ကျွန်တော့် နာမည်က ပိုင်လေးလို့ ခေါ်ပါတယ်ဗျာ။ (Introduce myself)

 

အခု ကျွန်တော်ရေးမှာက ဆရာ ဦးဘုန်း(ဓာတု)[mdy] ရဲ့ Singapore လူမျိုးတွေရဲ့ စင်းင်္ဂလိပ်ဆိုတဲ့ broken English အကြောင်းပါ။ ဆရာဦးဘုန်းက စလုံးရောက်တုန်းက သူ သွားရင်းလာရင်း အဲဒီမှာ သူ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့တော့ အဲဒီမှာ အခြေကျနေတဲ့ သူ့ ဘော်ဒါနဲ့ ဆုံရင်း စကားလက်ဆုံကျဖြစ်တယ်ပေါ့ဗျာ။ ပြောရင်းနဲ့ သူ့သားသမီးတွေနဲ့ မိတ်ဆက်တဲ့ အချိန်မှာ သူ့သားသမီးတွေ အကုန်လုံး အင်္ဂလိပ်နာမည်တွေ ချည်းပဲ။ ဆရာ ဦးဘုန်းကတော့ ဝမ်းသားလို့ပေါ့။ အဲဒီမှာ သူ့ သူငယ်ချင်းကပြောတယ်။ “မင်းကသာ ဝမ်းသာနေတာ ငါကတော့ လုံးဝ စိတ်မချမ်းသာဘူးတဲ့” အဲဒီမှာ ဆရာ ဦးဘုန်းက ကြောင်သွားတယ်။ “ဘာကြောင့်လဲ”ပေါ့။ “ဒီလိုကွ ငါက ငါ့သားငါ့သမီးတွေကို ခေတ်မှီအောင် ပညာတွေတတ်အောင်သင်ပေးခဲ့တယ်ဆိုပေမယ့် သူတို့ကိုယ်သူတို့ မြန်မာဆိုတာ မေ့နေကြပြီလေ။ ပြီးတော့ အစားအသောက်တွေကအစ အနုပညာ ခံစားတတ်တာတွေအဆုံး မြန်မာအငွေ့အသက်တွေ ပျောက်ဆုံးနေလို့ ငါဝမ်းနည်းမိတယ် သူငယ်ချင်းရာ” သူ့သူငယ်ချင်းက ငိုသံပါဖြင့်ပြောသည်။

 

ဘာရယ်မှ မဟုတ်ပါဘူးဗျာ။ ဦးဘုန်း(ဓာတု) ရဲ့ “ငှက်တစ်ကောင် ရဲ့ အတွေးရနံ့” စာအုပ်ထဲက အကြောင်းအရာကို ရွာသူရွာသားများအားလုံးသိအောင် ပြောပြခြင်းဖြစ်ပါတယ်ဗျာ။ ဒီရွာထဲမှာလည်း ဆရာဦးဘုန်း(ဓာတု) ရဲ့ ပရိတ်သတ်တွေလည်း ရှိမယ်ထင်ပါတယ်။ အခုလို IT ခေတ်မှာ ကျွန်တော်တို့ လူငယ်တွေက စာရှည်ရှည် ဖတ်ရတာ ငြီးငွေ့စရာလို့ပဲ ထင်မှတ်နေကြတယ်ဗျ။ အဲဒီလိုဖတ်ရတာ ဆရာဦးဘုန်းက အဲဒါကို ကြိုမြင်သွားတာလား သူချရေးပြတဲ့ အတွေးခေါ်တွေကပဲ လူငယ်တွေ အကြိုက်တွေ့စရာ ဖြစ်သွားလို့လားတော့မပြောတတ်ဘူးဗျ။ ကျွန်တော်ကိုယ်တိုင်ကတော့ ဖတ်ရင်းနဲ့ တွေးလိုက် တွေးရင်း ပြန်ဖတ်လိုက်နဲ့ တော်တော် အရသာရှိတယ်ဗျ။ :-D :-D

 

အခု ကျွန်တော်ပြောမယ့် ဆိုလိုရင်း အကြောင်းအရာက ဒီလိုပါ။ ဒီနေ့ ကျွန်တော့် ဘော်ဒါဆီ လည်လည်သွားရင်း အင်တာနက် သုံးဖြစ်တော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အသိ ညီငယ် တစ်ယောက်က ဒီလိုမေးတယ်ဗျ။ “ အကို Myan-glish ကို ဘယ်လိုရိုက်ရတာလဲဟင်” ။ အဲဒီမှာ စတွေ့တာပဲဗျာ။ ကျွန်တော်လည်း ပြောလိုက်ပါတယ်။ “ မင်းကွာ Myan-glish ကတော့ အလယ်တန်းကျောင်းသားတောင် ရိုက်တတ်နေလောက်ပြီ(တကယ်တော့ သူလည်း တက္ကသိုလ် တောင် တက်နေပြီ)။ ” ကျွန်တော်လည်း ရယ်ပြီးပြောလိုက်တယ်။ သူလည်း ရှက်ရှက်နဲ့ ပြန်ဆက်သုံးနေလိုက်တယ်။ ကျွန်တော်သာ Myan-glish Translator လုပ်စားရင်တော့ ခရိုနီ ဗိုလ်တေဇနဲ့ နင်လား ငါလား ဖြစ်သွားလောက်တယ် အဟီးးးးးးးးးးးးးးးးးးးးး။ တကယ်တော့ဗျာ Speaking တွေ Computer Training Center တွေ နှစ်ပေါက်လောက်အောင် တက်ပြီးကာမှ တစ်ချို့ ဝန်ထမ်းဘဝ လုပ်သက်ရလာတဲ့ အချိန်အထိကို Myan-glish တွေက သုံးကြတုန်းပဲဗျ။ လူငယ်အချင်းချင်း ဆရာလုပ်တယ်ဆိုပြီး Myan-glish သမားတွေတော့ အနော့ အိမ်ရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီး ရစ်သီရစ်သီ လာလုပ်နေရင် ဒုက္ခ (အထူးသဖြင့် ကောင်မလေးများ)  :-D   ။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက မညံ့ကြပါဘူး။ ခေါက်ရိုးကျိုး မှိုတက်နေတဲ့ အကျင့်ဆိုးတွေကသာ ကမ္ဘာနဲ့ ရင်ဘောင်တန်းဖို့အတွက် နှောင့်နှေးနေတာပါ။ တော်သေးဘီ ။ ခရက်ဒစ်တူ- အဘဖော :-D

 

အားလုံးကိုလေးစားတဲ့

Paing Lay :mrgreen: :mrgreen:

About Paing Lay

Paing Lay has written 20 post in this Website..

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စီပွားရှာနေရသော်လည်း ရင်ထဲက အနုပညာ ပိုးမသေသောသူ။ တစ်နည်းပြောရလျှင် အနုပညာ လောကတွင် ကျင်လည် လိုသူ။