သံတွဲမြို့ နာရေးကူညီမှုအသင်းသို့…..

saline tinmgNovember 25, 20131min1607

သံတွဲမြို့ နာရေးကူညီမှုအသင်းသို့အခမဲ့မြေနေရာနှင့်ရုံးခန်းနေရာပေးထားသော
သံတွဲမြို့ဗိုလ်ချုပ်လမ်းရှိဗလီတစ်လုံးတွင်ခြံစည်းရိုးဖျက်ပြီးရေစက်နှင့်ရေပိုက်များ လုယက်ဖျက်ဆီးခံရ။

၁၈-၁၁-၂၀၁၃ ရက်နေ့ညနေ ၉ ခန့်တွင် အကြမ်းဖက်လူစုများမှသံတွဲမြို့ နာရေးကုညီမှုအသင်းအတွက် အခမဲ့မြေနေရာနှင့်
ရုံးခန်းနေရာအခမဲ့ပေးလှူထားသောသံတွဲမြို့ဗိုလ်ချုပ်လမ်းရှိ ဗလီ၏ ခြံစည်ရိုး
ကိုဖြိုဖျက် ဗလီတွင်လှူဒါန်းထားသောရေစက်နှင့်ရေပိုက်များကိုဖျက်ဆီးပြီး မော်တာရေစက်များကို ယူဆောင်သွားကြကြောင်းသတင်းရရှိသည်။
ယင်ဗလီသည် သံတွဲမြို့ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်
မျက်စောင်းထိုးတွင်တည်ရှိပြီ ရှေ့ယခင်နှစ်ပေါင်း ၃၀ဝ ကျော်မှပင်တည်ရှိခဲ့သောဗလီ
ဖြစ်သည်။ထိုသို့ဖျက်ဆီးနေချိန်သည်၁၄၄ ထုတ်ထားသောည ၉ နာရီအချိန်ဖြစ်ပြီး
ရဲတပ်ရင်များ၏နောက်ကျောတွင်ကပ်လျှက်တည်ရှိပါသည်။ထိုဖျက်ဆီးနေချိန်တွင်
ရဲတပ်ဖွဲ့များရောက်လာသော်လည်း မည်သူတစ်ဦးကိုမှ အရေးမယူဘဲလွတ်ပေးထား
ပါသည်။ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ရှေတွင်ရှိသော်လည်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ
ဟန့်တားခြင်းမပြုလုပ်ခဲ့ပါ။
သံတွဲမြို့ပေါ်တွင်ပင်ယခုကဲ့သို့ဖျက်ဆီနေချိန်တွင် ၎င်းဗလီတွင် ကုသိုလ်ဖြစ်
လှူဒါန်းပြီးအခမဲ့မြေနေရာနှင့်အဆောက်အဦးရုံးခန်းပေးထားသောသံတွဲမြို့ဗုဒ္ဓဘာသာ
နာရေးကူညီမှုအသင်းသည်လည်း နာရေးလူမှုရေးအသင်းအမည်ခံကာ ၉၆၉ အဖွဲ့၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များကိုသံတွဲနာရေးကူညီမှုအသင်း ဥက္ကဌ(ထောင်ထွက်)ဝင်းကိုလေး၊အတွင်းရေးမှူး(ထောင်ကျ)ကျော်ကျော်(ခ)ထွန်းသန့်ကျော်၊အီစီ(ထောင်ကျ)ဌေးအောင်တို့မှပင်ဦးဆောင်ပြီး RNDP လက်အောက်ခံအကြမ်း
ဖက်အဖွဲ့ဖွဲ့စည်းကာနာရေးအသင်းကိုဗန်းပြလျှက်အကြမ်းဖက်မှုများကိုထိုသူများလုပ် ဆောင်နေပါသည်။ထိုနာရေးမြေနေရာသည် အစ္စလာမ်တို့၏ဗလီမြေတွင်တည် ထောင်လှူဒါန်းထားပါလျှက်၊အစ္စလာမ်တို့၏ပစ္စည်းကိုလု၊အိမ်ကိုမီးရှို၊လူသတ်၊ဗလီမီးရှိုမှုများကိုပေါ်ပေါ်ထင်ထင်အကြမ်းဖက်လုပ်ဆောင်နေသည်ကိုအာဏာပိုင်များမှသိပါ လျှက်ထိရောက်စွာအရေးယူခြင်းမရှိပါ၊သံတွဲမြို့ပေါ်ရှိပဋိပက္ခများဖြစ်တိုင်းဦးဆောင်လေ့ရှိသောဂျိတ္တောနာရေးကူညီမှုအသင်း၊ဇိးဖြူကုန်းနာရေးအသင်း၊လင်းသာနာရေးအသင်းစသော၊နာရေးအသင်းအမည်ခံအကြမ်းဖက်အသင်းများသည်လည်အစ္စလာမ်ဘာသာ ဝင်များ၏အိုးအိမ်များဖျက်ဆီးရာနေရာ၊ပြဿနာဖြစ်ပေါ်ရာနေရာတိုင်းသို့ထိုလှူထား သောနာရေးကူညီမှုအမည်ခံလိုင်စင်မဲ့ကားများဖြင့်သွားရောက်ဖျက်ဆီးနေပါသော ကြောင့်ထိရောက်စွာအရေးယူသင့်ပါကြောင်းသတင်းရရှိသည်။

