တွံတေးသို့ အလှူရက် သတ်မှတ်ခြင်း

Kaung Kin PyarNovember 24, 20131min34163

ကောင်းကင်ပြာ တွံတေးမှာ ကလေးတွေကို အဝတ်အစားတွေ သွားလှူမယ် ပြောထားပြီး လချီ ကြာခဲ့ပါတယ်….။

ဒီကြားထဲ ကွန်နက်ရှင်မကောင်းတာနဲ့ မအားတာနဲ့ ခရီးသွားနေတာနဲ့ကြောင့်ပါ။ အကြောင်းပြတာတော့ မဟုတ်ပါဘူး..။ (အမှန်တော့ အကြောင်းပြတာပါ….. 😀 )

ဒီနေ့တော့ သွားလှူလို့ အဆင်ပြေမယ့်တစ်ရက်ကို ဦးမျိုးတို့ ဦးမတ်တို့နဲ့ တိုင်ပင်ပြီး Confirm Date အဖြစ် (8.12.2013) ရက်နေ့ကို ရွေးထားပါတယ်..။ သွားမှာကတော့ လှိုင်သာယာလမ်းကြောင်းကပါ။ ကားကိုတော့ ဦးမျိုုးတို့နားက Light Truck တစ်စီးငှားဖို့ စီစဉ်ထားပါတယ်..။ Light Truck ဆိုတော့ လူ ၁၅ယောက် ၂ဝ လောက် ဆန့်မှာပါ…။ ဒီထက်များမယ်ဆိုရင်လဲ နောက်ထပ်ကားတစ်စီး စီစဉ်လို့ အဆင်ပြေပါတယ်…။ လှည်းတန်းမှာ မနက် (၇)နာရီကို လူစုဖို့ စီစဉ်ထားပါတယ်..။ သမိုင်းဘက်လမ်းကြောင်းက သွားမှာမို့ အဲ့ဒီလမ်းကြောင်းမှာရှိနေတယ်ဆိုရင်လဲ ဝင်ခေါ်မှာပါ…။ အားလုံးကိုပဲ လိုက်ခဲ့ဖို့ ထပ်ပြီး ဖိတ်ခေါ်ချင်ပါတယ်…။

ခု အလှူရှင် စာရင်းကို ပြောချင်ပါတယ်…။ ခု လက်ရှိ အဝတ်အစားတွေလက်ခံ ရရှိပြီးရော၊ နှုတ်နဲ့ရော လှူထားတဲ့ သူများစာရင်းပါ…။

(၁) မသဲနုအေး                               အဝတ်အစားတစ်ချို့

(၂) မရွှေအိ                                     အဝတ်အစားတစ်ချို့

(၃) မခိုင်ဇာ                                     အဝတ်အစားတစ်ချို့ နှင့် ငွေကျပ် ၃၀,၀၀၀/-

(၄) ကိုအမတ်မင်း                           အဝတ်အစားတစ်ချို့

(၅) ဦးမျိုးသန့်                                  အဝတ်အစားတစ်ချို့ ( ထည့်လိုက်ပြီ ဦးမျိုးရေ…………:P)

(၆) အန်တီပဒုမ္မာ                            အဝတ်အစား အတော်များများ 😀

(၇) ကောင်းကင်ပြာ                        အဝတ်အစားတစ်ချိုု့ နှင့် စာရေးကိရိယာများ

ခုရထားတဲ့ အလှူရှင်စာရင်းကတော့ ဒီလောက်ပါပဲ….။ နောက်ထပ်လှူသူများရှိရင်လဲ ဆက်လက် ဖော်ပြပေးပါ့မယ်…။

အဝတ်အစားတွေ အပြင် ဘုန်းဘုန်းကို ကပ်ဖို့ ဝတ္ထုငွေဖြစ်ဖြစ်၊ ကလေးတွေအတွက် စာရေးကိရိယာ၊ မုန့် ဖြစ်ဖြစ် လှူလို့ရပါတယ်..။ မုန့်လှူမယ်ဆိုရင်တော့ အထားခံတဲ့မုန့်ဆို ပိုကောင်းပါတယ်..။ (တချို့ကလေးတွေက မစားဘဲ သိမ်းသိမ်းထားတတ်လို့ပါ….)။ စာရေးကိရိယာဆိုရင်တော့ အကြမ်းရေးဖို့ စာအုပ်စုတ်လေးဖြစ်ဖြစ်၊ ဘောပန်လေးဖြစ်ဖြစ်တောင် သူတို့အတွက် လိုအပ်နေတာပါ..။ အဆင်ပြေတယ်ဆိုလဲ အထူးထုတ်လေးဖြစ်ဖြစ်ပေါ့….။ March လဆို (၁၀)တန်းတွေ စာမေးပွဲပါ…။

နောက်ထပ်အလှူရှင်တွေနဲ့ အလှူပစ္စည်းတွေကိုလဲ လက်ခံပါတယ်…..။ အတူလိုက်မယ့်သူများရှိရင်လဲ အတူသွားကြပါစို့လို့…။ ကောင်းကင်ပြာကို ဆက်သွယ်ချင်ရင်တော့ (ဖုန်း 09 420 703 460) ကို ခေါ်လို့ရပါတယ်….။

ဖုန်းခေါ်မယ်ဆိုရင်တော့ ညဘက်လောက်အချိန်ကို ခေါ်စေချင်ပါတယ်..။ ရုံးခန်းထဲမှာ လိုင်းမကောင်းတတ်လို့ပါ..။ ညနေ (၅)နာရီနောက်ပိုင်းဆို အဆင်ပြေပါပြီ….။

