ဖတ်စရာ နိုင်ငံတကာသတင်းများ

wunnakokoAugust 6, 20104min570

forward mail ကရတာပါ။ သတင်းဖတ်ချင်သူတွေအတွက် တနေရာတည်းမှာ တချိန်တည်း ဖတ်လို့ ရတာပေါ့။

အာတိတ်ဒေသမှ ချစ်စဖွယ် ဘီလူဂါဝေလငါးများ

သဘာဝအလျောက် အာတိတ်ရေခဲပြင်တွေအောက်မှာ ကျက်စားလေ့ရှိတဲ့ ဘီလူဂါ ဝေလငါးလေးတွေဟာ ရေခဲပြင်တွေအောက်မှာ အပျော်တမ်း ရေလာငုပ်သူတွေကို
ဘယ်လိုရေကူးရမယ်ဆိုတာ လမ်းညွှန်ပြပေးလေ့ရှိ
အာတိတ်ဒေသမှ ချစ်စဖွယ် ဘီလူဂါဝေလငါးများ

အာတိတ်ဒေသဟာ အေးခဲတိတ်ဆိတ်နေပြီး နှစ်လိုစရာ မရှိတဲ့ ဒေသတစ်ခုဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း အဲဒီဒေသက ရေခဲပြင်ကြီးအောက်မှာတော့ ချစ်ခင်ပြုံးရွှင်နေတဲ့
မျက်နှာလေးတွေက စောင့်ကြိုနေတာကိုတော့ မကြာသေးခင်ကမှ သိလာရတာပါ။
သဘာဝအလျောက် အာတိတ်ရေခဲပြင်တွေအောက်မှာ ကျက်စားလေ့ရှိတဲ့ ဘီလူဂါ
ဝေလငါးလေးတွေဟာ ရေခဲပြင်တွေအောက်မှာ အပျော်တမ်း ရေလာငုပ်သူတွေကို
ဘယ်လိုရေကူးရမယ်ဆိုတာ လမ်းညွှန်ပြပေးလေ့ ရှိပါတယ်။

white-beluga-whales

ရုရှားက ရေငုပ်သမား အဖွဲ့တစ်ခုဟာ ထူထဲလှတဲ့ ရေခဲပြင်တွေကို စက်ကိရိယာတွေနဲ့ ဖြတ်တောက်ပြီး အပျော်တမ်း ရေငုပ်ကြရင်း ပြုံးရွှင်နေတဲ့ မျက်နှာမျိုးရှိတဲ့ နို့တိုက်သတ္တဝါလေးတွေနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။
ရုရှားအနောက်မြောက် ကမ်းခြေက ပင်လယ်ဖြူလို့ တင်စားခံရတဲ့
ရေခဲပြင်ကျယ်ကြီးမှာ ရေငုပ်ကြရင်း ဘီလူဂါလေးတွေနဲ့ ဆုံတွေ့ခဲ့တာပါလို့
အန်ဒရီနီကာဆော့ဗ်က ဆိုပါတယ်။ အသက်(၃၈)နှစ် ရှိပြီဖြစ်တဲ့ ယူကရိန်းသားဟာ
ရုရှားမိတ်ဆွေတွေနဲ့အတူ လိုက်လာရင်း ဘီလူဂါလေးတွေကို မှတ်တမ်းတင်
ဓာတ်ပုံရိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပင်လယ်ဖြူ ဒေသဟာ ရေခဲပြင်အောက်
အပျော်တမ်း ရေငုပ်သမားတွေအတွက်တော့ ဆွဲဆောင်မှုရှိတဲ့ နာမည်ကျော်
နေရာတစ်ခုပါ။

white-beluga-whales

ဝေလငါးစုံတွဲဟာ ရေခဲချပ်ကြီးကို လွှဲနဲ့တိုက်ဖျက်ပြီး အပေါက်ဖောက်လိုက်တာနဲ့ ခေါင်းလေးတွေ ပေါ်လာပြီး လူတွေကို လာနှုတ်ဆက်ကြတာလို့ သိရပါတယ်။ သူတို့ဟာ ရေအောက်မှာ ရေငုပ်သမားတွေနဲ့ ဆော့ကစားရတာကို
အရမ်းပျော်ရွှင်ကြောင်းလည်း နီကာဆော့ဗ်က ပြောပြခဲ့ပါတယ်။ ပင်လယ်ဖြူမှာတော့
သူတို့ဟာ အိမ်ရှင်တွေဖြစ်ပြီး ဧည့်သည်ရေငုပ်သမားတွေကို ဧည့်ဝတ်ကျေလေ့
ရှိပါတယ်။ “ပင်လယ်ဖြူဟာ ဘီလူဂါတွေအတွက်တော့ တကယ့်ပျော်စရာ နေရာပါပဲ။
တချို့တိရစာ္ဆန်ရုံတွေနဲ့ ငါးပြတိုက်တွေက ဘီလူဂါတွေကို
ဒီမှာလာလွှတ်ပေးထားပါတယ်”လို့ နီကာဆော့ဗ်က ဆိုပါတယ်။

