အဆိပ်ပင်ကို ရေလောင်းမိခြင်းးးး
ပြောမယ်၊ ပြောမယ်နဲ့။
ညည်းချင်းမို့လို့ မပြောဘူးလို့နေတာပဲ။
ဘာရှိရမတုန်းးး၊ ဖွဘုတ်တော်ကြီးပေါ့။
သုံးရတာ မကောင်းတော့ပါဘူး ပိတ်သတ်ကြီးရယ်။
အနော် ၂၀၀၈ ကတည်းက သုံးလာတာ။ အဲတုန်းက လူသုံး သိပ်မများပေမဲ့ ငြိမ်းချမ်းသလိုပဲ။
အခုလို …………………….
သတင်း မှားလား မှန်လားတောင် မခွဲခြားပဲ ဇွတ်ကို ရှယ်တဲ့သူတွေ………………..
အကျိုးသင့် အကြောင်းသင့် မစဉ်းစား ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်ရင် ဆဲမယ် ဆိုတဲ့သူတွေ…………………
ခု နောက်ပိုင်းတွေ့ရတာဆို ဝါဒဖြန့်နေတဲ့ သူတွေ……………………..
ဖတ်ရတာ စိတ်ညစ်စရာ။
ဝါဒဖြန့် ဆိုလို့ ပေါ့သေးသေးမမှတ်ကြနဲ့ဗျ။ အဲလို ဝါဒဖြန့်သမားက အမျိုးမျိုးရှိသေးးး။
အကောင့်တွေဝယ်ပြီး လစာနဲ့ ဝါဒီဖြန့်တယ်။
ကိုယ့်ဝါသနာ အရ ကိုယ်ဘက်ပင်းတဲ့သူအတွက် ဝါဒဖြန့်တယ်
အားနေလို့ ကိုယ့်ဖွဘုတ်တော်ကြီး လူစည်အောင် ဝါဒဖြန့်တယ်။
အဲဒီထဲကမှ လစာယူပြီး လုပ်တဲ့ အုပ်စု ကို ခွင့်လွှတ်နိုင်သေးတယ်ဗျ။ သူတို့ လေသံကလည်း သိသာသကိုးးးး
ဟုတ်တာမဟုတ်တာနောက်မှ၊ မကောင်းကြောင်းလေး နည်းနည်း နားစွန်နားဖျားကြားလိုက်ရင်ကို အကြီးအကျယ်ချဲ့ပြီး အပုပ်ချရေးသားကြတာကိုးးးးး
အဲလိုဟာတွေကို ယုံတဲ့သူကတော့ အနိမ့်ဆုံးပေါ့လေ။
အဲ! တစ်ခါ တစ်ခါ အနော် ကိုယ်တိုင်ရှောင်လို့မလွတ်တဲ့ ဖြန့်ချီရေးသမားတွေကျ တစ်မျိုးးးး
ကိုယ်တိုင်တွေက ပညာတတ်တယ်။ နိုင်ငံခြားက ဘာဘွဲ့ညာဘွဲ့တွေလည်း အနည်းငယ်ရတယ်။
ဘိုလို အသုံး အနှုန်း၊ မြန်မာလို အသုံးအနှုံး ပိုင်နိုင်တယ်။
ရေးတဲ့ အခါမှာလည်း ကိုယ် ဘက်ပင်းချင်တာ ဘယ်သူဆိုတာ မသိသာအောင်၊ အပုပ်ချချင်တဲ့ သူဟာ ဘယ်သူဆိုတာမပေါ်လွင်အောင် ရေးနိုင်တယ်။
ပညာသားပါတယ်ပေါ့ဗျာ။
နောက်ဆုံးကျမှ သူ အပုပ်ချချင်တဲ့သူကို ဖတ်တဲ့ သူတွေ အပြစ်မြင်သွားအောင်ပြောနိုင်တာ။ တော်တယ်ဗျ။
အဲလိုလူမျိုးက အတော်ရှောင်ရတယ်။
