လောကဿ ရသ

ဒီလိုဗျ …။
လောကမှာ ရသ မြောက်တဲ့ အရာတွေ အများကြီးရှိတယ်။
“ရသ” ဆိုတဲ့ အသုံးအနှုန်းကလည်း စာပေ ဘက်မှာ အသုံးများပေမယ့် သူ့နေရာနဲ့သူ အများကြီး အများကြီး ပါပဲ။
ဥမပါ – ဘောလုံးကန်တဲ့နေရာမှာ ရသ မြောက်တာ၊ ဟင်းချက်တဲ့အခါ ရသ မြောက်တာ … စသည်ဖြင့် သူ့နေရာနဲ့သူ ရသ မြောက်ကြပါတယ်။
ရသပေါင်း စုစုပေါင်း အကုန်ပေါင်း (၉) မျိုး ရှိပါတယ် …..။ ဒီရသတွေကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးထားပါတယ်။

“ရသမြောက်တယ်” …. ဆိုတော့ကာ … “ရသ တောင်တာ” .. မဟုတ်လို့ပါပဲ။
ဒါဟာ အတိအကျပါပဲ။
ရသ မှာ ဟိုဒင်း မရှိလေတော့ကာ ရသ ဟာ တောင်လို့ မရနိုင်ပါဘူး။
ဟိုဒင်း = ထုထည် …………။

“… ဟာ … လူလေးယောက်ကို လိမ်ခေါက်ပြီး ဂိုးထည့်သွားတာ စောက်ရမ်း လန်းတယ်ကွာ …”
အထက်ပါ .. စကားသည် ဘောပညာတွင် ရသ မြောက်သော အခြင်းအရာတစ်ခုအား အံ့ဩတကြီး ရေရွက်လိုက်သည့် စကားပင် ဖြစ်လေသည်။
ဒါကို …. အဗ္ဘုတရသ … လို့ ခေါ်ပါတယ် …။
အံ့ဘနန်း ဖြစ်စေတဲ့ ရသ ပေါ့။ ဒါက နမူနာ ဥမပါ တစ်ခုနဲ့ တွဲပြလိုက်တာ။

“ချစ်၊ ပြုံး၊ စိုး၊ ကြမ်း၊ ရဲ၊ ကြောက်၊ စက်၊ အံ့၊ အေး” ဆိုပြီး လောက ရသပေါင်း (၉) မျိုး ရှိတယ်။
ဒီအထဲမှာမှ …….
လောက ရသ အမြောက်ဆုံး ရသ တစ်ပါးကို ကျွန်ုပ်အနေဖြင့် ပြောလိုလှပေသည်။ ဤကား အဓိက အချက်ဖြစ်ပေသည်။ သေချာစွာ နားဆင်ကြပါလော့ အရပ်ကတို့ ………….။

လောကတွင် ရသ မြောက်သည့် အကြောင်းအချက် များစွာထဲတွင် …..

 

  • အီး အလွန်ပါချင်သည့် အခိုက် အိမ်သာ ရှိရာဆီသို့ ပြေးလွှားရသော ရသလည်း တစ်ပါး၊
  • အိမ်သာ တံခါးအား ဖြတ်ခနဲ ဆွဲဖွင့်မိလိုက်သော ရသလည်း တစ်ပါး၊
  • အိမ်သာ တံခါး ပိတ်အပြီး ဖက်ခနဲ ဖင်လှန်မိသော ရသလည်း တစ်ပါး၊
  • ပြီးနောက် … အိမ်သာခွက်ပေါ် ထိုင်မိမှန်း မသိ ထိုင်မိလိုက်သော ရသလည်း တစ်ပါး၊

အထက်ပါ .. အောက်ပါ .. ရသ တို့ထက် …..
အိမ်သာခွက်ပေါ် ထိုင်မိသည့် တစ်ခဏ (ခြုံတိုးသူများ အနေဖြင့် ဖင်လှန်ပြီး ဆောင့်ကြောင့်ထိုင်မိည့် တစ်ခဏ) …

ထိုတစ်ခဏ အတွင်း …….
.…… “ဖျင်းးးးးးးးးးးဖျီးးးးးးးးးးး” …..
ဟူသော မြည်သံစွဲ အလင်္ကာ တစ်ခုနှင့်အတူ အောင့်ထားသော အီးများ ထွက်သွားသည့် အခိုက်သည် ….

