ခင်ဗျားတို့ ဖြေပေးကြပါ။

အာဂNovember 28, 20131min24616

ဘဝကို ရောင်စုံခြယ်ဖို့

ကိုယ့်

ခဲတံ က

ချွန်နေဖို့လိုတယ်။

သီလ နဲ့ ချွန်မလား

သမာဓိ နဲ့ချွန်မလား

ပညာ နဲ့ ချွန်မလား

ဒါမှ…မဟုတ်….။

ခဲဖျက် တစ်ခုလောက် ဆောင်ထားရမလား…။

ဝေဝေဝါးဝါးပဲ..။

အာဂ

16 comments

  • လာပါပြီ လာပါပြီ။
    ကဗျာဆိုတာနဲ့ ကျွန်တော်က မနေနိုင်မထိုင်နိုင် ခံစားချင်လွန်းသူဖြစ်နေပါပြီ။

    ဘယ်လိုစကားလုံးလေးနဲ ့ဘယ်လို အဓိပ္ပါယ်ကို
    ဘယ်လိုရစ်သမ် ဘယ်လိုကာရန်နဲ ့
    တွဲဆက်ဖော်ဆောင် ဖန်တီးထားလေမလဲ
    ခံစားချက်ကို ကဗျာထဲနှစ်မြှပ်
    ကိုယ်တိုင်က ကဗျာတစ်ပုဒ်လို ဖြစ် ပစ်လိုက်ချင်လို ့
    သိပ်စိတ်ဝင်စားတယ် ။

    ဒီကဗျာလေးက လည်း
    ကျွန်တော့်အကြိုက် ဒဿနဆန်သော
    လွတ်လပ်လင်းပွင့်၍ စီးမျောလို ့ကောင်းသောကဗျာလေးပါ

    ဒီကဗျာလေးကိုလည်း
    ကျွန်တော်ချစ်တယ် ။

    ကျွန်တော့်မှာ ခဲဖျက်တွေ ရှိတယ် ။
    🙂

  • TNA

    November 28, 2013 at 6:27 pm

    သီလ နဲ့ ချွန်မယ်
    သမာဓိ နဲ့ချွန်မယ်
    ပညာ နဲ့ ချွန်မယ်
    ဒါပေမဲ့ ခဲဖက်ကလေးလဲဆောင်ထားမယ်

  • Mr. MarGa

    November 28, 2013 at 7:00 pm

    ခဲတံ ဆိုတဲ့ အဓိပ္ပါယ် ပြည့်အောင်လို့
    နောက်မှာ ခဲဖျက်ကလေး ထည့်မယ်…..
    လှေလှော်ရင်းးး တက်ကျိုးသလို မဖြစ်အောင်….
    သီလ၊ သမာဓိ၊ ပညာ တွေထဲက အလျဉ်းသင့်ရာနဲ့ ချွန်မယ်…….

  • KZ

    November 29, 2013 at 9:17 am

    ချွန်မယ်။
    ချွန်မယ်။
    ဓားနဲ့လည်းချွန်မယ်။
    ချွန်စက်နဲ့လည်း ချွန်မယ်။
    အုတ်ဖိနပ်မှာ သွေးပြီးတော့လည်း ချွန်မယ်။

    အရေးကြီးတာက ချွန်ဖို့ပဲ မဟုတ်လားးးး

    ပြီးမှ ရေးချင်တာ ရေးသင့်တာရေးမယ်။

    ဟီးဟီးးးး ဒီနေ့ အရမ်းပျော်နေလို့ နောက်တာ။

    😀

    သစ္စာတရားနဲ့ ချွန်မယ်။

  • ခင် ခ

    November 29, 2013 at 9:38 am

    ကျွန်တော်သည် လူသားစင်စစ် ဧကန်ဖြစ်သဖြင့် လောဘတွေ မာနတွေနဲ့ အခုတော့ ခဲတန်ကို ချွန်မိနေမိတယ်လေ။
    အဲလို လောဘ မာန တွေနဲ့ချွန်ခြင်းဟာ ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးလို့ အသိတရားဦးဏှောက်က လက်ခံပြီး ချွန်နေတဲ့ လက်ကိုညွှန်ပြနေသော်လည်း ဦးဏှောက်နဲ့လက် ကြားကာလ သွားတဲ့ခရီးမှာဘဲ အသိတရားတစ်ချို့ဟာ ပျောက်ကွယ်သွားခဲ့ပြီး လောဘတွေ မာနတွေနဲ့ဘဲ လက်က မရပ်မနား ချွန်နေစဲပေါ့ဗျာ။
    ဒါပေမယ့် တစ်ခုတော့ပြောလို့ရပါတယ် ကျုပ်ချွန်နေတဲ့ လောဘ မာန တွေထဲမှာ တပါးသူ ဒုက္ခရောက် စေကြောင်းဆန္ဒ တစ်စိုးတစိမှ ပါလေ့မရှိဘူးဆိုတာပါ။

  • kyeemite

    November 29, 2013 at 11:12 am

    ကျန်တာတွေတော့မသိဘူးကွာ..ကိုယ့်အထင်တော့
    ပညာနဲ့ချွန်မှ ထက်မယ်ထင်ရဲ့… 🙁

  • Wow

    November 29, 2013 at 11:13 am

    တုံးလဲရေးလို့ရတာပါပဲအေ… အဓိက က ရေးရဖို့…. :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2013 at 11:16 am

