လူဖြစ်ရတာ နာတဲ ့ ” လူနာ “

alinsettDecember 3, 20133min33526

022

 

 

 

 

 

လူဖြစ်ရတာ..နာတဲ ့…. လူနာ…

= အနီရင့်ရင့် လောင်မြိုက်ခြင်းထဲမှာ…

    ဘယ်သူ့အတွက်မှ..စာနာခြင်းမရှိဘူး..။

    ဘယ်ရှိလိမ့်မလဲ….

    အဲဒါက… တန်ဖိုးနည်းသက်ရှင်မှုတွေအတွက်တော့…

    အရှင်လတ်လတ်မြှုပ်နှံမယ့်..ကျင်း ပဲလေ.. ။

ကောင်းကင်ကို..တစ်လွှာချင်း…ဖောက်ထုတ်ရတာ…လွယ်သလောက်..

     မြေပြင်ကို..တစ်ထပ်ချင်း..တူးဆွရတာ…လွယ်သလောက်…

     ရိုးရိုးသားသားအသက်ရှူရတာ… ခက်လိုက်တာ… ။

နိုင်ငံစော် မနံသေးတဲ့နိုင်ငံထဲက…

     လူစော်မနံသေးတဲ ့ လူတွေထဲ…

      ငါလည်း.. ပါနေမှတော့…

     အသက်ရှူဖို ့အတွက်… နှာခေါင်းမှာ အပေါက်ဖောက်ရဦးမယ်…။

မောတယ်ကွာ….မတွေး…မဆွေးချင်ဘူး..

     ဒီမှာ..လူဖြစ်ရတာနာတယ်လို ့…

     ဒါပေမယ့်……..             …….  

     မဟုတ်ချင်ဘူးဆိုလည်း……

     ငါ…….

     လူနာပါပဲ…။

သေချာတာကတော့…..

     လူနာတွေပဲလေ…ဆိုပြီး….

    အနီရင့်ရင့်လောင်မြိုက်ခြင်းက…

    ဖျော့တော့မှေးမှိန်မသွားဘူး….။

033

————————————————————————————————————————————————–

 

အလင်းဆက်

 

2 . 12 . 2013 . 15 း 30 pm

 

 

 

26 comments

  • kyeemite

    December 3, 2013 at 4:19 pm

    “ ကောင်းကင်ကို..တစ်လွှာချင်း…ဖောက်ထုတ်ရတာ…လွယ်သလောက်..
    မြေပြင်ကို..တစ်ထပ်ချင်း..တူးဆွရတာ…လွယ်သလောက်…
    ရိုးရိုးသားသားအသက်ရှူရတာ… ခက်လိုက်တာ… ။
    နိုင်ငံစော် မနံသေးတဲ့နိုင်ငံထဲက…
    လူစော်မနံသေးတဲ ့ လူတွေထဲ…
    ငါလည်း.. ပါနေမှတော့…”
    အလင်းဆက်ရေ..ဒီစာဖွဲ့ချက်လေးကြိုက်သကွာ…ချီးကျူးပါ၏

    • alinsett

      December 4, 2013 at 7:34 am

      ဟုတ်

      ကျေးဇူးပါ ဦးကြီး

      ဒီကဗျာကို ခပ်ပြင်းပြင်းလေး ဖောက်ထုတ်လိုက်တာ

      :kwi:

  • Paing Lay

    December 3, 2013 at 8:53 pm

    = အနီရင့်ရင့် လောင်မြိုက်ခြင်းထဲမှာ…

    ဘယ်သူ့အတွက်မှ..စာနာခြင်းမရှိဘူး..။

    ဘယ်ရှိလိမ့်မလဲ….

    အဲဒါက… တန်ဖိုးနည်းသက်ရှင်မှုတွေအတွက်တော့…

    အရှင်လတ်လတ်မြှုပ်နှံမယ့်..ကျင်း ပဲလေ.. ။

    အနော်အကြိုက်ဆုံး စာသားပါ။ :mrgreen:

    • alinsett

      December 4, 2013 at 7:36 am

      ကျွန်တော်ရေးတဲ့ စာသားလေးတွေကို ကြိုက်တယ်ဆိုလို ့
      ဝမ်းသာမိပါအိ

      ကျေးဇူးပါ

  • TNA

    December 3, 2013 at 9:28 pm

    တိဒေါ့ဘာဘူးအေ။ အခုလောလောဆယ်တော့ အိမ်နားကနေမီးသတ်ကားတော့ဖြတ်သွားလေရဲ့ :mrgreen:

    • alinsett

      December 4, 2013 at 1:24 pm

      မိုးဒွင်းမှာတောင် အဲဒီမီးသတ်ကားတွေ တဝီဝီ

      အခု လို နေပူရာသီဆို
      ပို မြင်ရ ကြားရတော့မယ် ထင်ပါ့ တီသဲရေ

  • kai

    December 4, 2013 at 1:09 am

    တနေ့”နာ”ရဦးမည်..တဒုက္ခ

    • alinsett

      December 4, 2013 at 7:40 am

      လူဖြစ်ရတာ နာ တယ်လို ့ယူဆလိုက်ရတဲ့
      လူနာ

      တခြား အနာတွေကိုလည်း နာတယ်မထင်တော့ပါဘူး

      အဆုံးစွန်ထိ နာကျင်နေရပြီပဲ
      သဂျီးရယ်

      :kwi:

      • kai

        December 8, 2013 at 6:35 am

        လူပဲကွယ်…
        ကောင်းကင်တလွှား..ကြယ်ကိုစားသော်.. မလွှဲစတမ်း.. ဝါးမြဲတမ်းတဲ့..။

