ရွာသူတစ်ယောက်ရဲ့ ရွာလွမ်းချင်း

NovyNovember 28, 20131min29038

သို့

 

ဂဇက်ရွာ

ငါနင့်ကို အရမ်းသတိရနေပါတယ်

နင့်ဆီကိုစာတွေမှန်မှန်မပို့လို့ငါ့ကို မေ့သွားပြီလာဟင်

စာတွေသာငါမရေးအားလို့ မရောက်တာပါ ငါ့စိတ်ကတော့ ရွာအကြောင်းတွေကိုအမြဲသတိရနေတယ်ဆိုတာယုံပေးပါနော်

ငါ့မှာ အထူးအဆန်းလေးတွေချက်စားလည်းနင့်ကိုသတိရပြီ ကင်မရာလေကိုင် ဓါတ်ပုံတွေရိုက်နင့်ကိုပို့မယ်ပေါ့

ခရီးသွားရင်လည်းနင့်ကိုသတိရ ခရီးကပုံလေးတွေ နင့်ကို ပြဖို့ ဓါတ်ပုံတွေကို ရိုက်မိနေတယ်

ဒါပေမဲ့ နင့်ဆီကို ငါမပို့ဖြစ်ခဲ့ပါဘူးဟယ်

ငါခံစားနေရတာတွေ ပျော်ရွှင်နေရတာတွေကို နင့်ကို ဝေမျှဖို့ မအားနိုင်အောင် ငါအလုပ်တွေအရမ်းများနေခဲ့တယ်လေ

ကိစ္စများမြောင် အီလူ့ဘောင်ဆိုတဲ့ အတိုင်း ဒီလပိုင်းတွမှာ ငါထွက်ပြေးချင်လောက်အောင် ကိစ္စတွေများနေတယ်

ဒါပေမဲ့လဲ ဒီသံသရာဝဲဂရက် က လွဲမထွက်နိုင်သေပါဘူးဟယ်

ကြွေးဟောင်းတွေကိုဆပ် / ကြွေးသစ်တွေကိုချ /ရွှေအိုးတွေကိုမြှပ်

အိမ်စ္စ အလုပ်ကိစ္စတွေနဲ့ ပြေးလွှားနေရတယ့် ငါ့ဘဝပေါ့ဟယ်

နင်စိတ်ရှုတ်သွားပြီးလား ငါ့ရဲ့ အပူတွေကို နင့်ကို ကူးစေတော့ရယ်လို့

ငါမရည်ညွန်းခဲ့ဘူးဆိုတာနင်သိရင် ငါဝမ်းသာပါပြီ ဂဇက်ရယ်

ကဲကဲတော်ပြီ ငါ့အကြောင်းတွေကို ဒီမှာတင်ရပ်လိုက်မယ်

နင့်အကြောင်းတွေကို ဆက်ရအောင်နော်

နင့်သတင်းတွေကိုတော့ ငါလက်လှမ်းမှီသလောက်တော့ကြာနေရပါတယ်ဟယ်

နင့်ကအသွင်အပြင်တွေပြောင်းပြီ နံမယ်ပါပြောင်းလိုက်ပြီဆို

နင်ဘာတွေပဲပြောင်းပြောင်း နဲ့ ငါတို့ အပေါ်မှာထားတဲ့ နင့်ရဲ့စိတ်ထားလေးတော့ မပြောင်းလိုက်နဲ့နော်

နင့်ကိုမှီပြီး ငါကမိတ်ဆွေကောင်းတွေ / ဗဟုသုတတွေ အများကြီးရခဲ့တယ်လေ

ဒါကြောင့်နင့်ကို ကျေးဇူးတွေတင်နေပါတယ်နော်

ကဲစာလည်းရှည်သွားပြီ နောက်မှ ထက်ပြီးစာတွေရေးအုံးမယ်

 

နင့်ကိုအမြဲသတိရနေတဲ့

ရွာသူ နိုဗွီ

 

ps

နင့်ကိုပြမယ်ဆိုပြီးငါရိုက်ထားတဲ့ ဓါတ်ပုံနဲနဲထည့်ပေးလိုက်တယ်

C360_2013-09-29-10-04-49 C360_2013-09-29-10-04-31_orgငါကိုယ်တိုင် လုပ်ထားတဲ့ ကင်ချီနဲ့ ပဲခေါက်ဆွဲ

DSCN2419[1]