white-beluga-whales

သူတို့တွေဟာ ဒီဒေသမှာ ဘေးကင်းကင်း ရှင်သန်နိုင်ပြီး အကောင်ပေါက်လေးတွေလည်း အများကြီး ရှိနေတယ်လို့ ဓာတ်ပုံဆရာ နီကာဆော့ဗ်က ပြောပြခဲ့ပါသေးတယ်။ “ရေငုပ်သမားတွေက သူတို့နဲ့ ဆော့ရတာ ပျော်ပါတယ်။
သူတို့တွေက စပ်စုတတ်ပြီး လူတွေကို နှာခေါင်းနဲ့ လိုက်တို့ပြီး
စူးစမ်းကြည့်တာ သဘောကျစရာပါ”လို့ နီကာဆော့ဗ်က ရယ်ရယ်မောမောနဲ့
ရှင်းပြခဲ့ပါသေးတယ်။ ဘီလူဂါတွေဟာ လူတွေကို သူတို့ရဲ့ ဆော့ကစားစရာ
အဖော်လို့ သဘောထားပြီး အာတိတ်ကို ရေငုပ်သမားတွေ လာမှာကို မျှော်နေတာပါ။
ဘီလူဂါ ဝေလငါးတွေမှာ သွားသေးသေးလေးတွေ အချောင်း(၄၀)လောက် ရှိကြပြီး
ငါးတွေကို ဖမ်းယူကိုက်ဖြတ်ရုံလောက်ပဲ အသုံးဝင်ပါတယ်။ (၁၆)ပေလောက်ထိ
ကြီးထွားနိုင်တဲ့ ကမာ္ဘပေါ်မှာ အယဉ်ပါးဆုံး စာရင်းဝင် ရေနေသက်ရှိတွေဟာ
အာတိတ်စက်ဝိုင်းနဲ့ ကမာ္ဘ့မြောက်ဖက်ခြမ်း ဒေသတွေမှာပဲ ကျက်စားလေ့ရှိပြီး
အခုအခါ ကမာ္ဘပေါ်မှာ ကောင်ရေတစ်သိန်းလောက် ရှိနေတယ်လို့ သိရပါတယ်။

သမုဒ္ဒရာကြမ်းပြင်အောက်မှ ကမ္ဘာ့အကြီးဆုံး မြစ်ကြီးတစ်ခု ရှာဖွေတွေ့ရှိ
သုတေသီများသည် စက်ရုပ်ရေငုပ်သင်္ဘော တစ်စင်းကို အသုံးပြုကာ တူရကီအနီး ပင်လယ်ကြမ်းပြင်ကို Scanပြုလုပ် လေ့လာပြီးနောက် သိမ်းစ်မြစ်ထက် အဆပေါင်း
(၃၅၀)ပိုကြီးသော မြစ်ကြီးအား တွေ့ရှိခဲ့ခြင်းဖြစ်
သမုဒ္ဒရာကြမ်းပြင်အောက်မှ ကမ္ဘာ့အကြီးဆုံး မြစ်ကြီးတစ်ခု ရှာဖွေတွေ့ရှိ

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် ကမာ္ဘပေါ်တွင် အရွယ်အစား ဆဌမအကြီးဆုံးဖြစ်မည့် မြစ်ကြီးတစ်ခုအား သမုဒ္ဒရာ ကြမ်းပြင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ဗြိတိန်၏ နာမည်ကျော် သိမ်းစ်မြစ်ကြီးကိုပင် သေးနုပ်သွားစေမည့် အဆိုပါ
သမုဒ္ဒရာ ကြမ်းပြင်အောက် မြစ်ကြီးကို ပင်လယ်နက် ကြမ်းပြင်အောက်တွင်
တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းမြစ်ကြီးသည် သမားရိုးကျ
မြေပေါ်မြစ်များကဲ့သို့ မြစ်လက်တက်များ၊ မြစ်ကျိုးအင်းများ၊
ရေလွှမ်းလွင်ပြင်များ၊ မြစ်ကျဉ်းများအပြင် ရေတံခွန်များပါ ရှိနေသည်။