ဒါဆို ကောင်းကင်ပြာတို့ (၈.၁၂.၂၀၁၃) မှာ တွံတေးမင်္ဂလာ ပရဟိတကျောင်းကို အားလုံး အတူ ချီတက်ကြပါစို့လို့…။

 

 

 

 

63 comments

  • KZ

    November 24, 2013 at 7:17 pm

    အောင်မြင်ပါစေ။
    🙂

  • Myo Thant

    November 25, 2013 at 9:27 am

    ကောင်မလေး
    မပြောမဆိုနဲ့ ငါ့နာမည်ကြီး ထည့်လိုက်ပြီ ၊ 🙂

    ဟုတ်ကဲ့ ၊ တနင်္ဂနွေ မနက်က ကျနော်တို့ ဆုံပြီးတိုင်ပင်ဆုံးဖြတ်လိုက်တာပါ ၊

    ကားက ကျနော့်ရပ်ကွက်ထဲကပါ ၊ ၅ခ / ၂၂၂ရ တောင်းအေ့စ် လိုက်ထရပ်ပါ ၊

    အာတီဒုံဆီက အဝတ်အစားတွေ သယ်ဖို့က ဒီကြားထဲ တစ်ခုခု စီစဉ်ပါ့မယ် ၊

    ခရီးစဉ် အကြမ်းဖျင်းကတော့ လှည်းတန်း – သမိုင်း – ဘုရင့်နောင် – လှိူင်သာယာ – တွံတေးပေါ့ ၊

    အပြန်ကို တွံတေးရွှေဆံတော်ဘုရားဝင်ဖူးပါမယ် ၊

    ဖြစ်နိူင်ရင် ဒီခရီးကို ရန်ကုန်မှာ ရှိတဲ့ ရွာသူရွာသားတွေ ၊ ဒါဇင်ပလပ်စ် အဖွဲ့သားတွေထဲကပါ

    လိုက်ပါစေလိုပါတယ် ၊

    ခရီးလေးတစ်ခု အတူသွားဖြစ်တာဟာ စိတ်အပြောင်းအလဲလေးဖြစ်စေသလို ကုသိုလ်လည်းရ

    ရင်းနှီးမှုတွေလည်း ပိုလာကြမှာပါ ၊

    ကျနော့်ဆီ ဆက်သွယ်လိုရင်တော့ ဝ၉ – ၅၁၅၁၀၂ဝ ပါ ၊

    ပျော်ပျော်ပါးပါး သွားရအောင်ဗျာ ၊

    အပြန် လဘက်သုပ်အရမ်းကောင်းတဲ့ ရေခဲစိမ်ထန်းရည်ဆိုင်ကလေးနဲ့ မိတ်ဆက်ပေးမယ်လေဗျာ နော့ ၊ 🙂

  • ဦးကြောင်ကြီး

    November 25, 2013 at 10:55 am

    ပြာလေးနဲ့တူတူ အလှူရေစက် ချဂျင်တယ်..
    ဦးမျိုးသားမီးတွေလိုက်ရင် သူတို့နဲ့ တခုံထဲ စီးချင်တယ်၊ ဘုရားတူတူ ဖူးချင်တယ်..။ ဦးမျိုး ပျင်းမနေအောင် အနားက ထန်းတောမှာ အမူးအမှောက်သောက်ဖို့ ဒကာခံမယ်..

  • TNA

    November 25, 2013 at 12:38 pm

    အဝတ်တွေလိုက်စုမဲ့နေ့ အကြောင်းကြားစေချင်ပါတယ်။

  • Myo Thant

    November 25, 2013 at 1:43 pm

    ဟုတ်ကဲ့ အမသဲရေ ၊
    ကြိုပြောပါ့မယ် ၊
    အဝတ်အစားနဲ့ ပစ္စည်းတွေ ဘယ်မှာ သိမ်းရင်ကောင်းမလဲ တိုင်ပင်ပါဦးမယ် ၊

  • မဟာရာဇာ အံစာတုံး

    November 25, 2013 at 2:35 pm

    သာဒု . သာဒု . သာဒု ဘာဗျာ ..
    ဝမ်းသာစရာဘာဘဲ …
    ဦးမျိုးသန့်ဂျီးက ကုန်းပိုးပီး ခေါ်မယ်ဆိုရင်ဒေါ့
    ကျုပ်လည်း လိုက်ချင်ဘာဒယ်ဂျာ …
    ဒဂယ်ပေါဒါ …

    • Myo Thant

      November 25, 2013 at 2:43 pm

      နင်ဂျီးဂိုဒေါ့ မပိုးလိုပါ ၊
      ဟို ကလေးမလေးဆိုရင် စဉ်းစားမယ် ၊
      တိယား အံဇာ 😛

      • မဟာရာဇာ အံစာတုံး

        November 25, 2013 at 2:54 pm

        ဒါဆို ဒီလိုလုပ်လေ ..
        ကျုပ်ဂ ဥမျိုးအပေါ်ဂနေ ကားယားခွပီး စီးမယ် …
        ပီးဒေါ့ …
        သည်းလေးကို လက်နဲ့ ပိုက်ထားမယ် …
        သူဂ ကျုပ်မပါယင် စီးဘူးးးဒဲ့ ….

