တစ်ချိန်က… ကျွန်တော်….

alinsettNovember 27, 20137min19913

 စံပယ်တစ်ပွင့်သို ့…..   ………..    …………      ……………           …………..        ……………..         

 

 

 

ချစ်သော..စပယ်
ချစ်သော..စံပယ်

ဘယ်တုန်းက . . .

ဘယ်သူ. . .

စတင် စိုက်ပျိုးခဲ့လေသလဲ မသိ။

 

အဲသည်သစ်သီးကို စားမိပြီး. . . ဤယောကျာ်းမှာ . . . ကစဥ့်ကလျားတွေကို ဖြစ်လို ့ ။

 

ခါးသလား . . ချိုသလား မဝေခွဲတတ် ။

အရသာရှိရှိ မက်မောခုံမင်စွာ စားသုံးနေမိခြင်းတစ်ခုသာ သေချာသည် ။

 

မှတ်မှတ်ရရပြန်ပြောကြေးဆိုလျှင်. . .

ဤယောကျာ်းစားသုံးဖြစ်ဖို ့ထိ်ုသစ်သီးကို

ယူဆောင်လာသူမှာ . . .

အလွန်တရာ ချစ်စရာကောင်းသော မိန်းမတစ်ယောက် ဖြစ်သည် ။

 

ထိုမိန်းမသည်. . . .

ဤယောကျာ်းဆီသို ့ . . .

ရေလို စီးဝင် လာခြင်းဖြစ်သည် ။

လာခြင်းကောင်းသော မြစ်တစ်စင်းဟု ဤယောကျာ်းက ယုံကြည်သည် ။

 

ထိုမိန်းမသည် . . .

ဤယောကျာ်း၏ ဘဝဖြစ်တည်မှု . . . ကွက်လပ်ဟူသမျှကို နေရာလွတ်မကျန်အောင် ဖြည့်စွက်သွားသူလည်းဖြစ်သည် ။

 

ထိုမိန်းမ ထွက်ခွါသွားမည့်အချိန်သည်. . .

ဤယောကျာ်း၏ ဘဝတစ်ခုလုံး ဟာလာဟင်းလင်း // မျဉ်းကြောင်းကလေးပင် မရှိသော ဗလာစာတစ်ရွက်လို ကျန်ရစ်ခဲ့ရမည့်အချိန်ဖြစ်ကြောင်း …

မေးမည့်သူရှိလျှင် ပြောပြချင်ပါသည် ။

 

———————————————————

 

ဝတ္ထုထဲကလိုမျိုး မဟုတ် / ရုပ်ရှင်ထဲကလိုမျိုး မဟုတ် /

လက်တွေ ့လောကထဲကလိုမျိုးလည်း မဟုတ် / ပြောပြဖို ့ရာ စကားလုံးမရှိသော လောကသစ်တစ်ခုကို ..

ထိုမိန်းမက ဤယောကျာ်းအတွက် ကူညီတည်ဆောက်ပေးသွားသည် ။

 

အဲသည်လောကသစ်သည်. . .

ထိုမိန်းမနှင် ့ ဤယောကျာ်း . . . .နှစ်ဦးစလုံးပါဝင်မှ ပြည့်စုံလုံခြုံသော လောကဖြစ်သည် ။

 

ထိုမိန်းမနှင့် ဤယောကျာ်း /

ထို့ထက်ပို၍ . .

ထိုမိန်းမနှင့်ဤယောကျာ်း နှစ်ဦးသားအတူတကွ စားသုံးသော သစ်သီးတစ်လုံးမှ လွဲလျှင်. . .

တခြားဘာဆိုဘာမှ အပိုမပါသော လောကဖြစ်သည် ။

 

၁။ ။ထိုမိန်းမ

၂။ ။ဤယောကျာ်း

၃။ ။သစ်သီးတစ်လုံး . . .

ထို သုံးခုထဲမှ . . တစ်ခုခု နှုတ်ယူ၍လည်းမရ . . . .

တခြားတစ်ခုခု ထပ်ထည့်ဖို့လည်း မလိုတော့သော လောကဖြစ်သည် ။

 

ထိုလောကသစ်တစ်ခု . . .

(သို့တည်းမဟုတ်) ထိုသစ်သီးတစ်လုံး ဖြစ်တည်လာခြင်း၏ အစသည် . . . .

အမေးအဖြေဝါကျများသာ ဖြစ်သည် ။

ထို အမေးအဖြေ ဝါကျများမှာ. . . . .

