မွအိ ချက်တဲ့ အိမ်ထမင်း အိမ်ဟင်းး – KZ’s ထမင်းဆိုင်

ဇီဇီDecember 2, 20134min40343

မွအိ အလှည့်ရောက်ပြီ။

ဟိ။

အိမ်ချက် အစစ် ကို လိုချင်ပါတယ် ပြောထားဖူးတာ မမေ့သေးဝူးးးး

အဲလာတွေ ချစ်ရှာကောင်းတာ၊ နာ့ အမွတွေ။

:chit:

သူတို့ကို ချစ်ရလွန်းလို့ ဆိတ်သား အမွ ကြော်တောင် စားချင်လာပြီ။ (ဘာမှ မဆိုင်)

ထားပါတော့။ အိမ်ချက် အစစ်လေး စားချင်သူတွေ အတွက်၊ ဝက်သားမစားတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။

အားပေးပါဦးးးး

အဲ !!! ချက်နည်းတွေ မေးရင် မွအိ ဖြေပေးဦးနော်။ ဟိဟိ

😀

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

KZ’s ထမင်းဆိုင်မှာ စားဖိုမှုးလုပ်ဖို့ရာ ဘာချက်ရရင်ကောင်းမလဲ ခုတော့ စဉ်းစားနေရပြီ…

 ကိုယ်က လက်တွေ့ဘဝမှာ ရုံးအလုပ်တစ်ဘက်နဲ့ အိမ်ရှင်မလေ……

 ရုံးအားရက် စနေ၊တနင်္ဂနွေမှာ ဈေးသွား ပုဇွန်၊ကြက်၊ငါး၊ဟင်းသီး ဟင်းရွက် ကောင်းတာလေးတွေ တွေ့သမျှဝယ် ခုတ်ထစ် သန့်ရှင်း ရေခဲသေတ္တာထဲသိမ်း၊ တစ်နေ့တစ်နေ့ အဆင်ပြေအောင်ဟင်းစပ်ပြီး ထုတ်ချက် တစ်ပါတ်စာ မလောက်ရင်လဲ လိုတာလေးတွေထပ်ဝယ်ပေါ့လေ…

ဒါနဲ့လေ…ဆိုင်ထမင်းဟင်းဆိုတာ နေ့တိုင်းစားနိုင်တာမျိုး ဟုတ်ဘူးရယ်…

စားသောက်ဆိုင်ကြီးတွေ ဟိုတယ်တွေမှာလဲ နေ့တိုင်းစားဘို့က ဖြစ်နိုင်မယ်မထင်…

အိမ်ထမင်းဟင်းကမှ စားကောင်းဆုံးတဲ့…

ဆိုင်ထမင်း ဟင်းစားနေရာက အိမ်ချက်လေးများ စားလိုက်ရရင် အရသာကိုရှိလို့ရယ်…

ဒါကြောင့် ရွာသူားတွေကို ထမင်းဆိုင်ဆိုပေမယ့် အိမ်ထမင်းဟင်းစားရအောင် အိမ်ချက်လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါနော်…

 

တနင်္လာနေ့

ပုဇွန်ထုပ် ဆီပြန်  .. နံနံပင်၊ငရုတ်စိမ်းလေးအုပ် ချက်ထားတယ်။

ပုဇွန်ဆီပြန်
ပုဇွန်ဆီပြန်

ငါးသလဲထိုးကြော်..မန်ကျည်းမှည့်လေးနဲ့ ပွတ်ဆေးပြီး ဆားနနွင်းနဲနဲနယ် ဆီများများနဲ့ ရွရွလေးကြော်လိုက်ပါတယ်…

ငါးခေါင်းတုံ့ယမ်းဟင်းရည်…ငါးကြင်းခေါင်းနဲ့ မျှစ်ချဉ် ကို ပဲပြား အသီးရွက် တုံ့ယမ်းနှစ်ထည့်ပြီး အရည်သောက်လေးချက်

ငံပြာရည်ချက်…ပုဇွန်ခြောက်နဲ့ ငရုတ်ခွဲကြမ်းကိုစိန်ခဲ ငံပြာရည်အချိုလေးနဲ့ ဆီစိုစိုလေးချက်လိုက်မယ်…

 