        • Myo Thant

          November 25, 2013 at 3:15 pm

          အောင်မငေး
          ရဲဇားလေးတစ်ယောက်ရတာ ကြွားမဆုံးဘူး
          ဒါနဲ့ အဲဒီရဲဇားကပြောလို့ ကွမ်းဖြတ်လိုက်တယ်ဆို
          လှည်းတန်းသူ နိူင်ချက် ကွာ 🙂

        • sorrow weaver

          November 25, 2013 at 3:17 pm

          ကွမ်းဖြတ်ယုံတင်မက ..ဆေးလိပ်ပါ..လစ်မစ်နဲ့ဖစ်တွားပြီ….ခုခွိခုခွိ……

        • TNA

          November 25, 2013 at 5:13 pm

          အမွန်ရေ ဒမယ်ဒမယ်ဖတ်ကျိ သူဒို့ဖြတ်တိုင်းယုံရဘူးအေ့
          http://myanmargazette.net/186371
          နာပါဘူး ပြေးဘီ :mrgreen:

        • အာတီသဲရဲ့ပို့စ်ကို အလွတ်နီးပါး ကျက်ထားတယ်…
          စီနီယာများ ပို့ချပါကုန်..

          အူးမျိုးရေ…
          အရမ်းလိုက်ချင်ပါတယ်.. ဒါမယ့် သင်တန်းရော..စာသင်ဖို့ရော ရှိနေလို့ပါ..
          ကိုယ်ရံတော်ကိုပဲ လွှတ်လိုက်ပါမယ်.. :mrgreen:

  • Swal Taw Ywet

    November 25, 2013 at 9:04 pm

    Dearb U Myo Thant,
    Please don’t forget Swal Taw Ywet.
    I have enough FREE space for the things.
    If you search a place, think about my flat, please.
    Warmly welcome to support your donation trip.
    OK?
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • Myo Thant

      November 26, 2013 at 8:45 am

      ကောင်းပါပြီ ကိုစွယ်တော်ရေ
      ကိုစွယ်တော့် ကွပ်ပျစ်က လမ်းမကြီးဘေး ဆိုတော့ ပို အဆင်ပြေပါတယ် ၊ 🙂

  • Phoe Thitsar

    November 25, 2013 at 9:47 pm

    လိုက်မယ်နော် သေချာတယ် ဦးမျိုးရေ…
    ဘယ်နေရာမှာ စောင့်နေတယ်ဆိုတာကို ဖုန်းဆက်ပါ့မယ်
    အသားက အနက်ရောင်ဖျော့ဖျော့
    အဝတ်အစားက သပိတ်နုရောင်ဝတ်ထားပြီး..
    ပုလင်းဖင်လောက်ထူတဲ့မျက်မှန်ကြီးကိုတတ်ထားတဲ့သူဟာ ကျနော်ပဲလို့…

  • Kaung Kin Pyar

    November 26, 2013 at 9:57 am

    အားလုံးကို ကျေးဇူးတင်ပါတယ်…
    ကောင်းကင်ပြာဖြေရမယ့် မေးခွန်းတွေကိုရော၊ ကောင်းကင်ပြာ ပြောဖို့လိုနေတဲ့ အချက်အလက်တွေရော ကူညီဖြေကြားဖြည့်စွက်ပေးတဲ့ ဦးမျိုးကိုလဲ ကျေးဇူးတင်ပါတယ်…
    ခုလို အတူလိုက်ပါလှူဒါန်းဖို့ စိတ်ဝင်စားကြတဲ့ ရွာက မမချောချောများနဲ့ ဦးလေးကြီးတို့ အားလုံးကိုလဲ ကျေးဇူးပါပဲ..။
    တင်ပြီးကာစ Comment တစ်ခုတစ်လေမှ သိပ်မတွေ့လို့ စိတ်မကောင်းဖြစ်မိပါတယ်……
    ခုလို စည်စည်ကားကားမြင်ရတော့ အရမ်းဝမ်းသာရတယ်…။
    ရုံးက Connection သိပ်မကောင်းလို့ ဦးမျိုးကိုပဲ အကူအညီတောင်းပါတယ်…။
    ဦးမျိုးလို ပုံမှန်ရွာလည်ခွင့်ရအောင် Connection ကောင်းတဲ့နေရာမှာ Position Vacant ရှိရင်လဲ သံချောင်းခေါက်ပါဦးလို့…
    အားလုံး ပျော်ရွှင်အဆင်ပြေကျန်းမာစိတ်ချမ်းသာကြပါစေလို့……..

    • Myo Thant

      November 26, 2013 at 10:10 am

      စက္ကထရီတော့ လိုသကွယ် ၊ ဟဲ ဟဲ စတာပါ ၊
      တကယ် လာမလို့လား ၊ လောလောဆယ်တော့ မားကက်တင်းဘက်မှာပဲ လိုသတဲ့ ၊
      ကောင်းကင်ပြာ နဲ့ မားကက်တင်း – မဖြစ်ပါဘူး ၊
      တခြားဌာနမှာ လိုရင် ပြောမယ် ၊ ရုံးထိုင်ရတဲ့ အလုပ်မျိုးပေါ့ ၊

  • Kaung Kin Pyar

    November 26, 2013 at 10:01 am

    ဦးကြောင်ကြီး ပါလာရင်တော့ ဦးမျိုးသားလေးနဲ့ ပေးထိုင်လိုက်ပါ….။ ဦးကြောင်ကြီးနဲ့ အလှူရေစက်ချဖို့ အိမ်နားက အသားမဲပြီးပြာတောင်နေတဲ့ ကုလားမကြီးကို ကောင်းကင်ပြာ ခေါ်လာလိုက်ပါ့မယ်လို့…
    ဦးကြောင်ဆန္ဒ ပြည့်ဝပါစေသော်……… 😛

  • padonmar

    November 27, 2013 at 3:44 pm

    စွယ်တော်ရွက်ဆီ ကြုံရင်လည်း ဝင်ပို့ထားနိုင်အောင်ကြိုးစားပါမယ်။
    လှူမယ့်ရက် အနားနီးထိ မပို့နိုင်ခဲ့ရင် လာယူပေးပါနော်။