နောက်တစ်မျိုးက လူစည်ကားရေးဦးစားပေးးး တဲ့လူမျိုးးးး
ခုလတ်တလော လူတွေ ဘယ်သူ့ကို အထင်ကြီးနေလဲ၊ အဲလိုလူမျိုးကို မျိုးမျိုးမျက်မျက်ထောက်ပြမယ်။
အပြစ်ပြောမယ်၊ ဝေဖန်မယ်ပေါ့ဗျာ။
အဲလာဆို လူတွေ လာမယ်။
မကြိုက်တဲ့သူက ဆဲကြမယ်။ ကြိုက်တဲ့သူက ထောက်ခံကြမယ်။။
တခါတခါ ကြိုက်စိတ်နဲ့ရှယ်ကြမယ်။
တခါ တခါ တောက်ညင်ကတ်တဲ့စိတ်နဲ့ ရှယ်ကြမယ်။
ဘယ်လိုလာလာ အဲ့လို လူမျိုးက ပျော်နေတာ။
ရီပလိုင်းကို ပြန်ချင်မှပြန်တယ်၊ ပြန်ရင်လည်း ကောင်းကောင်းမွန်မွန်ပဲ။ သူက ဆဲစာမြင်တာတောင် သူ့ ပို့(စ) မှာ အားပေးကြပါလား လူလာကြပါလား စိတ်နဲ့ ပျော်နေတာကိုးဗျ။
ကွယ်ရာကျိတ်ရယ်နေကြတာပေါ့။
သူများလေးစားတဲ့သူမျိုးကို ဆဲဆိုပြပြီးးးးး၊
အဲလိုလူဆီမှာလည်း လူအများသားရယ်။
အနော်တို့ကလည်း ခက်တယ်ဗျာ။ ကျနော် ကိုယ်တိုင်အပါအဝင်ပါပဲလေ။
အဲလိုလူမျိုးတွေကို ဥပေက္ခာမထားနိုင်တာပဲ။ အမှန်ဆို လူရာမသွင်းသင့်တော့တာ။
ဥပမာ။ ဟို ထောက်လှမ်းရေး အကြီးဆုံး ဘဘကြီးကိုပဲ ကြည့်။
ခုထိ ကော်ဖီဆိုင်သွားကြည့်တဲ့သူနဲ့ အင်တာသွားသွားဗျူးတဲ့သူနဲ့။
ပြီးရင် အမြင်ကပ်ပြီး ပြောကြ ဆိုကြနဲ့။ ဒါပေမဲ့ ဒီလို လူရာသွင်းနေသရွေ့တော့ မင်းသားလုပ်ချင်တဲ့သူတွေကပျော်နေမှာပဲ။
နောက် စပ်မိလို့ပြောဦးမယ်။
ဟိုတစ်ယောက်လေ။ သူက ဘယ်လို စားတာ၊ ဘယ်လိုသုံးတာ၊ သူ့ အတိုင်း မစားမသုံးရင်ကို အောက်တန်းစားတို့ဘာတို့ပြောနေတဲ့ သကောင့်သားဟာလေ။
အဲလာလည်း မနေနိုင်မထိုင်နိုင် သွားကြည့်သေးလိုက်သဗျ။
သူ့ စတေးတပ်တွေ ဓာတ်ပုံတွေ ရှယ်တဲ့သူတွေက အများကြီးးးးးး
အဲဒါနဲ့ ကျနော်လည်း အားအားယားယား အဲဒီ ရှယ်တဲ့သူတွေ ဘာလို့ရှယ်တုန်း လိုက်ကြည့်တာပေါ့။
ကော်မန့်တွေလည်း အကုန်ဖတ်လိုက်သေးတယ်၊။
ချစ်လို့ ရှယ်ကြ မန့်ကြတာဟုတ်ဘူးဗျ။
တောက်ညင်ကပ်ကပ်နဲ့ ပြောကြ ရှယ်ကြတာ။ ဒါပေမဲ့ ကိုယ့် ဆဲတဲ့ တစ်ခွန်းက သူ့ အောင်မြင်မှုဖြစ်နေတာပေါ့။