sixth-largest-river

မြစ်ကြီး၏ အနက်ဆုံးနေရာတွင် (၁၁၅)ပေထိရှိပြီး အကျယ်ဆုံး အပိုင်းတွင် မိုင်ဝက်မျှ ရှိသည်ဟုဆိုသည်။ ဆားငန်ရေနှင့် အနည်အနှစ်များ စီးဆင်းနေသည့် ရေအောက်မြစ်ကြီးအား ရေဒါများ၊ ခေတ်မီနည်းပညာများ
အသုံးပြုပြီး လိဒ်စ်တက္ကသိုလ်မှ ပညာရှင်များက ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။
သုတေသီများသည် စက်ရုပ်ရေငုပ်သင်္ဘော တစ်စင်းကို အသုံးပြုကာ တူရကီအနီး
ပင်လယ်ကြမ်းပြင်ကို Scanပြုလုပ် လေ့လာပြီးနောက် သိမ်းစ်မြစ်ထက် အဆပေါင်း
(၃၅၀)ပိုကြီးသော မြစ်ကြီးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည်
မြေထဲပင်လယ်မှတဆင့် ဆားဓာတ်ပါဝင်မှု ပိုနည်းသော ပင်လယ်နက်အထိ
ဖြတ်သန်းစီးဆင်းနေလျက်ရှိသည်။ ရေထုသိပ်သည်းဆ မြင့်မားသည့် မြေထဲပင်လယ်မှ
ရေများသည် သမုဒ္ဒရာ ကြမ်းပြင်အောက်တွင် တွန်းအားပေး စီးဆင်းရာမှ
ယခုမြစ်ကြီး ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း လိဒ်စ်တက္ကသိုလ်မှ
ဒေါက်တာဒန်ပါဆန်စ်က ပြောကြားခဲ့သည်။

sixth-largest-river

“ဒါဟာ နက်ရှိုင်းတဲ့ သမုဒ္ဒရာမှာ သွေးကြောကြီးတစ်ခု စီးဆင်းနေသလိုမျိုး ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာပါဆန်စ်ကဆိုသည်။ အချို့ပညာရှင်များက အရှည်(၂၅၀၀)မိုင် ရှည်လျားပြီး
မိုင်ပေါင်းအတော်များများ ကျယ်ပြန့်သည့် အလားတူ သမုဒ္ဒရာအောက်
မြစ်ကြီးမျိုး ဘရာဇီးလ်နိုင်ငံ အနီးတွင် ရှိနေမည်ဟု ယုံကြည်နေကြသော်လည်း
တိတိကျကျ သက်သေမပြနိုင်ချေ။ ဒေါက်တာပါဆန်စ်က ၎င်းတို့တွေ့ရှိသည့်
ဆန်းကျယ်လှသော မြစ်ကြီးသည် တစ်စက္ကန့်လျင် ရေပမာဏ (၂၂၀၀၀)ကုဗမီတာ
စီးဆင်းနေပြီး ဥရောပ၏ အကြီးဆုံးမြစ်ဖြစ်သည့် ရိုင်းထက်
(၁၀)ဆပိုကြီးကြောင်း ပြောကြားခဲ့သည်။ ယင်းမြစ်သည် သမုဒ္ဒရာ ချောက်ကမ်းပါး
မရောက်ခင် (၃၇)မိုင်မျှ စီးဆင်းပြီးနောက် ပျောက်ကွယ်သွားကြောင်းလည်း
သိရှိရသည်။ ဒေါက်တာပါဆန်စ်က ၎င်းတို့ သုတေသန လုပ်ငန်းမှ တွေ့ရှိမှုများသည်
သမုဒ္ဒရာအတွင်း ရေနံရှာဖွေရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများအတွက်လည်း
အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

ဂျပန်နိုင်ငံတွင် အပူချိန် မြင့်တက်နေမှုကြောင့် အပူရှပ်ဝေဒနာ ခံစားကြရ
ဩဂုတ်လ (၁)ရက်နေ့ထိ ဆေးရုံသို့ ရောက်ရှိလာသည့် အပူရှပ် ဝေဒနာသည် (၂၁၀၃၂)ဦး ရှိခဲ့ပြီး ယင်းတို့အနက် (၉၈)ဦး အသက်ဆုံးရှုံးခဲ့သည်
Posted on Aug 05 10 – 10:58 AM | Hits : 333
ဂျပန်နိုင်ငံတွင် အပူချိန် မြင့်တက်နေမှုကြောင့် အပူရှပ်ဝေဒနာ  ခံစားကြရ