        စားပလိုက်.. အဲ..
        နာတာတွေ.. ပြင်ပလိုက်…။ :kwi:

        • alinsett

          December 8, 2013 at 1:19 pm

          အားပေးစကားလေးအတွက်
          ကျေးဇူးပါ သဂျီး

          🙂

  • KZ

    December 4, 2013 at 8:29 am

    ဟွန့်။
    လူနာဆိုလို့ ဆြာဝန်ပင့်လာပေးမို့ဟာကို။
    လူဇိုးးးး

    ကဗျာက ပြင်းထန်လှချည်လားးး

    😀

    • alinsett

      December 4, 2013 at 1:40 pm

      အဟဲ
      စိတ်နာနာနဲ့ရေးလိုက်တဲ့
      ကဗျာနာ

      လူနာ တစ်ယောက်ရေးတာပေါ့

      🙂

  • ဦးကြောင်ကြီး

    December 4, 2013 at 10:38 am

    လူနာထဲမှာ နာနာ့ကို အကြိုက်ဆုံးဗဲ.. အကိတ်ကြီးကွ အကိတ်ကြီး ဇွိဂနဲ ကိုက်ပစ်လိုက်ရ… ခွီး…

    • alinsett

      December 4, 2013 at 1:42 pm

      :kwi:

      နိုင်ငံရေးက ပါလာပြန်ပြီ
      ဒီအုကျောင်တော့

      🙂

  • မဟာရာဇာ အံစာတုံး

    December 4, 2013 at 10:58 am

    ဒီအတောင် အတော်ဝေးသေးတာပဲ
    ဒုလ္လဘ တရား မသင်ဖူးဘူး ထင်ဒယ်
    စိတ်က နာတဲ့ဘက်ကြီးပဲ တွေးတတ်တော့ လူနာ ဖြစ်တော့မပေါ့
    တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါး တွေးကြည့်ပါလား
    လူပေါ့ပါး ဖြစ်သွားလိမ့်မယ် ….

    • alinsett

      December 4, 2013 at 1:41 pm

      နီ ့လို
      နပေါ ဖြစ်သွားမှာ စိုးဘာဒယ်

      :kwi:
      ကဗျာလာဖတ်တာ ကျေးဇူးပဲကွာ
      ဒါပဲ

  • Shwe Ei

    December 4, 2013 at 3:24 pm

    တရားနဲ့သာဖြေပါကွယ်..ဒဂယ်ဖြေတတ်ရင် ဒဂယ်အကျိုးရှိပါတယ်…ဒဂယ်ပျောတာဘာ 😛

    • alinsett

      December 4, 2013 at 5:48 pm

      တရားနဲ ့မဖြေတတ်သေးတော့
      ဒလိုပဲ
      ပေါက်ကွဲနေဆဲ

      :kwi:

  • sorrow weaver

    December 4, 2013 at 4:48 pm

    မိုက်တယ်ဗျို့

    • alinsett

      December 4, 2013 at 5:53 pm

      အဲဒိ
      မိုက်တယ်ဆိုတဲ့ စကားလုံးပေါ့
      အရင်တုန်းက
      မိုက်တယ်ဆိုတာဟာ
      မကောင်းတာ ဆိုးတာ မလိမ်မာတာ အဖြစ်မရှိတာကို
      ဆိုလိုပြေီး လူကြီးတွေ ပြောခဲ့ကြတာ

      အခု ခေတ်မှာတော့
      မိုက်တယ်ဆိုတာက
      good တယ် လန်းတယ် ဆန်းတယ် ကြိုက်တယ် ဆိုတဲ့
      ဆိုုလိုချက်နဲ ့ လူငယ်တွေ သုံးနေတာ

      အဲဒိ စကားလုံးလေး အတိတ်ကနေ အခု ဆီကို
      ကူးပြောင်းလာပုံပြောပါတယ်

      :kwwi::

  • padonmar

    December 5, 2013 at 12:11 am

    အလင်းဆက် အတွေးနဲ့လက်ရာလေးတွေ တိုးတက်လာတယ်။
    ပိုပိုကောင်းလာပါတယ်။

  • Mahar Myanmar

    December 7, 2013 at 1:55 pm

    အလင်းဆက်
    ငွေစော် မနံ တဲ့ ငွေ တွေ ..
    ပြည်သူ စော် မနံ တဲ့ ပြည်သူ တွေ
    ခရိုနီ စော် မနံ တဲ့ ခရိုနီ တွေ .. ( ဒါတော့ ရှိ မယ် မထင် )
    ..အင်း ..
    ကျုပ် တောင် ကျုပ် ..ဘာ အနံ့ ရမှန်း မသိဘူး ..။
    ကဗျာ က မမိုက်ဘူး ..လိမ္မာ တယ်..ခိ
    ကြိုက်တယ်…

  • alinsett

    December 7, 2013 at 2:12 pm

    ကဗျာကရော
    ကဗျာစော်နံရဲ့လားဟင်

    :kwi:

  • လူစော်မနံချက်ကတော့
    သူများနိုင်ငံမှာ တိုက်ခန်းတွေ၊ကားတွေနဲ့အိုကေနေလောက်မယ့်နေရာမှာ
    ကိုယ့်အောက်မှာ အောက်ဆုံးအလွှာပဲရှိတော့တဲ့ဝန်ထမ်းဘွ
    😥

    • alinsett

      December 8, 2013 at 9:14 pm

      မမနန်းရယ်…
      အဲဒါတွေ…
      တွေးလေ..စိတ်နာလေပဲ…

      😥

Leave a Reply