နံမယ်ကျော် Louvre ပြတိုက် – ၆ (၁၈ နှစ်အောက် မကြည့်ရပါ)

KyaemonNovember 29, 20133min35413

 

 Louvre ပြတိုက်ကို လိုက်ကြည့်ရအောင်၊

 

———–

ယခင်ပို့စ်ကမန့်ချက် အချို့ကဒီလိုပါ၊

 

Wow says:

အဲလီဇဘက်တေလာရဲ့ ကလီယိုပတ်ထရာကို ပြန်ကျိရတော့

ပုံထဲကအတိုင်း ရွေခေါင်းဆောင်းကြီးနဲ့ အတော်ကိုလှပါတယ်…

ပြခန်းမှာတော့ ကျောက်ဆစ်ရုပ်တွေကလှပြီး

ပန်းချီတွေမှာတော့ ခါးတုတ်ဗိုက်ပူကြီးလားလို့…

 

kai says:

လှပါတယ်ဆိုတဲ့.. ဗီးနပ်စ်လည်း.. ရုပ်ထုရော.. ပန်းချီရော.. ခါးတုတ်ဗိုက်ပူပဲ…

အဲဒီခေတ်က.. ခါးတုတ်ဗိုက်ပူ.. တင်ကြီးတာတွေကြိုက်လို့ထင်တာပဲ..။

 

မန့်ကြတဲ့ ဟိုခေတ်က “ခါးတုတ်ဗိုက်ပူပဲ” အကြောင်းကိုလဲ

တလက်စာ လေ့လာခွင့် ရပါ့မယ်၊

 

———-

 

Louvre ပြတိုက်ဆီလာကြတဲ့ ဧည့်ပရိသတ်တွေကVenus de Milo ဗီနပ်စ်ရုပ်ထု နဲ့

မပြုံးတပြုံးMona Lisa မိုနာလီစာပန်းချီကားတွေကို 

ဦးစားပေးပြီးကြည့်ကြတယ်လို့ရေးကြတယ်၊ 

 

သူတို့ရဲ့ခန်းမတွေမှာဆိုရင် လူတွေက အမြဲလိုလို

ကြိတ်ကြိတ်တိုးလို့ဘဲ၊

 

အခြားအခန်းတွေက ရုပ်ထုနဲ့ပုံတွေကိုကြတော့ 

သာမန်လျှံကာ “အမြန်ကြည့်” သွားကြတယ်၊ 

ကြည့်စရာတွေကများလို့လဲ ပါ ပါတယ်၊

 

 

ဒီပို့စ်မှာVenus de Milo  ဗီနပ်စ် ရုပ်ဟုတွေကို အဓိက ထားပြီး တင်ပြတာပါ၊ 

 

Venus ဗီနပ်စ် က Cleopatra ကလီယိုပတ်ထရာ ထက်ချောတယ်လှတယ် လို့ယူဆကြတယ်၊

————–

ဘာဘဲပြောပြော သမတ ဦးသိန်းစိန်က တောင်  

Venus ဗီနပ်စ်ရုပ်ထုကို ရအောင် ကြည့်သွားသေးတာ၊

 

ဒို့လဲ အားကျမခံ ကြည့်သွားရမှာပေါ့၊  

————-

Venus  ဗီနပ်စ်ရုပ်ထုက အနုပညာမြောက်တယ်လို့

နှစ်ပေါင်းများစွာကပင် ကမ်ဘာမှာ ကျော်ကြားခဲ့ပြီး၊

 

၎င်းရဲ့ပန်းပုဆရာပဂေးရဲ့အမည် ကိုတော့မသိကြပါ၊    

———-

 

အေးအေးလူလူ နဲ့ ဘက်စုံအောင်ကြည့်ရလို့ 

ဝင်ကြေးပေးပြီး တိုးဝှေ့ရတဲ့သူတွေ ထက်တောင်

တပန်း “သာ” သွား မ လား တွေးမိရတယ်၊

————-

 

louv6louv3louv1blouv5blouv8louv7blouv9blouv10b

 

 

 

 

ကြောင်ယီး က ရှာရာပိုဗာ ကို လိုက် ငန်း လို့ (အောက်ပါပုံတွေ)

မြန်တျန့်သားတို့ အချွတ်ကြမ်း  ရှာရာပိုဗာ မလာတမ်း..
မြန်တျန့်သားတို့ အချွတ်ကြမ်း ရှာရာပိုဗာ မလာတမ်း..