7 comments

  • အရီးခင်

    November 25, 2013 at 4:00 pm

    အချိန်လုပြီး ရွာထဲ ဝင်လာပါတယ်။
    ထိပ်ဆုံး Post ကို မန့်မယ် တွေးပါခဲ့တယ်။
    ကိုဆလိုင်း နဲ့ တိုးပါတယ်။
    ကိုယ်တိုင်စကားထက် ကိုယ်လေးစားတဲ့ဆရာကြီး စကား ကို ကော်ပီ လုပ်ပြီး ပေးလိုက်ပါတယ်။
    ငါ နဲ့ ငါ့ဘာသာ ငါ့လူမျိုး ကလွဲလို့ ကျန်တာ အမှိုက်တွေလို့ ဘာမှ မမြဲတာ တွေကို တစ်စောက်ကန်း ငါစွဲ စွဲ ပြီး အေးအေးချမ်းချမ်း နေချင်တဲ့ လူ့အသိုင်းအဝိုင်းကို ဖျက်လို ဖျက်စီး လုပ်နေသူများ အသိတရား နဲနဲ ထားပြီး အသေအချာဖတ်ကြပါ။
    ကိုဆလိုင်း နဲ့ တစ်ကွ ရွာသူ/သား၊ ကမ္ဘာသူ/သား အားလုံး ညီညီညွတ်ညွတ် နဲ့ ကိုယ် မှီတင်းနေထိုင်ရာ မြေ ကို ကောင်းသောစိတ် နဲ့ အကျိုးပြုနိုင်ကြပါစေ။
    လူအချင်းချင်း မုန်းတီးခြင်း ကင်းရှင်းကြပါစေ။

    “ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက် ရဲ့ EQ နဲ့ ပါတ်သတ်တဲ့ အမြင်” ဆောင်းပါးထဲ က တစ်စိတ်တစ်ပိုင်းပါ။