 

——————-

 

” ရှင်က . . .ကဗျာဆရာနော် ”

 

” မဟုတ်ပါဘူး ။ ကဗျာက . . .ကျွန်တော့်ဆရာပါ ”

 

——————-

 

” ကျွန်မနာမည်က . . .Jasmine ပါ ”

 

” ဟုတ်ကဲ့ . . .။ ကျွန်တော့်နာမည်က . . .Gardener ပါခင်ဗျ ”

 

 

 

 

333

 

 

 

 

 

 

 

 

 

 

 

 

 

—————————————————————————————————————————–

Among  the children,  I’m  a  child.

Amidst  the  men,  I’m  a  man.

When  together  with  women,  I’m  one of  them.

When  I’m  alone,  I  myself  is  God.

——————————————————————————————————————————————————–

ကလေးများနှင့်တွေ ့သောအခါ. . . ငါသည်. . .ကလေးသူငယ် ။

ယောကျာ်းများနှင့်တွေ ့သောအခါ. . . ငါသည် . . .ယောကျာ်း ။

မိန်းမများနှင့်တွေ ့သောအခါ. . . ငါသည်. . .မိန်းမ ။

ငါ. . .တစ်ယောက်တည်းနေသောအခါ. . .

ငါသည် . . .ဘုရားသခင် ။

 

********* ****************************************************************************************

When  encountered  with  this  lady, I’m  a  gardener  longing  for  the  flower.

 

—————————————————————————————————————————————–

 

ထိုမိန်းမနှင့်တွေ ့သောအခါ. . .

ငါသည် . . . .

ပန်းခူး၍ နမ်းဖူးချင်သော ….   ဥယျာဉ်မှူး . . .။

 

When  encountered  with  this  lady, I’m  a  gardener  longing  for  the  flower.

——————————————————————————————————————————————–

 

” ကျွန်တော် ရယ်လို ့ ဖြစ်တည်လာတာဟာ. . .ခင်ဗျားကို ချစ်မြတ်နိုးဖို့ပါ စပယ် . . .”

 

” . . . . . . . . . . . . . . .”

 

” ကျွန်တော့်ကို တစ်ခုခုပြန်ပြောမယ်မဟုတ်လား စပယ် ”

 

” အင်း . . .ရှင့်ကို ကျွန်မ. . . . . . . . . . . .

သီချင်းလေးတစ်ပုဒ် ဖွင့်ပြပါရစေ ”

 

———————————————————————————————————————————–

 

 

 

” စပယ်. . .မင်းနဲ ့ကိုယ်. . . နှစ်ယောက်ပေါင်းပြီး . . .

ကဗျာတစ်ပုဒ် ရေးကြမလား ”

 

” အိုကေ . . .ကျွန်မ . . .ရေးချင်ပါတယ် မောင် . . . .”

 

——————————————————————————————

 

 

 

 

 

 

 

 

 

 

 

alinsett //

 

ပန်းတစ်ပွင့်ရှေ ့ မှောက်လျက်လဲသူ. . .

ရနံ ့နဲ့တင် အနှိုင်းမဲ့ ရူးသွပ်. . .

ကွယ်. . .

ပပ ထူလည်း . . . မထချင်ဘူး ။

 

Jasmine ရယ်. . . .

ဂန္ထဝင် ဆန်တယ် ဆိုချင်ဆို. . .

ချစ်တယ်ဆိုတဲ့စကားကိုပြောဖို ့. . .

စာရွက် ရှာထားပြီးပြီ . . . . ။

 

အလင်းတွေနဲ ့ လက်လက်လင်းလင်း

ကျွန်တော်တည်ဆောက်လိုက်တဲ့

တောင်ကုန်းလေး

ခပ်သုတ်သုတ် တက်ခဲ့တယ် ။

လက်ထဲက အလံဖြူတစ်လက်. . .

ချစ်ခြင်းအပြည့်နဲ ့စိုက်ချ

ကျွန်တော့်စာသားက အဲဒီအလံဖြူထဲမှာပါ။

Jasmine. . . . .I LOVE YOU .

 

alinsett

2 .9 .2013 . pm

 

————————————————————————————————————————

 

Jasmine //

 

ကဗျာရေးတဲ့လက်တွေနဲ့မှ . . .

အခူးခံချင်တဲ့ပန်း. . . .

ခပ်သည်းသည်း . . .အနားမှာပျံဝဲတဲ့လိပ်ပြာတွေ. . .

ဟိုအဝေးးးးးးးး ဝေးရာကိုသွားပါလေ. . .

 

မြတ်နိုး တွယ်တာ

အကြင်နာတွေနဲ့တည်ဆောက်. . .

တောက်ပခြင်း အချစ်အလင်း. . .

နေမင်းထက်. . .ဝင်းစေရမယ် ။

 

ချစ်သူ ့လက်ကိုဆွဲ. . .

ချစ်သူပေးတဲ့ အင်အားနဲ ့ပဲ . . .