 

 

အူးကြာင်ယီးကတော် ကဖြင့် Louvre ပြတိုက် ဆီလာပြီး၊

လှိုင်မင်းသမီးလို Pyramid  ပြူတင်းပေါက် ကနေ  “မယ်ခုမျှော်” 

သနားကမား လုပ်ရတာ၊

 

 

lou34

( လူပုံလယ်မှာ အူးကြောင်ယီး ကိုဂလဲ့စားချေတာနော်

 

 မိန်းမတို့ရဲ့မာယာဆိုတာမှတ်ထား၊)

 

 

 

 

 

 

 

13 comments

  • KZ

    November 29, 2013 at 4:51 pm

    ဟယ်။
    ဒက်ဒီကြောင် မိန်းမ က ဗီးနပ်နဲ့ နင်လား နင်လားပဲ!!

    :mrgreen:

  • pazflor

    November 30, 2013 at 6:42 am

    အီတလီသွား ပြီး David တို့ Rape of Sabine women တို့ သွားကြည့် ပါလားဗျ 😛

  • alinsett

    November 30, 2013 at 7:31 am

    18 အောက်တွေ ဝင်ဖြစ်အောင် ဝင်ကြည့်ကြမှာ သေချာတယ်။
    မကြည့်နဲ့ဆ်ိုလေ ကြည့်ချင်လေပဲလေ
    🙂

    အခုတောင် ကျွန်တော် ဝင်ကြည့်မိပြီ

    :kwi:

  • ဦးကြောင်ကြီး

    November 30, 2013 at 11:05 am

    အရှေ့ပင်လယ် ဝေဟင် တရုတ် ပိုင်စိုးမှု ဂျပန် တောင်ကိုရီးယား ပယ်ချ
    ဗွီအိုအေ (မြန်မာပိုင်း)

    28.11.2013
    အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်ပိုင်နက်ထဲမှာ တရုတ်က ပိုင်နက်ဇုံအသစ် အဖြစ်ကြေညာလိုက်တဲ့ ဝေဟင်ထဲ မကြာသေးခင်က အမေရိကန်က ဗုံးကျဲလေယာဉ်တွေဖြတ်ပြီး ပျံသန်းပြခဲ့သလို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ကလည်း သူတို့ရဲ့ လေယာဉ်တွေကို ပျံသန်းခဲ့ကြောင်းပြောကြားလိုက်ပါတယ်။
    ဒီအငြင်းပွါးနေတဲ့ ဝေဟင်ဇုံထဲ တရုတ်အစိုးရကို အကြောင်းမကြားပဲ သူတို့ရဲ့ တိုက်လေယာဉ်တွေ ဖြတ်ပြီးပျံသန်းခဲ့တာလို့ ဂျပန်နဲ့ တောင်ကိုရီးယား အစိုးရတွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။

    ဒီလို ပျံသန်းမှုမှာ တရုတ်အစိုးရဘက်က တစုံတရာ နှောက်ယှက်တာမျိုး မတွေ့ရဘူးလို့လည်း ပြောကြားကြပါတယ်။
    ဒီဇုံအသစ် ဟာ အရှေ့တရုတ် ပင်လယ်ပြင်ထဲက အငြင်းပွါးနေတဲ့ရေပြင်မှာ သတ်မှတ်ထားတာဖြစ်ပြီး တရုတ်က ဒီဝေဟင်ဇုံကို ADIZ လေကြောင်းကာကွယ်ရေးဇုံပိုင်နက်အဖြစ် သတ်မှတ်ကြောင်း စနေနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

    ဒီဇုံအတွင်း အရပ်ဘက်ရော၊ စစ်ဘက်သုံးပါ တခြား ဘယ်နိုင်ငံကမဆို လေယာဉ်တွေဖြတ်သန်းမယ်ဆိုရင် သူတို့ကို အကြောင်းကြားပြီးမှ သွားလာရမှာဖြစ်ပြီး မလိုက်နာရင် အရေးပေါ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ တရုတ်အစိုးရက သတိပေးထားတာပါ။

    ဒီဇုံဟာ နိုင်ငံတကာအရပ်ဘက်ပျံသန်းမှုတွေကို တားမြစ်တာမဟုတ်ဖူးသလို သက်ဆိုင်ရာလေကြောင်းလိုင်းတွေဘက်ကလည်း တရုတ် လေကြောင်း ပိုမိုလုံခြုံရေးအတွက် ပူပေါင်းပါဝင်မယ်လို့ မျှော်လင့်ကြောင်း ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Qin Gang ကျင်ကျန်းက အခုအသစ်သတ်မှတ်လိုက်တဲ့ဇုံနဲ့ ပါတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