    EQ မှာ အစိတ်အပိုင်းနှစ်ခု ပါဝင်ပါတယ်။
    emotions စိတ်ခံစားမှုနဲ့ စိတ်ခံစားမှုတွေကို ဉာဏ်ရည်သုံးပြီး စီမံခြင်းဖြစ်ပါတယ်။
    ကျွန်တော်တို့ လူသားတွေမှာ စိတ်ခံစားမှုတွေရှိပါတယ်။ပျော်တယ်။ စိတ်ညစ်တယ်။ ဝမ်းနည်းတယ်။ မနာလိုဖြစ်တယ်။ ဒေါသထွက်တယ်။ အထီးကျန်ဆန်တယ်။
    စိတ်ခံစားမှု အမျိုးမျိုးရှိကြတာပါပဲ။ စိတ်ခံစားမှုမရှိတဲ့သူရယ်လို့ မရှိပါဘူး။
    အရေးကြီးတာက အခုလိုပေါ်လာတဲ့ စိတ်ခံစားမှုတွေကို ဉာဏ်ရည်သုံးပြီး ထိန်းချုပ်စီမံခိုင်းဖို့သာ ဖြစ်ပါတယ်။
    ရင့်ကျက်တဲ့သူတွေဟာ မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်သူတွေသာဖြစ်ပါတယ်။
    လူတစ်ဦးမှာ အမြဲလိုလိုပေါ်ပေါက်တဲ့စိတ်က ဒေါသထွက်ခြင်းဖြစ်တယ်။
    ထစ်ခနဲဆို ဒေါသထွက်တတ်ကြတယ်။ အမျက်ကို ရှေ့တန်းတင်ကြတယ်။
    ဒါကြောင့် ဂရိပညာရှင်တစ်ဦးက သတိပေးခဲ့တယ်။
    လူတွေဟာ မကြာခဏ ဒေါသထွက်ကြတယ်။
    ဒါကလွယ်ပါတယ်။
    ခက်တာကဘယ်သူ့ကို ဒေါသထွက်ရမယ်။ ဘယ်လောက်ဒေါသထွက်ရမယ်။ ဘယ်အချိန်မှာ ဒေါသထွက်ရမယ်။ ဘာကြောင့်ဒေါသထွက်ရမယ်။
    ဒါတွေကို ဆုံးဖြတ်ဖို့တော့ မလွယ်ဘူးလို့ ပြောခဲ့ပါတယ်။
    အီးကျူကို နားလည်အောင်ရှင်းပြနိုင်ဖို့ ကျွန်တော်လေးစားမြတ်နိုးတဲ့ အိန္ဒိယခေါင်းဆောင်ကြီးဂန္ဒီနဲ့ပတ်သက်တဲ့ ဥပမာတစ်ခုကို ပေးချင်ပါတယ်။
    ဂန္ဒီကြီးကို ကျွန်တော်ကလေးစားတယ်။ ရိုသေတယ်။
    အထူးသဖြင့် အကြမ်းမဖက်မှုကို လက်ဆုပ် လက်ကိုင်ထားသူဖြစ်တယ်။ တွေးတာ၊ ပြောတာ၊ လုပ်တာတွေဟာ တစ်သားတည်းရှိတယ်။ မိမိရဲ့ အဝတ်အစားကို ကိုယ်တိုင်ရက်လုပ်တယ်။
    သူက နိုင်ငံရေးခေါင်းဆောင်ကြီးမဖြစ်မီ တောင်အာဖရိကနိုင်ငံမှာ ရှေ့နေလုပ်ခဲ့သူဖြစ်တယ်။
    ရှေ့နေလုပ်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။
    တစ်နေ့မှာ သူ့ရဲ့အဖွဲ့နဲ့ ရထားဘူတာရုံတစ်ခုမှာ ထွက်ခါနီးရထားတစ်စီးပေါ် အလုအယက်တက်ရင်း ဖိနပ်တစ်ဖက်အောက်ကျသွားတယ်။
    အခုလို ဖိနပ်တစ်ဖက်ကျသွားတာကို သိသိချင်းဂန္ဒီက ကျန်တဲ့တစ်ဖက်ကိုကောက်ပြီး ကျသွားတဲ့ ဖိနပ်တစ်ဖက်အနီးကိုရောက်အောင်ပစ်လိုက်တယ်။