ရှောက်ရွက် နဲ့ သခွားသီး ငရုတ်စိမ်းတို့စရာလေးနဲ့ စားရအောင်ပါနော်…

~~~~~~~~~~~~~~~~~~

 

 

အင်္ဂါနေ့

မာလာငါးကြော်နှပ်…မာလာငါးကြော်ပြီး ပန်းပွင့် ဥနီ ခရမ်းချဉ် တို့နဲ့ ပြန်နှပ်ချက်လိုက်တာပါ…

ရှောက်သီး လေးကို ချဉ်ငံစပ်လေးသုပ်လိုက်မယ်…

ရှောက်သီးသုပ်
ရှောက်သီးသုပ်

ကြာဇံချက်..ကြက်တောင်ပံ လည်ချောင်းတွေကို မှိုခြောက်ပန်းခြောက်နဲ့ ကြာဇံချက်လေးချက်

ဘာလချောင်ကြော်…ပုဇွန်ခြောက်နိုင်းချင်း ကြက်သွန်နီကြော်မွမွလေးနဲ့ သိပ်မစပ်အောင်ကြော်ပြီး

ချဉ်ပတ်စုံလေးကို တို့စရာလုပ်ရအောင်နော်…

 

~~~~~~~~~~~~~~~~~~~

 

ဗုဒ္ဓဟူးနေ့

ကြက် ခရုဆီ အချိုချက်…ကြက်သားကို ဂျင်း ကြက်သွန်ဖြူနဲ့ ကျွပ်နေအောင်ဆီသတ် ညိုလာရင် ရေများများထည့်အုပ်ထား၊ ရေခန်းကာနီးမှာ ပဲငံပြာရည်၊ခရုဆီ ထည့် ကြက်သွန်နီ ရှစ်စိတ်ကွဲလေးထည့် ရေခန်းအသားနူးရင် အရောင်လည်းလှ အရသာလဲရှိတဲ့ဟင်းတစ်ခွက်ပါ…

ငါးကျည်းကျပ်တင်ကြော်…ငါးကျည်းကြပ်တင်ကိုဖဲ့ရွဲ့လို့ ငရုတ်သီးခွဲကြမ်းလေးနဲ့ အစပ်ကြော်

