ဂေဇက်သဒင်း မြွေ ငှက် King

ဇာဂနာ ဘယ်နှကိုယ်ခွဲ

ဇာဂနာလေး သူ့အပေါ် ကျေးဇူးရှိဂျောင်း ပြောခဲ့သည်ဂို ဒဇိပ်အိတ်လုပ် ဝေဖန်မှုများ ရှိသည့်အတွက် လူဒဂို ဆိတ်အမျိုးမျိုးရှိရာ ဇာဂနာတစ် သူ့အား မကောင်းပြောဂျောင်း၊ ဇာဂနာနှစ် လေသေနတ် တဒိုင်းဒိုင်းပစ်ဂျောင်း၊ ဇာဂနာသုံး ပိုက်ဆံချေးပြီး ပြန်မဆပ်ဂျောင်း၊ ဒါတွေ ပြောနေလျင်လည်း ဂျော်နီအောင်ပုကို ဝီစကီတိုက်သလို အရသာသိမည် မထင်ဂျောင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်မှ တုံ့ပြန်သည်။

ခုတော့သိပီ

မြန်တျန့်ဂေဇက်သဂျီး အယာတိုလာ မာမွတ်ခိုမ် ၇၈၆ ဟုတ်မဟုတ် အပြင်ဗန်း နံမည်သက်သက် မစုန်းဖြတ်ဘဲ လုပ်ရပ်ကြည့် ခွဲခြားရန် ၎င်းအား ဆင်ကာပူယ ဇွိမမ စားသောက်ဆိုင်တွင် မသထှာရေစာ ညစာကျွေးလိုက်ရာ အမဲကင်နှင့် ဂျပန်ဘီယာ မှာယူသုံးဆောင်ဂျောင်း အခွန်ရှောင် ငွေရှင်းပြေစာတွင် တွေ့ရသည်။

လှူပီးစိတ်ပျက်

မကြာဂင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ဗွဲနှင့် အာဆီယံလိပ်ကြီး ညီလာဂံအတွက် ငရဲတပ်ဖွဲ့ ထောက်ပို့ဌာနတွင် အသုံးပြုရန် မြန်တျန့်ဗလီဆရာ အယာတိုလာ မာမွတ်ခိုမ်မှ ကိုဘေးနွားလှည်း အစီးတရာ ပေးအပ်လှူဒါန်းရာ နွားများကို တရုတ်ပြည်သို့ အေးခဲအမဲသားအဖြစ်၎င်း၊ လှည်းများအား မီးသွေးဖုတ်ပစ်ကြောင်း ရဲချုပ်ခယ်မ၏ ချဲဒိုင် ဝင်ဖမ်း၍ အလုပ်ပြုတ်ရှာသူ ရဲမူးဟောင်းရာမည လက်ထောက်ချသည်။

အဇာတသတ်ဘော်ဒ

ဗုဒ္ဓဖွားတော်မူရာ လုမ္ဗနီတွင် ဘီစီ၆၀ဝ သက်တမ်းရှိ သစ်သားဘုရားကျောင်းဆောင် တူးဖော်တွေ့ရှိပြီးနောက် သာသနာဝင်မှတ်တမ်းလာ ဗုဒ္ဓဖွားတော်မူရာ သက္ကရာဇ် ၆ဘီစီကို (သာသနာနှစ် ၂၅၅၅ + ဘုရားနှစ် ၄၅) မယုံမကြည် ပျက်ရယ်ပြု စော်ကားသော ဘိုလမ်းနီးချဉ်သူ သဂျီးလျှာပွတ်ခိုမ် ငရဲအိုးတုတ်နှင့် ထိုးမိဗီဖြစ်သည်။

သဂျီးရောက်ရာ ငရဲမှာ ကိုဘေးနွားကင် မချိမချိ
သဂျီးရောက်ရာ ငရဲမှာ ကိုဘေးနွားကင် မချိမချိ

 

 

23 comments

  • KZ

    November 27, 2013 at 10:53 am

    ကဲ။
    တဂျီးးးးး
    ရှင်း ရှင်း ရှင်း တော့။

    :mrgreen:

