ဖြူလား ….. မသိ

ညိုလား ….. မသိ

ရုပ်​သွင်​ အရွယ်​ … မသိ

ကျုပ်​တို့သိတာက

လူ့ဂွစာ သဂျီး

အငြင်းသန်​တဲ့ သဂျီး

ကြောင်​ကြီး​ပြောတဲ့

မိစ္ဆာ ဒိဋ္ဌိ သဂျီး

ကိုစံလှကြီး ​ပြောဖူးတဲ့

ဒုဂိုဏ်းချုပ်​သဂျီး

အင်​ဇာဂီ သ​ရော်​ဖူးတဲ့

မားခို​မ်​ ..သဂျီး

အားနည်းသူဖက်​က

မျက်​စိမှိတ်​ ဖင်​ပိတ်​ငြင်းတတ်​တဲ့

လစ်​ဘရယ်​ သဂျီး

အ​တွေးအ​ရေးပုံစံသစ်​ကြိုက်​တဲ့

မော်​​မော်​ဒန်​ သဂျီး

ထေရဝါဒ အသံကြားရင်

ဘယ်​ဘဝရန်​​ကြွေးမှန်းမသိ

လက်​သီးလက်​​မောင်းတန်း

အရမ်းငြင်းတဲ့ သဂျီး

ရွာ​အေးရင်​ အိပ်​မ​ပျော်

ဖိတ်​​ခေါ် ရန်​ပွဲ​တွေအစဆွဲ

ဘေးတီး ​ကောင်းတဲ့ သဂျီး

ဖရီးသင့်​ကာ အမည်​တပ်

လစ်​ဘရယ်​ကို လက်​ကိုင်​ပြု

မဟာဘုတ်​တိုင်​စိုက်

ဆန်း​ဗေဒင်​ လိုက်​စားတဲ့ သဂျီး

ဝက်​သားဆိုလည်းကြိုက်

အမဲသား လည်းခိုက်

ဒေါင်းဥလည်း နှိုက်​ ( ​နောက်​ထှာ :) )

ကျွဲ​ကောသီးလည်းပိုက်​တဲ့ သဂျီး

ပြစ်​တင်​​မောင်းမဲ ​ဝေဖန်

သည်းညည်းခံတဲ့ သဂျီး

……….

………..

ဒီလူကြီးကို

Kai အဖြစ်​သိတာကြာ​ပေါ့

ခင်​ဗျားတို့ ကျုပ်​တို့ရင်​ထဲ

ချီးကျူးတစ်​ခါ

ဆဲ တာတလှည့်

သူ့ ရွာထဲမှာကျင်​လည်​ခဲ့​ပေါ့

မန်း ​ဂေဇက်​ပဲဆိုဆို

မြန်း ​ဂေဇက်​ပဲဖြစ်​ဖြစ်

ကျုပ်​တို့ရင်​တွင်းဖြစ်​​တွေ

မွေးဖွားကြီးပြင်းလာတာ

အပျို​တောင်​ဖြစ်​ပြီ​ပေါ့

အခုမှ​တော့ …..

မြို့ပဲ ဖြစ်​​နေ​နေ

ရွာထက်​ပဲ မြင့်​မြင့်

ရင့်​ကျက်​တဲ့အမြင်​​တွေမျှ​ဝေ​ပေးတဲ့

သုတ ရသ ​တွေ ခံစား​စေတဲ့

ဒီ​နေရာ ​ဂေဇက်​ရွာက

ပဲ့ ကိုင်​ရှင်​ ဟိုလူကြီးကို

သဂျီး လို့ပဲ ဆက်​၍​ခေါ်မည်​…. ခိုင်​ …။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About ခရီးသည်ကြီး

has written 12 post in this Website..