ငါးကျည်းကျပ်တင်ကြော်
ငါးကျည်းကျပ်တင်ကြော်

ပဲနီလေးကြာဇံ ဟင်းရည်…အရည်သောက်လေးနဲ့

ရုံးပတီသီး တို့ မုန်လာဥနီ တို့ ကိုကိုက်စားကြမယ်လေ…

~~~~~~~~~~~~~~~~~~~~~~

ကြာသာပတေး..

ဆိတ်သားလုံးဟင်း…ဆိတ်သားအသားကောင်းလေးတွေ စဉ်းလို့ ဆားနနွင်း မဆလာ ငရုတ်စိမ်းမှုန့် ငရုတ်ကောင်းလေးနဲနဲထဲ့နယ် အလုံးအနေတော်လုံး ကြက်သွန်ဖြူနီ ငရုတ်သီးမှုန့်နဲ့ ဆီသတ် မွှေးလာရင် ဆိတ်သားလုံးထဲ့ ဆီပြန်သည်ထိ ချက် ရေနဲနဲချင်းထည့်…..

ချက် လိုက်ရင် မွှေးရနံ့နဲ့ အတူ အရသာရှိလှတဲ့ ဆိတ်သားလုံးဟင်းတစ်ခွက်ချက်လိုက်ပြီ…

ဆိတ်သားလုံးဟင်း
ဆိတ်သားလုံးဟင်း

ငါးကျည်းကြော်လေး ကျွပ်ကျွပ်ဝါး ဘို့လဲ ကြော်ထားပါတယ်…

ဂျူးမြစ် ပဲပုပ်ကြော်လေးနဲ့ သခွားသီး သံပုရာသီးစိတ်လေးတွေ တို့စရာလုပ်ရင် ကောင်းမလား….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သောကြာနေ့

ငါးကြင်းပေါင်း…ငါးကြင်းကို ဂျင်း စပါးလင် ဗနီဂါလေးနဲ့ ရေမြုပ်ရုံလေးထည့် အရိုးနူးသည်ထိ ပေါင်း အရိုးနူးသွားရင် ကြက်သွန်နီ၊ခရမ်းချဉ်သီးစိတ်လေးတွေ ငရုတ်ဆီသတ်ထည့် ပြန်ဆူ ဆီပြန်သည်ထိ တည်လိုက်ရင် ငါးကြင်းပေါင်းမွှေးမွှေးလေးရပြီ…

ငါးဖြူလေးတွေကို အကြော်မှုန့်လေးနဲ့ နယ်ပြီး ငါးပေါင်းကြော်လေး ကြော်ထားဦးမှ…

ငါးပေါင်းကြော်
ငါးပေါင်းကြော်

ကင်မွန်းချဉ်ရွက်နဲ့ ဇရစ်ရိုးကို ငါးကင်းဗိုက်သားလေးနဲ့ အရည်သောက်လေးချက်ထားပါတယ်…

ငရုတ်သီမှုန့်ကို ကြက်သွန်ဖြူနဲ့ ဆားလေးထည့်ထောင် ဆီဆမ်းထားတဲ့ အညာထောင်းလေးနဲ့ ပူစီနံ ရှောက်ရွက်လေးတွေ တို့စားရအောင်နော်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စနေနေ့

ကြက်အူချောင်းကြော်…CP ကြက်အူချောင်းကို ပါးပါလှီးကြော် ငရုတ်ပွ ဘရိုကိုလီ ဂျင်းမျှင် လေးတွေကို ခရုဆီ လေးနဲ့ ကြော်စားကြည့်မလား..

ကြက်အူချောင်းကြော်
ကြက်အူချောင်းကြော်

ပြည်ကြီးငါးသုပ်…ပြည်ကြီးငါးတွေ သန့်စင်အောင်ဆေးအကွက်ရာလေးတွေပေး ငံပြာရည်နဲနဲထည့်ပြုတ်ခရမ်းချဉ်သီး  ကြက်သွန်နီပါးပါးလှီး ရေဆေးထည့် ငရုတ်ဆီ သံပုရာ ငံပြာရည် ငရုတ်သီးစိမ်းပါးပါးလှီးထည့် သုပ်စားကြည့်နော်…

ကြက်သောက်ဆမ်း…ကြက်တောင်ပံ လည်ချောင်းတွေကို စပါးလင် ဂျင်းများများနဲ့ ပြုတ်ပါ…ငရုတ်စိမ်း၊ ရှမ်းနံနံ ပင်စိမ်း ငရုတ်ကောင်းခတ် ပူပူလေးချ ပြီး သောက်လဲကောင်း ဆမ်းစားလဲကောင်းတဲ့ ကြက်သောက်ဆမ်းဟင်း……

ငပိသုပ်ကလေးနဲ့ တို့စရာလေးတွေရံလိုက်ရင် စားကောင်းမှာပါ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တနင်္ဂနွေ

မနက်စာ အထူးအနေနဲ့ နန်းကြီးသုပ်စားကြမယ်လေ…

နန်းကြီးသုပ်
နန်းကြီးသုပ်

နေ့လည်စာတွေကတော့

ငါးဘတ် ကို စပါးလင် ခရမ်းချဉ်သီးလေး နဲ့ ဆီပြန်ရေကျန်လေးချက်… ပင်စိမ်း လေးအုပ်…

ကြက်ဥကို ရွှေလိပ်ပြာ အကြော်မှုန့်နဲ့ ခေါက်ပြီး အကျွပ်ကြော်…

ဘရိုကိုလီကို ဥနီလေးနဲ့ ရောကြော်…

ခရမ်းချဉ်သီးကို ပုဇွန်ခြောက်လေးနဲ့ ဆီပြန်လိပ်နေအောင်ချက်…နံနံပင်အုပ် ဒညင်းဝက်ကြော်လေးတို့စားမယ်…

အိမ်မှာတော့ ငပိတို့စရာ သိပ်မစားဖြစ်လို့ ဆိုင်မှာတို့စရာ အဆင်ပြေပါ့မလား စိတ်ပူမိတယ်…

~~~~~~~~~~~~~~~~~~~

 

ကဲ။ အိမ်ချက်တွေ မမိုက်လားးး

ဒီ စားဖိုမှူး သဘောကောင်းတာရှိသေးတယ်။

“လိုအပ်တာတွေလဲပြောပါနော်…ဒါမှမဟုတ် စားချင်တဲ ဟင်းလျှာလေးတွေ ပြောရင်ဖြင့် ချက်ပေးပါမယ်” တဲ့။

အပူကပ်စရာ တစ်ယောက်တိုးလာပြန်ပြီ။

အန်တီမအိ ရဲ့ ကိုယ်တိုင် ချက်တဲ့ အိမ်ချက်လေးတွေကို မြည်းကြည့်ပေးပါ အရပ်ကတို့။

 

ဓာတ်ပုံတွေကိုလည်း စားဖိုမှူး အိ ဆီကပဲ ရယူပါတယ်။

 

:mrgreen:

 

 

 