  • ဦးကျောက်ခဲ

    November 27, 2013 at 11:03 am

    ဟီ ဟိ ဘုရားပွင့်တဲ့ ကိစ္စကတော့ ထေရဝါဒ ပိဋကတ်နဲ့ညီသွားပြီ…
    မဟာယာန နဲ့ တခြားဂိုဏ်းတွေထက် ထေရဝါဒကပိုစောတယ်ဆိုတာလည်း မှန်သွားပြီ…
    😀

    • kai

      November 27, 2013 at 3:32 pm

      အတင်းကြီးပါပဲလား.. ဦးကျောက်ရယ်…။
      သေသေချာချာလည်း.. ပြန်ဖတ်ပါဦး…။

      ဆိုတော့…
      အကုန်.. သောက်တလွဲရယ်လို့… :mrgreen:

      • ဦးကျောက်ခဲ

        November 28, 2013 at 4:09 am

        အတင်းကြီးပါပဲလား သဂျီးရယ်…
        ထေရဝါဒက သာသနာ နှစ်၂၅၀ဝ ပြည့်ပြီပြောတော့ အနောက်တိုင်း ပညာရှင်ဆိုသူများနဲ့ သူတို့သာလက်ရင်းဆိုတဲ့ မြောက်ပိုင်းဗုဒ္ဓဘာသာက ဘယ်လိုဆိုကြတယ်ဆိုတာ သဂျီးပြန်ရှာဖတ်ပါလေ….
        အဟဲ… ကြုံတုန်း ထပ်ပြောပါ့မယ်၊ ကျောက်စ်က တံခါးအားလုံးဖွင့်ထားတဲ့ FREE THINKER ပါ
        😀

        • kai

          November 28, 2013 at 7:33 am

          အချက်အလက်စုမယ်ဗျို့..

          If this study is correct, the Buddha’s actual life could have overlapped with a popularly recognized time frame of 563-483 B.C. But lots of other date ranges for the Buddha have been tossed around — some scholars say 448 to 368 B.C., for instance. (The UNESCO website about his birthplace says 623 B.C.)

          “We know the entirety of the shrine sequence started in the sixth century B.C., and this sheds light on a very long debate,” Coningham said.
          http://www.cnn.com/2013/11/25/world/asia/buddha-birthplace-buddhist-shrine/
          ==

          Lumbini, the Birthplace of the Lord Buddha

          Siddhartha Gautama, the Lord Buddha, was born in 623 B.C. in the famous gardens of Lumbini, which soon became a place of pilgrimage. Among the pilgrims was the Indian emperor Ashoka, who erected one of his commemorative pillars there. The site is now being developed as a Buddhist pilgrimage centre, where the archaeological remains associated with the birth of the Lord Buddha form a central feature.
          http://whc.unesco.org/en/list/666
          ==


          ==
          *အတိတ်သာသနာနှစ် တွက်နည်း*
          ကောဇာသက္ကရာဇ်၊ ရောက်ဆဲနှစ်ကို
          တစ်-တစ်-ရှစ်-နှစ်၊ ရောတုံလှစ်သော်
          တွက်စစ်ကြောင်းဟိတ်
          အတိတ်သာသနာ၊ ပေါ်ထွက်လာ
          သေချာမမှား၊ မြဲမှတ်သား။ ။

          ( ရောက်ဆဲ ကောဇာသက္ကရာဇ်ကိုတည်၊ ၁၁၈၂-ကို ထည့်ပေါင်း၊
          အတိတ်သာသနာနှစ် ဖြစ်၏။ အတိတ်သာသနာ တစ်နှစ်တိုးတိုင်း
          အနာဂတ်သာသနာ တစ်နှစ်လျော့၏။ )
          ကောဇာသက္ကရာဇ် ၁၃၇၄
          + ၁၁၈၂
          ———————————————
          ယခုနှစ် သာသနာနှစ် ၂၅၅၆

        • TNA

          November 28, 2013 at 1:10 pm

          ဟိုရှ် ဒဂျီးကတော့ အပီရှင်းဘီဘဲဂိုး :mrgreen:

        • San Hla Gyi

          November 28, 2013 at 8:17 pm

          ဘာမှ လာရှင်းပြမနေနဲ့ သဂျီး။ ရှင်းချင်ရင် အဝီစိရောက်မှ ငရဲမင်းကြီးကို ရှင်းပြပေတော့။

  • surmi

    November 27, 2013 at 11:10 am

    Kai ဘဲကွယ်​…
    ဘယ်​​နေလိမ်​့မလဲ

  • surmi

    November 27, 2013 at 11:14 am

    ဘယ်​လိုငြင်​းရမလဲလို့ အ​ထောက်​အထားရှာ​နေမှာ​ပေါ့..
    ​အော်​… သဂျီး.. သဂျီး..
    ကိ​လေသာဂျီး​တွေ ​အ​တော်​နှ​မျှောသကိုးးးး 🙂

  • alinsett

    November 27, 2013 at 11:43 am

    တဂျီး တော့ လား

    —-
    တုတ်နဲ့သွားထိုးမိပြီ။
    ဟီဟိ

    🙂

  • Paing Lay

    November 27, 2013 at 7:16 pm

    အူးကြောင်က ပုဆိုးခြုံပြီး မင်္ဂလာ မဏ္ဍပ်ပျက်အောင် ဝင်မွှေမယ်ဆိုပဲဂျ 😀 O.o (^_^)

  • San Hla Gyi

    November 27, 2013 at 8:18 pm

    ဟုတ်တယ် သဂျီးကတော့ အဲဒီလိုနဲ့ ငရဲရောက်တော့မှာ။ တခါတခါ ကျတော့လည်း အဲဒီ ပုံပြင်လို ဖြစ်နေတဲ့ ရှေးရာဇဝင် ဇာတ်လမ်းတွေက မှန်နေတတ်ပြီး ပါရဂူဘွဲ့ရ ပညာရှင်ဆိုသူတွေ ပြောတာတွေလည်း အမှားတွေမှ အများကြီးပဲ။ အဲဒါကြောင့် ကျနော်တော့ ရှေးရာဇဝင်တွေဆိုလည်း လေးလေးစားစား ဖတ်တယ်။ ရှေးဟောင်း သမိုင်းတွေဘက်က ပြန်ပြောတာလည်း စဉ်းစားစရာပဲဗျ။ သူတို့ကပြောတာတော့ မင်းတို့ မမွေးခင် နှစ်ပေါင်းများစွာ ကတည်းက သေသေချာချာ ဖြစ်ခဲ့လို့ သေသေချာချာ မှတ်တမ်းလုပ်ထားခဲ့တာ။ မင်းတို့က နောက်မှလာပြီး ဒီလို ဖြစ်တယ် ထင်မိတယ် ဟိုလိုဖြစ်တယ် ယူဆမိတယ် ဆိုပြီး ရမ်းပြောတာနဲ့ ရမ်းတုတ်တဲ့ စကားတွေက သုတေသန မျက်နှာဖုံးနဲ့ ရှေ့ရောက်လာပြီး တကယ့်မှတ်တမ်းတွေက ပုံပြင်ဖြစ်ရရောလားတဲ့။ စဉ်းစားစရာပဲဗျို့။
    ဒေါက်တာသန်းထွန်း မဆုံးခင်က သူ့ဆရာ ပေါမောက္ခလုစ် ရေးသွားတဲ့ မြန်မာအစ ကျောက်ဆည်က မြန်မာဟာ တရုတ်ဘက်ကနေ ဝင်လာတာဆိုပြီး တကောင်းရာဇဝင်နဲ့ သရေခေတ္တရာ ရာဇဝင်ကို ပစ်ပယ်သွားတဲ့ အယူအဆအမှားတွေကို သူ့ကိုဖိတ်ပြီးမှ ဆရာဘုန်းတင့်ကျော်က သူ့ရှေ့မှာ စာတမ်းဖတ်တာတဲ့ဗျို့။ အဲဒီစာတမ်း အပြင်မှာ စာအုပ်ထွက်တယ်ဗျ။ ဒေါက်တာသန်းထွန်းက ဟုတ်ပါတယ် ပါမောက္ခလုစ် မှားရေးတာပါဆိုပြီး ဝန်ခံသွားရတယ်တဲ့။
    တကယ်တော့ ပါမောက္ခလုစ် နိုင်ငံတကာကို ဖြန့်ခဲ့တဲ့ ဇာတ်လမ်းက လိမ်ဆင်ကြီးတဲ့။ သူရေးတဲ့ ကိုးကားကျမ်းက မူရင်းလည်း မဟုတ်ဘူးတဲ့။ တရုတ်ဘာသာနဲ့ ရေးထားတဲ့ မူရင်းစာအုပ် မရှိတော့လို့ ဟိုတပိုင်း ဒီတပိုင်း ကျန်ခဲ့တာတွေကို အခုခေတ်ကျမှ ပြန်စုပြီး အလည်က ပျက်နေတဲ့ စာတွေကို တရုတ် အယ်ဒီတာတွေက စိတ်မှန်းနဲ့ ထည့်ထားတာတဲ့။ အဲဒီ လိမ်ဆင်စာအုပ်ထဲမှာတောင် သူ မြန်မာလို့ ရေးထားခဲ့တဲ့ လူမျိုးတွေက ပုဂံတည်ပြီးတဲ့ အချိန်အထိ တရုတ်ပြည်ထဲမှာပဲ ရှိနေသေးတယ်လို့ ရေးထားတယ်တဲ့။ အဲဒီ အချက်ကို သူက တမင်ထိန်ချန်ခဲ့တာတဲ့။ ဘာလို့လည်းဆိုတော့ မြန်မာတွေကို နှိမ်ချင်လို့ သမိုင်းသက်တမ်း နုနုလေးပါဆိုပြီး ပညာရှင်ပီပီ လိမ်ညာခဲ့တာတဲ့။
    အဲဒါတွေကို သဂျီးက ကြည့်ကြပါဆိုပြီး လူတွေကို လင့်ခ်လိုက်ပြနေတာ။ သူက မိစ္ဆာဒိဌိ တယောက်ပါ။

