တစ်ချိန် က သူ

ဇီဇီNovember 26, 20134min41058

ဒိတ်! ဒိတ်!

ရင်ဘတ် ဘယ်ဘက်ခြမ်း နောက်တော့ ခေါင်းထဲကို တိုးလာတဲ့ သွေးခုန်နှုန်း တွေ ကို ကြားလိုက်ရမိတယ်…

 

ဒါ ဘယ်သူလဲ…???

သူမ ကရော ဘာဖြစ်သွားတာလဲ….???

ချောတယ်လို့ မဆိုသာ၊ ရုပ်ဆိုးတယ် ဟုပင် ပြောနိုင်သော သာမာန် ရုပ်ရည်ပိုင်ရှင် အမျိုးသားတစ်ယောက် ကို အတွေ့မှာ ဒီ လောက် စိတ်လှုပ်ရှားမိရသလား မတွေးတတ်တော့……….

တကယ် ဆို သူမ အသက်က ၁၅ နှစ် ပြည့်ပြီး ခါစ…!

 

မေမေ့ ကို ပြမိတော့လည်း ……….

“ရုပ်ဆိုးပါတယ် သမီးရယ်၊ မျက်နှာမှာလည်း အဖု တွေနဲ့…..”  တဲ့!

 

ဟင်!!

အကောင်းမြင်နေကျ သူမ မေမေက အဲလို ပြောတော့ စိတ်ညစ်သွားတယ်….

မေမေရယ်၊ မျက်လုံး အစွန်းဘက်လေးနားကနေ အပေါ် တက်နေသယောင်နဲ့ မျက်တောင် တိုတို ထူထူလေးတွေ ရှိတဲ့ ဒီလို မျက်လုံးလှလှလေးတွေ ဘယ် အမျိုးသားမှာ မြင်ဘူးပါသလဲ…………….?

သူများနဲ့ မတူ အကြည့်လေးက အစ ရီဝေဝေလေးနဲ့ ဝမ်းနည်းဓာတ်ခံ မျက်လုံးမျိုးရော သူ့တစ်ယောက်ဆီ ကလွဲပြီး မမြင်ဘူးခဲ့ပါဘူးးးး…..

 

မောင်လေးတွေကတော့ အားပေးပါတယ်။

“အသားကလည်း မည်းလိုက်တာ….. အရပ်က ပုသေး…..” တဲ့။

အဲဒီတော့ရော ဒီ အသားအရည် နဲ့ ဒီ အရပ်အမောင်းမှာ ပုံဆိုးပန်းပျက်ဆိုတာ မရှိ ဘယ် အဝတ် အစားမဆို လိုက်ဖက်စွာ ဝတ်စားတတ်တာရော မသိကြ မမြင်ကြတော့ဘူးလားးး……

 

အဒေါ်တွေကတော့ စကားပြော ရင့်သတဲ့……..။ ထောပနာ ပြုကြတာ…..

ရင့်တာ မဟုတ်ပါဘူးကွယ်။ စကားပြော ပြတ်သားရတာပါ။ နေရာနဲ့ နေရာ၊ အချိန်ပေါ် မူတည်ပြီး ပြောဆိုတတ်ရတာပါ။

 

 

သူမ စွဲလန်းမှုကတော့ တစ်နေ့ထက် တစ်နေ့ တိုးလာပြီး တစ်ရက် မမြင်ရ မနေနိုင်တဲ့ ထိပါပဲ…….။

 

သူ့ မျက်လုံး၊ အကြည့်၊ စကားသံ၊ လှုပ်ရှားမှုတွေ၊ ဝတ်ပုံစားပုံက စ တစ်ခုခြင်း စီ အနုစိတ်လိုက်ကြည့်ကာ တွယ်ငြိမှုတွေက လူသိရှင်ကြားးးးး

သူ့ကို မြင်ကာနီးတိုင်း ရင်ခုန်သံတွေက မကွယ်နိုင် မဝှက်နိုင်……….။

သူ့ အကြောင်း မကောင်းပြောခံရတိုင်း ဆတ်ဆတ်ထိ မခံလွန်းလို့ သူမ ကို ဟား စရာ သတ္တဝါ အဖြစ် စချင်သူတွေက သူ့ အပြစ်တွေ လာလာပြောနေကြ………………..!