    သူတပည့်တစ်ယောက်ကဂန္ဒီကြီး ဘာလုပ်တာလဲလို့မေးလိုက်တော့ ဂန္ဒီကြီးကရယ်မောရင်း အခုတော့ ကောက်ရတဲ့သူက ဖိနပ်တစ်ရန်ရသွားပြီပေါ့လို့ ပြောလိုက်ပါတယ်။
    စစ်မှန်တဲ့ အီးကျူဖြစ်ပါတယ်။ ကိုယ့်အတွက်မကြည့်ဘဲ တစ်ျဖက်သားအတွက် ငဲ့ညှာနိုင်တဲ့သတ္တိပဲ ဖြစ်ပါတယ်။
    ပါမောက္ခ Goleman ရဲ့ စာအုပ်ထဲမှာ အီးကျူနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့ သုတေသနတစ်ခုကို ဖော်ပြထားပါတယ်။
    မူကြိုအတန်းတစ်တန်းမှာ ဆရာမလုပ်သူက အခုလို သူ့တပည့်ကလေးတွေကို ပြောလိုက်ပါတယ်။
    ”ဆရာမအပြင်ခဏလေးသွားမယ်၊ သိပ်မကြာပါဘူး။ ပြန်လာမယ်။
    ဆရာမ ပြန်လာတဲ့အထိ စောင့်နိုင်တဲ့သူက သကြားလုံးနှစ်လုံးရမယ်။ မစောင့်နိုင်ရင်တော့ တစ်လုံးပဲရမယ်”ဆိုပြီး သကြားလုံးတွေထည့်ထားတဲ့ဖလားကို စားပွဲမှာတင်ပြီး စာသင်ခန်းထဲက ထွက်သွားခဲ့တယ်။
    ကလေးထုံးစံအတိုင်း ဆရာမ အခန်းဝမရောက်မီ သကြားလုံးတစ်လုံးကို အလုအယက်လာယူကြတဲ့သူတွေ ရှိကြတယ်။
    ထူးဆန်းတာက လေးငါးနှစ်အရွယ်ရှိတဲ့ ကလေးတွေအနက် ဆရာမပြန်လာတဲ့အထိ သည်းခံပြီးစောင့်နေကြတဲ့ ကလေးတွေရှိခဲ့တယ်။ စောင့်ခဲ့လို့ သူတို့တစ်တွေ သကြားလုံးနှစ်လုံးရသွားခဲ့တယ်။
    သုတေသနလုပ်သူက ဒီကလေးတွေကို ဆက်ပြီိး ၂၅ နှစ်တိတိ လေ့လာခဲ့တယ်။ ၂၅ နှစ်ဖြစ်တာမို့ ကလေးတွေဟာ လူကြီးတွေဖြစ်နေပြီ။
    အခုလို နှစ်ပေါင်း ၂၅ နှစ်လောက် လေ့လာတဲ့အခါ သကြားလုံးနှစ်လုံးရခဲ့တဲ့ ကလေးတွေဟာ တစ်လုံးတည်းရခဲ့တဲ့ ကလေးတွေထက် အောင်မြင်မှုရတာကို တွေ့ခဲ့ရတယ်။
    အောင်မြင်မှုလို့ပြောရာမှာ ငွေကြေးချမ်းသာမှု၊ နာမည်ကျော်ကြားမှု၊ ရာထူးဂုဏ်မြင့်မားမှုစတာတွေနဲ့ တိုင်းတာခြင်းမဟုတ်ဘဲ
    အိမ်ရှင်မတစ်ယောက်ဖြစ်နေပေမယ့် အောင်မြင်ချမ်းမြေ့တဲ့ အိမ်ရှင်မတစ်ဦးဖြစ်နေတာ၊
    သာမန်အလုပ်သမားတစ်ဦး ဖြစ်ပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ လှုပ်ရှားနိုင်သူတွေဖြစ်နေတာ စတာတွေနဲ့ တိုင်းတာခြင်း ဖြစ်ပါတယ်။
    အီးကျူကိုသုံးသပ်ရာမှာ အစိတ်အပိုင်းနှစ်ပိုင်းရှိတာတွေ့ရပါတယ်။
    တစ်ပိုင်းက ကိုယ်နဲ့ဆိုင်ပြီး ဒုတိယအပိုင်းကတော့ ကိုယ်နဲ့ပတ်သက်ဆက်ဆံတဲ့သူတွေနဲ့ ဆိုင်ပါတယ်။