ဂျပန်နိုင်ငံတွင် မေလကုန်မှစပြီး အပူချိန် မြင့်တက်လာခြင်းကြောင့် အပူရှပ်ဝေဒနာ ခံစားရပြီး လူပေါင်း(၂၁၀၀၀)ကျော် ဆေးရုံရောက်ခဲ့ကြောင်း သိရသည်။ မေလ(၃၁)ရက်နေ့မှ
ဩဂုတ်လ (၁)ရက်နေ့ထိ ဆေးရုံသို့ ရောက်ရှိလာသည့် အပူရှပ် ဝေဒနာသည်
(၂၁၀၃၂)ဦး ရှိခဲ့ပြီး ယင်းတို့အနက် (၉၈)ဦး အသက်ဆုံးရှုံးခဲ့သည်။
မီးဘေးနှင့် သဘာဝဘေးအန္တရာယ် တားဆီးရေး အေဂျင်စီက သေဆုံးသူ အများစုသည်
ဆေးရုံရောက်ပြီး မကြာမီပင် အသက်ဆုံးရှုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းအေဂျင်စီက အစိုးရထံ တင်သွင်းသော အစီရင်ခံစာတွင် သေဆုံးသူများအနက်
ထက်ဝက်ကျော်သည် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများဟု သိရသည်။
ဆေးရုံတက်ရသူ အများဆုံးမှာ အိုင်ချီတွင်ဖြစ်ပြီး အပူရှပ်သူ (၂၀၃၂)ဦး
ရှိခဲ့သည်။ တိုကျိုမြို့တော်က ဒုတိယလိုက်နေပြီး ထိုကာလအတွင်း
အပူရှပ်သူလူနာ အရေအတွက် (၁၇၂၉)ဦးသို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင်မူ
ဆိုင်တာမာ၊ အိုဆာကာနှင့် ကာနာဂါဝါတို့က (၁၇၁၃)ဦး၊ (၁၂၃၅)ဦးနှင့်
(၁၀၈၃)ဦးတို့နှင့် အသီးသီး ရပ်တည်နေသည်။ ဇူလိုင်လ (၂၆)ရက်နေ့မှ ဩဂုတ်လ
(၁)ရက်နေ့ထိ သီတင်းပါတ် အတွင်းတွင်ပင် အပူရှပ်လူနာ (၅၄၆၀)ဦး
ဆေးရုံရောက်လာခဲ့ပြီး (၂၅)ဦးသည် ဆေးရုံရောက်ပြီး မကြာမီပင်
သေဆုံးခဲ့ကြောင်း သိရှိရသည်။

တာလီဘန်တို့ရက်စက်မှုကို TIME မဂ္ဂဇင်း မီးမောင်းထိုးပြလိုက်
အက်ရှာက သူမ၏မတ်က အတင်းတွန်းလှဲပြီး ခင်ပွန်းသည်က သူမ၏နှာခေါင်းနှင့် နားရွက်များကို ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း ပြန်လည်ပြောပြခဲ့
တာလီဘန်တို့ရက်စက်မှုကို TIME မဂ္ဂဇင်း မီးမောင်းထိုးပြလိုက်

အမေရိကန်ထုတ် TIME မဂ္ဂဇင်းက ယခုလထုတ် မဂ္ဂဇင်းတွင် အမျိုးသမီးငယ် တစ်ဦး၏ ခြောက်ခြားဖွယ် ပုံရိပ်အား ဖော်ပြလိုက်ပြီး အာဖဂန်နစ္စတန်ရှိ တာလီဘန် အကြမ်းဖက်သမားများ၏
ရက်စက်ကြမ်းတမ်းမှုကို မီးမောင်းထိုးပြလိုက်သည်။ အသက်(၁၈)နှစ်အရွယ် အာဖဂန်
မိန်းကလေး အက်ရှာသည် ငယ်ရွယ်နုပျိုသော မိန်းမချောလေးတစ်ဦး ဖြစ်ခဲ့သည်။
သို့သော်လည်း သူမသည် ခင်ပွန်းသည်၏ မိသားစုက နှိပ်စက်မှုများကို
မခံနိုင်သဖြင့် ထွက်ပြေးရာမှ တာလီဘန် မွတ်ဆလင် အကြမ်းဖက် အဖွဲ့၏
ရက်ရက်စက်စက် ဒဏ်ခတ်မှုနှင့် တွေ့ကြုံခဲ့ရရှာသည်။

Afghanistan Taliban

အက်ရှာသည် ကံဆိုးစွာဖြင့် ခင်ပွန်းသည်၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒေသခံ တာလီဘန် အဖွဲ့အစည်းများက သူမ၏ နားရွက်နှင့်
နှာခေါင်းများကို ဖြတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ သနားစရာကောင်းသော
အက်ရှာအတွက် ရက်စက်လှသည့် ပြစ်ဒဏ်ကို ဒေသခံ တာလီဘန် ခေါင်းဆောင်တစ်ဦးက
တရားသူကြီးအဖြစ် တာဝန်ယူကာ စီရင်ချက် ချခဲ့ပြီး သူမ၏ ခင်ပွန်းသည်
ကိုယ်တိုင်က ထိုလုပ်ရပ်အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ အက်ရှာက သူမ၏မတ်က
အတင်းတွန်းလှဲပြီး ခင်ပွန်းသည်က သူမ၏နှာခေါင်းနှင့် နားရွက်များကို
ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း ပြန်လည်ပြောပြခဲ့သည်။ ထိတ်လန့်ဖွယ်
အဖြစ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့် အက်ရှာသည် ယခုအခါ အာဖဂန်မြို့တော်
ကဘူးလ်ရှိ အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် ရောက်ရှိနေသည်။