အတူ. . . သွားကြမယ် ။

 

Jasmine

2 .9 . 2013 . pm

 

———————————————————————————————-

 

ထိုမိန်းမနှင့် ဤယောကျာ်း . . .

မရပ်မနား. . ဆက်သွားခဲ့ကြသည် ။

ထိုမိန်းမနှင့် ဤယောကျာ်း. . . .

အိပ်မက်တို ့ကို အတူမက်ကြသည် ။

ထိုမိန်းမနှင့် ဤယောကျာ်း. . . .

အမှန်တရားတစ်ခုကိုသာ လက်ကိုင်ထားကြသည် ။

ထိုမိန်းမနှင့် ဤယောကျာ်း. . . .

လမ်းတစ်ခုကိုသာ အတူလျှောက်ကြသည်။

ထိုမိန်းမနှင့် ဤယောကျာ်း. . . .

ပန်းတိုင်တစ်ခုကိုသာ ရည်စူးကြပါသည်။

 

———————————————————————————————–

 

ထိုမိန်းမနှင့် ဤယောကျာ်းတို့သည် . . .

နှစ်ယောက်ပေါင်းမှ တစ်စုံတစ်ခုဖြစ်သည်။

 

ထိုမိန်းမနှင့် ဤယောကျာ်းတို့သည်. . .

နှစ်ယောက်ပေါင်းမှ သစ်သီးတစ်လုံးတည်းကိုသာ အတူတကွ စားသုံးခြင်းဖြစ်သည် ။

 

တကယ်တော့ . . . .

ထိုမိန်းမနှင့် ဤယောကျာ်းတို့၏

သစ်သီးတစ်လုံးကိုသာ စားသုံးခြင်းအဖြစ်အပျက်မှာ . . .

ဇာတ်သိမ်းတွင် ဘာဖြစ်ပျက်သွားမယ်ကို

ကြို မသိနိုင်သော ဝတ္ထုတစ်ပုဒ်လိုပင် ဖြစ်ပါသည် ။

 

သို ့မဟုတ်. . . .

ဇာတ်သိမ်းခန်းတွင် . . .

ဘာမှ ထူးထူးခြားခြား ဖြစ်ပျက်မသွားသော. . .

ဝတ္ထုတစ်ပုဒ်လိုလည်း ဖြစ်ချင်ဖြစ်နေလိမ့်မည် ။

 

ဒါမှမဟုတ် . . .

အဆုံး အစ မသတ်မှတ်နိုင်သော . . .

စက်ဝိုင်းတစ်ခုလို . . .

ဇာတ်သိမ်းမရှိသော ဝတ္ထုတစ်ပုဒ်နှင့်တူနေလျှင်လည်း. . . .

အဲဒါ. . . .

အံ့ဩစရာတော့ မဟုတ်ပါ ။

 

022

 

————————————————————————————–

 

 

 

 

လေးစားစွာဖြင့်. . .

 

အလင်းဆက်

 

26 / 11 / 2013 /

 

 

 

 

 

 

 

((( မမဂျီးKZ ရဲ ့ ပိုစ့်နာမည်နဲ ့..ခပ်ဆင်ဆင် ပေးလိုက်တယ်နော်.. ။ မမဂျီး. .. ခွင့်လွှတ်ပါ .. ။  ))

 

(( ကျွန်တော် ရေးခဲ့သမျျှထဲက..

Among  the children,  I’m  a  child.
Amidst  the  men,  I’m  a  man.
When  together  with  women,  I’m  one of  them.
When  I’m  alone,  I  myself  is  God.

—————————-

When  encountered  with  this  lady,
I’m  a  gardener  longing  for  the  flower.

အဲဒီ စာသားတွေကို..

မြန်မာဘာသာကနေ …အင်္ဂလိပ်ဘာသာကို ပြောင်းလဲပေးသူကတော့..

မဝင့်ပြုံးမြင့် ဖြစ်ပါတယ်. ။ ကျေးဇူးတင်ပါတယ်..အစ်မရေ.. ))

 

 

 

 

 

 

13 comments

  • KZ

    November 28, 2013 at 8:11 am

    ခွင့် မ လွှတ် ဘူး ဟူးဟူးးးးးး
    နာ့ မယ် ကိုသားကြီး က ပြန်လာပြီး ပြန်စာရေးတယ် မှတ်လို့ ရင်ခုန်သွားတာ။

    ဟိ။ နောက်တာ။
    ဒီ စာကို ကြိုက်တယ်။
    အစဉ် သိပ်လှတယ်။
    နောက် ပြီး မဝင့် ကို အားကျ ချီးကျူးတယ်။
    အနုပညာဆန်အောင် ဘာသာပြန်နိုင်လို့။