    ခဲဒံဂို ဘဝတစ်ခုလို့တင်ဇားလေရော့သလား
    ခဲဒံဆိုဒါ ( soda မဟုတ် )
    ရေးဘို့ ချစ်ဘို့ မှတ်ဘို့ ဆွဲဘို့
    သေခြာရမှာက
    ခဲဒံဆိုတာ ခဲသားပါမှ ခဲဒံမည်မယ်ဆိုဒါ ( soda မဟုတ် )
    ရေးဘို့ ချစ်ဘို့ မှတ်ဘို့ ဆွဲဘို့ ခဲဒံဟာ
    တစ်ခါတစ် ချွန်နေဘို့လိုသလို
    တစ်ခါတစ်လေ တုံးတိတိကြီးဖြစ်ဘို့လိုဒယ်
    တစ်ခါတစ်လေ မချွန်တစ်ချွန် မတုံးတစ်တုံး ဖြစ်နေဘို့လိုတယ်
    လုပ်ခြင်တာနဲ့လုပ်
    ခဲ့ဒံရဲ့ မူရင်းခဲသားဆိုတာ မပျောက်ပျက်သွားဘို့လိုဒယ်

  • Novy

    November 29, 2013 at 11:22 am

    ဘဝကို ရောင်စုံခြယ်ဖို့ခဲတံလေးကို ကိုယ်ချွန်ချင်တာနဲ့စိတ်ကြိုက်ချွန်လိုက်ပါ
    ဘဝကို ကိုယ်လိုချင်တဲ့ လှပတဲ့အရောင်းအသွေးရောက်အောင်ချွန်ရင်းနဲ့ ဆွဲနေလိုက်ပါ

    တစ်ခုတော့သတိပေးလိုက်မယ်
    ” ကိုယ်ချွန်တဲ့ ခဲတံနဲ့ သူများကိုရော ကိုယ်တိုင်ပါ ခဲဆိပ်တော့ မသင့်စေပါနဲ့”

  • ဦးကြောင်ကြီး

    November 29, 2013 at 11:37 am

    ပိုက်ပိုက်ပေး ချွန်ခိုင်းမယ်
    သာမီးလေးတွေရွေး ချွန်ခိုင်းမယ်
    သူတို့ကို ပေါင်ပေါ်တင် ချွန်ခိုင်းမယ်
    ချွန်ပေးနေတုံး လျှာဂျီး အပြင်ထုတ်ထားမယ်

  • Swal Taw Ywet

    November 29, 2013 at 11:40 am

    ခုခေတ်မှာ
    ချွန်ရတဲ့ ခဲတံဆို သုံးတော့ဘူးလေ။
    ချွန်စရာမလိုတဲ့ ခဲဆံဘောပင်လေးဘဲသုံးနေကြတော့တာ သိဘူးလား။
    With respect,
    Swal Taw Ywet.

  • လုံမလေးမွန်မွန်

    November 29, 2013 at 2:03 pm

    သီလ ၊ သမာဓိ က ဝေးသေးတော့
    ပညာနဲ့ပဲ ချွန်ချင်ပါတယ်… ဒါမယ့် ခဲဖျက်လည်း ဆောင်ထားမယ်..

  • ကောင်းမြတ်သူ

    November 29, 2013 at 2:40 pm

    ချွန်-တုံး၊ ချွန်-တုံး၊ ခုချွန်-ခုတုံး၊

  • Ma Ma

    November 29, 2013 at 4:48 pm

    ချွန်ခြင်တာက သီလ သမာဓိ ပညာနဲ့
    ချွန်ဖြစ်တာက လောဘ ဒေါသ မောဟနဲ့ 🙁

    ခဲဖျက်နဲ့ အဖန်ဖန်ဖျက်ရင်း ………
    ခဲတံပဲ တုံးမလား။
    စာရွက်ပဲ ပြဲမလား။ :'(

  • အာဂ

    November 30, 2013 at 4:46 pm

    ညီငယ် ပုလင်းဖက်တဲ့ ဒညင်းဝက်
    အန်တီ TNA
    Mr. MarGa
    KZ
    ကို ခင် ခ
    ကိုကြီးမိုက်
    Wow
    အန်တီ မိုက်ကယ်ဂျော်နီအောင်ပု
    အစ်မ Novy
    ဦးကြောင်ကြီး
    ကိုစွယ်တော်ရွက်
    ညီမလုံမလေးမွန်မွန်
    ကောင်းမြတ်သူ
    အန်တီ မမ

    ကွန့်မန့်ရေးသားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကွန်မန့်မှာ တစ်ခါမှ စိမ်းစိမ်း စိုစို မမြင်ရတာကြာနေတဲ့အထဲ အခုလို စိမ်းစိမ်းစိုစို မြင်ရအောင် ပံ့ပိုးပေးးကြသူ အားလုံးကို ကျေးဇူးတင်မိပါတယ်။

  • padonmar

    November 30, 2013 at 11:05 pm

    ခဲဖျက်အကြီးကြီးဆောင်ထားပါတယ်။

Leave a Reply