အလွမ်းပြေ တစ်ခေါက် (ဘုန်းကျော်-ဩစတျေးလျ)

phone_kyawNovember 26, 20131min23516

မန္တလေး ဂေဇက်နဲ ့ဝေးကွာခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီကာလအတွင်းမှာ မိုင်းကအလုပ်ပြုတ်။ မြန်မာပြည်ကို ပြန်ရောက်။ ချစ်သူခင်သူမုန်းသူ ကြည့်မရသူတွေနဲ ့တွေ ့။ အမျိုးတွေငတ်နေတာတွေကြည့်။ မြန်မာပြည်က ပြန်လာပြီး “အဖေစစ်သား သားသူပုန်” ဆိုတဲ့ စာအုပ်ကိုထုတ်။

ခလေးသုံးကောင်နဲ ့တောထဲကနေ မြို  ့ထဲကိုပြောင်း။ ရတဲ့အလုပ်ဝင်လုပ်နဲ ့တစ်နှစ်ကျော်ကာလတွင်းမှာ မထင်မှတ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။

မန္တလေး ဂေဇက်မှာ ရန်ဖြစ်ဖေါ် ရန်ဖြစ်ဖတ်တွေကိုလည်း ဖေ့ဘွစ်ပေါ်မှာ မိတ်ဆွေတွေဖြစ်လို ့ဖြစ်။ ဘဝကြီးဟာ တခါတလေ မူးပြီးဆဲနေတာထက်တောင် အရသာပိုရှိသလို။

သူကြီး “ကိုင်” ကိုလည်းသတိရတယ်။ သူကြီးသမီး ခလေးတစ်ယောက်နဲ ့အပျိုကြီး ဒေါ်သဲနုကိုလည်း လွမ်းတယ်။ အိတုံခေါ် ကပ်ကပ်လန်ကြီးကိုလည်း Miss ဖြစ်ပါတယ်။

ဒီနေ ့မှာ စိတ်ကူးပေါက်ရင်း မောင်ခိုင်မာ (စမ်းချောင်း) ရဲ  ့စာလေးကို တွေ ့လို ့ဝင်လည်ရင်း နောင်များမှာလည်း ရွာကြီးကို အပတ်စဉ်လည်မည်ဖြစ်ကြောင်းပါ။

အားလုံး ကျန်းမာချမ်းသာပါစေ

ဘုန်းကျော်

16 comments

  • ဦး ဌက် ကြီး

    November 26, 2013 at 4:32 pm

    တွေ့ ရတာ ဝမ်း သာ ပါ တယ်

    :mrgreen:

  • alinsett

    November 26, 2013 at 4:39 pm

    ပြန်လည် ဆုံတွေ ့ကြပြီပေါ့ဗျာ

    🙂

  • nozomi

    November 26, 2013 at 4:59 pm

    ဗိုလ်ဘုန်းကျော် ပြန်လာပြီ……………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2013 at 5:09 pm

    အားလုံး ကျန်းမာချမ်းသာပါစေ
    ဘုန်းကျော်
    ဒဲ့
    အလုပ်ပြုပ်မှ ဆုတောင်းကောင်းဒယ်
    တေဂျင်းဂျိုး ကာလနာ မွေဗွေးကိုက် ထီဆယ်ခါဆက်တိုက်ပေါက်ပါဇေ :mrgreen:

    • Ma Ma

      November 26, 2013 at 6:39 pm

      ဘွပုဆုတောင်းစကားကိုဖတ်ပြီး ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှာ ထမင်းသွားကျွေးတုန်းက သူတို့ဆုတောင်းပေးတာလေး သတိရမိတယ်။
      ထီ သိန်း၁၅၀ဝ ဆုကြီးများလည်း လစဉ်လတိုင်းပေါက်ပါစေတဲ့။ 🙂

      ကြိိုဆိုပါတယ် ကဘုန်းကျော်။

      အမွှာညီအမကျေးဇူးနဲ့ အဖေစစ်သား သားသူပုန် ကို ဖတ်လိုက်ရတယ်။
      အနုပညာသမားတွေ တောင့်တတဲ့ ကိုယ့်ရဲ့ဖန်တီးမှုကို ပုံနှိပ်စာလုံးနဲ့ မြင်ရဖို့ဆိုတာ ပြည့်စုံသွားပြီပေ့ါ။

      ဂုဏ်ယူပါတယ်။ 🙂

  • surmi

    November 26, 2013 at 7:18 pm

    ​ဝမ်​းသာပါတယ်​…
    အဲဒီစာအုပ်​ ” အ​ဖေစစ်​သား သားသပုန်​” ကို​ရေးတာ ငါတို့ရွာသားကွ လို့
    ​ပြောခွင်​့ရသွား့ပီ​ပေါ့
    ကွန်​ဂရက်​ကျူ​ရေးရှင်​းပါ

  • Mr. MarGa

    November 26, 2013 at 7:39 pm

    ဝဲလ်ကမ်း ဘတ် ကဘုန်းကျော်
    စာများကို မျှော်နေပါတယ်… 🙂

  • ဦးကြောင်ကြီး

    November 27, 2013 at 11:34 am

    ကဘုန်းကျော်.. ယီးဗဲနဲ့ ရွာဒဲဂို ဆဲဆိုဝင်မလာဖို့ ကြိုမှာပါရစေ..

  • padonmar

    November 27, 2013 at 3:19 pm

    ကိုဘုန်းကျော်စာအုပ်ကို ရာပြည့်က ဈေးမှန်အတိုင်း 3000 နဲ့ ဝယ်လို့ရပါတယ်။
    မြန်မာပြည်ပြန်လာရင်သာ လက်မှတ်ထိုးပေးဖို့ မမေ့နဲ့။
    ချာယေးချယာဂျီးဒွေယဲ့ လက်မှတ်တွေ သိမ်းထားပြီး ကြွားချင်လို့ပါ။

  • kai

    November 27, 2013 at 3:38 pm

    သတိရတယ်ဆိုလို့.. ဝမ်းသာပါတယ်..
    ကျုပ်ကတော့..ဆိတ်မျက်နှာ..အဲ…အဲ..ဆိ်တ်အကြောင်းရေးကြတာတွေ့တိုင်း.. ဆိတ်အမဲလိုက်သမား… ကဘုန်းကျော်ကိုသတိရပါကြောင်း…။ :kwi:

  • အရီးခင်

    November 27, 2013 at 5:14 pm

    ကဘုန်းကျော် ကိုတော့ သတိမရပေါင်။
    ရှင့်ရဲ့ ချစ်စရာကောင်းတဲ့ မိန်းမ နဲ့ကလေးတွေ ကိုဘဲ သတိရတယ်။
    ဆက်ပြီး အောင်မြင် အဆင်ပြေပါစေဆုတောင်းပါတယ်။ 😛

  • Paing Lay

    November 27, 2013 at 7:23 pm

    အနော် မန်ဘာမဝင်ခင်တုန်းကတော့ ကဘုန်းကျော်ရဲ့ ပို့စ်တွေကို အားပေးနေသူပါခီညာ။ မန်ဘာဝင်ပြီးနောက်ပိုင်း ကဘုန်းကျော်လည်း ပျောက်ချက်သားကောင်းနေတာ ဒါကြောင့်ကိုး 😀 😉 🙂

  • lele kyi

    November 27, 2013 at 8:15 pm

    ကိုဘုန်းကျော်နဲ့ အိတုန်ရန်ဖြစ်ရင် တခွိခွိနဲ ့ကြိတ်ရယ်ရတာ။ ၂ယောက်လုံးက ဖိုက်တာတွေ။ ပျောက်ချက်သားလည်းကောင်းလွန်းနေကြတယ်။ ဆြာသစ်ကိုလည်းပြန်လာလည်စေချင်မိပေမဲ့အခုထိပေါ်မလာသေးဘူး။ 🙁

    • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

      November 28, 2013 at 1:26 pm

      ဟပ်ချလောင်း … မမ …တာမီးကို တောင့်တလို့ ကိုယ်ထင်ပြလိုက်တယ် …ခွိခွိ ။

      အိုက်လူ ကဘုန်းကျော် ၊ သူများ အလှူ လုပ်ဖို့ စာရေးတာကို … ငတက်ပြားယောင်ယောင်ဖြစ်အောင် ပို့စ်တင်ပြီး ရန်စတယ် . .. အိုက်ကတည်းက ဒင်းမျက်နှာကို ဒူးရင်းသီးအလုံး ၂ဝလောက်နဲ့ ပွတ်ပေးချင်နေတာ … ။

      တကယ်တမ်းကြတော့ … အိုက်လူ အပြောကသာ ဆိုးတာ စိတ်က ဂလောက်ကြီး မဆိုးပေမယ့် (တခါတခါတော့ဂေါက်တယ်) … တမင်ကို ကန့်လန့်လိုက်တိုက်နေခဲ့တာ …။ တခုကောင်းတာ သူ့ကိုဘယ်လောက်ပြောပြော မနာဘူး ။ အမှတ်မထားတတ်ဘူး ။ … နောက်ပိုင်း …. ပြောမနာ ဆိုမနာဆက်ဆံရေး ဖြစ်သွားတယ်… ဂလောက်ပဲ …. ။

  • kyeemite

    November 28, 2013 at 2:29 pm

    အဲဒီစာအုပ်​ ” အ​ဖေစစ်​သား သားသပုန်​” ကိုဝယ်ဖတ်ပါအုံးမယ်ဗျ…
    ပုံနှိပ်ထုတ်ဝေနိုင်တဲ့ စာယေးဆယာ(ခွက်ဒစ်..ကိုပု) ဖြစ်သွားလို့ဂုဏ်ယူပါတယ် 😛

  • လူ ဟား

    December 11, 2013 at 3:14 pm

    ရွာကြီး ဆူတော့မည်….

Leave a Reply