ကောက် မလား? ဖြောင့်မလား?

တခုခု ဖြစ်ပြီးဆိုသည်နှင့် အမျိုးသမီးများ

ထံမှ ကြားကြားခဲ့ရငည်။ ” ဖြစ်မှာပေါ့

အေး.………။ ချိတ်ချိတ်ချင်း ချိတ်မိတာ

မဆန်းပါဘူးအေး” ။ တခါတရံအမျိုးသား

များထံမှလည်းသည်လိုကြားရတတ်ပြန်

သည်။” ဒီကောင်တွေက မြွေမြွေချင်း ခြေ

မြင် တယ်လေ။”

သည်လိုနဲ့ကျတော်တခုစဉ်းစားမိသည်။

ကွေးကောက်နေ သော သံချောင်းများကို

ပုံးတခုထဲထည့်၍လူပ်ကြည့်မည်။၁မိနစ်

ခန့်ပဲလူပ်ကြည့်မည်။ပြီးရင် အဲဒီထဲက

တ ချောင်းထဲသာ ကိုင်၍ မထုတ်ကြည့်

လျှင် ဘယ်လိုဖြစ်မလဲ။ တခုနဲ့တခုညှိ

ပြီး အကုန်နီးပါး ပါလာမည်ထင် သည်။

နောက် ဖြောင့်စင်း နေ သောသံချောင်း

များကို ပုံးထဲပြန်ထည့်ပြီး တရက်လောက်

မနားမ နေ လူပ်ကြည့်မည်။ပြီးလျှင်

အထက်ပါအတိုင်း တ ချောင်းထဲကို

ကိုင်၍ ပြန် မထုတ်မည်။ ဘယ်နှစ်ချောင်း

လောက်ပြန်ပါမည်နည်း။ တ ချောင်းအ

ပြင် ပို မပါနိုင်။

လောက၌ လူများသည် ယေဘုယအား

ဖြင့် တူရာတူရာစုမိတတ်ကြသည်။ ပေါင်း

သင်းတတ်ကြသည်။ အိမ်ထောင်ရေး၌

ပင် “အသွင် မတူ အိမ်သူမဖြစ်” ဟူ၍ပင်

ရှိသည်မဟုတ်ပါလော။ ကျတော် ကျင်

လည်ခဲ့ဘူသော လုပ် ငန်းခွင် များစွာရှိ

ပါသည်။ ထိုအလုပ်ခွင် အားလုံး လိုလို

တွင် များသောအားဖြင့် တူညီလေ့ရှိသော

လုပ်ငန်းခွင် စည်းကမ်းများရှိတတ်ပါသည်

တာမြစ်ထားလေ့ရှိသောစည်းကမ်း များ

ရှိခြင်းမှာလည်း မလုပ်သင့်မလုပ်ထိုက်

သော အရာများဖြစ်ပြီး လူအများ ပြုကျင့်

လေ့ရှိသောအရာများဖြစ်လေ့ရှိပြန်ပါ

သည်။ ဆေးလိပ်မ သောက် ရ။ ကွမ်း

မစားရ။ အရက် သေစာ မ သောက် ရ။

အတင်းမ ပြော ရ။ စည်းကမ်းမမဲ့ရ ။

စသည် စသည် တို့ ထုတ်ထားလျှင

ဆေးလိပ်သောက်တတ်သူချင်းစုမိကြ

သည်။ ကွမ်းစားတတ်သူချင်းစုမိကြသည်

အရက်သောက်တတ်သူချင်းပူးမိကြသည်

အချင်းချင်းကွယ်ရာတွင် အားမနာပ ပြော

တတ်သူချင်းပေါင်းမိကြသည်။

ထိုစည်းကမ်းချက်များနှင့် အညီနေထိုင်

ရန်ကြိုးပမ်း အားထုတ်သော သူများက

တော့ ဆေးသမားနှင့်လဲမပေါင်းဖြစ်။

အရက် ဆိုသူများကိုလည်းမိတ်မဖွဲ့နိုင်။

ကွမ်းသမားနှင့်လဲခပ်ခွာခွာ ထီးထီးဖြစ်

တတ်သည်။ ဥပမာ နှင့်တူလှသည်။

အ ကွေးအ ကောက်များကြား အ ဖြောင့်

ကို ရောထည့် လိုက်သော်လည်း

အ ကွေးများနှင့် မချိတ်နိုင် သကဲ့သို့ဖြစ်

သည်။ ဖြောင့်သူများသည် ဖြောင့်မြဲဖြစ်

၍ ကွေးသူများမှာ ပုံးကို လူပ်လေ ကွေး

လေသာ။

တူရာတူရာစုမိတတ်ကြသည်မှာ သဘာဝ