ကျနော်ကိုယ်တိုင်ကျ အဲလို လူတွေကို နားမလည်နိုင်၊ အမြင်ကတ် မကြည့်နဲ့ပေါ့လို့ တွေးနေရာက ကိုယ်ချင်းစာမိသွားတာတစ်ခုရှိတယ်။
အခုလို ပြောသာပြောရ။
ကျနော်ကိုယ်တိုင်လည်း ဟို အကြံပေး ဝန်ကြီး ပေ့(ချ) ကို တောက်ညင်ကတ်ပုဒ်မနဲ့ သွားသွားကြည့်ရုံ အားမရ၊ နိုတီလေးတွေပါ ဝင်အောင်လုပ်ထားမိသေးးး
ဟေးဟေးဟေးးးး
အဲလိုကို လျစ်လျူရှု မထားနိုင်ပဲ အကုသိုလ်ဖြစ်နေပုံများ ပြောပါတယ်။
လူတွေကလည်း ကိုယ်တိုင် မုန်းတီးရတာ အားမရ ကိုယ့် အမုန်းတွေကို လူတကာသိပြီး လိုက်မုန်းအောင် ဖြန့်တဲ့ အမျိုးကိုဗျ။
ခု အနော့ ကိုပဲကြည့်!!!
အဲလို ဖွဘုတ်တော်ကြီးကို စွဲလန်းရင်း တွေးမိတာလေးတစ်ခု ရှိလာတာက၊ ခုချိန်မှာ ဘဘစိန်တွေ ရွှေတွေ အချုပ်တွေ အမှူးတွေက ကြောက်စရာမဟုတ်ဘူးရယ်။
သေမျိုးဆိုတော့ သေကြမှာပဲ (ကိုယ် မြန်ချင်သလောက် သူတို့ မသေနိုင်တာပဲ ရှိမှာ)
ဒါပေမဲ့ သူတို့ စပေးခဲ့တဲ့၊ ထည့်ပေးခဲ့တဲ့၊ ပျိုးပေးခဲ့တဲ့ အဆိပ် တွေက ကြောက်စရာကောင်းတာ။
ကူးစက်တတ်တဲ့ အမုန်းစိတ်တွေလေ။
လူမျိုးခြား မုန်းစိတ်……….
ဘာသာခြား.မုန်းစိတ်………….
တိုင်းပြည် ကယ်နိုင်မဲ့ လူကို မုန်းတဲ့စိတ်…………… တွေကို သူတို့တတ်နိုင်သလောက် လူတွေရဲ့ ရင်ထဲမှာ ပျိုးပေးသွားကြတာ။
လက်ခံမယ်၊ ပြန့်ပွါးအောင် ကူးစက်စေမဲ့ သူတွေ ရှိနေသရွေ့ အဲဒီ အဆိပ်ပင်တွေ ပြတ်သွားမှာ မဟုတ်ဘူးရယ်။
ကျနော် ကိုယ်တိုင်တော့ ဒီနေ့က စပြီး အဲဒီ အမုန်းဆိပ်တွေ ပြန်ပွါးအောင် လုပ်နေတဲ့ သူတွေနဲ့ ဝေးဝေးနေတော့မယ်လို့ ဆုံးဖြတ်ထားတာပဲ။
နို့မို့ မနေသာတဲ့ စိတ်နဲ့သွားဖျောင်းဖျရတာ အချည်းနှီးးးး ကိုးးးးး
“ဒီ ဘဝ မုန်းးးးးး ရမှ နေပျော်မှာ ” ဆိုတဲ့သူတွေ အများကြီးးးးးး
ဟိ။
အဆီအငေါ် မတည့်၊ ရေးတာ အစဉ်မကျရင် ခွင့်လွှတ်ကြပါ။
ပြောချင်တာတွေ စု ပြောထားမိလို့ပါ။
ရင်ဖွင့်စရာဆိုလို့ ဒီနေရာပဲ ရှိတာကိုးးးး
အဆိပ်ပင်ကို.ရေလောင်းမိတဲ့အဖြစ်မျိုးတွေကို..ရှောင်ရင်း..
