယ့်ဘဝမှာ အသုံးတည့်မယ့်ပညာရေးကိုချထားပေးရင်း…
    ကျောင်းနေပျော်စေရန်ဖန်တီးပေးဖို့ဟာ…
    မိဘတွေ… ဆရာဆရာမတွေနဲ့… ပညာရေးကိုတာဝန်ယူထားတဲ့ အဖွဲ့အစည်း… လူပုဂ္ဂိုဟ်တို့ရဲ့
    တာဝန်မကင်းဘူးဆိုတာ စဉ်းစားမိစေရန် ရည်ရွယ်ပါတယ်ခင်ဗျား…

    ဖက်ဖက်ကက်

    • အရီးခင်

      November 25, 2013 at 4:35 pm

      ချစ်သော ကြောင်ဝလေး ကပြောတယ်။
      {စာသင်ပေးနေတဲ့ဆရာဆရာမတွေ…
      စာကျက်စာဖတ်ဖို့ အချိန်တိုင်းတိုက်တွန်းနေတတ်တဲ့မိဘတွေလဲ တရားခံပါ…} တဲ့။

      ဒါကတော့ နည်းမှား လမ်းမှား ပေးနေတာရော၊ ကိုယ်တိုင်က ရှေ့က မော်ဒယ်ကောင်း လုပ်မပြဘဲ ကလေး ကိုချည်း ဖိတွန်း နေလို့ ရောပါ။
      ဥပမာ – ကလေးတွေ ကို ကိုရီးယားကား မကြည့်စေချင်ရင် မိဘတွေ ကလဲ မကြည့်မှဖြစ်မှာပါ။
      ကလေးတွေ ငယ်တုန်း မှာ အဆိပ်အတောက် အာရုံတွေ မဝင်အောင် အတွက်က အကျိုးရှိနိုင်မဲ့ အကြောင်း တွေ နဲ့ ကလေး ကို အချိန်ပြည့် အလုပ်ရှုပ်ပေး နေသင့်တာအမှန်ပါ။

      ဟိုးအရင်ကပြောခဲ့ကြဘူးသလို
      နောက် အသုံးမကျတာ သူ့ရှေ့က အသုံးမကျခဲ့လို့ ဆိုတာလဲ တစ်ကြောင်း။
      ကလေး လမ်းမှားတာ ကျန်တာ အသာထား မိဘ အသုံးမကျ လို့ ဆိုတာ ကတော့ ငြင်းမရပါ။
      ကျောင်းက ဆရာ အသုံးမကျတာ ကို မိဘတွေက ဝိုင်းပြီး ထောက်ပြနိုင်စွမ်းရှိရင် ဒီဆရာ ဒီအတိုင်း ဘယ်နေရဲပါ့မလဲ။
      ကျောင်းက ဆရာ ကလဲ သူ့ပညာသင်ရတဲ့ နည်းလမ်း မမှန်တာကို သူ့အထက် တာဝန်ရှိသူ တွေ ကို တင်ပြနိုင်စွမ်းရှိနေရင် အထက် က ဒီအတိုင်း ဘယ်နေရဲ ပါ့မလဲ။
      အခုဟာ က အားလုံး နေသာသလို မှေး နေနေ ကြရင်း ဟိုလိုဒီလို စကားဝဲ နေရင်း တစ်ယောက် တစ်ယောက် အပြစ်ဖို့ လက်ညှိးထိုး နေကြတာ။
      ကိုယ့်တာဝန် ကိုယ်မယူနိုင်ဘဲ ခေါင်းရှောင်နေသမျှ ထူးမခြားနားပါတ်ပျိုး ကရင်း အနာဂါတ်ကလေးတွေ အညွန့်ကျိုးနေမှာ။