    မိမိနဲ့ပတ်သက်တဲ့နေရာမှာလည်း ကိုယ့်အကြောင်း ကိုယ်သိခြင်းနဲ့ သိပြီးတဲ့အခါ သိရုံသက်သက်မဟုတ်ဘဲ ထိန်းချုပ်နိုင်မှုဖြစ်ပါတယ်။
    မိမိနဲ့ပတ်သက်တဲ့လူတွေကို စဉ်းစားတဲ့အခါ တစ်ဖက်က သူတို့အကြောင်း သိရှိအောင်ဆောင်ရွက်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ထိန်းချုပ်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။
    အီးကျူမှာအရေးပါတဲ့ အရည်အချင်းက မိမိအကြောင်းကို မိမိကျကျနန သိနိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် (Self Awareness) ဖြစ်ပါတယ်။
    နောက်တစ်ချက်ကတော့ ကိုယ်ချင်းစာမှု (empathy)ပဲ ဖြစ်ပါတယ်။
    ကျွန်တော်ဟာ အခုလို အီးကျူကို နှစ်ပေါင်းများစွာလေ့လာဆည်းပူးခဲ့ပါတယ်။
    အီးကျူနဲ့ ပတ်သက်လာရင် ရသလောက်ဆည်းပူးတယ်။ သင်ကြားတယ်။ ဟောပြောတယ်။
    အခုလို လေ့လာရင်း လူတစ်ယောက်မှာ ဉာဏ်ရည်ထက်မြက်မှု လေးမျိုးရှိတာကို တွေ့ရပါတယ်။
    ပထမဉာဏ်ရည်ကPhysical Intelligence (PQ) ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကျန်းမာခြင်းဖြစ်တယ်။ ဒါ့ကြောင့် လူငယ်တွေကို ကျန်းမာရေးလိုက်စားစေချင်တယ်။ ကျန်းမာအောင် အနေအထိုင် အစားအသောက်ဆင်ခြင်စေချင်ပါတယ်။
    ဒုတိယဉာဏ်ရည်ထက်မြက်မှုကတော့ ဦးနှောက်ပိုင်းဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှုဖြစ်တယ်။ ရိုးရိုးလေးပြောရင်(IQ) ဖြစ်ပါတယ်။
    တတိယ ဉာဏ်ရည်ထက်မြက်မှုကတော့ ကျွန်တော်ဆွေးနွေးခဲ့တဲ့ အီးကျူဖြစ်တယ်။
    နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှု (Spiritnal Intelligence)။ လူတွေမှာ ဘာသာကိုးကွယ်မှုတွေ မတူညီကြပါဘူး။
    မိမိဘာသာကို လေးစားကြည်ညိုကြသလို တခြားဘာသာကိုလည်း အလေးအနက်ထားရမယ်။ နားလည်ရမယ်။ လေးစားဖို့လိုအပ်ပါတယ်။ မိမိဘာသာကို ရှေ့တန်းတင်သလို အခြားဘာသာကိုလည်း အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။
    အခုလို ဉာဏ်ရည်ထက်မြက်မှု (၄)မျိုးနဲ့ လူသားတိုင်းပြည့်စုံနိုင် ကြပါစေလို့ ဆုတောင်းမိပါတယ်။

