ကကြောင်ကြီး.. ကျုပ်စော် ပက်ကညောမလေးကို နှောက်ယှက်နေတာ ရပ်လိုက်ပါ..။ ခင်ဗျားကြောင့် နော်ရှီး ကိုရီးယား အလွမ်း၊ ဟာသ ဇာတ်လမ်းတွဲတွေကြည့်ပြီး တငိုငို တရယ်ရယ် ဖြစ်နေဒယ်။ ကြာလျင် ဗရောင်ချိန်း ဘရိန်းချောင်သွားမှာ စိုးဒယ်။ ကျုပ်လည်း အရင်မလူး အဖြစ်ခံနိုင်ဘူး၊ ခုတောင် ကရင်မလင် ဆိုပြီး ကွယ်ရွာ အတင်းတုပ် ခံနေရဒါ။ ဟေ့ မော်စကိုပျံ မဟုတ်ဖူးကွ၊ တိုကျိုပျံ သိရဲ့လား။ ဂျပန်မ ရေချိုးခန်း ချောင်းကြည့်တာ မိလို့ နှင်အထုတ်ခံရဒယ် မထင်နဲ့ မြေအောက်ရထားထဲ လက်သရမ်းဒါတောင် မိအောင် ရဲမဖမ်းနိုင်ဗူး..။ ဒီတခါ ချောင်းယုန်မက ရေပါတူတူ ဝင်းချိုးဂဲ့ဦးမည်။ နူးဘာဂီဆိုဒဲ့ဗွဲ့ အချောင်ရထားဒယ် အထင်နဲ့။။

ဂီ့ဝါသနှာ ကြည့်အခါခါ

ဂီ့ဝါသနှာ ကြည့်အခါခါ

 

ဖျားပေးပေး ကြမ်းပေးပေး ဗာကွယ်..။ သူ့ကိုငါ ဆိတ်နဲ့တောင် မှားမပစ်ပါဘူး.. အဲ..မှားလို့.. မပြစ်မှားပါဘူး၊ အွန်လိုင်းမှာ တွေ့တယ်ခင်တယ် စဂါးဒွေ အမားဂျီးပေါဒယ်၊ သူ့ဆီက ဘာသာရေး အသိအမြင် သင်ယူတယ်။ အဆုံးတော့ တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာ နင်သေငါရှင် အကုန်ဖြစ်မှာချည်းပဲ။ အထင်မလွဲပါနဲ့ကွာ။ သူနဲ့ငါ ပြောစဉ် လက်နဲ့တခါ ထိဖူးလား မေးကြည့်စမ်း၊ အယင်ကလဲ မလုပ်ဖူး အခုလည်း မလုပ်ဖူး.. နောင်တော့မသိ မပြောနိုင်ပေါ့ကွာ.. အနာဂတ်ဆိုတာ ကြိုတင် မသိနိုင်ကောင်းဖူးလေ။ လုပ်လို့ရော ရမလားဗျ.. ခင်ဗျားဂျီးက အွန်လိုင်းက ချက်နေဒါ၊ သွားလုပ်ကြည့်ပါလား ပါးကျိုးသွားမှာပေါ့၊ ကျနော့် ပက်ကညောလေးက ဆတ်ဆတ်ထိ မခံ ဆတ်ဆတ်ကြဲမလေး..။

ဆိတ်လျှော့မောင်ဂီ ဆိတ်လျှော့.. ကြေးမုံဂျီးတို့ တရုတ်ပြည်က အမဲသားပဲ အဝယ်များတယ်၊ ဆိတ်သားသိပ် မဆွဲဘူး။ မင်းစဉ်းစားကြည့်စမ်း.. အခုလို နိုင်ငံဒေါ်အစိုးမရနဲ့ ကရင်သဗုံတွေ ငြိမ်းချမ်းရေး ရလုရခင် ဖြစ်ချိန်မှာ  ကေအန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာမလာဗောရဲ့မြေး နော်ရှီးကို ငါ မဟုတ်မဟတ် ကြံရဲဗမလား။ ဦးမျိုး သာမီးတွေကို ဖန်တယ်ဆိုဒါက ကေအိုင်အို ကချင်သဗုံတွေ ခေါင်းမာနေလို့ တဖက်လှည့် ဖိအားပေးဒဲ့သဗော။ ဒီလောက်ဆို မင်းနားလည်ကောင်းရဲ့..။