အဆိပ်ပင်က..ကိုယ့်ကို.ရေလာလာလောင်းတာကို..ခံလိုက်ရသေးတယ်.. ။
ရွှဲလို့ ..စိုလို့ …
Was this answer helpful?
LikeDislikeအမလေးးးး
အဲလာဆို နာ့ဟာနာ အဆိပ်ပင်လေး ရေဆက်လောင်းနေတာပိုကောင်းမားးးး
Was this answer helpful?
LikeDislikeကျောက်စ်ကတော့ အဲသည်လို ပေ့ခ်ျတွေကို ရှောင်တယ်ဗျ…

အကုသိုလ်လည်းများ… ဒေါသအဆိပ်ကူးတယ်…
စကားမစပ် ဟုတ်လားမဟုတ်လားမသိ…
ကော်ဖီဆိုင်ဘဘ ထောက်ချုပ်ဟောင်းကြီးတောင် ဖွဘုတ်မှာ…
Was this answer helpful?
LikeDislikeဟင်။
ဟုတ်သလားးးး သူက ဘာလုပ်နေတာတုန်းးးး
ဝါဒဖြန့်တာပဲလားးးး
Was this answer helpful?
LikeDislikeညီမလည်းထိုနည်းလည်းကောင်း၊

အခုဆို ဘယ်ပေ့ခ်ျမှာမှတောင်ဝင်မမန့်ဘူး။
ကိုယ့်အားလပ်ချိန်ကို စိတ်ပျော်ရွှင်ဖို့တစ်ခုအတွက်ပဲသုံးတယ်။
သူများအရူးထသမျှကိုဝေဖန်တာလည်းမလုပ်ချင်ဘူး၊ကိုယ်လည်းပျော်စရာတွေပဲလုပ်တယ်။
ကဲ့ရဲ့ရှုံ့ချတာနဲ့၊ပြဿနာတက်စရာတွေဆို အဝေးကြီးကတည်းကရှောင်တယ်။
လာအက်တာမှန်သမျှ သေသေချာချာသွားလေ့လာပြီးမှ လက်ခံတယ်.။
ဒါ့ကြောင့် ကိုယ့်ဖွဘုတ်မှာ ပျော်စရာတွေပဲရှိတယ်။ပိုက်ဆံကုန်ပြီးစိတ်ရှုပ်မခံနိုင်ဘူးမမရယ်။
ထိုင်းစာတတ်ရင် ပိုတောင်ပျော်ရဦးမယ်။နောက်မှ ကျောက်စ်ဆီကနည်းနည်းစီသင်ရမယ်။
Was this answer helpful?
LikeDislikeကောင်းလိုက်တာ။ ထင်ကိုးမထင်ဘူး။
ဟီးဟီး မှန်လိုက်လေ။
ကျန်တာတော့ပျေားးတော့ဘူးးး
Was this answer helpful?
LikeDislikeဘာကောင်းပြီး ဘာကို မထင်တာတုန်းး၊
ဘာတွေ မှန်ပြီး ဘာတွေ မပြောတော့မှာတုန်း အန်လကယ် မင်းမင်း??
Was this answer helpful?
LikeDislikeမြန်မာပြည်မယ်… လူလူချင်း..ခွဲခြားနှိမ်ချမှုတိုက်ဖျက်ရေးဥပဒေတွေ.. များများမြန်မြန်ပြုဖို့..လိုနေပြီလို့…
အဲဒီဥပဒေဖေါက်တဲ့သူကို.. ထောင်ထဲသွင်း..ထောင်ထဲသွင်း…
ကဲ..
civil rights movement အတွက်မာတင်လူသာကင်းလိုလှုပ်ရှားမယ့်လူငယ်များ..
Was this answer helpful?
LikeDislikeလူငယ်များဆိုတော့ အနော်မပါတော့ဘူးးးး

အနော်က ဂျီးတော်ဖြစ်ပြီ၊။
Was this answer helpful?