ရေထဲကအရိပ်

DSCN2287

China MSA သင်္ဘောပေါ်ရောင်တုံးက

DSCN2298

38 comments

  • TNA

    November 28, 2013 at 12:12 pm

    မနိုရွာထဲကိုပြန်လာတာကြိုဆိုပါတယ်။ ဝမ်းသာလိုက်တာ အခုမှလူဟောင်းတွေတစတစပြန်ရောက်လာ တယ်။ ပုံတွေလဲလှတယ်မနိုရေ။ ပဲခေါက်ဆွဲနဲ့ကင်ချီလဲစားသွားပါတယ်။ ပဲခေါက်ဆွဲလုပ်နည်းလေးလဲ တင် ပေးပါအုံး

    • Novy

      November 28, 2013 at 1:20 pm

      သဲလေးရေ..
      ပထမဆုံးကွန်မန့်အတွက်ကျေးဇူးပါရှင်
      မြန်မာမှု့ပြု့ထားတဲ့ ကိုရီယား ပဲခေါက်ဆွဲလုပ်နည်းလေးကိုလည်းတင်ပေးပါအုံးမယ်ရှင်

  • ဦးကျောက်ခဲ

    November 28, 2013 at 12:23 pm

    အပျိုဂျီး မနို ကို ကျောက်စ် ကလည်း သတိရပါတယ်ဗျာ…
    စီးပွါးရေးသောင်းကျန်းပြီး ထောနေတယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ…
    😀

    • Novy

      November 28, 2013 at 1:22 pm

      ကျောက်စ်ရယ်
      မနိုကို အနုကြမ်းစီးခံရအောင်ပို့နေတာလာဟင်

  • KZ

    November 28, 2013 at 12:26 pm

    ပိုပြီး နုပျိုလှပ လို့ပါလား အမရေ။

    :chit:

    • Novy

      November 28, 2013 at 1:24 pm

      ဆွီကလေးတို့ကိုမှီအောင် မနဲလိုက်နေရတာပါကွယ်

  • မဟာရာဇာ အံစာတုံး

    November 28, 2013 at 12:28 pm

    ဂျီးဒေါ်ကိုတော့ မေ့တွားဒါ အမှန်ဗျဲစ် ..
    ဂျီးဒေါ်ကို မြင်ဒေါ့ မြင်ဘူးဒလိုဗျဲစ် …
    ဒါပေမယ့် ….
    ဂျူနိုလေးကိုဒေါ့ တသက်မေ့ဘူးးးးး
    ဘယ်ဒေါ့မှ မေ့ .. ဘူးးးး

    • Novy

      November 28, 2013 at 4:29 pm

      မျက်နှာများတဲ့မောင် (ခြောက်မျက်နှာရှိသောကြောင့်)
      တို့ရဲ့ ဂျူနိုလေးကိုမေ့လိုက်ပါတော့

      ဒါဗြဲ
      တခါကမတော်လိုက်ရတဲ့ မာမီ

      • မဟာရာဇာ အံစာတုံး

        December 2, 2013 at 12:53 pm

        ချစ် ခြင်း ကို မခွဲဘာနဲ့
        ချစ် ခြင်း ကို မခွဲဂျဘာနဲ့ …..
        ဒဂယ် နှလုံးသား စက်ရုံဟုတ်ဗူးးးး
        သေရာပါ နာကျည်အောင် ရက်စက်ဘာနဲ့ မာမီရယ် …

  • ခင် ခ

    November 28, 2013 at 12:43 pm

    ဟိုအရင်က ဂ ဇက် ရွာ
    အခုများတော့ ဂ ဇက် မြို့
    ဟိုအရင်က မန္တလေး ဂဇက်
    ခုများတော့ မြန်မာ့ ဂဇက်
    ရွာတုန်းခေါ်တယ် သဂျီး
    မြို့ဖြစ်တော့ခေါ်ကြည့်တယ် မြို့စားမင်း/မြို့ပိုင်မင်း
    အခုပြန်ပြီးခေါ်ကြမယ် သဂျီး လို့ဘဲဆက်၍ခေါ်မည် ခိုင် ( ခရစ်အတွက် သက်ဆိုင်သူ သိစေ ပေးတယ်မှတ်)
    အဲလို အဲလို တွေ အခု တလော ပြောင်းချက်တွေရှိနေပေမယ့် မနိုဗွီ ကတော့အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေတယ်နော်။ ရွာကိုခင်တဲ့စိတ် ပြောပါတယ်။