    • Myo Thant

      November 28, 2013 at 11:51 am

      ဟုတ်ကဲ့ပါဗျာ ၊
      အနားနီးတဲ့အထိ စောင့်ပါ့မယ် ၊

  • alinsett

    November 27, 2013 at 7:41 pm

    လှူတဲ ့သူတွေက်ိုရော..
    အလှူ အထမြောက်အောင် ..ဆောင်ရွက်မယ့်သူတွေကိ်ုပါ..
    တကယ့်ကို…လေးစားမိပါတယ်.. ။

  • ခင် ခ

    November 27, 2013 at 11:52 pm

    ဖတ်ရတာ ဝမ်းသာပိတိဖြစ်စရာ ပိုစ့်ပါဘဲလေ။

  • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

    November 28, 2013 at 11:02 am

    ဒါဇင်ပလက်ပ်စ်က လူတွေ ပြောရင်း ဆိုရင်းနဲ့ ဒီ အလှူ အကြောင်း စကား စမိတော့ ၊ ကိုဖက်တီးကတ်က စဉ်းစားပြီး အကြံပေးပါတယ် ။ ကား ငှား ဘာညာ ဆိုလျှင် အပိုကုန်ပါလိမ့်မယ် ဒီကား ငှားမယ့် ငွေကို အလှူ ထဲ ထည့်လှူ ပြီး ၊ သွား လှူတာကို လူနည်းစုကသာ သွားလှူ လိုက်လျှင် မကောင်းဘူးလားဆိုတဲ့ အကြံပါပဲ ။
    လူနည်းတာ များများ သွားနိုင်တာ မသွားနိုင်တာ အဓိက မဟုတ်ပဲ လှူဖြစ်ဖို့နဲ့ အလှူလက်ခံ မယ့်လူ လက်ထဲ ထည့်နိုင်ဖို့က အဓိကလို့လည်း တွေးတာကြောင့်ပါ ။

    ကိုဖက်တီးကတ်က အလှူကို အားဖြည့်ကူညီတဲ့အနေနဲ့ … သူ့ကားနဲ့ လိုက်ပို့ပေးပါမယ် …. ခေါင်းခန်းမှာ မဒမ် ဖက်တီးကတ်ပါပါမယ် ။
    နောက်ခန်းမှာတော့ ကိုအမတ်မင်း ၊ကောင်းကင်ပြာနဲ့ ကိုမျိုးသန့်တို့ကို လိုက်စေချင်ပါတယ် ။ နောက်က အဖုံးထဲမှာတော့ လှူမယ့် ဆာလာအိတ်(၃အိတ်စာခန့်) အဝတ်တွေကို ထည့်သွားလို့ရလျှင် အဆင်ပြေပါလိမ့်မယ် ။

    အဲ့လိုလေး အဆင်ပြေရဲ့လား ဆိုတာ ကော့မန့်ပေး ဆွေးနွေးကြပါဦးနော် ။

    • Myo Thant

      November 28, 2013 at 11:59 am

      အလှူပစ္စည်းက ဘယ်လောက် ရှိမယ်ဆိုတာ မမှန်းတတ်သေးတော့ အပြတ်ပြောလို့ မရသေးလို့ပါ ၊

      အဲဒီလို ကိုယ့်ကားနဲ့ကိုယ်ဆိုလည်း ကောင်းတာပါပဲ ၊

      ပစ္စည်းတွေကိုတော့ ကိုစွယ်တော်ရွက် အိမ်မှာ စုထားမှာပါ ၊

      ကိုအမတ်မင်းရေ အဝတ်အစားတွေ စုဖို့အဆင်ပြေရင်

      ကိုစွယ်တော်ရွက် အိမ်ကို ပို့ပေးနိူင်မလားဗျာ ၊

      • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

        November 28, 2013 at 1:06 pm

        ဟုတ်ကဲ့ ကိုမျိုးသန့်ရေ ကိုအမတ်မင်း ခန့်မှန်းသလောက်ကတော့ ဆာလာအိတ်(၃အိတ်)ခန့်ပေါ့နော် … အဲ့လိုလေး ဖိသိပ်ထည့်သွားနိုင်လျှင် ကားခ သက်သာ ပါလိမ့်မယ် တွေးကြပါတယ် နောက်ပြီး… ကား ထိုင်စီးတဲ့ လူတွေကလည်း တနိုင် … ပိုက်သွားလို့ရပါလိမ့်မယ် ။
        Plan A မဖြစ်လျှင်တော့ Plan B ဖြစ်တဲ့ ကား ငှားပြီးသွားရမှာပေ့ါလေ ။

        • Myo Thant

          November 28, 2013 at 1:21 pm

          ဟုတ်ကဲ့ပါ ၊ နည်းနည်းတိုင်ပင်ပါဦးမယ် ၊
          ကားငှားသွားမယ်ဆိုတာက လိုက်မယ့်သူ များရင် အဆင်ပြေအောင်ပါ ၊
          ဖေ့စ်ဘုတ်ထဲကနေ ဘယ်သူတွေ လိုက်မယ်ဆိုတာ စာရင်းကောက်ကြည့်ပါဦးမယ် ၊
          အကြံပေးတာတွေအတွက် ကျေးဇူး နော့ ၊

        • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

          November 28, 2013 at 1:45 pm

          ဟုတ်စ် … ဝဲကုတ် .. အဲ … ဝဲလ်ကမ်းပါ ။
          အကြံပေးတာ သာမီးဝုတ်ဝူး …. ဖွတ်တီးကတ် … ဒီလူ ကားမောင်းပို့ပြီး ပါရမီဖြေ့ချင်တာ … သူတက်မရေးနိုင်သေးလို့ .. သာမီး ကိုယ်စားလာပျော့စ်ပေးဒါ .. ဒါဘာဗဲ … :mrgreen:

        • TNA

          November 28, 2013 at 4:47 pm

          အောင်မယ်လေးကတုန်ရယ် ညက်လုံးထဲမယ် မီးကောင်ပေါက်ကလေးမြင်လိုက်ရဒလိုဘဲ နာမယ်လေးကချစ်ဖို့ကောင်းချက် 😀

        • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

          November 29, 2013 at 1:14 pm

          ရင်နာနာနဲ့ ပြောင်းထားတဲ့ နာမည်ပါ မွသဲ … ။

          ဟိုးတလောက သများgmailလို ဆင်တူ ရိုးမှား လိုက်လုပ်ပြီး တခြားနိုင်ငံက ရုံးခွဲတွေကို စာပို့တဲ့ ငနဲက…. နှစ်ယောက်တွဲ ပုံတွေကို BF တွေပါဆိုပြီး…. attachment တွေ တွဲပို့လို့ … ရုံးမှာလည်း ရှင်းလိုက်ရသေးတယ် …. ။ အိုက်ဒါကို ကဖွတ်ကတ်က နောက်ရင်း …. သများလည်း ဒီနာမည်ကို ရင်နာနာနဲ့ ပြောင်းပလိုက်ပါဒယ် …. ။ 😥

  • Swal Taw Ywet

    November 29, 2013 at 11:14 am

    ရွာကွပ်ပျစ်လေး ကို သတိတရ သုံးမယ်ဆိုတဲ့အတွက် ကျေးဇူးပါ။
    ဒီရက်ပိုင်း အလည်ထွက်နေတာနဲနဲများနေလို့ ပစ္စည်းတွေ မပို့ခင် ဖုန်းလေးတော့ ကြိုချိတ်ပေးပါခင်ဗျ။
    ဝမ်းမြောက်ဝမ်းသာကြိုနေပါ့မယ်။
    ပြောထားပြီးသားနော်…ရေနွေးအသင့်၊ ကော်ဖီမှုန့်အသင့်
    ၊နို့ဆီ သကြား ( Mr MarGa မဟုတ် ) အသင့်။
    OK?
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • zaw min

    November 29, 2013 at 2:38 pm

    အလှူငွေထည့်ပေးဖို့ ဦးမျိုးသန့်ဆီပဲဆက်သွယ်ရမလား…ခရီးစဉ်ကိုလည်းအဆင်ပြေရင်လိုက်ချင်ပါတယ်။

    • Myo Thant

      November 29, 2013 at 3:00 pm

      ဟုတ်ကဲ့ ၊
      ရပါတယ်ဗျာ ၊ ဝ၉ – ၅၁၅၁၀၂ဝ ပါ ၊
      ရုံးက MICT Park , Hlaing Township ၊ အိမ်က လှည်းတန်းနားက နာနတ်တောလမ်း ပြည်ရိပ်မွန်မှာပါ ၊
      လှူမယ်ဆိုလို့ ပီတိဖြစ်သလို လိုက်မယ်ဆိုလို့ ဝမ်းသာပါကြောင်း ၊
      ခရီးစဉ် အစီအစဉ်ကို ဒီဇင်ဘာ လဆန်း ၃ – ၄ ရက်လောက်မှာ အတည်ပြုဖို့ ကြိုးစားပါ့မယ် ၊

  • Phoe Thitsar

    November 29, 2013 at 5:52 pm

    လိုက်ပါလှူဒါန်းချင်သော ရွာသားများ လိုက်နိုင်စေရန် ကျနော် ကားတစ်စီး ကူညီပါ့မယ်ဗျာ
    ကျနော်မှာတော့ ကိုယ်ပိုင်ကားမရှိဘူးဗျ.. (ကြွားတာမဟုတ်ပါ)
    သူငယ်ချင်းကားငှာပြီး ကူညီမှာပါ
    ကျနော်က ဘုရင့်နောင်လမ်းဆုံနားဆိုတော့ ကျနော်နေရာနှင့် နီးစပ်သူများ တစ်ပါတည်းခေါ်ပါ့မယ်
    ရွာသားများများ ပါဝင်တော့ ပျော်စရာ အလှူလေးဖြစ်စေတာပေါ့ဗျာ… ပြီးရင် ရေခဲစိမ်ထန်းရေဆိုလားး..အဲဒါလေးလည်း တူတူသောက်ချင်လို့ပါ…
    (ရွာသားများများ ပါဝင်စေလိုသော ဆန္ဒနှင့် ဖြည့်ဆည်းပေးချင်တာပါခင်ဗျာ)

    • Myo Thant

      November 30, 2013 at 8:48 am

      ကားက ဗင်လား ၊ ဟိုင်းလက်လား ၊ လိုက်ထရပ်လား
      သိချင်ပါတယ်ခင်ဗျား ၊

      ရေခဲစိမ်ထန်းရည်အတွက် မပူပါနဲ့ဗျာ 🙂

      လိုက်မယ့်သူတွေကတော့ လောလောဆယ်
      ၆ ယောက် ရ ယောက်ပဲရှိပါသေးတယ် ၊

      ကျန်တဲ့သူတွေ လက်တို့ကြပါဦး

  • fatty

    November 29, 2013 at 8:07 pm

    အောင်မြင်ကြပါစေ။

    • Foreign Resident

      December 1, 2013 at 6:06 am

      ” နေကောင်းတယ်နော် ဦးဖက် “

    • ဦးကြောင်ကြီး

      December 1, 2013 at 10:43 am

      ဆရာဖက်တီး
      ကမာ္ဘနတ်ကြီး
      ဗြဟ္မာဓာတ်စီး
      သမ္မာလာဘ်ဖီး
      ဗလာဇာတ်ဟီး
      မညာတွက်နည်း
      စာတတ်အပြီး
      လျှာသွက်ခရီး..။

