ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာသင်ကြားရေး Websites ၁ဝ ခု

wunnakokoAugust 6, 20102min811

forward mail ကရတာပါ။ အင်္ဂလိပ်စာလေ့လာသူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာသင်ကြားရေး Websites ၁ဝ ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက … ကျွန်တော်တို့က Internet Useability နဲ့

ပတ်သက်ပြီးရေးတော့ စာဖတ်သူ တွေဘက်က အင်တာနက် သုံးတာတော့ ဟုတ်ပါပြီ။

အင်တာနက် စသုံးသုံးချင်းမှာ ယောင်လည် လည်နဲ့ ဘယ် Websites တွေ၊

ဘာတွေကြည့်ရမှာလဲလို့ ပြန်မေးလာ ပါတယ်။ တကယ်တော့ အင်တာနက်ပေါ်မှာ

ကြည့်လို့ မရတဲ့ Topic ဆိုတာ မရှိသလောက်ပါ။ အပ်ကစ ဂေါ်ဇီလာအဆုံး၊ Related

Information တွေ အားလုံးကို online ပေါ်မှာ အလွယ်တကူရရှိနိုင်ပါတယ်။

ဒါကြောင့်မို့ စာရေးသူအနေနဲ့ ဒီလကစပြီး အင်တာနက်ပေါ်က အကောင်းဆုံး Top Ten

Websites တွေကို သူ့အမျိုး အစား Categories အလိုက် လစဉ်ဖော်ပြသွားပါမယ်။

ဒီလ တင်ပြချင်တာကတော့ ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာသင်ကြားရေး Websites ၁၀

ခု ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေအတွက် အင်္ဂလိပ်စာသင်တန်း တွေ၊

နိုင်ငံတကာ အသိအမှတ်ပြု Courses တွေ မျိုးစုံရှိ ပါတယ်။ အချိန်၊ ငွေကြေး

တတ်နိုင်ရင် အလွယ်တကူ တက်ရောက် သင်ကြားလို့ရပါတယ်။ ဒါပေမယ့် အွန်လိုင်း

ပေါ်က Learning English Websites တွေကတော့ အချိန် ကုန်ငွေကုန် သက်သာပြီး

နောက်ဆုံးပေါ် up-to-date English Language Knowledge တွေကို အလွယ်တကူ

လေ့လာလို့ရတာမို့ ယခုလိုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ဒီ Websites တွေရဲ့

အဆင့်သတ်မှတ်ချက် (Ranking) ကို ယူကေနိုင်ငံအခြေစိုက် လွတ်လပ်တဲ့

အွန်လိုင်း လေ့လာသူများအသင်းက သတ်မှတ်ထားခြင်းပါ။

ကဲ …ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေး Websites တွေဆီကို

အလည်သွားကြရ အောင် …။

www.nonstopenglish.com

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး

ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ

အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary

Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်

Register လုပ်ပြီး User log-in နဲ့ ဝင် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email

Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ

တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

www. englishclub.com

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ

website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို

ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website

ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်

(Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင်

အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကိုလည်း အခမဲ့ email

နဲ့ ဖြေကြားပေးပါသေးတယ်။

www.freeenglish.com

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့

ebook တွေကို download ရယူ နိုင်ပါတယ်။

www.rong-chang.com

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့

သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် ကျွန်တော်

တို့လို english ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက်

သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့်

လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

www.englishathome.com

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking

games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။

www.nylanguageexchnage.com

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို

မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ –

ပြင်သစ်စကား သင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့

french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

www.roseofyork.co.uk

ဒီ website ကိုတော့ the rose of york english college က

လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business

english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား

လေ့လာနိုင်ကြပါတယ်။

www.expertenglish.com

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate)

နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ – one

stop english perfection program မျိုးတွေနဲ့ပါ။

www.worldenglish.com

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ english

ဘာသာလေ့လာသူတွေအနေနဲ့ Highest quality english language resources တွေကို

ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က

မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖု့ိ

font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်

ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်

များစွာသင့်လျော်ပါတယ်။

www.learnenglish.org.uk

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု

quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download

ရယူနိုင်ကြပါတယ်။

One comment

  • char too lan

    August 14, 2010 at 6:35 am

    ကျေးဇူးတင်ပါတယ်
    ကျနော်လို English စာညံ့တဲ့သူအတွက်ဆရာကောင်းတွေ ့တာပါပဲ
    သေသေချာချာလေ့လာပါ့မယ်။

Leave a Reply