    • kai

      November 28, 2013 at 7:44 am

      အင်း..
      ကျုပ်ကတော့.. လေးတန်းမအောင်တဲ့သူစကားထက်စာရင်.. ၁ဝတန်းအောင်စကားပိုပြီးလက်ခံတယ်..
      ၁ဝတန်းအောင်စကားထက်စာရင်.. ပါမောက္ခတွေစကားပိုလို့လက်ခံတယ်..။ ပါမောက္ခအချင်းချင်းတောင်.. ဘယ်ဘာသာကိုယူပြီး ဒေါက်တာဘွဲ့ ရတာလည်းထပ်ကြည့်တယ်..။
      အဲ..
      လက်ခံတယ်ဆိုတာမှာ..ဘယ်ဟာကို..ဘယ်အချက်အလက်ကို.. လူတွေ..ပိုလေးစားသတိထားမှတ်ယူသင့်တယ်လို့… နှိုင်းယှဉ်ချက်ပြတာသာဖြစ်ပြီး.. ကျန်တာကတော့.. ဘုရားဟောအတိုင်းပါပဲ.. (ကာလမသုတ်ရှု)

      ဂဏန်းသချာင်္မပေါ်သေးတဲ့ခေတ်က.. ၁နဲ့၁၃ပေါင်း ၁၄တာင်မသိတဲ့သူတွေ အာရွှီးစကားတော့… ဒန်တန်တန်ပေါ့….။
      ဆိုတော့…

      ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

      ကာလာမမင်းတို့ …
      သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
      မယူကုန်လင့်ဦး။
      ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
      (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
      နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
      (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

      ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

      ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

      ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။

      :mrgreen:

      • San Hla Gyi

        November 28, 2013 at 8:04 pm

        သဂျီးဆိုတဲ့လူတော့ ပြောလိုက်ရရင် မကောင်း ဖြစ်တောမယ့်။ တက္ကသိုလ်က ချီးမြှင့်တဲ့ ဘွဲ့တွေ ပညာတွေဟာ အရေးကြီးတာ မှန်ပါတယ်ဗျ။ ဒါပေမယ့် အဲဒါတွေ မရှိသေးတဲ့ ခေတ်က လူတွေကို ပညာမရှိဘူးလို့ သိမ်းကျုံးစော်ကားလို့ မရပေဘူး။
        ခင်ဗျားပြောတာက “ဂဏန်းသချာင်္မပေါ်သေးတဲ့ခေတ်က ၁နဲ့ ၁၃ပေါင်း ၁၄တောင် မသိတဲ့လူတွေ အာရွှီးစကားတော့ ဒန်တန်တန်ပေါ့။” ခင်ဗျားပြောတဲ့ အတိုင်းပဲ။ ကျုပ်ဘာမှ မပြင်ဘူးနော်။
        ဒါက သဂျီးခိုင်ကိုယ်တိုင် နာနာ(သံတွဲ) ရဲ့ပို့စ်မှာ ပြောတဲ့စကားပါ။ “ကိုရမ်ကျမ်းမြတ်လည်း လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်ကတည်းက မိတ်ဆွေဗလီဆရာ တယောက်ဆီက ဌားပြီး ဖတ်ခဲ့ဖူးတယ်။ ကိုရမ်ထဲက တချို့စာတွေလည်း အလွတ်ကျက်ခဲ့ဖူးတယ်။” ဒါသူပြောတဲ့ အတိုင်း စာသားမူရင်းပါ။ သူ ကိုရမ်ကျမ်းမြတ်လို့တောင် ခေါ်ပြီး စာသားတွေတောင် အလွတ်ကျက်ခဲ့တာပါတဲ့ ရွာသူရွာသားတို့ရေ။
        ဆက်ကြည့်ရအောင်။ ဒါက သူအကြိုက်ဆုံး ဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ ကျော်စွာ ၁၀ဝ ထဲက စာသားပါ။ “မိုဟာမက်ကို အဲဒီအခါက စာပေကျမ်းဂန် အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတတ်တဲ့ အာရေးဘီယားတောင်ဘက် မက္ကာမှာ ၅၇ဝ ကမွေးဖွားခဲ့တယ်။ အစ္စလာမ် အစဉ်အဆက် ပြောစကားအရ “စာမတတ်ပါ။” ကဲ စာမတတ်တဲ့ အပြင် အဲဒီဒေသကလည်း စာပေကျမ်းဂန်တွေ မထွန်းကားပါဘူးတဲ့။ စာမတတ်မှတော့ ဂဏန်းသချာင်္လည်း မတတ်မှာ ကျိန်းသေပါတယ်။
        ကဲ ဒီတော့ စဉ်းစာကြည့်ရအောင် သဂျီးဟာ သူနှိမ့်ချချင်တဲ့ စာတွေဆိုရင် ဂဏန်းသချာင်္ မတတ်သူတွေရဲ့ အာရွှီးစကားတော့ ဒန်တန်တန်ပေါ့ ဆိုပြီး လုပ်ပြတတ်ပါတယ်။ ဟော သူကိုယ်တိုင် လွန်ခဲ့တဲ့ အနှစ် အစိတ်လောက် ကတည်းက အလွတ်ကျက်လာတဲ့ စာအုပ်ကျတော့လည်း မူရင်းပို့ချသူဟာ ဂဏန်းသချာင်္ မပြောနဲ့ စာတောင် မတတ်ပါဘူးတဲ့ ရွာသူရွာသားတို့ရေ။ ကဲ ဒီတော့ သဂျီးဟာ သူနှိမ့်ချချင်တဲ့ စာဆို အကြောင်းမဲ့နှိမ့်ချ သူထိပ်ပေါ်တင်ချင်တဲ့ စာအုပ်ဆိုရင်တော့ သူပြောတဲ့ စကားနဲ့ မညီတာတောင် အလွတ်ကျက်တာပါတဲ့။
        ကဲ သဂျီးခိုင်ရဲ့ မလိုတမျိုး လိုတမျိုး စိတ်ဓတ်ဆိုတာ ဒါကို ခေါ်ပါတယ်။ အားလုံး မြင်ပါတယ်နော်။