    မမဂျီး ကွကိုယ် ဘာသာပြန်ကြည့်တာ တလွဲ ပဲ။
    :kwi:

    • ဟုတ်တယ် မမဂျီး
      အစ်မဝင့်ပြုံးမြင့် ရဲ ့ဘာသာပြန်လေးက လှတယ် ။
      သူ မအားတဲ့ကြားက ဘာသာပြန်ပေးတာ သိပ်ကျေးဇူးတင်တာပဲ

      ကျွန်တော် အတင်းရော အဓမ္မရော စာသားကိုထိုးပေးပြီး
      ဘာသာပြန်ပေးပါဆိုလို ့
      အမှန်က ဒီစာမူကို တင်ပြပုံ စဉ်းစားထားတာက တမျိုး
      အခုက ဖြစ်သလို တင်ပြလိုက်ရတယ်
      ဘာပဲဖြစ်ဖြစ်
      ကိုယ့်စာမူလေး ကိုယ်ပြန်ကြည့်တာ လှထာဗျာ
      :kwi:

      လာအားပေးတာ ကျေးဇူးပါမမဂျီး

      ပုံ
      သားကြီး

      အဲလေ

      ဒညင်းဝက်

      🙂

  • မဟာရာဇာ အံစာတုံး

    November 28, 2013 at 9:21 am

    တစ်ချိန်က ကျနော် ဆိုဒေါ့
    နင့်ရုပ်ဂျီး မျင်ရလိမ့်မယ် ထင်ဒါ …
    ဟူးးးးး
    တော်ဒေးဒယ် …
    :kwi:

  • kyeemite

    November 28, 2013 at 10:28 am

    အချစ်ဆိုတာ….အနိစ္စ
    ဒီတော့..သတိထားပါ ဒညင်းဝက်ရေ… :kwi:

    • အဲဒီတုန်း အနိတ် မစ နိင်ခဲ့ဘူး ဦးကြီးရယ်
      🙂

      အခုတော့လည်း အေးဆေးပဲ

      ဖြစ်ခဲ့သမျှကို ရယ်ကာမောကာနဲ ့ပြန်ပြောနိုင်တဲ့ ဂျစ်ပစီတစ်ယောက်လိုပါပဲ

      အဲဒီတုန်းက ကျွန်တော် ခလုုတ်တိုက်ခဲ့ဖူးတယ်ပေါ့ ။

      အခု မနာတော့ဘူး

      ဟီဟိ

      :kwi:

  • sorrow weaver

    November 28, 2013 at 10:40 am

    အောင်ရဲလင်းကလေး…ဒီပိုစ့်လေးကိုတော့ သိပ်သဘောကျ…လူငယ်ဆန်တဲ့ အရေးအသားကွ…အတော်နုပျိုတယ်လို့ခံစားရတယ်…တော်ပါပေ့ဗျာ

  • TNA

    November 28, 2013 at 11:50 am

    သီချင်းလေးကိုကြိုက်တယ်အေ။ စာသားနုနုလဲခံစားသွားပေမဲ့ ငါ့နှလုံးသားတွေအဲလောက်မနူးညံ့တော့လို့ မဆွေးနွေးတော့ဘာဘူး :mrgreen: သီချင်းလေးအခုမှကြားဖူးတယ် အဲဒါလေးလိုချင်တာအေ။ ဒေါင်းလုပ်ဆွဲပီးသားပဲရရ လင့်ပဲဖြစ်ဖြစ်ပေးပါလား။

    • တီသဲရေ
      အဲဒီသီချင်းက CITY FM ဆယ်နှစ်ပြည့် အခွေထဲကပါ

      ချမ်းချမ်းနဲ့ နေနေ ဆိုထားတာပါ

      ညနေကျရင် MP 3 နဲ ့ လင့်ခ် ပို ့ပေးမယ်နော်

      :kwi:

  • အာဂ

    November 28, 2013 at 5:30 pm

    ဘယ်တုန်းက ပုလင်းဖက်သွားတာတုံး

    • မူးချင်လာတဲ့နေ့က စ
      ပုလင်းဖက်ချင်သွားတာပါ

      မူးချင်လာတာကတော့ ကြာသေးဘူး။

      အမှန်တော့ ကျွန်တော်
      ကလောင်နာမည် အတည်ပြောင်းဖို ့ အချိန်ကျနေပါပြီ။

      အရင်ရေးနေကျ နာမည်နဲ ့ဆင်တူတဲ့ကလောင်ရှင်တစ်ယောက်ကို တွေ ့နေရလို ့ပါ။

      အခု သူ ပြောင်းမလား
      ကျွန်တော်ပြောင်းမလား
      ဝေခွဲနေချိန်လေး ပေါ့

      🙂

Leave a Reply