 

သူ့ ဓာတ်ပုံ လေးတွေက အခန်း နံရံမှာ၊ စာကြည့် စားပွဲမှာ၊ ကုန်ကုန်၊ ပိုက်ဆံအိတ်ထဲမှာ လူလစ်ပြီ ထင်တိုင်း ခိုးခိုးကြည့်ရတာ မမော။

 

ဖေဖေကတော့ မေမေ့ကို ဆူသည် တဲ့။

“သမီး ဒီ အတိုင်း ဆို စာမေးပွဲမှာ အမှတ်တွေ နည်းတော့မှာပဲ” တဲ့။

 

မနည်းစေရပါဘူး ဖေဖေရယ်…….။

သမီး ဒီ ထက် မလွန်သွားအောင် ကြိုးစားထိမ်းသိမ်းမှာပါ………..။

ဒီတိုင်း ကြည့်နေခွင့်လေးကိုတော့ မရုတ်သိမ်းလိုက်ပါနဲ့နော်…….။

စိတ်ထဲကပဲ တိတ်တိတ်လေး တောင်းပန်မိတယ်။

 

 

 

 

တစ်ရက်တော့ ဘယ်သူ စ သယ်ဆောင်လာမှန်း မသိတဲ့ သီတင်းးးး

“ဟင်!! အဲဒီ ကောင် မှာ မိန်းမရှိတယ်” တဲ့။

 

သူမ စိတ်ထဲ ဒိတ်ကနဲ။

သိတာ ကြာပြီဖြစ်တဲ့ ကိစ္စတစ်ခုကို သူမ ဘယ်သူမှ ပြောမနေပဲ ထားထားခဲ့တာ………………..။

သူမ နှစ်သက် ချစ်ခင်မှု မှာ အဲဒီလို မလိုလား အပ်တဲ့ အတွေးတွေ မရောက်စေချင်၊

မထင်စေချင်လို့ ဒီ သတင်းကို အိမ်သူ အိမ်သားတွေကို ထိန်ချန် ထားခဲ့တာ………………………….။

 

အဲဒီ နောက်ပိုင်းးး

သူမ စွဲလန်းမှုတွေ ကို ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားလိုက်တော့မယ် လို့ ဆုံးဖြတ်ချက်နဲ့ပဲ

သူမ ဘေးနား၊ အနီးတစ်ဝိုက်၊ လူမြင် သူမြင် နေရာမျိုးမှာ သူ နဲ့ ပတ်သက်တာ ဘာကို မှ မထားတော့ပဲ ရှင်းလင်းထားလိုက်တော့တယ်……………………။

အကျိုးအကြောင်း သင့်လို့ တွေ့မြင်ရင်လည်း သူ့ ရပ်တည်ချက်တွေ အောင်မြင်မှုတွေကို မုဒိတာထားပြီး ကြည့်မြင်နိုင်အောင် ကြိုးစားတတ်ခဲ့တယ်…………။

 

ဒီလိုနဲ့ အချိန်တွေ ကုန်ခဲ့တာ ၁ဝ နှစ်………………

 

 

 

ဂျူလိုင် တစ်ညနေခင်းးးးး

“သူ ဆုံးပြီ” တဲ့။

အစကတော့ လာပြောတဲ့ သူတွေ နောက်သလားးး သူ့ကို နစ်နာစေချင်လို့ တမင်ပြောတဲ့ စကားတွေများလား လို့ မှတ်ထင်လိုက်သေးတယ်။

မဟုတ်!

တကယ် ပါ။ သူ တကယ် ကို ………………………………………….

သူ့ကို ချစ်တဲ့ သူ၊ သူ့ကို မုန်းတဲ့ သူတွေ အကုန်လုံးကို ထားသွားခဲ့ပြီ။

 

အပြစ်ပြောချင်သူများကျတော့လည်း သူ ဆုံးပြီး နောက်ပိုင်းကို ဘာကြောင့် ဆုံးတာပါ၊

ဘယ်သူနဲ့ အတူရှိလို့၊ ဘာဆေးသုံးလို့ စသည်ဖြင့် ဖွ ကြသေးရဲ့။

 

သွားစမ်းပါ…!!!

လူ တစ်ယောက်လုံး သေသွားခဲ့ပြီ။

ဘာကြောင့်ဆိုတာတွေ … ဘာနဲ့ ဆိုတာတွေ …. ပြောဖို့ မလိုတော့လောက် အောင် ကို နောက်ကျသွားခဲ့ပြီးပြီ။

သူမ ဝမ်းနည်း တဲ့ ကြားက ဒေါသဖြစ်စွာ တွေးမိ ခဲ့ပါသေးတယ်။

 

နောက် တစ်လ နေတော့ သူမ စလုံး ကျွန်းကို ထွက်ခွါဖို့ ပြင်ဆင်နေချိန် အမ တစ်ယောက်နဲ့ တွေ့တယ်။