    တရုတ်အစိုးရကြေညာတဲ့ဇုံအသစ်ထဲမှာ ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွါးနေတဲ့ သယံဇာတပေါကြွယ်တဲ့ ကျွန်းတန်းတွေရှိရာ နေရာ အပေါ်က ဝေဟင်ပါ ပါဝင်ပါတယ်။
    တနင်္လာနေ့ကတော့ အမေရိကန်ပြည်ထောင်စုက လက်နက်တပ်ဆင်မထားတဲ့ B- 52 ဗုံးကြဲလေယာဉ် ၂ စင်းကို တရုတ်အစိုးရကို အကြောင်းမကြားပဲ ပျံသန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျပန်လေကြောင်းလိုင်းကလည်း ဂျပန်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဗုဒ္ဓဟူးနေ့က အဲဒီဝေဟင်ကိုဖြတ်ပြီး တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။

  • kai

    November 30, 2013 at 5:05 pm

    ဗီးနပ်စ်ကို လက်ဖြတ်ထားတဲ့အကြောင်းလေး… လုပ်ပါဦး..။
    ပြောရရင်… အဲဒီခေတ်က.. ခါးတုတ်တင်ကားသမျှ.. ရင်ကလည်းသေးသဗျ…
    ဒီခေတ်နဲ့တော့.. တခြားစီ..။ :mrgreen:

    • အဘရဟူဒီ

      November 30, 2013 at 5:54 pm

      However, during the transportation or the argument, the hands were cut off the statue and lost.It is believed that the right hand was lifting her drapery and the left hand was holding an apple. The apple was a symbol of beauty for the ancient Greeks. This statue is today one of the most famous works of the ancient Greek art and is often used as the symbol of Milos island. The original statue is kept today in Louvre but there is a replica of this statue in the Archaeological Museum of Milos.

      Source: http://www.greeka.com

      သဂျီးကတော့ ဒေါင်းဥခန့်မျှ မပါရင်ကို မပီးတော့တာ…

      အင်းလေ… ၅မိနစ်ကျိရင်တောင် အသက်ရှီတယ် ဆိုတော့ …တဖွဖွ ရွတ်နေမှတော့
      ဆိုဖွယ်ရာ မရှိဘီပေါ့….

      မှတ်ချက်
      (အငွေ့မစားတဲ့ မား … ရော့ပုံးဂီး မှ မန့်သည်)

      ဒချိ.. ဒချိ..

    • Kyaemon

      December 2, 2013 at 2:36 pm

      အောက်ပါ link လင့်ခ က ရေးသားချက်တွေကို ကောက်နုတ် ရတာပါ၊

      ၁၈၂ဝ ဧပြီလ ၈ နေ့ Greece ဂရစ်နိုင်ငံ Melos (Milo) မီလို(မိုင်လို)ကျွန်း က တူးဖော် တွေ့ရှိ ခဲ့ပြီး၊
      ထိုစဉ်ခါကပင် လက်မောင်းတွေ မရလိုက် Missing ပျောက်ဆုံး နေကြောင်း

      =====

      The Venus de Milo was discovered on April 8, 1820 on the Aegean island of Melos, then a backwater under the indifferent rule of the Ottoman Turks but subject politically to the influence of France.

      Olivier Voutier, an ensign in the French navy, whose warship had been idling in port, was searching for Greek antiquities when a local farmer, while removing stones from an ancient wall nearby, uncovered the statue. It was found in several pieces—a nude upper torso, a draped lower body, and part of the right hip that, when put in place, allowed both parts to fit together without toppling over.

      The arms were missing but Voutier was convinced that the sculpture was a masterpiece and hurriedly returned with the local vice-consul to persuade him to buy it. Meanwhile, the farmer had continued to dig and found a hand holding an apple, two herms standing on inscribed bases, and a fragment of an upper arm….

      http://penelope.uchicago.edu/~grout/encyclopaedia_romana/miscellanea/venus/venusdemilo.html

      ================

      လက် ၂ ဘက်ရှိမယ်ဆိုရင် ဘယ်လို ဖြစ်မယ်ဆိုတာ
      အောက်ပါ link လင့်ခ ကို နှိပ်ပါ၊ Photoshop လုပ်ထားတာ၊

      အလယ်ကိုရောက်အောင် တော်တော်ဆင်းရတယ်

      Venus de Milo is a famous Greek statue now in the Louvre. She’s a beautiful young woman whose tunic is about to slip off her hips revealing more than just her already bared breasts. This marble statue is believed to be from the period 130 – 100 B.C. It was found on the Isle of Milos in 1820, with its arms in fragments (now lost). The left hand was holding an apple.