43 comments

  • ဦးကျောက်ခဲ

    December 2, 2013 at 9:26 am

    ဟီ ဟိ မွအိက ဝက်မစားလို့ တခြားဟင်းချက်ကျွေးမယ်ဆိုလည်း ဖြစ်တယ်…
    ဟင်းတွေကတော့ အကုန်ကြိုက်၊ ထမင်းဖိတ်ကျွေးပါလားဟင်…
    😀

    • KZ

      December 2, 2013 at 10:41 am

      ကျောက်(စ) တို့ကို ဖိတ်ရင်
      အနော့ လည်း မမေ့နဲ့နော် မွအိ

      😀

      • Ma Ei

        December 2, 2013 at 11:03 am

        ကျောက်စ် တို့က ဧည့်သည်…ဆွိ က ဧည့်ခံ….
        စားချင်တာတွေ ပြော ချက်ချင်ရာ ချက်မှာဘဲ…
        🙂

        • alinsett

          December 2, 2013 at 11:12 am

          ချစ်သုဝေ ကို အိုးကပ်လေး ချက်တာ စားချင်တယ်

          :kwi:

          အဟိ
          နောက်တာနော်

        • Ma Ei

          December 2, 2013 at 11:50 am

          ချစ်သုဝေ အိုးကပ် ဆို ဒညင်းဝက်လေးကြော်လေးနဲ့ လိုက်မယ်ထင်…

        • ဦးကျောက်ခဲ

          December 2, 2013 at 6:03 pm

          ဟီ ဟိ ငတ်ကြီးကျလိုက်ဦးမယ်…
          ဖိတ်စာလာပို့တဲ့နေ့ ထမင်းကျွေးပါ…
          ငပိရည် ဒညင်းသီးကလွဲရင် အကုန်စား၏…
          😀

  • ဦးကြောင်ကြီး

    December 2, 2013 at 10:32 am

    ဘဲအထူးပြု ချက်နည်းအစုံ လုပ်ပါဗျို့စ်… ဘဲပေါင်း ဘဲကင် ဘဲသားဟင်း ဘဲသားသုတ် ဘဲအသဲလည်း စားကောင်းတာဗဲ…။ အမ်တီကေဇီက ဘဲအကြောင်း နောကျေနေမှန်းသိလို့ မေးရဒါဗာ…။

    • KZ

      December 2, 2013 at 10:39 am

      ဒက်ဒီကြောင် က ကြက် အကြောင်း နောကျေတော့
      နောက်က အမှီလိုက်ရတဲ့ သဘောပါ။
      :mrgreen:

      • Ma Ei

        December 2, 2013 at 2:22 pm

        ကြက်အကြောင်းဆိုလို့..
        ရုံးမှာ မုန့်ကျွေး၊ ထမင်းကျွေးတဲ့ခါတိုင်း…
        ဘယ်သူဘာစားမလဲ မေးရတာကိုး….ကိုယ် ကဝက်မှမစားတော့
        အဲ့ခါတိုင်း…မအိ က ကြက်…မအိ က ကြက်နဲ့..ပြောပြောနေကြတော့..
        စိတ်ဆိုးရခက်..ရီရခက်..နဲ့ ရီနေရတော့တာပါဘဲ…
        🙂

  • Wow

    December 2, 2013 at 11:39 am

    ပုံမှာပါတဲ့ ဟင်းတွေအကုန်စားချင်တယ်… ဆိတ်သားလုံးဟင်း၊ ငါးပေါင်းကြော်၊ ချောက်တီးတုတ်၊ ပဂျွန်… ဟမ်မလေး… သားရေကျလာဘီ… :kwi:

    • KZ

      December 2, 2013 at 11:51 am

      ဟိ။
      ဧည့်သည်သွားလုပ်ကြစို့။

      :mrgreen:

      • Ma Ei

        December 2, 2013 at 2:23 pm

        တစ်ကယ်လာရမှာနော်….

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 12:48 pm

    စားဂျင်ယင် ပေါ
    ချက်ကျွေးမယ် ဆိုဒေါ့ကာ
    ပြော .. အိမ်က ဘယ်နားမှာဒုန်းး
    အလဂါး လာပီးဝါးမို့ … ငိငိငိ

    • Ma Ei

      December 2, 2013 at 2:13 pm

      အိမ်က …. … မှာပါ…
      နှစ်ယောက်လာမယ် ဆိုပြော…
      ဝါးဘို့ စီစဉ်ထားမို့…
      🙂

  • Shwe Ei

    December 2, 2013 at 1:18 pm

    တနေ့စာ ဟင်းစပ်တောင် တနေကုန်ထို်င်ချက်လို့ ပီးဘမလား (ကိုယ်ဖာသာချက်မယ်ဆိုရင်ပြောဘာဒယ်) 😛

    • KZ

      December 2, 2013 at 1:20 pm

      တို့ကတော့ ချက်ပြီးပါ့၊
      စားမရမှာပဲရှိမှာ….