“ညီမလေး၊ စလုံး ကို သွားတာ သူ မရှိတော့ လို့လား”  တဲ့။

တော်တော် အံ့ဩသွားရတယ်။ ဒီ လောက် ကြာမြင့်ခဲ့တဲ့ ကာလတွေမှာ သူမ သူ့ကို ရူးမူးစွဲလန်း ခဲ့ဖူးတာ မမေ့တဲ့ သူတွေ မမေ့ကြသေးဘူးးးး

 

သူ မ ပြုံး ပဲ ပြ လိုက် တယ်။

ရှင်းပြဖို့ မလိုအပ်တော့ဘူးလေ။

နှစ်သက်တယ်၊ ချစ်ခင်တယ်၊ မြတ်နိုးတယ် ဆိုတာ …………..

သူ့ရဲ့ ကောင်းခြင်း………… ဆိုးခြင်း……………….

သူနဲ့ စုံဆည်းရခြင်း……………… ခွဲခွါရခြင်း…………………..

သူက လက်ခံနိုင်ခြင်း………………….. လက်မခံနိုင်ခြင်း……………… အပေါ်မှာ မူတည်တာမှ မဟုတ်ပဲလေ။

 

စိတ်ထဲမှာ ဝန်ထုတ်ဝန်ပိုးမဖြစ်ပဲ အမြဲရှိနေဖို့က အဓိက မဟုတ်လား ကိုသားကြီး ရယ်……………………..

 

58 comments

  • MAUNG

    November 26, 2013 at 1:51 pm

    ဘယ်တော့မှ မမေ့ဘူး :/

    • KZ

      November 26, 2013 at 2:07 pm

      သူ ဆို ခဲ့တဲ့ သီချင်း တွေ မမေ့သေးဘူးးး

      ဘယ်တော့မှ မမေ့ဘူး
      တစ်ခါတစ်လေ
      လူကြီးတွေ ကို အသဲကွဲအောင် မလုပ်နဲ့
      မင်းလေးကို ချစ်လို့

      နောက်ပြီး မခိုင် နဲ့ အတွဲ တစ်ခွေ ထွက်လိုက်သေးတယ်။

  • ဦးကျောက်ခဲ

    November 26, 2013 at 1:51 pm

    ဪဟော်… DOG ဒွေး အကြောင်းကိုး…
    အရေးတော်ပုံပြီးတော့ စမ်းချောင်းထဲမှာ သူငယ်ချင်းတွေစုပြီး အခွေဆိုင်ဖွင့်ဖူးတယ်…
    အဲသည့်ဆြာတို့လင်မယားက ဆိုင်နီးချင်းမှာ စာအုပ်အငှါးဆိုင်ဖွင့်တယ်…
    သူ့ဆိုင်ကစာအုပ်တွေပြန်မအပ်ရင် ကျောက်စ်တို့ဆိုင်က အခွေတွေ ပြန်မအပ်ဘူး…
    ဟီ ဟိ ကောင်မလေးတွေက ဆိုင်မှာ လာလာငန်းလို့ သူ့မိန်းမပွစိသံတော့ ကြားဖူးရဲ့…
    😀

    • KZ

      November 26, 2013 at 2:03 pm

      အဲ။
      အဲ့ ဒီ နာမည်ကိုလည်း အဲလိုဖျက်ကြတာဗျာ။
      မကြိုက်မှန်းသိလေ စ ကြလေ။

      😀

  • sorrow weaver

    November 26, 2013 at 1:59 pm

    အသဲနှလုံးကလဲ.. ဖားပြုတ်လားမသိဘူး…ခုန်..ခုန်နိုင်လွန်း….တော်ကြာ..ဟိုအပွေ..တော်ကြာ..ဟို မျိုးတူချင်းရန်လုပ်တဲ့လူတွေ….တော်ကြာ ဟို အိမ်ထောင်ကျသွားတဲ့အစ်ကိုကြီး…တော်ကြာ ကိုသားကြီး…ခုခွိခုခွိ

    • KZ

      November 26, 2013 at 2:01 pm

      ဘယ်မှာ ခုန် လို့ လဲ ယောက်ဖရဲ့။
      အချိန်တွေလည်း ကြည့်ပါဦးးးး
      ကွာပါတယ်။
      အဟေးဟေးဟေးးးး

      :mrgreen:

      • sorrow weaver

        November 28, 2013 at 1:30 pm

        အနီရောင်လေးက ဘယ်တူလဲ ..ဘယ်ကလဲကွယ်…ကွယ်..ရင်ဘတ်ကြီးက လမင်းဆယ်စင်း ..ခွေးဆယ်ကောင် …..အဟိဟိ …