Afghanistan War

သူမသည် အမေရိကန်သို့ သွားရောက်ကာ လူမှုရေး အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် မျက်နှာခွဲစိတ်မှု ပြုလုပ်ရန် မျှော်လင့်လျက်ရှိသည်။
အာဖဂန်တွင် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ တပ်များက တာလီဘန်နှင့်
အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိရာ
(၂၀၀၁)ခုနှစ်ကတည်းက စတင်ခဲ့သည့် စစ်ပွဲကာလ ရှည်လျားလွန်းသောကြောင့်
နိုင်ငံအတော်များများသည် တပ်ဖွဲ့ဝင်များ ပေးပို့နေမှုမှ ရုတ်သိမ်းခဲ့ကြသည်။
ယခုအခါ နယ်သာလန်သည် NATOစစ်မဟာမိတ် အဖွဲ့ဝင်များအနက် ပထမဆုံးအဖြစ်
အာဖဂန်မှတပ်များ ရုတ်သိမ်းရန် ဆုံးဖြတ်လိုက်ပြီးနောက် TIMEက မဟာမိတ်တို့
အာဖဂန်ကို စွန့်ခွာသွားပါက မည်သို့ဖြစ်လာနိုင်မည်ဆိုသော အချက်ကို
မေးခွန်းထုတ်ကာ အက်ရှာ၏ပုံကို မျက်နှာဖုံးတင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Afghanistan War

နယ်သာလန်သည် အာဖဂန်ရှိ တပ်ဖွဲ့ဝင် (၁၉၀၀)မျှကို ပြန်လည်ရုတ်သိမ်းတော့မည်ဖြစ်ပြီး ကနေဒါကလည်း (၂၀၁၁)ခုနှစ်တွင်
တပ်များအားလုံး ဆုတ်ခွာမည်ဟု ကြေညာထားသည်။ ပိုလန်ကလည်း (၂၀၁၂)တွင်
တပ်များရုတ်သိမ်းရန် စီစဉ်ထားသည်။ TIME၏ မျက်နှာဖုံးသည် စာနယ်ဇင်းလောကတွင်
ထိတ်လန့်စရာ အကောင်းဆုံးနှင့် လွှမ်းမိုးနိုင်စွမ်း အရှိဆုံး ဖော်ပြချက်
တစ်ခုလည်း ဖြစ်လာသည်။ What Happens if We Leave Afghanistan ဆိုသော
ခေါင်းစဉ်နှင့် အက်ရှာ၏ပုံတို့ကို မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့ခြင်းနှင့်
ပတ်သက်ပြီး TIME မဂ္ဂဇင်းအား အကောင်းအဆိုး ဝေဖန်မှုအမျိုးမျိုး
ထွက်ပေါ်ခဲ့သော်လည်း အယ်ဒီတာ အဖွဲ့ကမူ အာဖဂန်အား လက်လွတ်စပယ် ပြုမူခဲ့ပါက
အက်ရှာကဲ့သို့ လွတ်လပ်ပွင့်လင်းသည့် အမြင်ရှိသော မိန်းကလေးများ၏
အခွင့်အရေးမှာ မတွေးဝံ့စရာ ဖြစ်လာနိုင်ကြောင်း တုန့်ပြန်ထားသည်။

အီတလီဝန်ကြီးချုပ် မြှာပွေသည့် ဇာတ်လမ်းအသစ် ထွက်ပေါ်လာ
အသက်(၇၃)နှစ်အရွယ် ဘာလူစကိုနီသည် အမျိုးသမီး (၃)ဦးနှင့် အိပ်ရာတွင်း ပျော်ပွဲကြီး ဆင်နွှဲခဲ့ကြောင်း ထိုကိစ္စတွင် ကိုယ်တိုင်ပါဝင်သည့်
အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်
Posted on Aug 04 10 – 03:36 PM | Hits : 1509
အီတလီဝန်ကြီးချုပ် မြှာပွေသည့် ဇာတ်လမ်းအသစ် ထွက်ပေါ်လာ

