ကတုံးပေါ်ထိပ်ကွက် (သို့) ဖုန်းချစ်သူ

နာမည်ဘယ်လိုခေါ်သလဲဟင်

ဟုတ်ကဲ့ ခင်ဗျာ .. ကျွန်တော့်နာမည် ကိုမောင်မောင်ပါ

မန်းလေးမှာနေပါတယ်။

ညီမ ကရော…

ညီမနာမည်က မေမွန်ပါ .. နေပြည်တော်မှာ ဆရာမလုပ်နေပါတယ် ..

ဒီလိုနဲ့စခဲ့တဲ့မိတ်ဆက်စကားကနေ .. ရက်အနည်းငယ်စွန်းလာခဲ့ချိန်မှာတော့ သူတို့ရဲ့စကားတွေမှာ

ကလူအိသို့ မြူအိသို့ အထာလေးတွေ ပါလာကြတယ် …

နောက်ဆုံး ..ရက်ပေါင်း ၂ဝကျော်အကြာမှာတော့ ……

ကိုကို …… မေမွန့်ကိုချစ်ရဲ့လားဟင် …..

Screen ပေါ်မှာပေါ်လာတဲ့စာသားနဲ့အတူ မောင်မောင်ရဲ့လက်အစုံဟာ ပြေးလွှားဆော့ကစားသွားတယ်

ချစ်တာပေါ့ မေမွန်ရယ် ….  မေမွန်လည်း ကိုကို့ ကို သိပ်ချစ်တာပဲနော်…

သူတို့ရဲ့ screen ထက် က စာသားတွေဟာ စကားသံတွေအဖြစ်ကို စတင်ပြောင်းလဲလာတော့တယ် …

တစ်ရက် …….

အဲဒီရက်ကတော့ မေမွန်တစ်ယောက် ဖုန်းကနေတစ်ဆင့် ချစ်သူဖြစ်ခဲ့တဲ့ မောင်မောင့်ဆီကို စာသားလေးတွေ ဖုန်းကတစ်ဆင့်လှမ်းပို့နေချိန် ….

စောင့်ဆိုင်းနေပေမယ့် ပြန်စာ မလာချိန်မှာတော့ မေမွန်တစ်ယောက် ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်တယ် ..

တူ .. တူ .. တူ …

“ဟဲလို”

ကလေးသံတစ်သံရဲ့ ဖုန်းဖြေသံကိုကြားလိုက်ရတယ် …

“သမီးက ဘယ်သူလဲ ….”

“သမီးနာမည် မနန်းပွင့်ပါ”

“ကိုမောင်မောင်ရှိလား သမီး”

“ဖေဖေ အပြင်သွားပါတယ်..ဖုန်းက အိမ်မှာကျန်နေခဲ့တာ”

“ဟင်…သမီးက ကိုမောင်မောင်နဲ့ဘာတော်တာလဲ”

“သူက သမီးဖေဖေပါ”

မေမွန့်မျက်နှာထက်က နှုတ်ခမ်းအစုံ တွန့်ကွေးသွားပြီး ဖုန်းကိုချလိုက်တယ်။

မောင်မောင် …….. သူမထင်မှတ်ပဲ ဖုန်းနံပါတ်တစ်ခုနဲ့ ဆက်စပ်မိသွားတယ်။

ဒီလိုပဲ ..ခုခေတ်စားနေသလို.. မိတ်ဆက်ကြရင်းကနေ .. ရက်အနည်းငယ်ကြာတော့ ကောင်မလေးနဲ့သူ

ခပ်ငြိငြိ ဖြစ်လာတယ်။ နောက်ဆုံး ဖုန်းနဲ့တဆင့်ချစ်သူတွေဖြစ်သွားကြတယ်။

အပြင်မှာ တွေ့ပြီး တွဲကြ ချစ်ကြဖို့ သူမရည်ရွယ်ပေမယ့်လည်း ဒီလိုမျိုး လုပ်နေရတာကို သူ သာယာကျေနပ်နေမိတယ်။

တစ်ရက် …. သူ အိပ်ပျော်နေတုန်း မေမွန့်ဆီက လာတဲ့ စာကို သူ့မိန်းမ တွေ့သွားတယ်..

နောက်တစ်နေ့မနက်မှာတော့ မိန်းမရဲ့ တဖျစ်တောက်တောက် အသံနဲ့အတူ သူတို့စကားများကြတယ်…

သူ အော်ဟစ်ပြီးနောက် အိမ်ကနေ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ် ..