    • kai

      November 26, 2013 at 4:22 pm

      ယူအက်စ်ကကလေးတွေမှာလည်း.. ကျူရှင်.. စာ.. သင်တန်းပေါင်းစုံနဲ့မအားရပါဘူး.. ကိုရင်ဖက်ကက်ရာ..
      တနေ့၈နာရီအကုန်ကျော်တာချည်း…
      ဆိုတော့..
      တခုခုတော့..တခုခုပါပဲ.. :kwi:

  • ဦးကြောင်ကြီး

    November 25, 2013 at 10:21 am

    တလောက ယူအက်စ်မှာလုပ်တဲ့ ရီဆာ့ချ်သတင်း အင်တာနက်မှာ ဖတ်ရတယ်..။ ခုခေတ် မိန်းခလေးတွေ ၁၁နှစ်မှာ အပျိုဖော် စဝင်သတဲ့…။ သဂျီးကတော့ ရှေးသုံး အပျိုအရွယ် ၁ဝပါးလား ၁၁ပါးလား ပြန်ညွှန်းလိမ့်အုံးမယ်။။ ဒီခေတ်မှာ စားတဲ့ အသီးအရွက် အသားငါးတွေက ပြုပြင်စီမံ ဆေးထိုးထားတာတွေမို့ ခလေးတွေ ဖွံ့ဖြိုးမှုနှုန်း မြန်ကုန်တာနေမယ်။ ရုပ်ရှင် ဗွီဒီယို သီချင်း ကြော်ငြာလို ပတ်ဝန်းကျင် လှုံဆော်မှုကလည်း ပိုဆိုးစေတယ်..။ သာမီးရှင်များ ကိုယ့်ခလေး ဆယ်နှစ်ထဲဝင်ရင် သတိထားဂျဖို့ပါ။။ နောင်မှ ကြောင်ကြီးကို အပြစ်မတင်နဲ့..

  • မဟာရာဇာ အံစာတုံး

    November 25, 2013 at 3:03 pm

    ရုပ်ရှင်ဇာတ်ကားများဟာလည်း
    ဒီလို ကျလိကျလိ ဖြစ်စေဖို့အတွက်
    အများကြီး တွန်းအားပေးပါဒယ် ..
    တလုတ်ကားတွေတုန်းက
    ကလေးတွေ ချွင်ချွမ် ဆိုပီး သိုင်းချတမ်း ကစားဒါလောက် ချိဒယ် ..
    ကိုယီးယား ကားတွေ ပေါ်လာဒေါ့ …
    ဟော …. ရွစိရွစိ ဖစ်လာဂျဒါပေါ့ ..

  • Paing Lay

    November 25, 2013 at 3:55 pm

    ပြီးတော့ ရှိသေးသဗျ GTA Game တွေ ဆော့ပြီး အဲဒီဂိမ်းထဲကလို စိတ်ကူးတွေယဉ်ပြီး ပြိုင်ကား တွေ အပြိုင်လျှောက်မောင်းတာတွေလည်း ရှိသေးတယ်…….။ လူငယ်ယောက်ျားလေးတွေ ဆဲဆိုတတ်ခြင်းအစ Net Game ဆိုင်ကဆိုပြီး နာမည်တွင်သွားလေရဲ့ 😀 😀 😀