လိင်မှုကိစ္စများအတွက် မကြာခဏ နာမည်ဆိုးထွက်လေ့ရှိသည့် အီတလီဝန်ကြီးချုပ် ဘာလူစကိုနီ၏ နောက်ထပ်ဇာတ်လမ်းသစ်တစ်မျိုး ထွက်ပေါ်လာကြောင်း သိရသည်။
လိင်မှုဇာတ်လမ်းများကြောင့် ဇနီးနှင့် ကွာရှင်းခဲ့ရသည့် အသက်(၇၃)နှစ်အရွယ်
ဘာလူစကိုနီသည် အမျိုးသမီး (၃)ဦးနှင့် အိပ်ရာတွင်း ပျော်ပွဲကြီး
ဆင်နွှဲခဲ့ကြောင်း ထိုကိစ္စတွင် ကိုယ်တိုင်ပါဝင်သည့် အမျိုးသမီးတစ်ဦးက
ထုတ်ဖော်ပြောကြားလိုက်သည်။ အသက်(၃၈)နှစ်ရှိ မာရီယာ ထရီဆာ ဒီနီကိုလို(ခေါ်)
တယ်ရီသည် ဝန်ကြီးချုပ်၏ အချစ်တော် အမျိုးသမီး တစ်ဦးလည်းဖြစ်သည်။ သူမသည်
ယမန်နှစ်က ဘာလူစကိုနီ၏ ပါတီပွဲများတွင် တွေ့ရလေ့ရှိသော်လည်း ယခုကိစ္စမှာ
မည်သည့်အချိန်က ဖြစ်ကြောင်းကိုမူ တိတိကျကျ မပြောခဲ့ချေ။ တယ်ရီက
“အဲဒီတုန်းက ကျွန်မရယ်၊ ရောမက မိန်းကလေးနှစ်ယောက်ရယ် ဝန်ကြီးချုပ်နဲ့
အတူတူ ပျော်ခဲ့ကြတာပါ။ ရောမက ဘာလူစကိုနီရဲ့ ပါလာဇိုဂရာဇွိုင်လီ
စံအိမ်ကြီးထဲမှာပါ”ဟု အီတလီသတင်းစာ La Repubblicaသို့
ထုတ်ဖော်ပြောကြားခဲ့သည်။ သူမက ဘာလူစကိုနီ၏ ပါတီသို့ တက်ရောက်ရန် အီတလီ
စီးပွားရေးလုပ်ငန်းရှင် ဂီယန်ပေါ်လို တာရန်တီနီ၏ ဖိတ်ကြားမှုကို
ခံခဲ့ရကြောင်းလည်းဆိုသည်။

Italy Prime Minister's girls

(အီတလီဝန်ကြီးချုပ်ရဲ့ ဇာတ်လမ်းလေးများ)

တာရန်တီနိုက ဝန်ကြီးချုပ်၏ ပါတီပွဲသို့ သွားရောက်ရန်ရှိကြောင်း ပြောခဲ့စဉ်က နောက်ပြောင်နေသည်ဟု ထင်မိကြောင်း တယ်ရီက ဝန်ခံခဲ့သည်။ သူမသည်
တာရန်တီနိုနှင့်အတူ ဘာရီမှ ရောမသို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“တကယ်ပါ။ တာရန်တီနိုက အဲဒီညမှာ ဘာလူစကိုနီရဲ့ပါတီကို သွားမယ်ပြောတော့
ကျွန်မလုံးဝ မယုံဘူး။ သူက အသေးစိတ် ပြောပြပြီး Sexy ဖြစ်အောင် ဝတ်ခဲ့ဖို့
မှာပါတယ်”ဟု ပြန်လည်ပြောပြခဲ့သည်။ တယ်ရီက သူမသည် ဝန်ကြီးချုပ်၏ ပါတီပွဲ
ကျင်းပရာ ပါလာဇိုဂရာဇွိုင်လီ စံအိမ်ကြီးထဲ ကားဖြင့်လိုက်သွားစဉ်
လုံခြုံရေး အလွန်ပေါ့လျော့နေသည်ကို သတိပြုမိခဲ့သဖြင့်
အံ့ဩမိသေးကြောင်းလည်း ပြောကြားသွားသည်။ “အဲဒီမှာ ညပိုင်းကျတော့
ကျွန်မတစ်ယောက်ထဲ ခဏနေခဲ့ရသေးတယ်။ နောက်ကျတော့ ဘာလူစကိုနီရယ်၊
တခြားမိန်းကလေး နှစ်ယောက်ရယ်နဲ့ အတူတူ တစ်အိပ်ရာထဲ ဝင်အိပ်ရတယ်။
တစ်ယောက်ကတော့ နောက်နေ့မနက်မှာ စောစောပြန်သွားတယ်။ ဘာလူစကိုနီက သူ့ကို
ရတနာပစ္စည်းလေးတစ်ခု လက်ဆောင်ပေးလိုက်ပါသေးတယ်”ဟု တယ်ရီက La Repubblicaသို့
ပြောကြားခဲ့သည်။ သူမသည်လည်း ခရီးစရိတ်အပြင် ယူရို(၁၀၀၀)ကို ရရှိခဲ့ကြောင်း
တယ်ရီက ဝန်ခံခဲ့သည်။ ယမန်နှစ်ကလည်း ဘာလူစကိုနီ၏ အချစ်တော် တစ်ဦးဖြစ်သည့်
အသက်(၄၃)နှစ်အရွယ် ပက်ထရစ်ဇီယာ ဒီအဒါရီယိုအမည်ရှိ အမျိုးသမီးက
ဘာလူစကိုနီနှင့် သူမတို့ တွေ့ဆုံစဉ် အသံသွင်းထားသည့် တိပ်ခွေကို
ထုတ်ဖော်ပြသခဲ့သေးသည်။ ထိုအခွေအတွင်း ဝန်ကြီးချုပ်က လိင်ဆက်ဆံစဉ်
စိတ်အားထက်သန်စွာဖြင့် ထူးထူးခြားခြား ခိုင်းစေမှုနေသည့် အသံများ ပါဝင်သည်။
တယ်ရီ၏ ပြောဆိုခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်၏ရုံးမှ တစုံတရာ
မှတ်ချက်မပေးသေးချေ။ ဘာလူစကိုနီသည် ၎င်း၏ လွတ်လပ်ရေးပါတီ မဟာမိတ်
ဂီယန်ဖရန်ကိုဖီနီနှင့် ခွာပြဲပြီးနောက် ပါလီမန်တွင် ထောက်ခံသူ အရေအတွက်
ကျဆင်းလာပြီး အတိုက်အခံများကလည်း ၎င်း၏ လိင်မှုဆိုင်ရာ ကိစ္စများဖြင့်
အပုပ်ချမှုများနှင့် မကြာခဏ ကြုံတွေ့နေရသည်။

Tiger Girl အဖွဲ့၏ “ကျားမလေးများနှစ်” စီးရီး ထွက်ရှိမည်
Girl Band ဖွဲ့စည်းမှုအတွက် ကြော်ငြာ ခေါ်ယူခဲ့ပြီး လူတစ်ရာကျော်ထဲမှ ယင်းတို့ငါးဦးကို ဆန်ကာတင် ရွေးချယ်ခဲ့ပြီး အဖွဲ့၏ ပါဖောင့်မန့်နှင့်
အသံအင်အား ကောင်းမွန်စေရန် လေ့ကျင့်မှုများက Tiger Girl အဖွဲ့၏ ဒါရိုက်တာ
နစ်ကီမှ တာဝန်ယူခဲ့
Posted on Aug 05 10 – 01:39 PM | Hits : 84
Tiger Girl အဖွဲ့၏ “ကျားမလေးများနှစ်” စီးရီး ထွက်ရှိမည်

ကျားနှစ်တွင် ပေါ်ပေါက်လာသောကြောင့် “ကျားမလေးများ”ဟု အမည်ပညတ်ထားသည့် “Tiger Girl” အဖွဲ့၏ ပထမဆုံးစီးရီး“ကျားမလေးများရဲ့နှစ်”တွင် တေးရေးဆရာမ LR Chan၏
တေးသီးချင်းများ အများစု ပါဝင်ပြီး သီချင်းဆယ်ပုဒ်အနက် သုံးပုဒ်မှာ
ကိုယ်ပိုင်သံစဉ်ဖြစ်ကြောင်း ယင်းစီးရီး မိတ်ဆက်ပွဲတွင် အဖွဲ့၏ ဖန်တီးမှု
ဒါရိုက်တာ ကိုသက်ပိုင်ဌေးက ပြောသည်။ ယင်းအဖွဲ့တွင် Electro Tiger, Baby
Tiger, Tricky Tiger, Chilli Tiger, Missy Tigerတို့ ငါးဦးပါဝင်ပြီး
အဖွဲ့ဖွဲ့စည်းပြီးနောက် ငါးလနှင့် တစ်ပတ်အကြာတွင် စီးရီးအဖြစ် ထွက်ရှိ
လာနိုင်ခဲ့ခြင်း ဖြစ်သည်။ Girl Band ဖွဲ့စည်းမှုအတွက် ကြော်ငြာ
ခေါ်ယူခဲ့ပြီး လူတစ်ရာကျော်ထဲမှ ယင်းတို့ငါးဦးကို ဆန်ကာတင်
ရွေးချယ်ခဲ့ပြီး အဖွဲ့၏ ပါဖောင့်မန့်နှင့် အသံအင်အား ကောင်းမွန်စေရန်
လေ့ကျင့်မှုများက Tiger Girl အဖွဲ့၏ ဒါရိုက်တာ နစ်ကီမှ တာဝန်ယူခဲ့ကြောင်း
သိရသည်။ ပါဝင်သည့် သီချင်းအမျိုးအစားများမှာ R&Bနှင့် ပေါ့ပ်ဂီတ
အမျိုးအစားများဖြစ်ပြီး အဆိုနှင့် ပါဖောင့်မန့်ပိုင်းတွင် Electro Tigerက
စက်ရုပ်သဏ္ဌာန်၊ Baby Tigerက ကျောင်းသူကလေးသဏ္ဌာန်၊ Chilli Tigerက
တောတွင်းသူ သဏ္ဌာန်၊ Tricky Tigerက ဟစ်ဟော့ပ်ပုံစံနှင့် Missy Tigerက
မိန်းကလေးဆန်သည့် ပုံစံ စသဖြင့် ပုံစံတစ်မျိုးခြင်းဖြင့် တင်ဆက်မည်ဟု
သိရသည်။ “ကျော်ကြားမှုဆိုတာ လုပ်ယူလို့ မရပါဘူး။ ကျော်ကြားမှုထက်
ပရိသတ်အားပေးမှု ရအောင်လုပ်ဖို့ အရမ်းခက်ပါတယ်။ ပရိသတ်အားပေးမှုရအောင်
လုပ်သွားမှာပါ”ဟု အဖွဲ့ကိုယ်စား Electro Tigerက စာနယ်ဇင်းပွဲတွင်
ပြောကြားသည်။ ပရိုမိုးရှင်းပွဲများကို ဩဂုတ်လ ၈ ရက်နေ့တွင် East Point
Shopping Mall၌ ပြုလုပ်မည်ဟု သိရသည်။