လောက ရသ များစွာတို့အနက် အမြောက်တကာ့ အမြောက်ဆုံး ရသ တစ်ပါး၊ တုနှိုင်းမမှီသော ရသ တစ်ပါး ဖြစ်သည်ဟုပင် ကျွန်ုပ် ဆိုလိုချင်လှပေတာ့သတည်း …….။

ဤတွင် တုနှိုင်းမမှီသော ရသ သို့မဟုတ် လောကဿ ရသ အကြောင်း ပြီးသတည်း ….။

======================
ရေးသားသူ –

လောက ဆရာကြီး မဟာရာဇာ အံစာတုံး
======================

ရသ (၉) မျိုးနှင့် ဌာယီဘာဝ (၉) မျိုး တွဲဖက်ပုံလင်္ကာ

၁။ ချစ်ကြင်လှစွာ၊ ရိတိဌာဖြင့်၊ သိင်္ဂါရ ရသ၊ ပြုလုပ်ရ၏။
၂။ ပြုံးရယ်ပါရ၊ ဌာဟာသဖြင့်၊ ဟသာရသ၊ ပြုလုပ်ရ၏။
၃။ စိုးရိမ်ကြောင့်ကြ၊ ဌာသောကဖြင့်၊ ကရုဏ ရသ၊ ပြုလုပ်ရ၏။
၄။ ကြမ်းကြုတ်ပါလှ၊ ဌာကောဓဖြင့်၊ ရုဒ္ဒရသ၊ ပြုလုပ်ရ၏။
၅။ ရဲရင့်လှစွာ ဥဿာဟဖြင့်၊ ဝီရ ရသ၊ ပြုလုပ်ရ၏။
၆။ ကြောက်ရွံ့ပါလှ၊ ဌာဘယဖြင့်၊ ဘယာနက ပြုလုပ်ရ၏။
၇။ စက်ဆုပ်ပါလှ၊ ဇိဂုစ္ဆဖြင့်၊ ဝိဘစ္ဆရသ၊ ပြုလုပ်ရ၏။
၈။ အံ့ဩစွာပ၊ ဝိမှယဖြင့်၊ အဗ္ဘုတရသ၊ ပြုလုပ်ရ၏။
၉။ အေးငြိမ်းချမ်းမြ၊ ဌာသမဖြင့်၊ သန္တရသ၊ ပြုလုပ်ရ၏။

15 comments

  • Mr. MarGa

    November 25, 2013 at 3:16 pm

    အောက်က စာကိုးကြောင်းကို မှတ်သွားဒယ်
    ဘယ်နားက ကောက်ဆွဲလာတာလဲ ဟင် :mrgreenn:

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 3:45 pm

      ဘယ်နေရာဂ ဆွဲထုတ်ထုတ်
      နင့်အပူ မဟုတ်ဘူးးး
      နင်ကျိရမှာ အပေါ်ဂ ရသ ကို ကျိရမှာ ..
      အကျိ မချော်စမ်းနဲ့

    • KZ

      November 26, 2013 at 11:24 am

      ဟုတ်တယ်။
      ၉ ခု ကို မှတ်သွားတယ်။

  • kyeemite

    November 25, 2013 at 3:20 pm

    ကျုပ်တို့ငယ်ငယ်ကသင်ခဲ့တာကတော့ လင်္ကာတမျိုးလေး…
    ချစ်၊ရွှင်၊သနား၊တည်ကြား၊ကြမ်းကြုတ်၊ရက်စက်၊ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ နောအရသာ ကျမ်းဂန်လာ၏…တဲ့