        • ဦးကြောင်ကြီး

          November 28, 2013 at 8:30 pm

          အဲသဟာကြောင့် သဂျီးကို လျှာပွတ်မာမွတ်ခိုမ်လို့ ခေါ်တာပေ့ါဗျ.. လျှာအရိုးမရှိတိုင်း ဆိတ်ကူးတဲ့ရာ လိုက်ပွတ်နေလို့ ရွာဆူနေတာ။ ဒင်းကိုင်ထားတဲ့ အန်အာစီ မှတ်ပုံတင် ကတ်ပြားကို သံသယရှိတယ်.. ဝှိုက်ကတ်နဲ့ လဲပေးသင့် လဲရအောင် သူ့ဆွေစဉ်မျိုးဆက် ခုနှစ်ဆက် စစ်ဆေးသင့်တယ်…။ ဝံဂျီး ဦးစ်ခင်ရီဆီ အစီရင်ခံစာ တင်ဗျာ.. အနော်တို့ ရွာသားတွေ စုပေါင်းလက်မှတ် ထိုးပေးမည်။

  • surmi

    November 28, 2013 at 8:17 am

    အဲဒါ​ကြောင်​့ကိုစံလှကြီးက​ပြောတာ..
    ဘာတဲ့..
    သူအယူချင်​ရင်​ ကာလမသုတ်​နဲ့ကိုင်​​ပေါက်​တယ်​..
    ယူချင်​ရင်​လည်​း ​ဒေါက်​တာသန်​းထွန်​း နဲ့ကိုးကားတယ်​ဆိုလား…

    အိုဘယ်​့…
    အာတာလွတ်​မြိုစားမင်​းရယ်​ 🙂

    • San Hla Gyi

      November 28, 2013 at 8:06 pm

      ကိုဆာမိ ကျနော် သူ့ရဲ့ မလိုတမျိုး လိုတမျိုး စိတ်ဓတ်တွေကို သူပြောတဲ့ မူရင်းစကားလေးတွေနဲ့ ပြန်ပြီး ရေးထားတယ်။ ဖတ်ကြည့်ပါ။ သူက တကယ့်ကို မလိုတမျိုး လိုတမျိုး အမျိုးမျိုး ပြောတတ်ပါတယ်။

  • ရာမည

    November 28, 2013 at 11:07 am

    ရာမညအလုပ်မပြုတ်သေးပါဘူးဦးကြောင်ကြီးခင်ဗျာ

  • ရာမည

    November 28, 2013 at 11:11 am

    ကော်မန့်တွေကို စောင့်ကြည့်နေတာလားခင်ဗျာ
    ကော်မန့်တွေမပေါ်လာတော့ဘူးနော်
    ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာလားဗျာ

    • Wow

      November 28, 2013 at 3:59 pm

      စိတ်လျော့ပါ ဦးဦးရဲကြီးရယ် ဒယ်ဒီကြောင်က ပြာသိုဆို စိတ်တွေ ကယောက်ကယက် ဖစ်တတ်လို့ပါ… သာမီးကို ဖဲဝိုင်းမှာတွေ့ရင် ဖမ်းရဝူးနော်… :mrgreen:

  • ရာမည

    November 28, 2013 at 11:29 am

    တောက် !
    ကျွန်တော့ကော်မန့်တွေ စောင့်ကြည့်ခံပြီးမှ
    တင်လို့ရတာလား
    ဘာများပြောမိလို့လဲ

  • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

    November 28, 2013 at 1:41 pm

    ဥကြောင်ယဲ့ အဌိဂ ဇာတ်ချောင်ကတော့ တဂျီး ချီး .. အဲ ချည်းဗဲ … ။
    တဂျီးမပါဗဲ တထာလောက် ရေးကျိစ်ပါလားဟင် သာဓုခေါ်ချင်လို့ဗာ …. ။ 😆

  • မဟာရာဇာ အံစာတုံး

    November 28, 2013 at 4:23 pm

    အပေါ်မှာ ….
    ကျီးတွေ ခဲနေတာ တွေ့ရတယ် …
    ည ကလည်း မှောင်လွန်းလှတယ် …
    တော်ဘီ ..
    ကိုယ့်ဖာသာ အိပ်နေတာပဲ ကောင်းတယ် …
    ခူး .. ခခေါ .. ခလူးးး ခေါ …

Leave a Reply