အတိုင်းသာ ဖြစ်သည်။ မိမိကိုယ်မိမိ ကွေး

နေ သလား ။ ဖြောင့်နေ သလား မိမိ ဝန်း

ကျင် ကို သတိပြုသင့်သည်။ မိမိကိုယ်

မိမိ ဘယ်ဘက်မှာ ပါ နေသလဲ ပြုပြင်

သင့်သည်။ ဖြောင့်သူများ သည် အထီး

ကျန်တတ်သော်လည်း စုစည်းမိလျင်

မည်သည့်အရာက မျှ ဖျက်စည်းဖို့

မလွယ်။ သားများနှင့် ထင်းချောင်းပမာ

ကို ကြည့်လျှင် သိနိုင် သည်။ တ ချောင်းစီ

ချိုးလျှင် ကျိုး သော်လည်း စု စည်းလိုက်

ပါက ချိုး ရန် မဖြစ်နိုင် တော့ချေ။

ယ နေ့ မြန်မာသည် လည်းမည်သို့ရှိနေ

ပါသလဲ။ အ ကောက်များချည်းစုစည်း

နေပါသ လော? အ ကောက် အ ကွေး

ချည်း စု မိ နေ ပါက ရှုပ်သထက် ရှုပ် ဖို့

သာချည်း ဖြစ်မည်။ ရှင်းနေဖို့ အားရှိ နေ

ဖို့ ဖြောင့်ဖို့ လိုသည်။

8 comments

  • ခရီးသည်ကြီး

    November 23, 2013 at 11:17 am

    ကျုပ်​က
    ပိန်​ .. လိမ်​ …တွန်​့ ….
    :mrgreen:

    • ဦး ဌက် ကြီး

      November 25, 2013 at 12:11 pm

      တူကြီးကြီးနဲ့ဖြောင့်ပေးမယ် :mrgreen:

  • TNA

    November 23, 2013 at 12:41 pm

    အော် ဆံပင်ဆေးကြော်ငြာမှတ်နေဒါ။ လူ့သဘောကိုဆိုလိုဒါကိုး။ အင်း အဖြောင့်ထဲပါနိုင်ဖို့ ဒီနေ့ကစပီးဘူ့ကိုမှ ဇဂါးပြောဒေါ့ဝူး။ :mrgreen:

  • padonmar

    November 24, 2013 at 8:01 am

    ​ဖြောင်​့​နေတဲ့ သံက ​ရေပြင်​ညီတန်​း လိုဖြစ်​​နေရင်​​တော့ အ​ကောက်​​တွေ ချိတ်​တာ ခံရမှာမလွဲ၊

  • ဦးကြောင်ကြီး

    November 25, 2013 at 11:00 am

    မာမွတ်ခိုမ်သဂျီး ကိုဘေးနွားကင်ကြိုက်တာ မဆန်းဘူးပေါ့.. အဲလို ဆိုဂျင်သလား..။

  • မဟာရာဇာ အံစာတုံး

    November 25, 2013 at 2:45 pm

    ဖြောင့်ယင် တက်ရခက်ဒဒဲ့ ..
    ကောက်ယင် တက်ရလွယ်ဒဒဲ့ …
    ဒီဒေါ့ …
    ဖွတ်ရွှတ်ဆို လွယ်လွယ်တက်နေဂျဒါကို ကျိယင်ဘဲ
    ကောက်နေဒယ်ဆိုဒါ သေဂျာဘာဒယ် …
    ဖြောင့်ဖို့ဆို ခွေးမြီးကောက် ကျည်ထောက်စွပ်ရုံလောက်နဲ့ မရဘူးးးးးး

  • KZ

    November 26, 2013 at 10:37 am

    ဟို တလောကတော့ ဖြောင့်တာကြိုက်တယ်။
    ခုတော့ ကောက်ကောက် လေးက များ လှသလားလို့။
    ဟိ။ ဆံပင် ပြောပါတယ်။
    😀

    ဘယ် ဟာကောင်းတယ် မကောင်းဘူး တရားသေ ပြောလို့ မရပါဘူးးးး
    ခေတ်ကြီးကို က။
    ကောက် တာ မကောင်းဘူးလို့ ဆင်ခြင်နိုင်ရင် ဒီ အစိုးရ ဒီလောက် သက်ဆိုးမရှည်ဘူးရယ်။
    :mrgreen:

Leave a Reply