LikeDislikeချွိ အူးဆောင်ပီး ကန်ပိန်းလေးတစ်ခုလောက် လုပ်ကြမားဟင်..ငင်င်င်င်င်င်..
Was this answer helpful?
LikeDislikeအဟွာလေ။

ချွိ မအားလို့ ဝါး က အရင် ဦးဆောင်နှင့် နော်..
Was this answer helpful?
LikeDislikeဟောဒီက ယောက်ခမွကတော့ အကောင့်အဟောင်းပိတ်လိုက်ပီး အကောင့်အသစ်မှာ ကိုယ်သိတဲ့သူတွေပဲထားတော့တယ်။ အဲလိုအဆိပ်ပင်ရေလောင်းတဲ့သူတွေကို လက်မခံတော့ဘူး။
Was this answer helpful?
LikeDislikeအဲဒါတွေ လက်ခံတဲ့သူတွေ ကိုယ့်အပေါင်းအသင်းထဲရှိနေတော့လည်း မနေနိုင်ဘူး ယောက်ခမ
ဝင်ပြောမိရော။
ဟီးဟီးးးး
Was this answer helpful?
LikeDislikeဇော်သန့်တောင် တခါကရေးဖူးတယ်လေ။Troll လုပ်တယ်ဆိုလား။
အသေ၀နာစဗာလာနံ တဲ့၊ဝေးဝေးရှောင်လိုက်ပေါ့ ကေဇီရယ်။
ရွာထဲမှာပဲနေ၊အန္တရာယ်ကင်းတယ်။
ဦးပါ တခါကရွတ်ဖူးတယ်။မမြင်ရရာကိလေသာ သူ့ဟာသူငြိမ်းသည်တဲ့။
Was this answer helpful?
LikeDislikeဟီးဟီးးးး

သူက နေနိုင်တယ် အာတီဒုံ။
အနော်က မသိရရင် မနေနိုင် မကြည့်ရမနေနိုင်သွားကြည့်ပြီးကို အကုသိုလ်များပါတယ်။
ခု အဲဒီ ပေ့(ချ)သာမက ရှယ်တဲ့သူတွေပါ ဖယ်ထားမလားလို့ စီစဉ်နေတာ။
Was this answer helpful?
LikeDislikeကြောင့်ယဖောက် ကဇော်သန့် ပျောက်နေအိ.. ဘယ်သွား ဃလေရိုက်နေသနီး..။ ဖေ့ဘွတ်ပေါ်လာဒေါ့ အမ်တီကေဇီတို့ ခြေတိုအောင် ရွာရိုးကိုပေါက် အိမ်ဒိုင်းဇေ့သွား အတင်းတုပ်စရာ အလိုတော့ဝူးပေါ့ဂျာ..။
Was this answer helpful?
LikeDislikeခင်ညား ဖဖသန့် နက်ဖြန် သားသားလေး ရတော့မယ်လေ။

အဲလာ မအားဘူးဖစ်နေတယ်။
ပို့(စ) တွေ က ရေးလက်စမို့လို့တဲ့၊.
Was this answer helpful?
LikeDislikeဟုတ်ပ…လုံးဝကိုလူရာမသွင်းသင့်တော့တဲ့ကော်ဖီဆိုင်ပိုင်ရှင်ကြီးကိုသွားသွားဗျူးကြတဲ့…..
အိုဘယ့်..စတုထ္တမဏ္ဍိုင်…
Was this answer helpful?
LikeDislikeဟယ်။

ဘယ်ပျောက်နေတာတုန်းးးးး
အဲလာပြောတာ။
ထပ်ပြောရဦးမယ်။
မနေ့ညက စစ်ထောက်ဟောင်း တစ်ယောက်ရဲ့ ပေ့(ချ) မှာ အဲလူဂျီးကို ဘယ်လိုကြည်ညိုကြောင်းတွေ ရေးထားတာဗျာ။
တူရာတူရာ စုကြတာကိုးးးးး
ဖတ်ရင်း ဆက်မဖတ်နိုင်တော့ဘူးးးး
ဝင်ပြောတဲ့ သူကိုလည်း ဝိုင်းဆဲကြသေးတယ်။
တစ်ခေတ်တစ်ယောက်ဆိုပဲ။
ဗြဲ။။.