    • TNA

      December 6, 2013 at 1:34 pm

      အောင်မယ်လေး ကဖက်တော့ ဖက်ဖက်ကက်ရေ တွေ့ရဝမ်းသာချက်တော့ မြင်ဖူးတယ်ရှိအောင်ကျိသွား ဘာဒယ် :mrgreen:

  • padonmar

    November 29, 2013 at 9:34 pm

    ဟာ…ဦးဖက်တီးဟေ့
    ရွာသူားတွေ လာကြည့်ကြပါအုံး။
    နေကောင်းတယ်နော် ဦးဖက်။

  • zaw min

    November 29, 2013 at 11:49 pm

    ဟုတ်ပဗျာ..ဦးဖက်တစ်ယောက်ပျောက်ချက်သားကောင်းနေတာ ရွာထဲကွန့်မန့်လေးတောင်အခုမှတွေ့ရတယ်။ကျမ်းမာရေးကောင်းပါတယ်နော်….

  • Kaung Kin Pyar

    November 30, 2013 at 8:25 pm

    ဟုတ်ကဲ့…အူးမတ်က သူ့သူငယ်ချင်းကားတစ်စီး ပါနိုင်တယ်လို့တော့ ပြောပါတယ်…။ မအရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန် ပြောတာလဲ သဘာဝကျပါတယ်…။ ကားနှစ်စီးနဲ့ဆိုရင် အဆင်ပြေမယ်လို့တော့ ထင်ပါတယ်…။ အလှူ ပစ္စည်းယူဖို့အတွက် ကောင်းကင်ပြာကိုလဲ ဆက်သွယ်လို့ ရပါတယ်လို့…….
    ရွာသားအားလုံးကို ကျေးဇူးတင်ပါတယ်….

  • Phoe Thitsar

    November 30, 2013 at 11:00 pm

    ဦးမျိုးရေ … ကားက Probox သို့မဟုတ် suzuki wagon ပါ သေချာတာက Probox ဖြစ်ဖို့ များတယ်ဗျ
    Probox ဆိုတော့ အများကြီး ဆန့်တာပေါ့ဗျာ
    အင်းစိန်၊ သမိုင်း၊ ပတ်ဝန်းကျင်မှ ရွာသူရွာသားများအားလုံးကို ကျနော်တာဝန်ယူပြီး ခေါ်ပေးပါမယ်
    လိုက်ချင်သူများ လိပ်စာလေးတွေပေးထားကြပါနော်
    အနည်းဆုံး ငါးယောက်လောက်တော့ ခေါ်နိုင်ပါတယ်ဗျာ
    ပျော်ပျော် ရွင်ရွင်နဲ့ အလှူပွဲတစ်ခု ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ
    အားလုံး စိတ်ချမ်းမြေ့စွားနဲ့ သွားနိုင်အောင် တာဝန်ယူပါတယ်ဗျာ

    • Myo Thant

      December 2, 2013 at 11:51 am

      ဒါဆိုရင်တော့ အလှူပစ္စည်းတွေ စုမိဖို့ပဲ လိုပါတော့တယ် ၊

      ကိုအမတ်မင်းရေ အန်တီဒုံဆီက ဘယ်လို သယ်ရမလဲ ? ၊ ကျန်တဲ့အလှူပစ္စည်းတွေကောပေါ့ ၊

      ဆုံရပ်ကို လှည်းတန်းပဲထားမှာလား ?၊ မြို့ထဲက လာမယ့်ကားက လှည်းတန်းမှာ လူထပ်တင် အဲသလိုလား ? ၊

      ကို Phoe Thitsar ရေ ကားက ပရိုဘောက်ဆိုရင် ဆင်ရေတွင်းမှတ်တိုင်ဘက်မှာ ပစ္စည်းလာတင်ပေးလို့

      ရမလားဗျာ ၊

      သေချာအောင် ညှိကြတာပေါ့နော့ ၊

  • Phoe Thitsar

    December 3, 2013 at 2:13 pm

    ရပါတယ် ဦးမျိုးရေ…
    ကျနော်က ဘုရင့်နောင်ကနေ စထွက်ပြီး ဘုရင့်နောင်၊ သမိုင်း၊ အင်းစိန်၊ ဆင်ရေတွင်း စသည်ဖြင့် ခေါ်ခဲ့ပါ့မယ်
    အင်းစိန်ဘက်ကနေ ဆင်ရေးတွင်းကို စော်ဘွာကြီးကုန်းကနေ ဖြတ်သွားရင်နီးတယ်ဆိုတော့ ကျနော် တာဝန်ပေးလိုက်ပါ
    မြို့ထဲကလာမည့် ကားနဲ့ မြို့ထဲကနေ၊ လှည်းတန်း ဘက်မှ ရွာသားများပါ ခေါ်လာပြီး ဆုံရပ်ကို လှိုင်သာယာဘက်အခြမ်းမှာ ထားလိုက်ရင် အဆင်ပြေမလားခင်ဗျာ.. အဆင်ပြေမယ်ဆိုရင် နေရပ် (သို့) ဖုန်းနံပါတ်လေးများ တင်ထားပေးရင် အဆင်ပြေမယ်ထင်တယ်ဗျ.. (သို့) မှတ်တိုင်တစ်ခုခု ဆိုလည်းရပါတယ်ခင်ဗျာ.. ကျနော် နံက် (၇)နာရီမှ စတင်ပြီး အိမ်တော်ရာမှ ထွက်ပါ့မယ်
    အကြံပြုတာပါခင်ဗျာ ပို၍ အဆင်ပြေမည့် လမ်းကြောင်းရှိရင်လည်းပြောပေးပါ