    • Novy

      November 28, 2013 at 4:32 pm

      ကိုခေ၇..
      ရွာကိုမခွဲနိုင်သေးတော့လဲ
      ရွာကိုခင်တဲ့စိတ်ကမပြောင်းလဲနိုင်ဘူးပေါ့ရှင်

  • ဦးကြောင်ကြီး

    November 28, 2013 at 12:47 pm

    အမ်တီနိုဗွီ.. ဘာပုယို့ တားတားကြောင်ကြီးကို ဖေ့ဗွတ်ကနေ ကန်ထုတ်ပစ်ရိုက်တာယဲ… အနော့်ဂို မုန်းတွားဒဲ့ ဒဗောရား.. တားဂဒေါ့ အမ်တီနိုဗွီ့ဂို အမုန်းဗူး.. သာမီးလေး ဂျူ နီယာနိုဗွီဂိုလည်း အမုန်းဗူး..
    ခွင့်လွှတ်တယ်ဆို ပျံလာ … ခွင့်လွှတ်တယ်ဆို ပျံလာ.. ခွင့်လွှတ်တယ်ဆို ပျံလာ…

    • Novy

      November 28, 2013 at 4:39 pm

      တားတားကြောင်ကြီးကို မာမီမကန်ယက်ပါဘူးနော်
      လပင်းကိုပဲနင်းမှာ

      ကန်တယ်ဆိုရင်တောင်တားတားမှန်းမတိလို့နေမှာပါ
      နောက်မကန်တော့ဘူးတားတားလို့သာပြောလိုက်

  • kyeemite

    November 28, 2013 at 2:38 pm

    မနိုရေ..စာဝင်ရေးပြီးလွမ်းပြလို့ဝမ်းသာပါသဗျာ..ကျုပ်လည်း စာကိုမရေးနိုင်သေးဘူး..
    ရေးနိုင်သူတွေကိုပဲကြိုးစားပြီး လိုက်အားပေးနေရတယ်… 😀

    • Novy

      November 28, 2013 at 4:43 pm

      ဦးမိုက်ရဲ့ လက်ရာကောင်းလေးတွေကိုလည်း မျော်နေပါတယ်

      ထောင်ထွက်ကြီးမိုက်ကို တစ်ခါကသဘောကျခဲ့ဘူးတဲ့
      နိုဗွီ

  • Wow

    November 28, 2013 at 4:35 pm

    မနိုမွေးနေ့ပုံမှာ ဆံပင်တိုတိုလေးနော်.. ဘယ်ဟာက အပ်တူဒိတ်လဲ :kwi:

  • Novy

    November 28, 2013 at 4:49 pm

    တိုတိုလေးကအပ်တူဒိတ်ပါ ဝိုးလေးရေ..

  • အာဂ

    November 28, 2013 at 5:13 pm

    မနိုတစ်ယောက် သင်္ဘောမောင်းပြီး ဟက်စကီးပါမောင်းနေရတော့ ရွာထဲမရောက်နိုင်တာကို အခုမှပဲသိတော့ တယ်။…ဇကားမစပ် သမီးလေးထားဘီး ချစ်ချစ်နဲ့တွားတွေ့နေတာလား

    • Novy

      November 29, 2013 at 10:16 am

      ဂဂရေ….
      သင်္ဘော /ဟက်စကီး / ကား မောင်းလို့ရတာအကုန်မောင်းပြီတော့
      အခုတော့ ခြံထဲမှာ နွားလှည်သွားမောင်းမလားလို့
      ဂျစ်ဂျစ် ဆီလည်းအရမ်းသွားချင်နေတာနော်
      ငိုချင်ရက်လက်မတို့နဲ့

  • အနော်တို့ကတော့ သတိရနေပါတယ်

    ဂဇက်အမှတ်ရ စာအုပ် ဖတ်တိုင်း
    ဂဇက်တွေ ့ဆုံပွဲဓါတ်ရှင်တွေ ပြန်ကြည့်မိတိုင်း
    ပုံရိပ်တွေထဲမှာ မမနိုVကို မြင်တိုင်း
    မမနိုV ့ တောင် ရွာထဲ မရောက်ဖြစ်တာကြာပြီပဲလို ့တွေးမိပါရဲ ့။