        • KZ

          November 28, 2013 at 1:33 pm

          သဘောမတူဘူးးးး
          ကွကိုယ် ကျွဲကောသီးသာ ခွါစားပါအေ။

          😀

  • ဦး ဌက် ကြီး

    November 26, 2013 at 2:02 pm

    ဒါ ကြောင့် လဲ တ ကြောင်းပေါ့ လေ

    ထမင်းဆိုင် ထဖွင့်တာနေမှာ :mrgreen:

    • KZ

      November 26, 2013 at 2:08 pm

      ဟီးးးး
      မဆိုင်ပါဘူးဗျာ။
      အဲဒါ ဝမ်းရေးးးး
      ဒါက လွမ်းရေးးး

      :mrgreen:

  • လုံမလေးမွန်မွန်

    November 26, 2013 at 2:06 pm

    ထင်တော့ထင်သား.. နာ့မဂျီး. လူသိရှင်ကြား ရောဂါတက်ရင် ဆဲလစ်ဗျဲတီး တစ်ယောက်ယောက်ဖြစ်မယ်လို့…
    ဆုံးပြီ ဆိုတော့ သူမှန်း ရိပ်မိလိုက်တယ်..
    ခိခိ..
    ဟိုနေ့က ပြည်သူ့ရင်ပြင်မှာ ဟင်းချက်ကျွေးတဲ့တစ်ယောက်ကိုရော… 🙂

  • kai

    November 26, 2013 at 2:10 pm

    အာအိုင်တီမှာတုံးကများ.. ဒွေးဖြစ်လာမယ့်အဲဒီလူ.. ဘယ်သူကမှသတိတောင်မပြုမိ….
    အင်း..
    အနိစ္စ.. အမြဲမရှိ.. :kwi:

    • KZ

      November 26, 2013 at 2:14 pm

      ပြေတီဦးလည်း ဂလိုပဲ တဂျီးးး
      အနော်တို့ စီနီယာ။
      မအောင်မြင်သေးတော့ ကြည့်မိမှာတောင် စိုးမိသေးးးး
      အောင်မြင်တော့ ဒီ တစ်ခေါက် ဆရာကန်တော့ပွဲ ဓာတ်ပုံတွဲရိုက်ချင်သူတွေ တန်းစီလို့။
      ကျနော်တောင် မသွားနိုင်လို့ စိတ်မကောင်းဖြစ်ပြီးးးးးး ဆံပင်တွေ ကောက်ပလိုက်သေးးးးးး

      ဆရာတွေ ကန်တော့ချင်လွန်းလို့ပါ။

      :kwi:

      • မဟာရာဇာ အံစာတုံး

        November 26, 2013 at 4:32 pm

        ကျုပ်ကိုလည်း
        ခုတည်းက ရိုရိုသေသေ ငါးငါးစားစား
        ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ
        အို … ကောင်းတာ အကုန်ဗျာ …
        အိုက်ဒလို ဆက်ဆံထားဂျ ..
        သို့မဟုတ်လို့ဂဒေါ့ …
        နောက်အခါ ဒါ့ပုံတွဲရိုက်ချင်လို့ဘာဆို .. လက်သီးဘဲ ပေးပလိုက်မယ် … ငီးးငီးး

        ===========

        ကိုသားကြီး အကြောင်း ပြောရယင်ဒေါ့
        ဘယ်ဒေါ့မှ မမေ့ဘူးပေါ့ …

        • KZ

          November 26, 2013 at 4:43 pm

          ဟွန့်။
          နာ့ လောက် အကောင်းပြောတာ နာ ပဲ ရှိတယ်။
          နိ သာ ပြောင်းလဲတာ၊.
          🙁

  • alinsett

    November 26, 2013 at 2:14 pm

    အော်. . .

    အင်းးးး

    ဒါနဲ့
    ရေးဟန်လေး သတိထားမိတယ်

    သူမ လို ့စပြီး ”တယ် ” နဲ့ ဆုံးတဲ့ ဝါကျလေးတွေ

    🙂

    ရေးဟန်လေးကို အားကျနေပါတယ် မမဂျီး

    • KZ

      November 26, 2013 at 2:17 pm

      ခွီးးးးး
      ရွဲ့တာလားဟမ်?
      ဒမာဖြင့် သည် နဲ့ တယ် ကိုချာလပတ်ရမ်းပြီး တယ် ကို သုံးလိုက်မိပြီး သူမနဲ့ မလိုက်ဘူး ဆိုပြီး စိတ်ဒဇဖြစ်နေတာ။
      ဟီးးးးး

      :mrgreenn:

      • alinsett

        November 26, 2013 at 2:20 pm

        မလိုက်ဘူး ရယ်တော့လည်း မဟုတ်
        ဖတ်ရတာ သွက်ပြီးချောနေတာပါပဲ

        သူမ နဲ ့ တယ် ဆိုတော့ နည်းနည်း ဆန်းနေတာလေးပါပဲ

        ရွဲ့တာမဟုတ်
        တကယ် ့ကို ရေးဟန်အားကျပါတယ်မမဂျီးရာ

  • surmi

    November 26, 2013 at 2:17 pm

    ရန်​ကုန်​​ရောက်​ရင်​ သူ့ဇနီး​ဟောင်​းရဲ့ထမင်​းဆိုင်​မှာလိုက်​​ကျွေးမယ်​..
    အလုံမှာ ြမြန်မာရနံ့ ဆိုပဲ

    • KZ

      November 26, 2013 at 2:18 pm

      ဪ။
      ဆာဆာရယ်။
      ကျနော့ ကံ က ဇော်သန့် မင်ဂါဆောင်မှာ ဝတ်တဲ့ ဝတ်စုံက မမိုး ချုပ်ပေးလိုက်တာပါဗျာ။
      စလုံး ရောက်တော့ ခင်သွားပါတယ်။

      :byee:

      • Wow

        November 26, 2013 at 4:38 pm

        သူ့မိန်းမက စလုံးမှာ ယောက်ကျားရနေဘီဆို… :hee:

        • KZ

          November 26, 2013 at 4:45 pm

          အဲလာတော့ မသိဘူးးး
          အင်တာဗျူးရှိတယ် ဟုတ်ဘူးလားးးး
          အဲ့ ကိစ္စ၊

          🙂

        • Wow

          November 26, 2013 at 4:53 pm

          ပြောဖူးတယ်တော့ထင်တယ် သိတော့ဝူး.. နဂိုထဲက သူ့ပိတ်သတ်မဟုတ်ဘူး.. သေမှ စိတ်ဝင်စားတာ … ဇတ်လမ်းတွေကိုလေ… သားကြီးကိုဘယ်သူသတ်သလဲ ဆိုပီး :mrgreen:

        • Mon Kit

          November 29, 2013 at 2:59 pm

          ဟုတ်တယ် ဝိုးရေ…..
          ဖွလိုက်အုံးမယ်…
          စလုံးရောက်တုန်း တူရို့အိမ်မှာ ပိုုက်ပိုက်ပေးပီး တည်းခဲ့သေးတယ်…
          အပြန်လက်ဆောင်တွေ ထည့်ပေးလိုက်ဒယ်..
          စလုံး ဂျပိုးတွေ… ဆိုးထှာ….
          :byae:

  • kyeemite

    November 26, 2013 at 2:32 pm

    သူသရုပ်ဆောင်တာတော့ သဘောကျပါတယ်…ဟုတ်တယ်..ရုပ်ကတော့ ခပ်တန်တန်…

    • KZ

      November 26, 2013 at 2:34 pm

      အဲလာ ကို က ဆွဲဆောင်မှု တစ်မျိုး မဟုတ်ပါလားးးး ဦးကျော်ဟိန်းနဲ့ တူတဲ့ မိုက်မိုက်ရယ်။

      😀

  • အဘရဟူဒီ

    November 26, 2013 at 2:51 pm

    ဒါ ဒါဒွေဟာ. မင်းကလေးကိုသိပ်ညှစ် လို့.
    ကွိကွိ

    • KZ

      November 26, 2013 at 2:54 pm

      ဒူးရင်းသီး နဲ့ မှားနေပြီ မောင်လေးးးး

      😀

  • ခင် ခ

    November 26, 2013 at 3:30 pm

    အဲတော့ သူက ကိုသားကြီးရဲ့ ပရိသပ်ကြီးဆိုပါလား
    အခု သူမရှိလို့ စ လုံး သွားရေးပြီတဲ့။
    သူ စွဲလန်းတုန်းက အရူး အမူးတိုက်သလိုဘဲတဲ့
    ……………………………..
    …………………….
    ……………
    ( ရ ရက်တာ ပြောကျန်ခဲ့တဲ့ စကားသံလေးတွေ လေထဲက ပြန်ရှာခဲ့တာပါ )

    • KZ

      November 26, 2013 at 3:39 pm

      ဟိ။
      စိတ်ကသာ အရူးအမူးပါ။
      လူက အိမ်သာရေ ရပါတယ်။

      😀

  • nozomi

    November 26, 2013 at 5:15 pm

    ဒေါ်ဆွိအရေး သဘောကျ အားကျမိရဲ့

    အဲဒီ သူ ဆိုတဲ့လူ ကို မေမြို့က ရုပ်ရှင်ရိုက်ကွင်း တစ်ခုမှာ တွေ့ဘူးတယ် (1994) လောက်က