:byee:
Was this answer helpful?
LikeDislikeပျောက်ဆိုကေဇီရေ…လူမှုရေးအရှုပ်ထုတ်တွေ (စေတနာကောင်းစွာနဲ့ခေါင်းခံပေးထားတာကိုယ့်
ခေါင်းပေါ်ကျနေတယ်)မိဘကျန်းမာရေးတွေကြောင့်ဒီဘက်မလှည့်နိုင်ဘူးဖြစ်နေတယ်။
Was this answer helpful?
LikeDislike“မသိရရင် မနေနိုင် မကြည့်ရမနေနိုင်သွားကြည့်ပြီးကို အကုသိုလ်များပါတယ်။”

ကေဇီရေ..ကြည့်တာတော့ ကောင်းတာရော ဆိုးတာရောကြည့်သင့်တယ်ထင်တယ်
ပြီးမှ မကြိုက်ရင် မ“လိုက်”နဲ့…မကောင်းမှန်းသိရင်မရှယ်နဲ့ပေါ့…ဒီလိုအစုံလိုက်ကြည့်မှလည်း
တိုင်ပြည်ကြီးလတ်တလော ဘာဖြစ်နေလည်းသိမှာလေ…အကုသိုလ်များတယ် နဲတယ်ဆိုတာကတော့
ကိုယ့်စိတ်ပေါ်ပဲမူတည်တာပါ… ဆက်ကြည့်ပါလို့သာပြောချင်တာပဲ
Was this answer helpful?
LikeDislikeဟိ၊.
ဟုတ်တယ်။
မသိပဲလဲ မနေနိုင်တော့ ဒေါသလေး အစွဲလေးကို ထိန်းပြီး ဆက်သွားမလားလို့ပဲ။
ဆဲချင်လာရင် အိမ်က စဥ့်အိုးထဲ ခေါင်းနှစ်ပလိုက်မယ်၊
Was this answer helpful?
LikeDislikeတားတားလဲ ကချင်တွေကို လူရိုင်းသာသာသဘောထားပြီးရေးထားတဲ့ ပေ့ခ်ျတွေ ဖတ်မိရင် ..အလွန်အသဲယား..ဒေါသထွက်တယ်ဂျာ ….
Was this answer helpful?
LikeDislikeသူများ လူမျိုး/ဘာသာ ကို
ကိုယ်နဲ့ မတူတာနဲ့
အရိုင်းအစိုင်းလို့ ထင်တဲ့
ပြောတတ်တဲ့ လူရဲ့ စိတ်ကလည်း ယဉ်ကျေးတဲ့ထဲ မပါပါဘူးကွယ်။
Was this answer helpful?
LikeDislikeသများကတော့ ကိုယ်သဘောမကျတဲ့ ပေ့ခ်ျဝင်မကြည့်
ကိုယ်သဘောမကျတဲ့ ခေါင်းစဉ်မြင်ရင် Hide လုပ်
ကိုယ်သဘောမကျတဲ့ တော့ပစ်တွေရှယ်ရင် Unfriend
ဒါတောင် ဘယ်ကမှန်းမသိတဲ့ လူတေ ရှယ်ကျ တင်ကျတဲ့ ဘာတေမှန်းမသိတဲ့ ပို့စ်တေ ကိုယ့် နယူးစ်ဖိ မှာမြင်ရရင် စိတ်ဆင်းရဲရသေးဒယ်
အိုက်ဒါ ဘီလိုရှင်းထုတ်ရမတုန်း အကြံပေးပါအူး ဆွိ :'(
Was this answer helpful?