      Venus de Milo is believed to be the Greek goddess of love, Aphrodite. Archaeological evidence indicates her right arm was held down and across her torso, holding the slipping drapery in place. Based on this description, I supplied the missing arms (as I imagine them to be) with Photoshop. You can read more about Venus de Milo here.

      I found a photograph of the statue on the web, then removed the people, cleaned up dings and holes, and replaced the arms. Apparently, the statue was painted when new, as was the practice of the ancient Greeks.

      http://saberpoint.blogspot.com/2013_02_01_archive.html

      ===========

      အောက်ပါ Wikipedia link လင့်ခ ဆိုတာက အစ ကထဲက လက်တွေ ပျောက်နေတာပါ၊
      Greek ဂရစ် ဓမြ တွေနဲ့ရန်ဖြစ်ရင်း မြေကြီးပေါ်ကနေ အတင်းဆွဲပြေးရလို့ လက်တွေ
      ကျိုးခဲ့ရကြောင်း ပြောတာဟာ လုပ်ကြံပြီး ပြောတာပါ၊

      စောစောပိုင်း တူးဖော်တွေ့ရှိတုန်းက ရေးဆွဲခဲ့တဲ့ပန်းချီကားချပ်မှာ လက်တွေ မပါ ပါ၊

      လက်တွေပါရင် ဘယ်လိုပုံဖြစ်မယ် ကိုလဲအဲဒီ Wikipedia ကနေ ကြည့်နိုင်တယ်၊

      Venus de Milo
      From Wikipedia, the free encyclopedia

      …. Before he could take delivery, French sailors had to fight Greek brigands for possession. In the mêlée the statue was roughly dragged across rocks to the ship, breaking off both arms, and the sailors refused to go back to search for them.[3]

      This story however proved to be a fabrication – Voutier’s drawings of the statue when it was first discovered show that its arms were already missing (Curtis, 2003).

      http://en.wikipedia.org/wiki/Venus_de_Milo

  • Phoe Thitsar

    November 30, 2013 at 11:10 pm

    ၁၈ နှစ်အောက် မကြည့်ရဆိုတော့ ကျနော် ဝင်ကြည့်လို့ မရတော့ဘူးပေါ့
    စိတ်မကောင်းဖြစ်မိတယ်….

  • TNA

    December 1, 2013 at 10:11 am

    ၁၈ နှစ်အောင်မကျိရဆိုပီး ဆင်ဆာတွေပိတ်ထားတော့ ၁၈ နှစ်အထက်တွေမတန်ဘူးဖြစ်ကုန်သပေါ့ :mrgreen: ဒါတောင် သဂျီးကရအောင်ဘယ်လိုကျိသွားလဲမသိဘူး သေးသေးလေးဆိုဘဲ :byee:

  • Wow

    December 2, 2013 at 1:59 pm

    ရာဇွင်ထဲမှာ ဒဂျီးကို ဒေါင်းဥနဲ့အတူ ထားရစ်ခဲ့… :mrgreen:

  • kyeemite

    December 2, 2013 at 2:25 pm

    …..ကျိသွားပါဒယ်…ဒါပေမဲ့အသက်ရှည်ဆေးကိုကွယ်ထားတာတော့ ဒေါပွတယ်ဂျ :mrgreen:

    • Kyaemon

      December 2, 2013 at 2:59 pm

      ဟိုးဟိုး ဆရာကြီး ကိုကျီးမိုက်၊
      အပေါ်က link လင့်ခ တွေမှာ ဆရာကြီးရဲ့ အသက်ရှည်ဆေးရှိတယ်နော်၊
      လိုသလို ရှာယူမှီဝဲ နိုင်ကြောင်းပါ၊

      (လက်တွေ ပျောက်နေတာနဲ့ပတ်သက်ပြီး
      သူကြီးကိုဖြေတဲ့နေရာမှာ)

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 4:53 pm

    မပေါ်တပေါ် ဆိုတဲ့ စကားဟာ
    ဟိုးးးး ရှေးပဝေတဏီ ကတည်းကပဲ ရှိခဲ့တယ်ဆိုတာ
    ဒီရုပ်တုကို ကြည့်ခြင်းအားဖြင့် သိသာတယ် ….။

    ဒါ့ထက် ..
    စကားမစပ် ..
    တိုးတိုးလေး ကပ်ပြောရဦးမယ် …
    ဘယ်သူ့မှ ပြန်မပြောနဲ့နော် ..
    အဲ့ဒီ လက်ပြတ်တွေက ကျုပ်ရှိမှာ ရှိတယ် …
    သိလား ….

Leave a Reply