  • saline tinmg

    November 25, 2013 at 4:40 pm

    မှန်ပါတယ်အရီးခင်ရေ
    ကျေးဇူးတင်ပါတယ်၊မိမိဘာသာကို လေးစားကြည်ညိုကြသလို တခြားဘာသာကိုလည်း အလေးအနက်ထားရမယ်။ နားလည်ရမယ်။ လေးစားဖို့လိုအပ်ပါတယ်။ မိမိဘာသာကို ရှေ့တန်းတင်သလို အခြားဘာသာကိုလည်း အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ဒါကိုအကြိုက်ဆုံးပါဘဲ၊ဒါကမြန်မာနိုင်ငံရဲံပြဿနာအစလို့ပြောရမှာပေါ့

    • ဦးကြောင်ကြီး

      November 26, 2013 at 10:52 am

      ဟေ့ယောင်.. ဆလိုင်းဖင်ပြောင်.. မသိဘဲ အရမ်း စာမပြန်နဲ့.. အရီးခင်လတ်ဆိုဒါ ငါ့အထင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က အမျိုးသမီးတပ်ဦး ခေါင်းဆောင်ကွ.. ရန်သူမှန်းမသိ မိတ်ဆွေမှန်းမသိ။

      • အရီးခင်

        November 27, 2013 at 5:31 pm

        ကျွန်မ က ကကြောင်ကြီး ပြောသလို ဆိုပါတော့။
        ကျွန်မတို့ နှစ်ယောက် ရည်ရွယ်ချက် စိတ်ဓာတ် တူ ဖို့သာ အရေးကြီးတာ မဟုတ်လား။
        ဒီတော့ လဲ ကိုဆလိုင်း ရယ်။
        ဘာသာတူ၊ လူမျိုးတူ ထဲ က မကောင်းတဲ့ ရည်မှန်းချက် ထားသူ တွေ ထက်
        ဘာသာမတူ၊ လူမျိုးမတူ လဲ ကောင်းတဲ့ ရည်ရွယ်ချက်ချင်းတူ သူ တွေ ချင်း
        မပူးပေါင်း သင့်ပေဘူးလား။
        ရည်ရွယ်ချက်က တစ်ကိုယ်ကောင်းစိတ်မမွေးဘဲ ဒီမြေမှာ နေသူတွေအားလုံး အေးအေးချမ်းချမ်း ဝဝလင်လင် နေထိုင်နိုင်ဖို့ ကြိုးစားဖို့ ကောင်းတာ။

        တကယ်တော့ ဒီလို ဘာသာရေး အရေးအခင်းက မြန်မာတစ်ပြည်ထဲက ပြသနာ မဟုတ်ပါဘူး။
        အစိုးရ ချစားတဲ့ နိုင်ငံတိုင်းမှာ လူမျိုးရေး၊ ဘာသာရေးခွဲပြီး ကိုယ့် ပါဝါမြဲ ဖို့ လုပ်နေကြတာပါ။
        ဒါကို အသိတရားလေးထားပြီး ရှောင်ဖို့ပါ။

        အဲဒီ ကကြောင်ကြီး လို ဟိုလိုလို ဒီလိုလို နှစ်ဖက်ခွ သမား တွေ ကိုလဲ မြင်နိုင်ဖို့ လိုတာပေါ့လေ။ 😉

  • Paing Lay

    November 25, 2013 at 8:34 pm

    နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှု (Spiritnal Intelligence)။ လူတွေမှာ ဘာသာကိုးကွယ်မှုတွေ မတူညီကြပါဘူး။
    မိမိဘာသာကို လေးစားကြည်ညိုကြသလို တခြားဘာသာကိုလည်း အလေးအနက်ထားရမယ်။ နားလည်ရမယ်။ လေးစားဖို့လိုအပ်ပါတယ်။ မိမိဘာသာကို ရှေ့တန်းတင်သလို အခြားဘာသာကိုလည်း အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။
    အခုလို ဉာဏ်ရည်ထက်မြက်မှု (၄)မျိုးနဲ့ လူသားတိုင်းပြည့်စုံနိုင် ကြပါစေလို့ ဆုတောင်းမိပါတယ်။

    လေးစားမိပါတယ် အရီးခင် 🙂 🙂 ^_^

  • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

    November 26, 2013 at 10:23 am

    သံတွဲမြို့ နာရေးကူညီမှုအသင်းသို့အခမဲ့မြေနေရာနှင့်ရုံးခန်းနေရာပေးထားသော
    သံတွဲမြို့ဗိုလ်ချုပ်လမ်းရှိဗလီတစ်လုံး

    ဆိုတော့ … ညက်စိတောင် လည်တွားဒယ် …
    အခမဲ့မြေနေရာနဲ့ ရုံးခန်းနေရာ ပေးပြီးထားလျှင် … သူ့ဘာသူ လွတ်လွတ်လပ်လပ် နာရေး လုပ်ပါဇီလား … ဘာရို့စ် ဗလီက ရှိနေသေးတာတုန်း …. ။ ဂယ်ဉာဏ်မမှီလို့ မေးကျိစ်ဒါ ။

    တက်ဗွီထဲမှာ တခါ တခါ ကျိစ်ရဒယ် … လှူဒယ်လေ … ပုဝါရီးတွေ ချိတ်ထမိန်ရီးဒွေ ဝတ်ပီးကို လှူဒါ … ။ရက်ရက်ရောရာဗဲ ..တိန်းဘလောက် .. တိန်းဘလောက် ချိုဘီး စက္ကူပုံးပေါ် စာရိုက် တဖက်တချက်ကကိုင်ပြီး ဓါတ်ပုံရိုက်လှူတာ ….. :mrgreen:

Leave a Reply