    • Myo Thant

      December 3, 2013 at 2:33 pm

      ကျနော့်ဖုန်းက ဝ၉ – ၅၁၅၁၀၂၀
      ကောင်းကင်ပြာက ဝ၉ – ၄၂၀၇၀၃၄၆ဝ
      ကိုစွယ်တော်က ဝ၉ – ၄၅၀၀၀၇၃၄၇

      ကို Phoe Thitsar က ကိုစွယ်တော့်ဆီ လာဖို့ မှန်းတာပါ ၊
      ကိုစွယ်တော်ရွက် အိမ်က အင်းစိန်ဘက်ကလာရင်
      ဆင်ရေတွင်းမှတ်တိုင် အလွန်လေးမှာပါ ၊
      လမ်းညာဘက်ခြမ်းပါပဲ ၊ ဒီကြားထဲ ဆက်သွယ်လို့ရရင်
      အဆင်ပြေမှာပါ ၊
      ကောင်းကင်ပြာဘက်ကို မေးပါဦးမယ် ၊

    • Ma Ma

      December 4, 2013 at 4:02 pm

      အာတီဒုံပစ္စည်းများလည်း ယူလာခဲ့ပေးပါမည်။

  • Ma Ma

    December 4, 2013 at 7:50 am

    မိသားစုနှင့် လိုက်ခဲ့ပါမည်။ (ကားမလိုဘူးထင်လို့ စုရပ်သို့ မလာတော့ပါ။)
    လှူ ရန်အဝတ်အစားနှင့် ကလေးများအတွက် စားစရာ(သို့) စာရေးကရိယာလည်း ယူခဲ့ပါမည်။
    ဆရာတော်သို့ ဝတ္ထု ၂၀၀၀ဝ (နှစ်သောင်း) လှူ ပါမည်။
    ခရီးစဉ်အတိအကျ သိချင်ပါသည်။

  • Shwe Ei

    December 4, 2013 at 3:50 pm

    အနော်မလိုက်ဖြစ်တဲ့အတွက် လှူဖို့စုထားတဲ့ အထုပ်တွေ ကဖက်နဲ့ ထဲ့ပေးလိုက်ဘာမယ်

    ကျေးဇူးတင်ဘာဒယ် 🙂

  • Myo Thant

    December 4, 2013 at 4:13 pm

    လိုက်မယ့်လူတွေထဲမှာ
    လှည်းတန်းနဲ့နီးတာက
    ကျနော်ရယ် ၊ ကိုစွယ်တော်ရယ် ၊ ကောင်းကင်ပြာရယ် ဆိုတော့
    ကို Phoe Thitsar ကားကိုစောင့်စီး ၊ ကိုဖက်က မြို့ထဲဘက်က လိုက်မယ့်လူတွေ
    ခေါ်လာရင် ပို အဆင်ပြေမလားပဲ ၊ မွန်မွန်ကတော့ သူ့ကိုယ်စား သူ့ကိုယ်ရံတော်ကို
    လွှတ်လိုက်မယ် ဆိုလားပဲ ၊

  • Shwe Ei

    December 4, 2013 at 4:15 pm

    တခုလောက် အကူညီတောင်းပါရစေ

    ဘုရင့်နောင် ရေကြောင်းသိပ္ပံရှေ့ ရွှေစံပယ်ရိပ်မွန် က အလှူရှင်တယောက်က အဝတ်ထုတ်တေ ပေးလိုက်ချင်ပါတယ်တဲ့

    အိုက်ဒါ အနီးစပ်ဆုံးနေရာက လာယူပေးနိုင်မဲ့လူရှိရင် အကြောင်းပြန်ပေးစေချင်ပါတယ်

    သွားမဲ့နေ့မနက်ယူပေးမလား ဒါမှမဟုတ် ကြားရက်သွားယူပီးသိမ်းထားပေးမလား သိချင်ပါတယ်ခီညော်

    • Myo Thant

      December 4, 2013 at 4:20 pm

      မရွှေအိရေ
      အမသဲကိုပြောတာ မဟုတ်လား
      ကျနော် အဆင်ပြေအောင် လုပ်လိုက်ပါ့မယ်နော့

      • Shwe Ei

        December 4, 2013 at 5:04 pm

        မဟုတ်ပါဝူးဗျ…အခြားအလှူရှင်ဘာ

        ရွာထဲကမဟုတ်လို့ ဖုန်းနံပတ်နဲ့နံမယ် မထဲ့ပေးထားတာဘာ

        အလှူရှင်ကို ဆက်သွယ်ပေးဘာမယ်လို့ပြောထားပါတယ်…ဘဒူလာယူမယ် ဘယ်မှာလာယူမယ် ကွန်ဖမ်းရအုံးမှာကျောင့် ကူညီပေးနိုင်မလား သိချင်တာဘာဗျ

        • Myo Thant

          December 5, 2013 at 11:56 am

          သွားမယ့်မနက်မှ ယူဆိုရင်လည်း
          ကို Phoe Thitsar ကားနဲ့ လှည့်ယူ ၊
          ဒါမှမဟုတ် မြို့ထဲက လာမယ့် ကိုဖက်တို့ကယူ ၊
          တစ်ခုခုတော့ အဆင်ပြေမှာပါ ၊
          ကြိုပြောပါ့မယ်နော်

  • အရီးခင်

    December 4, 2013 at 5:45 pm

    ရွာ့ အလှူပွဲ ပြီးတိုင်း အတွေ့အကြုံလေးတွေ၊ ဒါ့ပုံလေးတွေပါ မျှပါနော်။
    အဝေးကမို့ မပါနိုင်ပေမဲ့ စိတ်အားနဲ့ ပါနေပါတယ်။ 😛