    တခြား ရွာနဲ ့ဝေးနေသူတွေကိုလည်း လွမ်းပါရဲ ့။

    အခု ပေးစာပုံစံလေး ရေးထားတာကိုလည်း
    သဘောကျမိပါရဲ ့

    • Novy

      November 29, 2013 at 10:25 am

      တူကလေး အလက်ဆင်း
      မနိုကလည်းစာသာမရေးနိုင်ပေမဲ့
      စိတ်ကတော့ တစ်ရွာလုံးကိုသတိယနေတာပါနော်

  • Paing Lay

    November 28, 2013 at 8:07 pm

    အနော်ကတော့ မြို့မေတ္တာခံယူမယ့် ရွာသား အသစ်စက်စက်ပါ ခီညော်…… 😀 အနော့ ကောမန့်ထဲမှာ ဖြစ်စေ ပို့စ်မှာပဲဖြစ်(ပြောမယ့်သာ ပြောတာ တစ်ခုမှ မတင်ရသေးဘဲနဲ့များ) 😛 အမှားပါရင် ခွေးလွှတ် အဲလေ ခွင့်လွှတ်ပေးပါနော့လို့ 😀

    အားလုံးကို လေးစားတဲ့
    Paing Lay

    • Novy

      November 29, 2013 at 2:00 pm

      ခွေးကော ကြောင်ကော အကုန်လွှတ်လိုက်မယ်
      ပြီးမှဆေးဖိုးလာမတောင်းနဲ့

  • padonmar

    November 28, 2013 at 8:18 pm

    ကင်မချီစားတိုင်းလည်းသတိရတယ်။
    တွေ့ဆုံပွဲနီးတိုင်းလည်း ကံစမ်းမဲပိုင်ရှင် မနိုဗွီကိုသတိရတယ်။
    ရွာကို မကြာမကြာလာနိုင်ပါစေ။
    လှပြီးသားထက် ပိုပိုလှပါစေ။

    • Novy

      November 29, 2013 at 2:03 pm

      မမမာရေ….
      နိုဗွီလည်းတွေ့ဆုံပွဲကို မမေ့ပါဘူးနော်
      ဦးမိုက်ကိုတောင်ဘယ်တော့လည်းလို့မေးဖြစ်သေးတယ်
      အစဉ်အလာပျက်အောင်လည်းထိန်းသိမ်းပါ့မယ်ရှင့်

  • လုံမလေးမွန်မွန်

    November 29, 2013 at 10:04 am

    ဖွဘုတ်မှာပါ ပျောက်နေသလားလို့..

    အန်တီနိုကိုရော..ဂျူနိုကိုရော.. သတိရတယ်.. တကယ်ပြောတာ..
    ဂျူနို့ပုံလေးတွေ တင်ပေးပါဦး.. 🙂
    (ခြောက်မျက်နှာ မကြောင်စေရဘူး.. တာဝန်ယူတယ်..)

    • Novy

      November 29, 2013 at 2:05 pm

      တူမလေးမွန်ကိုလဲ တီတီနိုကသတိရနေပါတယ်ရှင်

  • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

    November 29, 2013 at 1:30 pm

    ဒါ့ပုံကျိစ်ဘီး … ဂျူနိုလေးမှတ်တာ …… စာသေချာ ဖတ်မှ မနိုဖြစ်နေတယ် …. ။ 😆
    အလုပ်မအားတဲ့ ကြားကပဲ နုပျိုရင်း .. လှပရင်းပါလား …. ။

    • Novy

      November 29, 2013 at 2:26 pm

      ချစ်တုန်လေးရေ..
      ဒီတစ်ခါတွေ့ရင်ဆေးနည်းပေးမယ်နော် (နုပျိုဆေး)

      PS
      ဒေါက်တာနဲ့ တုန်လေးကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ထက်ပြောပါရစေ

  • kai

    November 29, 2013 at 5:06 pm

    ရွာ.. အဲ.. မြို့ထဲပြန်ဝင်လာပြီး.. စားစရာတွေ..ဟတ်စကီးတွေ..သင်္ဘောတွေပြလို့ဝမ်းသာပါတယ်..။
    နောက်ဆို.. သင်္ဘောမောင်းရင်..ရှေ့ကြည့်မောင်းပါနော… :mrgreen:

    • Novy

      November 30, 2013 at 8:44 am

      ဒီမယ်သူကြီးး/ မြို့ပိုင်ကြီး
      သင်္ဘောကို ရှေ့မကြည့်ပဲ ဘေးကြည့်မောင်းဖို့ဆိုတာလွတ်တယ်မှတ်လို့လား
      အားလုံးအန္တရယ်ကင်းအောင် စက်မနှိုးပဲ ကျောက်ဆူးပါချထားရတယ်လေ :kwi:
      မာလိန်မှူးဘယ်လောက်တော်လဲသိပြီနော် :harr:

  • Ma Ma

    November 29, 2013 at 6:11 pm

    သတိရပါတယ် မနိုရေ။
    အလုပ်များနေလို့ ရွာထဲမဝင်ဖြစ်ဘူးထင်တယ်လို့ ပြောဖြစ်ကြသေးတယ်။
    ဒါ့ထက် သဂျီးပြောသလို သင်္ဘောကို ရှေ့ကြည့်မောင်းပါနော………. 😀

    • Novy

      November 30, 2013 at 8:47 am

      မမရဲ့ကိုသတိရတိုင်း
      မမအလှူမှာချက်ကျွေးတဲ့မုန့်ဟင်းခါးလေးကိုလွမ်းနေတယ်ဆိုသိပါနော်

  • ဝင့်ပြုံးမြင့်

    December 2, 2013 at 12:09 am

    ပန်းသီးတွေ ဘူးလိုက်ဝယ်တုန်းက အညာခံထိတဲ့အကြောင်း ဓာတ်ပုံနဲ့တကွ သေချာရေးပြောတဲ့ရွာသူဆိုတာ မှတ်မှတ်ရရကိုရှိနေခဲ့တယ်။ မပြုံးကတော့ ဒီရွာသူ မသစ်မဟောင်းလေးပါ။ ရွာထဲသိပ်မဝင်နိုင်လို့ ရွာအကြောင်း သိပ်မသိသေးတဲ့ တောသူမ ရိုးအအလေးဖြစ်ကြောင်း ထပ်လောင်း အသိပေးပါတယ်။

    • Novy

      December 2, 2013 at 12:13 pm

      နိုဗွီက မမပြုံးရဲ့ ပရိုလက်ရာတွေကို အားပေးနေတဲ့သူပါနော်

      တောသူဆိုတာ ….တကယ့်ကိုရိုးတယ်…..ဘာဘာညာညာတွေလည်း..နားမလည်
      ဟန်တွေပန်တွေကိုလည်း….မတက်တယ်……………

      ဒီသီချင်းလေးလိုပေါ့နော် မမပြုံး

  • Ma Ei

    December 2, 2013 at 12:46 pm

    နိုဗွီရေ…
    ရွာထဲဝေးလို့ နီးနီးလေး ရုံးမှာလဲ မတွေ့ဖြစ်ပါလားနော်…
    သတိရနေပါတယ်…

  • Novy

    December 2, 2013 at 4:39 pm

    မအိရေ..
    တထပ်ထဲမှာ ရုံးချင်နီးတာတောင်မတွေကျတာ
    ဒီလလည် မနိုတို့ ရုံးခန်းရွေ့တော့မှာဆိုတော့…………
    တွေ့ဆုံပွဲမှာဆုံမယ်နော်.

  • အရီးခင်

    December 2, 2013 at 4:42 pm

    မနိုရေ
    လှမှလှပါဘဲလား။
    ကြည့်ရတာ ၂ဝကျော် မင်းသမီး လေးပါဘဲ နော။
    တစ်စိမ့်စိမ့် ကြည့်မဝ ဖြစ်နေသူ တော့ ရှိနေမှာ အမှန်ဘဲ။
    အတော်ပျော်နေမှာပေါ့။

    မနိုရေးထား တဲ့ ရွာလွမ်းချင်း လေးလို ရေးချင်တာ။ အဖြစ်မရှိလို့သာ။
    ခံစားချက်ချင်း အတူတူ ဖွဲ့ထားပေးလို့ ကျေးဇူးပါ မနို ရေ။

    ဒါထက် တိုးတိုး မေးချင်တာလေး။
    အဂျစ်ကြီး ရဲ့ အနားမှာ ရောက်နေတော့ မှ ရွာကို လွမ်းတာက ပေါ်လာတာမဟုတ်လား။
    ဘူသူ့ ကိုမှ ပြန်မပြောပါဘူး။
    မှန်မှန်ဖြေ။
    😉

Leave a Reply