LikeDislikeအဲဒါက ကိုယ့် သူငယ်ချင်းထဲက လိုက် တို့ မန့်တို့ လုပ်နေရင် မြင်ရဦးမှာပဲ။
ခု ပတနာကလည်း ရင်းရင်းနှီးငှီး သူငယ်ချင်းထဲက အစွန်းရောက်နေရင်ကို သွားသွားပြောချင်နေတာက စတာပဲ။
ကိုယ်တိုင်လည်း အစွန်းရောက်နေပြီလားမသိ
Was this answer helpful?
LikeDislikeဆိုင် မဆိုင်တော့ မသိ။
ဆယ်ကျော်သက်လူငယ်တွေ ကတော့ Facebook ကို စွန့်ကြပြီတဲ့။
Facebook က အရင်လို Cool မဖြစ်တော့လို့တဲ့။
အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် တွေသာမက အဖိုး၊ အဖွား များ နဲ့ သူတို့ မိတ်ဆွေများ ကပါ တက်ကြွ ကြလွန်းလို့ annoy ဖြစ်လာကြသတဲ့။
သေချာသပေါ့။
အရီး သာ လူငယ်ဆိုလဲ စာရင်းပိတ်လိုက်မှာဘဲ။
Was this answer helpful?
LikeDislikeဟိ။
အနော် ဆို ဟိုလူရှောင် ဒီလူဆောင် နဲ့ အကောင့် ၃ ခု ရှိပြီ
Was this answer helpful?
LikeDislikeအဆိပ်ပင် ရေလောင်းတယ်လို့ ပြောတယ်
)
တစ်ဖက်က ပြန်တွေးရအောင်…..
ဒီလိုပြောတာတွေ တွေ့လာတော့
ဘယ်သူတွေ ထောက်ခံတယ်၊ ဘယ်သူတွေ ကန့်ကွက်တယ်ဆိုတာ သေသေချာချာ သိမလာရဘူးလား
သူတို့ကို ဝင်မပြောဘဲ ဒီအတိုင်း ထိုင်ဖတ်နေရင်လဲ ဘာဖြစ်နေမှာမို့လဲ…
ကျနော့ အထင် ဝင်ပြောရရင်…….(လေကြီးလိုက်ဦးမယ်
ဒါကို လွပ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့် လို့ နာမည်တပ်ချင်တယ်။
ကိုယ်မသိချင်ရင်လဲ ကိုယ့် ရပိုင်ခွင့်အရ မကြည့်ဖြစ်အောင် နေလိုက်ပေါ့… ဟုတ်ဖူးလားး
သူတို့တွေ ယုံကြည်ရာကို (တမင်ပဲဖြစ်ဖြစ်၊ တကယ် စွဲစွဲမြဲမြဲ ယုံကြည်လို့ပဲဖြစ်ဖြစ်) သူတို့ ရပိုင်ခွင့်နဲ့ သူတို့ လုပ်နေတာလို့သာ တွေးလိုက်ပေရော့……..
ဦးမာဃ (ခေတ္တ လူ့ပြည်)

Was this answer helpful?
LikeDislikeဟုတ်ပါပြီ။
ဟုတ်ပါပြီ။
အကျိုးပေးလေးတွေ ဆိုးရင်လည်း ရပိုင်ခွင့်လို့သာ သဘောထားပြီး နေကြပေါ့။
Was this answer helpful?
LikeDislikeမျှစ်ကြော်ကတော့ ဖဘ လုံးဝမသုံးဘူး။ ကမ္ဘာကျော်သူဌေးကြီးတစ်ယောက်က သူ ဖဘ မသုံးဘူးလို့ ပြောထားတာကို ဖတ်ပြီးကတည်းက မျှစ်ကြော်လည်း သူ့လို ကမ္ဘာကျော်သူဌေးကြီး ဖြစ်လာအောင် ဖဘ မသုံးတော့တာ .. ဟီး ..
Was this answer helpful?
LikeDislikeကျနော်တော့ မရဘူး ဝင့်ရေ။
အတော် စွဲလန်းနေတာ။
Was this answer helpful?
LikeDislike