    တကဲ့ ဘုရားစူး မင်းသားပဲ ဥပဓိရုပ်အရ ပြောရရင် ကျွန်တော်မြင်ဘူးတဲ့ ရွာသားအားလုံးက သူ့ထက်တော့ သာတဲ့ သူချည်းပဲ ၊ တစ်ခုတော့ ရှိတယ် အလကားနေရင်း နာမည်ကြီးတာတော့ မဟုတ်ဘူး
    သူ့ရဲ့ အနုပညာနဲ့ကြိုးစားမှုတော့ လေးစားဘို့ကောင်းတယ်

    သူ့ရဲ့ ပထမဆုံးကားက မေမြို့ဘက် မှာ ရိုက်ထားတဲ့ ကားလေး သူက အဲဒီမှာ ရဲ အဖြစ်သရုပ်ဆောင်ထားတယ်၊ကားအမည်က တော့ မေ့နေတယ်
    ပထမ ဆုံးကားကတဲက သရုပ်ဆောင်အရည်အသွေးက လက်ခံလို့ ရတယ်
    သေချာတာကတော့ သူ့ညီ ထက်တော့ အများကြီးသာတယ်

    • KZ

      November 26, 2013 at 5:28 pm

      ဒုက္ခကို အရောင်ဆိုးထားတယ် ဆိုတဲ့ ကား လားမသိ
      ကျော်ဟိန်း ရယ် တင့်တင့်ထွန်းရယ်နဲ့ ထင်တယ်။

      🙂

      • nozomi

        November 26, 2013 at 5:35 pm

        တမီးလေး အဖြေမှန်ပါတယ်ကွယ်

        ဒါမျိုးကျ ကောင်းလိုက်တဲ့ ဉာဏ်

        • KZ

          November 26, 2013 at 5:49 pm

          Coz..
          I liked him when I first watched that movie.
          He was the only n most favorite actor so far although I changed my likessss all the time..
          But I could not manage to see him outside..
          😉

  • Mr. MarGa

    November 26, 2013 at 7:55 pm

    ဪ….
    ကိုသားကြီးးး တဲ့လား..
    အမှတ်ထင်ထင် ရှိခဲ့မိတဲ့ နာမည်တစ်ခုပေါ့….
    သူ့ ဟန်၊ သူ့ စတိုင် တစ်ခုကို တည်ဆောက်ခဲ့တာပေါ့….
    ကြယ်ပွင့် တွေထဲက
    ကြယ်ပွင့် တစ်ပွင့်ပေါ့ဗျာ….
    ကြိုက်တယ် မကြိုက်ဘူး တော့ ပြောတော့ပါဘု….

    • KZ

      November 28, 2013 at 7:52 am

      ဟွန့်။
      ဒီ တဂျား သိပ်ဂျီးများတယ်။

      😀

  • ဦးကြောင်ကြီး

    November 27, 2013 at 11:06 am

    သားဂျီး
    ချားစီး
    ဖားနည်း
    ဝါးတီး
    ရှားမီး
    ဓားလှီး
    ကားပြီး
    ခါးသီး..

  • အရီးခင်

    November 27, 2013 at 6:02 pm

    လုံမ ပြောသလိုဘဲ။
    ထင်တယ်လေ။
    အောက်မှာ တစ်ခုခု ဝှက်ဖဲ ရှိပြီလို့။ 😉
    ကျုပ် တူမ ဒီလောက် အဖြစ်ရှိရှိ အတည် ချစ်တတ်မယ် မထင်။
    ဒီတော့
    အချစ် အစား အချက် ကိုသာ ပျော်ပျော်ကြီး ရေးပါတော့ လေး။ 😛

    • KZ

      November 28, 2013 at 7:54 am

      အရီးရယ်။
      အဲနေ့ မနက်က ရေဒီယိုက ကိုသားကြီး ဆိုထားတဲ့ တခါတလေ ဆိုတဲ့ သီချင်းလေး လာတယ်။
      အဲဒါ လွမ်းသွားလို့ ရေးလိုက်တာ။
      😥
      ကျနော် ဘယ်မင်းသားမှ သူ့လောက် မကြိုက်ဖူးပါဘူးးးး
      ဟိ။

      မင်းသားတွေ ဆိုတော့ အတည်ကြံလို့ မရတာတော့ ကိုယ့် ကံ ပေါ့။
      :mrgreen:

      • TNA

        November 28, 2013 at 11:55 am

        တော်သေးတယ် ဒွေးသေတာစောသွားလို့ နို့မှုတ်ရင် သူတောင် ဟိုဒင်းဖြစ်တွားမလားဘဲ ခွစ်ခွစ်ခွစ်

  • ဝင့်ပြုံးမြင့်

    November 28, 2013 at 4:48 am

    ဟုတ်ပါ့ တစ်ကြိမ်လောက် အဖြစ်ရှိရှိလေး ခြစ်ပြပါလား။ 🙂

    • KZ

      November 28, 2013 at 8:08 am

      ခွိ။
      အနော့ အဖြစ်ရှိရှိ ကို ကြားရင် မက်ရည်တွေ ဘူးသီးလုံးလောက် ကျမစိုးလို့။

      😀

  • TNA

    November 28, 2013 at 11:54 am

    သူဆုံးတဲ့နေ့က SSC မှာရောက်နေတဲ့အသိက ဖုန်းဆက်လာတယ်။ ဒွေးဆုံးပီ သူ့ရှေ့တင်တဲ့။ မယုံဘူး။ နောက်နေ့မှသတင်းတွေထွက်လာတာ။ သူ့ကိုကြိုက်ခဲ့တဲ့ထဲ ဒီယောက်ခမွလဲပါသပေါ့။ ဒါ့ပုံသိမ်းတဲ့ အထိတော့ဟုတ်ဘူးအေ့။ သူ့သရုတ်ဆောင်ချက်တွေကြိုက်တာရယ်။ ဒီနေ့ထိသတိယတုန်းပါအေ။ 😥

    • KZ

      November 28, 2013 at 12:24 pm

      အနော့ အခန်း မှာ ခန်းလုံးပြည့် ပိုစတာတွေ။
      ဦးလေးတွေ လာရင် ဆော့ပင်နဲ့ နှုတ်ခမ်းမွှေး ဆွဲ ပေးပေးသွားလို့ အမြဲ ရန်ဖြစ်ရတာ။

      😥

  • Crystalline

    November 28, 2013 at 4:02 pm

    သေချာတာကတော့ ကေကေဇီနဲ့အကြိုက်ချင်းမတူဘူး.. ရန်မဖြစ်ရတော့ဘူးပေါ့နော်.. 😉 သရုပ်ဆောင်ကောင်းတယ်ကြားဖူးပေမယ့် သူ့ကားတွေမကြည့်ဖူးဘူး.. မျက်လုံးအကြည့်ကတော့ ခပ်ညုတုတုနဲ့ :kwi:

    • KZ

      November 29, 2013 at 9:00 am

      အဲလာ ခပ်ညုညု ဟုတ်ပါဘူးးး ခရစ်လေးရယ်။
      အသက်ဝင်လွန်းတဲ့ မက်လုံးမို့ပါ။

      :kwi:

  • Paing Lay

    November 28, 2013 at 8:46 pm

    သရုပ်ဆောင်ပိုင်းမှာ အနော်သတိထားမိတာကတော့ အခု လက်ရှိ ဒါရိုက်တာ လုပ်နေတဲ့ ဝိုင်း နဲ့ ရိုက်ဖူးတဲ့ ဇာတ်ကြမ်းကားမှာ အရင်စကြည့်ဖူးတယ်ဂျ။ ဇာတ်ကားနာမည်တော့ မမှတ်မိတော့ပါ။
    ဂီတ ဘက်မှာတော့ ရွှေဂီတပွဲတော်မှာ အရင်ဆုံး သတိထားမိတယ်ဂျ။ အနော်တို့ ဟိုတုန်းက ခွေဆိုင်ဖွင့်တုန်းက သူ့ဇာတ်ကားတွေပဲ request များတယ်လေ။ ပြီးတော့ “ နှစ်ယောက်တစ်အိပ်မက်” ရုပ်ရှင်တုန်းကလည်း ရုံစတင်တဲ့ အချိန်ကနေ ပိတ်တဲ့ အထိ ပရိတ်သတ်ပြတ်တယ်လို့ကိုမရှိဘူး(တချို့ဆို 2ခါ 3ခါပြန်တောင်ကြည့်သေးတယ်) အနော်သိတာ ဂလောက်ပါပဲ ခီညော် 😀 :_(

    • KZ

      November 29, 2013 at 9:02 am

      ဟုတ်တယ်လေ။
      အခွေဆိုင် က အမ ကို မြင်ရင် သူ့ ကားတွေပဲ ပေးတာ။
      အဲတုန်းက ဘယ်သူမှ သူ့ကို တိုးမပေါက်။
      😀

  • ကြောင်ဝတုတ်

    November 29, 2013 at 2:49 pm

    အဲ့မျက်လုံးမျိုးကြိုက်လို့လား… နည်းပေးမယ်… အဲ့အတိုင်းဖြစ်လာစေရမယ်… ခိခိ

    • KZ

      November 29, 2013 at 4:19 pm

      ဘာနည်းတုန်း??
      :kwi:

    • Foreign Resident

      December 1, 2013 at 6:21 am

      ကြောင်ဝတုတ် says:
      ” အဲ့မျက်လုံးမျိုးကြိုက်လို့လား… နည်းပေးမယ်… အဲ့အတိုင်းဖြစ်လာစေရမယ်… ခိခိ ”

      KZ says:
      ” ဘာနည်းတုန်း?? ”

      ” ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း ။

      ၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး ၊
      ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။
      ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း
      ကျွန်မ တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ
      ဆေးပြားတောင်းယူခဲ့သဖြင့် ၎င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။
      ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ
      ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။
      ၎င်းနောက်ပိုင်းတွင် ရာမဆေးပြားသုံးစွဲလိုသည့်အခါ
      ကိုသားကြီး (ခ) ဒွေးထံသို့သွား၍ သုံးစွဲခဲ့ပါသည်။
      ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင်
      ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။
      ဆေးပြားဖိုးကိုတော့ ၎င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။
      ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည် “

  • Ma Ma

    November 29, 2013 at 4:56 pm

    အမတစ်ယောက်ရဲ့ သူငယ်ချင်းပြောတာလေး သွားသတိရမိတယ်။
    ခုခေတ်ကလေးတွေများ ဘာတွေ ကြိုက်ကြသလဲမသိပါဘူး။
    ပိန်ပိန်လိန်လိန် ညှောင်နာနာတွေကိုများ။
    ဒို့ခေတ်တုန်းက ဝင်းဦးတို့ နောက်ရန်အောင်တို့ ဘယ်လောက် ချောလိုက်သလဲ တဲ့။
    ဒါတောင် အမေတို့ခေတ်က ခင်မောင်ရင် မပါသေးဘူး။ :mrgreen:

    • KZ

      November 29, 2013 at 4:59 pm

      ဟုတ်ပါ့။
      ဒွေးကို ကြိုက်မိတုန်းကလည်း အရပ်ပုတာရယ် မချောတဲ့ မင်းသားရယ်လို့ ပြောခံရလိုက်တာ။
      :hint:

      ခု ပိုဆိုးနေပါရောလား မမရယ်။
      စိုင်းစိုင်းလေးက လွဲရင်…………
      :mrgreen:

  • padonmar

    December 1, 2013 at 8:20 am

    ဒွေးကို ရုပ်ရှင်စရိုက်ခါစက သိပ်မကြိုက်ဘူး၊နောက်ပိုင်းကားတွေကျ ကြိုက်လာတယ်။မိတ်ကပ်မပါတဲ့ မင်းသား မို့ သဘောကျတာ။
    သဘာဝကျကျ။
    မောင့်မူပိုင်ရှင် ပြန်ရိုက်တဲ့ကားဆို ပိုကြိုက်တယ်။
    မူပိုင်ရှင်မကြီး မမခိုင် ဆိုတာလေ။
    သီချင်းကတော့ မေတ္တာစေကျွန် သစ္စာဝန်ထမ်း စခန်းအဆင့်ဆင့် ဗျာပါပွေ ..ဆိုလား၊
    ပျောက်သောသူရှာရင်တွေ့မလေ၊
    တယောက်သောသူ ခင့်ကိုသာရှာဖွေ …ဆိုတာလေး။
    အဲဒါ တော်တော်ကြိုက်တယ်။
    သီချင်းနာမည်တော့ မေ့သွားပြီ။
    ဆက်ဆိုပြကြအုံး။

    • KZ

      December 1, 2013 at 9:47 am

      သီချင်းအကုန်တော့ မမှတ်မိဘူးအာတီဒုံ။။
      “မူပိုင်ရှင်မကြီး မမခိုင်”တစ်နေရာပဲ မှတ်မိတယ်ရယ်။

      😀

  • Shwe Ei

    December 2, 2013 at 11:47 am

    မျက်နှာကျလေးကို ချစ်တာ…ယောက်ကျားဆန်သလားလို့..ဟိ

    ပါးဖောင်းဖောင်းနဲ့ဘဲရီးတေဆိုသဘောကိုကျဘူး..ခိခိ

    • KZ

      December 2, 2013 at 11:49 am

      အောင်မငေးးးးး
      တူလိုက်တာ ကြည်ပြာရယ်။
      :mrgreen:

Leave a Reply