အီရန်သမ္မတအမာဒီနီဂျက် ခရီးစဉ်တစ်ခုအတွင်း လုပ်ကြံတိုက်ခိုက်ခံရ
ပေါက်ကွဲမှုအတွင်း သမ္မတအနေနှင့် အန္တရာယ် မရှိခဲ့သော်လည်း ယာဉ်တန်းတွင် လိုက်ပါလာသူအချို့ ဒဏ်ရာရခဲ့
အီရန်သမ္မတအမာဒီနီဂျက် ခရီးစဉ်တစ်ခုအတွင်း လုပ်ကြံတိုက်ခိုက်ခံရ

အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်သည် နိုင်ငံအနောက်ပိုင်းဒေသသို့ သွားရောက်လည်ပတ်စဉ် အိမ်လုပ်ဖောက်ခွဲရေး ပစ္စည်းတစ်ခုဖြင့် တိုက်ခိုက်ခံရသော်လည်း အန္တရာယ်
မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ်လ (၄)ရက်နေ့က ဟာမာဒန်သို့
သွားရောက်စဉ် သမ္မတ၏ ယာဉ်တန်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Iranian President

သတင်းများက အမာဒီနီဂျက်သည် ဟာမာဒန် လေဆိပ်သို့ ဦးတည်သွားရောက်စဉ် ယာဉ်တန်းအား ယခုလို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုအတွင်း သမ္မတအနေနှင့် အန္တရာယ် မရှိခဲ့သော်လည်း ယာဉ်တန်းတွင်
လိုက်ပါလာသူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ ရဲများက ထိုကိစ္စအတွက်
မသင်္ကာသူ တစ်ဦးအား ထိန်းသိမ်းထားသည်။ “မနက်ပိုင်းမှာ
လုပ်ကြံတိုက်ခိုက်ခဲ့တာပါ။ သမ္မတရဲ့ကားက ဘာမှမဖြစ်ပါဘူး”ဟု
အမာဒီနီဂျက်နှင့် နီးစပ်သူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

Iranian President

၎င်းတို့က ဖောက်ခွဲမှုအတွက် လက်သည်ကို စုံစမ်းနေပြီး ယင်းလုပ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ အမာဒီနီဂျက်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လက နိုင်ငံအတွင်း
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွဲပြီးနောက်ပိုင်း
နိုင်ငံအတွင်း ရန်သူပိုမိုများပြားလာသည်။ အယ်လ်အာရေဘီးယား သတင်းစာက
တိုက်ခိုက်သူသည် ၎င်းအား မဖမ်းဆီးနိုင်မီ ဗုံးတစ်လုံးအား ယာဉ်တန်းစီ
ပစ်လွှတ်ခဲ့ကြောင်း ပြောကြားသွားသည်။ ဒူဘိုင်းအခြေစိုက် သတင်းဌာနက
ထိုဗုံးသည် သမ္မတကားစီ မရောက်ဘဲ သမ္မတရုံးမှ ဝန်ထမ်းများနှင့်
သတင်းထောက်များ လိုက်ပါလာသော ကားဆီသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း
ဖော်ပြခဲ့သည်။

Iranian President

ယင်းလုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိနေကြောင်း တိတိကျကျ မသိရသေးချေ။ အီရန်အစိုးရပိုင် သတင်းဌာနများက အဆိုပါကိစ္စနှင့် ပတ်သက်ကာ နှုတ်ဆိတ်နေပြီး အင်္ဂလိပ်ဘာသာဖြင့်
လွှင့်တင်ထားသည့် Press TVက တိုက်ခိုက်မှု တစုံတရာ မဖြစ်ပွားခဲ့ဟု
ငြင်းချက်ထုတ်ထားသည်။ အီရန်သမ္မတ အမာဒီနီဂျက်သည် နျူကလီးယားလက်နက်များ
စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ၏ တိုးမြှင့်ပိတ်ပင်မှုသစ်များနှင့် ကြုံနေရပြီး
နိုင်ငံအတွင်း စီးပွားရေး ကြပ်တည်းမှုများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။