      :kwi:

    • Ma Ei

      December 2, 2013 at 2:10 pm

      ရွှေအိလေး…
      တစ်နေ့စာ ဟင်းက အသားငါးနဲ့ အသီးရွက် တစ်မျိုးစီဘဲ ချက်တာပါ…
      အကြော်လှော်တွေက အားလပ်ရက်မှာ ကြော်ထား၊ ဝယ်ထားတာလေးတွေ
      အဆင်ပြေသလို ထည့်ပြင်လိုက်တာပေါ့နော်…
      🙂

  • TNA

    December 2, 2013 at 2:23 pm

    စနေ့နေ့ဟင်းကို စိတ်အဝင်စားဆုံးပဲ။ မနက်ဖြန်လုပ်ပီ။ ဒီတခါဟင်းဆိုင်ကပုံလေးတွေနဲ့ပါဆိုတော့ အောင်မယ်လေး ဗိုက်ဆာလိုက်တာ။ :sar:

    • Ma Ei

      December 2, 2013 at 2:30 pm

      အားငယ်နေတာ…
      လာအားပေးလို့ ကျေးဇူးပါ သဲရေ…

      • TNA

        December 2, 2013 at 2:54 pm

        အလုပ်တွေရှုပ်နေလို့မွအိရေ။ အားတဲ့ခဏလေးဝင်လာရတာ။

  • အရီးခင်

    December 2, 2013 at 4:32 pm

    မီနူး တင်မက လက်တွေ့ သက်သေပြ လိုက် တဲ့ မွအိ ပါလား။
    အရသာ ရှိရှိ တင်မက လှလှပပ လဲ ချက်နိုင်တာနော။
    တို့ ညီအစ်မ တွေ ဘက်စုံတော်ကြောင်း သက်သေဟေ့။
    တကယ်ဘဲ စားသောက်ဆိုင်ဖွင့် လိုက်ရရင်ဖြင့် အတော် အောင်မြင်နိုင်မယ်။
    အကြွေးတော့ သည်းခံပါ။ 😉
    ဒီလို စားစရာဆွဲဆောင်မှု လေးကို စီစဉ်ပေးတဲ့ မွအိ နဲ့ ကေဇိ လေး (အိ နဲ့ ကာရန်ညီအောင်ပါအေ) ကို သိပ်ချစ်တာဘဲ။ 😛

    • Ma Ei

      December 2, 2013 at 5:02 pm

      လှလှပပ ချက်နိုင်တယ်လို့ ချီးကျူးပေးလို့ လဲ သိပ်ချစ်တာပါဘဲနော်…
      😛

  • Crystalline

    December 2, 2013 at 4:45 pm

    ဆိတ်သားလုံးဟင်းချက်စားအုန်းမယ်.. ဂျင်းမထည့်လည်းအနံ့မရှိဘူးလား မွမွအိ.. တစ်ခါမှမချက်ဖူးလို့.. တပတ်စာလုံးကိုသဘောကျတယ်.. အိုက်လိုဟင်းချက်ကောင်းသူဗိုက်ထဲ ဘာလို့များလူသွားမဖြစ်ပါလိမ့် 😀

    • အရီးခင်

      December 2, 2013 at 4:52 pm

      မကြည်စင်လေး
      {အိုက်လိုဟင်းချက်ကောင်းသူဗိုက်ထဲ ဘာလို့များလူသွားမဖြစ်ပါလိမ့်} လို့ တွေးနေမဲ့ အစား
      ဟင်းချက်ကောင်းသူ တော်တော်များများက ဒင်းတို့ ပုရိသတွေ ဆိုဘဲ။
      လျှောက်လွှာခေါ်ပြီး “အိုက်လိုဟင်းချက်ကောင်းသူ” ကို အနားခေါ်ထားဖို့ ကြိုးစားလိုက်စမ်းပါအေ။ 😉

      • မဟာရာဇာ အံစာတုံး

        December 2, 2013 at 4:57 pm

        ကျော့်မှာ …
        လူပို အာကိုဂျီး တစ်ယောက် ချိဘာဒယ် …
        အဲ့ဒါ …
        လူရင်းတွေမို့ အကူအညီလိုယင် ပေါဘာ ..
        အားနာစရာ လိုဘာဘူးးးးးးးးး