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 3:48 pm

      ဦးဒို့ ငယ်ငယ်တုန်းက …
      ကြက်သား တစ်ပိဿာ ဘယ်ဈေးဒုန်းးး
      အခုခေတ်နဲ့ ကွာမှာ ထင်ဒယ် ..
      ဒီဒေါ့ဂါ ဒါကိုလည်း ဒီလိုဘဲ မှတ်ဘာ ညှစ်ကိုဂျီးး
      အဒွန့်မတက်ချင်ဘာနဲ့ ….

  • kai

    November 25, 2013 at 4:12 pm

    ဦးပုညလို့ထင်တာပဲ…
    ဘုရင်က.. လောကမှာစည်းစိမ်အရှိဆုံးအရမေးတော့.. ချက်ချင်မဖြေပဲ…
    ဘုရင်ကိုဝမ်းချုပ်အောင်ဆေးကျွေးပြီးမှ… ရက်ကြာတော့.. ဝမ်းပြန်တည့်ဆေးကျွေးတာ…
    ဘုရင်ခမြာ… ပြေးရတာပေါ့…

    အဲဒီအီးအီးပါချင်ခိုက်.. ပါချလိုက်ရတဲ့အရသာလို့… :kwi:

    • Mr. MarGa

      November 25, 2013 at 5:30 pm

      သဂျီး သဂျီး
      အိုက်ဒါ ဦးပေါ်ဦး ဟုတ်ဖူးလား
      ဦးပုညကတော့ အဲလောက်လုပ်တယ်လို့ မဖတ်ဖူးဘူး ဗျ :mrgreenn:

      • kai

        November 26, 2013 at 4:11 pm

        သိကြားမင်းကပြောတာအမှန်ထင်တာပဲ..
        ပေါ်ဦးဖြစ်မှာပါ..

        ဆိုတော့…
        အဲဒါလေးဖတ်ရတုန်းက.. အစပိုင်းမှာ.. ကာမဆက်ဆံတာကိုပြောမယ်ထင်နေတာ..
        အဲလိုမဟုတ်ပဲ.. အီအီးဖက်လှည့်တော့.. သိပ်မယုံ… :kwi:

        • Mr. MarGa

          November 26, 2013 at 8:31 pm

          ဘုရင့်ကို အဲသလိုတော့ ပြောမယ် မထင်…… :kwi:

  • TNA

    November 25, 2013 at 5:14 pm

    အထာရသ ၁၈ ရပ်ကော တတ်ရဲ့လားဟေ :mrgreen:

  • Phoe Thitsar

    November 25, 2013 at 9:30 pm

    ပို့စ် လေးဖတ်နေရင်း အီးအီး ပါချင်လာပြီ…. လက်တွေ့စမ်းကြည့်လိုက်အုန်းမယ်..ဟိဟိ

  • ဦးကြောင်ကြီး

    November 26, 2013 at 11:21 am

    အကြောပေါင်း တထောင်စိမ့် ဒယ်ဆိုဒါ လျှာမှာပဲ ရှိဒယ်.. အဲ့ဒါကြောင့် လျှာဂျီးကို အစော်ကားနဲ့..

  • Paing Lay

    November 26, 2013 at 4:06 pm

    ဒါကြောင့်မို့ မိုင်လေဆိုင်းရပ်စ်က လျှာနဲ့တင် ကမာ္ဘကျော်သွားတယ်မလား အူးကြောင် 🙂

  • Thein Zaw

    November 29, 2013 at 12:11 pm

    ရသ (၉) မျိုးနှင့် ဌာယီဘာဝ (၉) မျိုး တွဲဖက်ပုံလင်္ကာ ကိုကြိုက်လို့ကူးသွားတယ်ဗျို့။

Leave a Reply