ဆိုင်ရောက်မှ သူဖုန်းမေ့ကျန်ခဲ့တာကို သတိရမိတယ်…

အိမ်ပြန်ရောက်ချိန်မှာတော့ သူ့မိန်းမ က လှမ်းပြောလာတယ် ..

“ရှင့်ဟာမ ဖုန်းဆက်လာတယ်… ရှင့်သမီးကိုင်လိုက်တယ်တဲ့ …ရှင့်အကြောင်းပေါ်သွားပြီ”

သူဘာမှပြန်မပြောတော့ပဲ .. ဖုန်းကိုပဲ လှမ်းယူလိုက်ပြီး သိမ်းလိုက်တယ်။

မစန်းစန်း ……….. တတုန်တုန် အော်နေတဲ့ ဖုန်းက မက်ဆေ့လာတဲ့အသံကြောင့် အိပ်မပျော်သေးတဲ့

သူမရဲ့မျက်လုံးအစုံ ပိုကျယ်သွားတယ် ..

ဘယ်ကပါလိမ့် .. သူလိုက်ရှာလိုက်ချိန်မှာတော့ .. အိပ်ပျော်နေတဲ့ယောကျင်္ားဘေးက ဖုန်းစခရင်က လင်းနေတဲ့မီးရောင်နဲ့အတူ မက်ဆေ့အချို့ကို သူမ သတိထားမိလိုက်တယ်။

သူမ ယောကျင်္ားရဲ့ဖုန်းကိုဖွင့်ပြီး ကြည့်လိုက်ချိန်မှာတော့ အကြောင်းစုံကို သိသွားတော့တယ်။

နောက်တစ်နေ့မနက်မှာတော့ သူမတို့ စကားများရန်ဖြစ်ကြတယ်။

၂ ရက် ၃ရက် အကြာမှာတော့ သူမတို့ပြဿနာပြေလည်မှုရသွားတော့တယ်။

ဒီလိုပဲ သုံးကြမယ် .. တကယ်အပြင်မှာတော့ ဘာကိစ္စမှ မဖြစ်အောင်နေကြဖို့ပဲ ..

သူမတို့အတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ်ပဲ သတ်မှတ်ကြဖို့ လင်မယားနှစ်ယောက်လုံး သဘောတူလိုက်ကြတယ်။ သူမမှာလည်း ဖေ့ဘုတ်အကောင့် နှစ်ခုသုံးခုနဲ့ ဖုန်းထဲကနေ သူငယ်ချင်းဖြစ်နေတဲ့ ခပ်အီအီ ကောင်လေး နှစ်ယောက်သုံးယောက်လည်းရှိနေတယ်လေ။

တစ်ပါတ်အကြာမှာတော့ ….. သူမရဲ့ လက်ကိုင်ဖုန်းက တတူတူမြည်သံပေးလာတယ်။

သူမကြည့်လိုက်တော့ နံပါတ်အစိမ်းတစ်ခု……. ဘယ်သူမှန်းမသိပေမယ့် သူမ ကိုင်လိုက်တယ် ..

နောက်တော့ ….ခေါ်တဲ့သူဟာ သူမနဲ့ ကွဲကွာနေတဲ့ ကျောက်မဲက တူမ ဖြစ်သူရဲ့ ဖုန်းနံပါတ်အသစ် …

သူမ တူမဖြစ်သူရဲ့နာမည်က .. မနန်းပွင့် …

မနန်းပွင့် – “အန်တီ ..မန်းလေးက ကိုမောင်မောင်ဆိုတာသိလား ..”

“ဘာဖြစ်လို့လဲ …ဘယ်မှာနေတာလဲ ..”

“အဲလိုတော့ မသိပါဘူး .. နာမည်နဲ့ ဖုန်းနံပါတ်ပဲ သိတာ”

သူမ ဖုန်းပြောပြီးချိန် ဖုန်းနံပါတ်မှတ်ဖို့ ကြည့်လိုက်ချိန်မှာတော့

နံပါတ်က သူမနဲ့ သိပ်ရင်းနှီးနေတဲ့နံပါတ်ဖြစ်နေတယ်… နောက်ဆုံး မသင်္ကာတဲ့အချိန် သူမ ပြန်ရှာလိုက်ချိန်မှာတော့ သူမယောကျင်္ားနဲ့ ဖုန်းထဲမှာတင် အီစီကလီဖြစ်နေတဲ့ မေမွန်ဆိုတဲ့အမျိုးသမီးရဲ့နံပါတ်ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ညရောက်ချိန်မှာတော့ .. မစန်းစန်းနဲ့ ကိုမောင်မောင်ရဲ့ တိုးကြိတ်ကြိတ်အသံထွက်လာတယ် ..