      • ဦးကြောင်ကြီး

        December 3, 2013 at 10:58 am

        ပက်ကညောမ ဆိုလို့ဂဒေါ့ အသေရရ (ဖဲဝိုင်းထောင်မို) အရှင်ရရ (လျှာဂျီးနဲ့) ဗဲ..။ စိမ်သလားဟေ့ ခရစ်လေးရေ.. စိမ်ဒယ်ဟေ့ ကြောင်ကြီးရေ.. ဒါဆိုရင် ဟေးလားညောင်စို့ခွီး… ပတ်ဗေဒုံ ပတ်ဗေဒုံ…

    • Ma Ei

      December 2, 2013 at 4:57 pm

      ဂျင်းအရင်ထောင်း၊ ညက်ရင်ကြကငသွန်ဖြူထည့်ထောင်း ထားတာလေးကို
      ဆိတ်သားလုံးထဲ ထည့်နယ်ရပါတယ် …ခရစ်လေးရေ….
      ရေးဘို့ ကျန်ခဲ့တာရယ်…သေချာဖတ်ပေးတာလေးကို ကျေးဇူးတင်ပါတယ်…
      :528:

  • Ma Ma

    December 2, 2013 at 5:25 pm

    ကြည့်စမ်းးးးးးးးးးးးး
    ဒီစာဖိုမှုးလက်ရာမို့ထင်တယ်
    ဒီအပတ်
    ဒီဆိုင် ရောင်းကောင်းနေပါလား။
    စားမယ်ဆို ဆိုင်မှာ တန်းစီဝင်ရမယ့် သဘောရှိတယ်။ 🙂

    • KZ

      December 3, 2013 at 10:58 am

      တုံကင်လေးတွေ ယူထားမယ်။

      :mrgreen:

  • ဝင့်ပြုံးမြင့်

    December 3, 2013 at 12:52 am

    ဟင်းတွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာ သုံးလို့မရတဲ့အိမ်မျိုးမှာ ဒီလိုဟင်းစပ်မျိုး ဘယ်ချက်လို့ရမလဲ။ ဈေးတစ်ခါသွားပြီး အလေအလွင့်မရှိ ကွက်တိချက်တဲ့ဟင်းစပ်လေး တင်ပေးပါလား မကေဇီ။ ချွေတာရေး ဟင်းစပ်လေ။
    မအိချက်တဲ့ဟင်းတွေကြည့်ပြီးတော့ ကိုယ်ဘာမှသိပ်မတတ်မှန်း သိသွားတယ်။

    • KZ

      December 3, 2013 at 10:51 am

      ဝင့်ရေ။
      ကျနော်တို့လည်း နယ်တကာလှည့်ခဲ့ရတုန်းက ရေခဲသေတ္တာမရှိတဲ့ ဘဝ နေလာခဲ့ရတာဗျို့။
      😀
      ဟီးဟီးးးး
      အဲတုန်းကတော့ အချိန်က ပေါတယ်လေ။
      အိမ်ရှင်မ အမေနဲ့ နေ့တိုင်း ဈေးသွားတယ်။
      ၂ မျိုး လုပ်လေ့ရှိတယ်။
      ဟင်းစပ်ပြီးမှ ဈေးသွားပြီး လိုတာဝယ်တယ်။
      ဒါမှ မဟုတ် ဈေးမှာ သင့်တော်တာတွေ ဝယ်လာပြီးမှ အိမ်ရောက်မှ ဟင်းစပ်ပြီးချက်တယ်။
      🙂
      ခုတော့ အချိန်ရှားပါးပြီး ဇိမ်ခံပစ္စည်းပေါများတဲ့ ခေတ်ကြီးမှာတော့ ဈေးကို ၁ ပတ်စာဝယ်ရပါတယ်ဗျာ။
      မလတ်တော့ မလတ်တော့ဘူးပေါ့။ခဲထားရတာဆိုတော့။
      ကျနော့ ကို ဝိုင်းချက်ပေးကြတဲ့ အကိုတွေ အမတွေ ဟင်းစပ်က ရေခဲ သေတ္တာရှိမှရယ် မဟုတ်ပါဘူးးး။
      ဟင်းစပ်သိရင် ဈေးနေ့တိုင်းသွားဝယ်ပြီး ချက်နိုင်ပါတယ်ဗျ။
      🙂