  • Phoe Thitsar

    December 4, 2013 at 5:46 pm

    ဦးမျိုးအစီအစဉ် ကောင်းပါတယ်… ကျနော် ဆင်ရေတွင်းနဲ့ ကျောက်ရေတွင်းမှားသွားတယ်ဗျ…
    ဆင်ရေတွင်းဆိုတော့ ပိုနီးတာပေါ့ဗျာ… ကျနော် ဘယ်မှတ်တိုင်ကနေ စပြီး ကြိုပေးရမလဲ ပြောပါ..
    ကောင်းကင်ပြာနဲ့ ကိုစွယ်တော်ရေ… ကြိုရမည့်မှတ်တိုင်လေးတွေပြောပေးပါနော်…
    နောက်ထပ် တစ်ယောက်လောက်လည်း လိုက်လို့ရသေးတာဆိုတော့ နီးစပ်ရာသူများ မှတ်တိုင်လေးတွေ တင်ထားပေးစေလိုပါတယ်ခင်ဗျာ….

  • ကြောင်ဝတုတ်

    December 5, 2013 at 1:00 pm

    လိုအပ်သည်များကို ကိုအမတ်မင်းတို့အားပြောကြားထားပါခင်ဗျား…
    Probox တစ်စီးအားဖြည့်ကူညီပေးပါ့မယ်…
    လောလောဆယ်တော့ ဦးမဆောင်နိုင်လို့ နောက်လိုက်ဒရိုက်ဘာပဲလုပ်ပေးပါ့မယ်…
    ထားရာနေ… စေရာမှာ… နေရာမလပ်စေရအောင် ကပါ့မယ်ခင်ဗျား…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • KZ

      December 5, 2013 at 1:04 pm

      ဘယ်လို က မှာတုန်းးး
      ဂါးဖီးလို ကမှာလားးးးး

      😀

  • Shwe Ei

    December 5, 2013 at 2:32 pm

    ဟုတ်ကဲ့ ရွှေစံပယ်ရိပ်မွန်က အလှူရှင်ကိတ်စ ပြေလည်သွားဘာဘီ

    အမသဲနုအေး နဲ့ ဆက်သွယ်ပြီး အကူညီတောင်းလိုက်ပါတယ်။ ဂနေ့ လမ်းကြုံဝင်ယူပြီး တခါထဲ အူးစွယ်တော်ရွက်အိမ်ကို ပို့လိုက်ပါမယ်တဲ့။

    ကျေးဇူးတင်ပါတယ်ခီညော် 🙂

    • Swal Taw Ywet

      December 5, 2013 at 4:39 pm

      စုစုပေါင်း ၄ ထုပ် TNA မှ အိမ်အရောက်လာပို့ပေးသွားပါကြောင်း။
      FB ၌ ဓါတ်ပုံတင်ပေးထားပါကြောင်း။
      ပျော်စရာကောင်းမည်မှာမလွဲနိုင်ပါကြောင်း သတင်းပို့အပ်ပါတယ်ခင်ဗျား။
      With respect,
      Swal Taw Ywet.
      (02/Dec / 2013 4:00 pM )

      • TNA

        December 6, 2013 at 1:37 pm

        မအားသောကြောင့်ရွာထဲပိုစ့်စုံအောင်မကြည့်နိုင်လို့ ကွန်မင့်တွေလွတ်သွားတယ်။ ကူညီခွင့်ရလိုက် လို့ဝမ်းသာပါတယ်။

  • Myo Thant

    December 6, 2013 at 12:21 pm

    ကို Phoe Thitsar ရေ
    ကျနော့်ဆီ ဆက်သွယ်ပေးပါလားဗျာ ၊

    လောလောဆယ်တော့ အဲဒီမနက် ရ း ၃ဝ ကျနော်က
    ကိုစွယ်တော်ရွက်အိမ်က စောင့်ပါမယ် ၊
    ကို Phoe Thitsar ကားလာပြီးရင်
    ကောင်းကင်ပြာကို သမိုင်းလမ်းဆုံ ရှေ့မှာ ဝင်ခေါ် ၊
    သူ့သူငယ်ချင်းတစ်ယောက်ကို လှိုင်သာယာမှာ ခေါ်
    အဲဒါပါပဲ ၊
    ကိုအမတ်တို့က ကားတစ်စီးဖြစ်ပါလိမ့်မယ် ၊

  • နီးစပ်ရင်တော့ အလှူပါချင်ပါတယ်။
    ရွာအလှူမှာဟိုးတလော ဖက်တီးကတ်ထံတစ်ခါသာငွေသားလှမ်းလှူဖူးပါသေးတယ်။
    အဝတ်အစားတွေကတော့ ဒီဘက်ကကလေးတွေက ပိုဆင်းရဲလို့ ဒီဘက်မှာတင်လှူဖြစ်ပါတော့တယ်။
    အနေနီးလာရင်တော့ ရွာနဲ့အတူ လှူဖြစ်ပါဦးမယ်
    🙂

  • Myo Thant

    December 7, 2013 at 2:46 pm

    စနေ ညနေ ၃ နာရီထိုးပါတော့မယ် ၊
    ကားနဲ့ လာကြိုမယ်ဆိုတဲ့ Phoe Thitsar ဆီက
    ဘာ အဆက်အသွယ်မှ မရသေးပါ ၊
    လူချင်းလည်း မသိ မမြင်ဘူးသူမို့
    ရင်မောပါ၏ ၊
    ကိုအမတ်ကလည်း ဖုန်းမကိုင်ပါ ၊

    ? ? ? ?

Leave a Reply