ကိုမောင်မောင်ရယ် .. ရှင် မေမွန်ဆိုတဲ့အမျိုးသမီးကိုတော့ ဆက်ပြီး အီစီကလီမလုပ်ပါနဲ့တော့ .

အဲဒါ “ကျုပ် တူမကြီးတော့”

(သူမ စိတ်ထဲကနေတော့ အော် …..မနန်းပွင့်က မေမွန်ဖြစ်ပြီး ကျောက်မဲမှာ ကုန်သည်ကနေ နေပြည်တော်မှာ ဆရာမသွားဖြစ်သတဲ့နော်… ) 😀

 

ဖြစ်ရပ်မှန်နော် .. နာမည်တွေပဲ လွဲရေးထားတာ . .. :mrgreen:

 

10 comments

  • KZ

    November 28, 2013 at 8:36 am

    ကမ႓ာကြီးက ကျဉ်းလွန်းပါတယ်~~~~~~~~~~~~~~~~
    တစ်ချို့က ပြောလည်းကွယ်~~~~~~~~~~~~~
    မင်းနဲ့ ခုထိ နောက်ထပ်မတွေ့နိုင်တာ ကိုယ့် အတွက်ခက်လှတယ်~~~~~~~~~~~~
    😀

    တစ်ချို့သူများ အတွက်တော့ ကျဉ်းတယ်။

    ကိုယ့် အတွက်တော့ ကမ႓ာကြီးက အကျယ်ကြီးးးးးး
    လုပ်ထားတဲ့ မဟုတ်တာတွေ ခုထိ ဘယ်ဒူမှ မမိသေးဝူးးးးး

    ငိငိငိ :mrgreenn:

  • kyeemite

    November 28, 2013 at 10:17 am

    …အီစီကလီဇတ်ရှုပ်တွေ တော်တော်ခေတ်စားတယ်နော 😀

  • naywoon ni

    November 28, 2013 at 11:49 am

    ​ခေ ာတ်​​ကြောင်​့မဟုတ်​ဘူး ​ခေ ာတ်​​ကြောင်​့မဟုတ်​ဖူး မဟုတ်​ဖူး မဟုတ်​ဖူး ဖူးးးးးးး

  • TNA

    November 28, 2013 at 1:01 pm

    အော် တရုတ်မှာတောင် အွန်လိုင်းကတွေ့တဲ့သူတွေ အပြင်မှာချိန်းတော့ ချွေးမနဲ့ယောက်ကထီးဖြစ်နေသေး တာပဲ။ ခေတ်ကြီးကတော့ လွယ်ဘာဘူး

  • ရွှေတိုက်စိုး

    November 28, 2013 at 2:04 pm

    ဟေ ဒါသင်ခန်းစာပဲဗျို..
    တော်ဘီနောက်ဆို Location မြန်မာ ဆိုရင် ဘယ်တော့ မှ Friend Request လက်မခံတော့ဘူး.. နံဂျားက တစ်ပျူးကြီးတွေနဲ.ပဲ Friend လုပ်တော့မယ်…..ခိခိခိ

  • Mr. MarGa

    November 28, 2013 at 6:37 pm

    အင်း…..
    ဒီဇာတ်လမ်းကို
    ကြားဖူးနေတယ်နော့
    ဒီသိကြား တွေးရင် လွဲခဲတယ် ကွယ်….. :mrgreenn: :mrgreenn:

  • Paing Lay

    November 28, 2013 at 7:22 pm

    အနော် ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ အရက်ဆိုင်က နေပြန်မှ သားအဖမှန်းသိတဲ့ ဟာသကို ပြေးမြင်ယောင်မိပါကြောင်း 🙂 🙂

  • အဘရဟူဒီ

    November 30, 2013 at 4:14 pm

    အသီး မမာ ဂျလို့ ဘာခီညာ…

  • Ma Ma

    November 30, 2013 at 4:57 pm

    ဒို့ရွာထဲကလူတွေတော့ ဒီလိုလုပ်မယ်မထင်ဘူး။
    သူတော်ကောင်းလေးတွေချည်းဆိုတော့…….. :kwi:

Leave a Reply