      ချွေတာရေးကတော့ ဘာကိုချွေတာချင်လဲပြောပါ။
      ဟင်းခွက် အနည်းအများ
      ဆန်ဆီဆား
      အသား/ငါး
      ဘာကို ချွေတာချင်တုန်း ကိုယ့် အမ၊
      စဉ်းစားပေးပါ့မယ်။ ဟင်းစပ်ကို…. :mrgreenn:

      • ဝင့်ပြုံးမြင့်

        December 3, 2013 at 9:46 pm

        ချွေတာချင်တာက ဒီလိုလေ။ တနင်္လာနေ့ ဟင်းစပ်ထဲမှာ ဆိုရင် ပုဇွန်ရယ် ငါးသလဲထိုးရယ် ငါးကြင်းခေါင်းရယ် သုံးမျိုးဖြစ်နေတယ်။ အဲဒီမှာ ငါးကြင်းခေါင်းကို ဒီတို်င်းဝယ်လို့ဘယ်ရမလဲ။ နဂိုထဲက ရေခဲသေတ္တာထဲမှာ ရှိလို့ချက်လို့ရတာလေ။ ငါးကိုဝယ်ထားပြီး ခေါင်းကို ဖယ်ထား၊ နောက်နေ့မှချက်ဖို့ ရေခဲသေတ္တာထဲ ထည့်ထားတာ မဟုတ်လား။
        အင်္ဂါနေ့ ဟင်းစပ်ထဲမှာဆိုရင် မာလာငါးကြော်ရယ်၊ ကြက်လည်ချောင်းတောင်ပံ တွေရယ် နှစ်မျိုးဖြစ်နေတယ်။ ကြက်လည်ချောင်းတောင်ပံတွေက ဒီတိုင်းဝယ်လို့ ဘယ်ရမလဲ။ ကြက်သားဝယ်ထားရင်း တောင်ပံနဲ့ လည်ချောင်းကို ဖယ်ထား၊ ရေခဲသေတ္တာထဲ ထည့်ထားတာ မဟုတ်လား။
        နယ်မှာက မီးမရဘူးလေ၊ မီးမမှန်ဘဲ ရေခဲသေတ္တာထဲ တစ်ပတ်စာဝယ်ထည့်လိုက်ရင် ပုပ်ကုန်မှာပေါ့။ ဒါကြောင့် အိမ်ရှင်မတိုင်း နေ့တို်င်းဈေးသွားရတယ်လေ။ အမယ်စုံအောင် ဘယ်ဝယ်နိုင်မလဲ။ ဥပမာ ငါးရံ့ဝယ်ရင် အသားကိုလွှာပြီးချက်၊ ခေါင်းကို ချဉ်ရည်ချက် အဲဒီလို တစ်ခါတည်း မပစ်ရအောင်ချက်တာကို ပြောတာပါ။

        • KZ

          December 4, 2013 at 8:52 am

          ဝင့်။
          အနော် ချက်တာ မပါဘူးလေ။
          ဟီးဟီးးးး
          အနော် ဘာမှ မချက်ဘူးလေ။ (ပြောရတာ ရှက်လိုက်ထာ) :mrgreenn:
          ဒါရန်ကုန်ကနေ အနော့ ထမင်းဆိုင် ပို့(စ) ကို အားဖြည့်ကူကြတာမို့ ရန်ကုန်နည်း ရန်ကုန်ဟန်ပါဗျာ။

          ဝင့် ပြောတဲ့ ဟင်းစပ်မျိုးကို သိတယ်။
          အမေ့ကို လှမ်းမေးပြီး ရေးပေးမယ်နော်။
          ဟီးဟီး

          😀

  • kyeemite

    December 3, 2013 at 10:09 am

    ခုတလော ကွန်ပြူတာကပျက်လိုက်၊ ကိုးနတ်ရှင်ကပျက်လိုက်၊ အလုပ်ကထရှုပ်လိုက်နဲ့
    ထမင်းဆိုင်လာတာနောက်ကျသွားတယ်အန်တီမွနဲ့ ကေဇီကဗျာလွတ်ရေ….
    ဒီဟင်းတွေထဲမှာ သွားရည်အကျဆုံးကတော့ ဆိတ်သားလုံးဟင်း နဲ့ ငါးကျည်းကျပ်တင်ကြော်စပ်စပ်လေးပဲ..
    ပဲနီလေးဟင်းချိုလေးနဲ့ဆို ..ကတောက်စ်..ပြောရင်းနဲ့ဗိုက်ဆာလာပီနော….
    အူးကျောက်ကိုဖိတ်ကျွေးဖြစ်ရင် ကျော့်ကိုမမေ့နဲ့နော် :mrgreen:

    • KZ

      December 3, 2013 at 10:55 am

      နာ့ မွအိ ထီပေါက်ပြီ။
      ဟီးဟီး

      😀

  • Swal Taw Ywet

    December 3, 2013 at 6:50 pm

    နောက်နေ့မှ ဒေါင်းထားလိုက်မယ်။ ထမင်းစားချိန် လက်တော့ပ်လေးဖွင့်ထား ကြည့်ပြီးတော့စားယုံဘဲ။
    မန်း ဂျီတီအိုင် လမ်းစဉ်လူငယ် ဘဝ အခမ်းအနားတခုပြင်နေရတုံး ညနက်နက်မှာ ဆီအပြည့်ပါတဲ့ပုလင်းကို အဖုံးဖွင့်ထား( ထိခွင့်မရှိ )၊ ငစိန်ထမင်းကြမ်းကြမ်းကို ဆားကြမ်းကြမ်းဖြူးပြီး စားခဲ့ရတာလေး သတိရမိသေးတော့။
    မရောက်ရောက်အောင်လာလည်မဗျို့ ရှောင်ဘို့သာပြင်၊ OK?
    With respect,
    Swal Taw Ywet.

    • KZ

      December 4, 2013 at 8:53 am

      ဘယ်ကိုလာလည်မှာ တုန်း ကို ၂ လွှာ ပေါင်းမှ ၁ ရွက် ရယ်။
      ကြိုပြောပါ။
      ဟိဟိ
      ရှောင်နေမို့ …..
      ဟုတ်ပါဘူး လို့….. :mrgreenn:

  • တောတွင်းပျော်

    December 4, 2013 at 6:23 pm

    မြင်ရရုံ သွားရည်ရွှမ်း
    ထူးထွေ ့လက်ရာဆန်း။ ။
    သူတစ်လုတ်ကယ် ငါတစ်ဆုပ်နဲ ့
    အဟုတ်တကယ် ဗြင်းတွယ်စားကြပါတဲ ့
    ဂေဇက်ရွာ ကိုကိုမမများနှ ုတ်မှာဖြင် ့
    ဗိုက်ကလေးပူ နံငယ်လေးကားအောင်တဲ ့ကွယ်
    မွအိစေတနာ မြိန်လှတယ်တဲ ့လေး။ ။

    • KZ

      December 5, 2013 at 10:22 am

      တောတွင်းမှာပဲ ပျော်နေရော့သလား တောတွင်းပျော်ဂျီးးး
      မတွေ့တာကြာပေါ့။

      🙂

  • Mr. MarGa

    December 4, 2013 at 7:10 pm

    နောက်ရက်ဆိုရင်
    ဒီပို့စ်တွေ့ကို စားပြီးချိန်မှ ဖတ်ဖို့ ထားရမယ်….
    မဟုတ်ရင် ကိုယ့်ဟာကိုယ် ပြန် နှိပ်စက်နေသလို ဖြစ်တော့မယ်…
    ဒီတစ်ပတ်ဆို
    ဗိုက်ဆာနေတဲ့အချိန်နဲ့မှ ကွက်တိ တိုးတယ်
    ပုံတွေမြင်တော့ ပို စားချင်သွားတယ်….
    ကတောက်စ်
    နာ့ တန်ခိုးနဲ့ ဒါတွေကို အပြင်ထွက်လာအောင် လုပ်လိုက်ရရင်တော့လား….
    ထမင်းဆိုင်တောင် လိုတော့ဝူးးးးးးး
    အခုတော့……
    မလုပ်နိုင်သေးတာမို့
    တစ်ပတ်စာ ချိုင့်ထပ်ဆွဲမယ်ဗျို့……………

    • KZ

      December 5, 2013 at 10:23 am

      တနားပါတယ်။
      တဂျားလေး အရှုပ်လုပ် (အဲ) အလုပ်ရှုပ်တဲ့ကြားက လာရတာ။
      နောက်ခါ ခေါ်တော့ဘူးးး
      တနင်လာနေ့တိုင်းပဲ ဆိုင်ကို လာခဲ့နော်။

      😀

  • ခင် ခ

    December 5, 2013 at 2:49 pm

    ဒီကနေ့ ကြာသပတေးဆိုတော့ ဆိတ်သားလုံးဟင်းနဲ့လွေးလိုက်မယ်ဗျာ။
    ကောင်းမှကောင်း။

    • KZ

      December 5, 2013 at 4:06 pm

      ကျေးဇူးပါ

      🙂

Leave a Reply