  • ခင် ခ

    November 25, 2013 at 4:16 pm

    ခေတ်မှီမှု ခေတ်မမှီမှု ခေတ်ပြောင်းခြင်း ခေတ်မပြောင်းခြင်း ခေတ်ဆန်ခြင်း ခေတ်မဆန်ခြင်း ……. အဲလို အဲလိုတွေမှာ ကောင်းမွေဆိုးမွေတွေကတော့ ဖြစ်နေကျပါဘဲ။ ဒါပေမယ့် အများလို အနည်းစားချေ ဆိုတဲ့ပုံသေနည်းလိုပါဘဲ အနည်းစုဖြစ်ပျက်မှုကို လတ်လလောမှာ လစ်လျူရှုသလိုမျိုးဖြစ်တတ်ကြပေမယ့် အဲဒီဖြစ်လာတဲ့ ပြဿနာတွေကို အခြေခံပြီး ပြုပြင်မှုတွေ ပြင်ဆင်ပေးမှုတွေ ထပ်ပြီးကွန့်မိကြမယ် ဆိုရင်တော့ ခေတ်မှီမှု ခေတ်ပြောင်းမှု ခေတ်ဆန်မှုတွေရဲ့ ရလာဒ်သည် ကောင်းကျိုးများစွာဖြစ်စေမှာပါ။ တစ်ချို့နိုင်ငံတွေမှာတော့ ခေတ်မှီ ခေတ်ဆန်ဖို့ ခေတ်ပြောင်းတဲ့ကာလကို ဖြတ်သန်းနေတဲ့ အချိန်နှင့်တစ်ပြိုင်နက်တည်း အမျိုးသားပညာပေးမှု စီမံကိန်းတွေကလည်း အတူတွဲလုပ်ကြတယ်။ အဲဒီနိုင်ငံတွေကတော့ ခေတ်စနစ်ပြောင်းခေတ်မှီလာတာနဲ့အမျှ ကောင်းကျိုးရမှု စနစ်ကျမှုတွေကို ပိုခံစားရတာပေါ့လေ။ အဲလိုမဟုတ်ဘဲ ပြောင်းမှရမယ့်အခြေအနေမို့ ပြောင်းကြပေမယ့် ရလာဒ်ကို ပြန်မသုံးသပ်ဘဲ အပေါ်ထပ်အဆောက်အအုံဘဲ ဆက်တိုက်ပြောင်းနေရင်တော့ စတေးခံရသူ ဘယ်သူရှိမလဲဆိုတာ တွေးကြည့်ကာစဉ်းစားကြပေါ့ဗျာ။
    ဥပမာလေးတစ်ခုပြောရရင် ဟိုအရင်က တံခါးပိတ်ဝါဒလုပ် အာဏာနဲ့အုပ်ချုပ်စဉ်မှာ ကျောင်းတံခါးတွေပါ ပိတ်ပစ်လိုက်တာမို့ အစိုးရအတန်းကျောင်းအောင်မြင်ပြီးရင် ဘာတတ်လဲဆိုရင် ဘာမှမတတ်ဘူး။
    အဲ အခုတော့ နိုင်ငံတကာနဲ့ဆက်သွယ် တံခါးဖွင့်ဝါဒ ကျင့်တုန်းပြန်တော့ အတားအစည်း မရှိအောင် ကျောင်းတံခါး ပါဖြုတ်သိမ်းသွားပြန်တော့ ညရေးညတာသူခိုးဘေးက ပူရပြန်ရောကွယ်။ မလုပ်ပြန်ရင်လည်း သူတို့အပြင်မရှိ လုပ်ပြန်တော့လည်း အလွန်အကျွ ံကို အရပ်ထဲပြောတာကတော့ ” မင်း ရွဲ့ များ ရွဲ့ နေ တာ လား ” တဲ့လေ။

  • KZ

    November 26, 2013 at 10:19 am

    ခု ဆို ….
    ညဘက် မထွက်နိုင်တဲ့ ကလေးတွေ အတွက် ဒေး ကလပ် ရှိတယ် ဆိုပဲ။
    အာ့ဆို အိမ် က နေ့ဘက်ထွက်လို့ပြီး သွားလို့ ရသတဲ့!

    😥

  • ၅တန်းလောက်ကောင်လေးရဲ့ဖုန်းထဲမှာ အောကားဗွီဒီယိုတွေပြည့်နေတာတွေ့ဖူးပါတယ်
    ဒါတောင် မြို့ခေါင်းစဉ်တပ်ထားတဲ့ လျှပ်စစ်လိုင်းပင်မရတဲ့တောအရပ်မှာပါ
    ရင်လေးမိတယ်ခရီးသည်ကြီးရေ
    🙁

Leave a Reply