အိုဗျာ.. ဒါတွေ မသိဂျင်ဗူး..။ တခုတော့ ပြောထားမယ်.. နော်ရှီးဂလေးက သီလပြည့်စုံတဲ့ သူဒေါ်ဆင်၊ တနေ့ ကြံဆယ်ချောင်း ကုန်အောင်စားဒယ်။ အေးဘာကွာ.. နောက် သူနဲ့တွေ့ရင် ဆိပ်ကမ်းသာလမ်းထိပ်က ကြံရည်ဆိုင်မှာ ဒိတ်ဖို့စီစဉ်ပါ့မယ်။ သီလမြဲမမြဲကတော့ သံသယရှိဒယ်မောင်..။ (၁) ခလေးတွေဖို့ အပတ်စဉ် ချက်ပြုတ်တဲ့ သူ့ဒယ်အိုးထဲ ခုန်ဆင်းရတဲ့ အကောင်ပလောင် မရေမတွက်နိုင်ဗူး၊ (၂) နင်နဲ့ရဲဇား ဖြစ်တော့ သူ့အမေ မသိအောင် အင်တာနက် ခိုးသုံး တော့ကီပစ်ခဲ့သဒဲ့ (၃) တနေ့ဂတွေ့လို့ ဘာလုပ် နေလဲမေးတော့ မင်ဂလာဆောင် ဖိတ်စာကြည့်ရင်း သူ နင်နဲ့ ဆိတ်ကူးယဉ်နေဆိုဗဲ၊ အတွေးဆိုတာသိပ် ဆန်းကြယ်လို့ ဒီမှာ ရပ်ဆိုပြီး ပိတ်ထားလို့ ရဗမလား.. အဲဒေါ့ နင့်ဘွ သူ့ဆိတ်ထဲမှာ ဖွတ်ဖွတ်ညက်ညက် ကြေပီးနေလောက်ပီ။ (၄) ငါနဲ့ ချက်တင်ဆက် မထိုင်ချင်တော့ရင် ဖုန်းဘတ္ထရီ ကုန်ပီဆိုပီး ဗျောင်လိမ် ဗျောင်လိမ် လုပ်တတ်တယ်.. (၅) ပေါင်မုန့်နဲ့ဝိုင်ကို ကျန်းမာရေးအတွက် သောက်ပါလေလို့ ကျမ်းစာပါ စာတပုဒ် ကိုးကားပီး ပေါင်မုန့်လက်သဲ တခွံစာဖဲ့လို့  y တံဆိပ် ဝီစကီ ပုလင်းလိုက်မော့ဒတ်တယ်.။

ဒါတွေ ငါမပြောချဉ်ဗာပူး..။ ကိုယ်ဖာသာကိုယ် အေးဆေးနေဒါ နင်လာစလို့ မပြောမပီး မတီးမမြည် ဆိုသလို ရှေ့မျက်နှာနောက်ထား ပြောနေရဒယ်။ ပြင်ညာရှိ သဒိဖြစ်ခဲ.. ဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်အောက် နင်အရက် မူးလဲနေဒုံး ငါဆွဲထူတော့  “ဒီကျေးဇူး တသက်မမေ့ပါဗျာ၊ ကကြောင် လာမထူရင် ကျောက်တိုင်ကြီး ပိသေမှာ.. ကျနော်ပိုင်တာ၊ပိုင်မှာ မှန်သမျှ ကကြောင်ကြီး တဝက်ဆိုင်ပါတယ်” ပြောခဲ့တာလေ။ စားပီးနားမလီ ဝါးပီးထွီးထုတော့ မလုပ်နဲ့ကွာ။ ငါပျံလာရင် နင်တို့ကို တွေ့ချင်သဟေ့.. ထွက်ပြေးလို့တော့ အလွတ်ဖူးနော်.. နရှီးလို အရပ်ကယ်ပါ လူဝိုင်းပါတော့ အလုပ်ဖူး၊ ထိုင်းဖက်က လှည့်ဝင်ပြီး ပက်ကညော တတပ်လုံးကို စီးပစ်မှာ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး