ဟို အရင်က အိမ်လေးမှာ…..

ဇီဇီDecember 4, 20136min51035
အိမ်
အိမ်

 

 

 

 

ဟို အရင်က အိမ်လေးမှာ…..

ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

ဥဩသံနဲ့ နိုး ရတဲ့ နွေ မနက်ခင်းတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

စံပယ်တွေပွင့်တဲ့ မိုးနေ့တွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

တိုးတိုးဝှေ့ဝှေ့အိပ်ခဲ့ရတဲ့ ဆောင်းညတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

တစ်ယောက်နဲ့ တစ်ယောက် မပျက်ကွက်တဲ့ နားလည်မှုတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

၁၂ ရာသီ မပြတ်လပ်တဲ့  ရီမောသံတွေ ရှိခဲ့တယ်။

 

ဟို အရင်က အိမ်လေးမှာ…..

ငွေ အဓိက မထားတဲ့ ပျော်ရွှင်မှုတွေ ရှိခဲ့တယ်။

 

 

အရင်က အိမ်လေး ၁ လုံးထဲမှာ လိုအပ်တာမှန်သမျှ အကုန်ရခဲ့တယ်…..

အခု ရှိတဲ့ အိမ်တွေအားလုံး နဲ့ လဲလို့ ရရင် အလိုက်ပေးလဲ ချင်ရဲ့…..

35 comments

  • ဦးကျောက်ခဲ

    December 4, 2013 at 9:48 am

    ဟို အရင်က အိမ်လေးအကြောင်းပြောတော့…
    ဟောသည်က အထီးကျန် ကျောက်စ် မျက်ရည်တောင် ကျရမလို…
    အဲတာပေါ့ “ပျော်ရာမှာမနေ တော်ရာမှာနေ” ဆိုတာ…
    😀

    • KZ

      December 4, 2013 at 9:52 am

      ရေးနေရင်းနဲ့ကို ငိုမိသေးးး
      အောင်မလေးလေးးးး
      ခုတလောတော့ ဒရမ်မာ ကွင်း ဖစ်နေတာပါ ကျောက်(စ) ရယ်

      😥

  • sorrow weaver

    December 4, 2013 at 9:51 am

    ဟင့် ..အိမ်ကိုတောင်ပြန်လွမ်းသွားပြီ…ခုတော့ ကချင်လူဆိုးမကြီးလက်ထဲမှာ ဘဝတွေပျက်လို့ ….မွေးရပ်လဲမပြန်နိုင် အဟင့်ဟင့်

    • KZ

      December 4, 2013 at 9:53 am

      ဥကွဲ သိုက်ပျက် ကချင်လေးဖစ်နေပြီကိုးးးး

      :hint:

      • TNA

        December 4, 2013 at 10:50 am

        အော် ဆြာဆောရိုးရဲ့ ဥ ကွဲသွားပလား ( ဒေါင်းဥ ပြောဘာဒယ် )

  • Wow

    December 4, 2013 at 10:00 am

    လွမ်းစရာမရှိခဲ့တဲ့ အဖြစ်ကို လွမ်းလိုက်တာ… 😥

    • KZ

      December 4, 2013 at 10:07 am

      လွမ်းစရာမရှိပဲ လွမ်းတတ်တဲ့ ဝါးကိုလည်း လွမ်းလိုက်တာနော်၊.
      😥

  • kyeemite

    December 4, 2013 at 10:51 am

    “ဟို အရင်က အိမ်လေး” ကတော့ လူတိုင်းကိုယ်စီရှိခဲ့ကြမှာပါ
    သာယာချမ်းမြေ့မှု ရှိခဲ့တာ မရှိခဲ့တာပဲကွာမယ်ထင်ရဲ့….
    ကျုပ်လည်းပဲ “ဟို အရင်က အိမ်လေး” မှာ ဆင်းရဲပေမဲ့ မရှိအတူ၊ ရှိအမျှနဲ့
    ပျော်ရွှင်ချမ်းမြေ့နေခဲ့ဖူးပါရဲ့….
    လွမ်းမိသေးပါဘိတော့ 😥

    • KZ

      December 4, 2013 at 10:57 am

      ဟုတ်တယ်။
      လူတိုင်းမှာ ဟို အရင် က အိမ်လေး ၁ လုံးစီရှိခဲ့ဖူးတယ်။

      😥

  • TNA

    December 4, 2013 at 10:54 am

    သများလဲဘာလွမ်းရမှန်းမသိလို့ ကူလွမ်းသွားပါတယ် 😥 :byee: 😥 :byee: 😥 :byee:

    • KZ

      December 4, 2013 at 10:58 am

      ယောက်ခမွ ကူငိုတာမြင်မှ ပိုငိုချင်သွားပြန်ပြီ။
      ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      :byee:

      :byee:

  • မဟာရာဇာ အံစာတုံး

    December 4, 2013 at 10:56 am

    အိမ်းးး
    ဒီလို ဒဂါမဂျီးးးရဲ့ ..
    ဖြစ်ပျက် ဆိုတာ ဒါဘဲကွဲ့
    ယောက်ျား မရဒေါ့မယ့်အတူတူ ဒါကို ကျပ်ကျပ်ရှုဘာ ဒဂါမဂျီးရယ် …

    • KZ

      December 4, 2013 at 10:59 am

      ဟမ်??
      နာ့ ကို နမိတ်လာဖတ်နေပြန်ပြီ။
      ကျား မ ရ
      မ ယူ မှာ။

      😥 :byee:

  • ဦးကြောင်ကြီး

    December 4, 2013 at 10:58 am

    ဟိုရင်အိမ်
    ပျိုခင်ဇိမ်
    ထိုစဉ်ချိန်
    ကိုယ်အင်ရှိန်
    မှိုပင်လိမ်
    ကြိုတင်ငြိမ်
    ဖိုဝင်စိမ်
    ယိုရွှင်တိမ်..။

  • Nay Chi

    December 4, 2013 at 11:02 am

    ဖတ်ရင်းငိုချင်လာတယ်…။ ငိုချင်နေရက်ကတောင် စပ်စပ်စုစုတွေးမိလိုက်သေးတယ်..။ ခုအိမ်လေးမှာရော ဘာရှိလဲလို့…။ နောက်တစ်ပုဒ်ဗျို့………။ (y)

    • KZ

      December 4, 2013 at 11:08 am

      ဒါရေးရင်း နေခြည်ပြောထားဖူးတာ သတိရလိုက်သေးတယ်။
      ဘာလို့ မိသားစုဝင်တွေ တကွဲစီဖြစ်နေလည်း ဆိုတာလေ။

      ခု အိမ်က တော့ အင်းးးး
      ဆပ်ပြာပူပေါင်းတွေရှိတယ်။
      ဟိဟိ!!

      😀

  • Myo Thant

    December 4, 2013 at 11:07 am

    ဟိုအရင်က အိမ် ဆိုရင်
    ဟို မိန်းမဂျီး ပါလာဦးမယ် ၊
    ဖြစ်ဘူး
    အခု အိမ်ပဲကြိုက်တယ် ၊ 🙂

    • KZ

      December 4, 2013 at 11:12 am

      ဟွန့်။
      အမေနဲ့နေရတုန်းက အိမ်ကို လွမ်းးး
      မရဘူးးးး
      ရအောင်လွမ်းသွားပါ ကိုမျိုးသန့်ကြီး

      :hint:

      • Myo Thant

        December 4, 2013 at 11:23 am

        ဗန်းမော် ဂျူဗလီလမ်းက အိမ်ကလေးကို လွမ်းသဗျာ ၊
        အမေ ဆရာမကြီးက ကျောင်းသွား
        ကျနော်က အိမ်ရှေ့ စိုက်ခင်းထဲမှာ ဆော့
        ဪ အတိတ်ဆိုတာ အရိပ်လို ပါပေမယ့်
        လက်တွေ့မှာ ပြန်မရနိူင်တော့ပါ ၊

        အပျိုသိုးကြီးရေ ရအောင် လွမ်းလိုက်ပါပြီနော် 🙂

        • KZ

          December 4, 2013 at 11:34 am

          ဂလိုမှပေါ့လို့။

          😀

  • Nyo Win

    December 4, 2013 at 11:47 am

    ဟို အရင်က အိမ်လေးမှာ…..

    ဖေဖေကိုင်တဲ့ ခဲတံလေး ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    အမေချက်ကျွေးတဲ့ ပဲပြုတ်မပါတဲ့ထမင်းကြော်အေးအေးလေးတွေ ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    အမကြီး ဖီးတဲ့ ဘီးလေး ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    ကြမ်းပိုး လေးတွေ အများကြီးရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    တစ်နေ ့နှစ်ကြိမ်မှန်တဲ့ နာရီစုတ် တစ်လုံးရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    ဆူညံဝေစည်နေတဲ့ ရန်ဖြစ်သံတွေ ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    မိသားစု ညနေအတင်းဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    အဆဲသံနဲ့ နိုး ရတဲ့ နွေ မနက်ခင်းတွေ ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    အပယ်ခံတွေလွင့်တဲ့ မိုးနေ့တွေ ရှိခဲ့တယ်။

    ဟို အရင်က အိမ်လေးမှာ…..

    စောင်မရှိပဲ အိပ်ခဲ့ရတဲ့ ဆောင်းညတွေ ရှိခဲ့တယ်။

    ဟီး..မဆက်တတ်တော့ဝူး….နောက်တာနော် စိတ်ရှိုးနဲ ့…..

    • KZ

      December 4, 2013 at 11:52 am

      ဟေးဟေးဟေးးးး
      ဒီလူဂျီးက ဒီလိုလည်း နောက်တတ်သလားးးး
      ဆက်ရေးပါအေ။
      ဒါတွေလည်းရှိပါတယ်။
      အမှန်က လွမ်းရတာဆိုတော့ ကောင်းတာလေးတွေ ရွေးလွမ်းတာပေါ့။
      😀

    • ဦးကျောက်ခဲ

      December 4, 2013 at 12:12 pm

      ကိုရင်ညိုလည်း အခုမှ ပြန်ပေါ်လာတော့တယ်…
      ကျောက်စ်က ကေတီဗွီတွေဝင်ဖမ်းတယ်ဆိုလို့…
      လူပျိုဂျီးအတွက် စိတ်ပူနေတာဗျ… ဟီး ဟီး
      ….နောက်တာနော် စိတ်ရှိုးနဲ ့…..
      😀

      • Nyo Win

        December 4, 2013 at 12:18 pm

        ဟီးဟီး…ရှိုးဘူးရှိုးဘူး…
        ဖမ်းတာက..မာဆတ်ဂျ…

  • Mr. MarGa

    December 4, 2013 at 6:58 pm

    ဟို အရင်က…အိမ်လေးမှာ…..
    ချာတာတာ ကလေးတစ်ကောင် အူကြောင်ကြောင် ဖြစ်ခဲ့ဖူးတယ်
    ဟို အရင်က…အိမ်လေးမှာ…..
    ဘာရယ်ညာရယ် မဟုတ်ပဲ ဝဲလည်ခတ်လို့ ကစားခဲ့ဖူးသေးသပေါ့
    ဟို အရင်က…အိမ်လေးမှာ…..
    ကစားဖော်တွေနဲ့ ပြန်ပြီး ပြေးဆော့ချင်မိတယ်
    ဟို အရင်က…အိမ်လေးမှာ…..
    အတူဆော့ခဲ့ဖူးတဲ့ ကစားဖော် သူငယ်ချင်းလေးရေ….
    အခုမှ ဘာကြောင့် စိမ်းသွားရသလဲကွာ….
    ခင်မင်မှုကို အရောင်ပြောင်း….ဇာတ်ကွက် အသစ် ပြောင်းဖို့ ကြံကာမှ
    မင်းလေးက ဘာကြောင့် ပြေးထွက်သွားရသလဲ…..
    လွမ်းတယ်……
    လွမ်းတယ်……
    လွမ်းတယ်……
    😥 😥 😥 :byee:

    • KZ

      December 5, 2013 at 10:12 am

      ဟို ချာတာတာ ကြောင်တောင်တောင် ကောင်လေးနဲ့ မဆော့ချင်တော့လို့ နေမှာ၊.ဟိဟိ

      😀

  • padonmar

    December 5, 2013 at 12:31 am

    ဟိုအရင်ကအိမ်လေးမှာ မောင်နှမတွေ အများကြီး ရှိခဲ့တယ်။
    ဟိုအရင်ကအိမ်လေးမှာ မုန့်မျိုးစုံလည်း လုပ်စားရင်း ပျော်ခဲ့ဖူးတယ်။
    ဟိုအရင်ကအိမ်လေးမှာ နွေညဆို တမာပန်းနံ့ သင်းနေတဲ့ မြေတလင်းပေါ် အိမ်နီးချင်းတွေနဲ့ ထုပ်ဆီးတိုးတန်း ကစားခဲ့ဖူးတယ်။
    ဟိုအရင်ကအိမ်လေးမှာ စက်ဘီးနဲ့ သွားလည်လို့ ရတဲ့ အမျိုးအိမ်တွေ ရှိခဲ့တယ်။
    ဟိုအရင်ကအိမ်လေးမှာ စာအုပ်အစုံ ငှားဖတ်လို့ရတဲ့ စာအုပ်ဆိုင်လေး အနားမှာ ရှိခဲ့တယ်။
    ဟိုအရင်ကအိမ်လေးမှာ အပတ်တိုင်း ရုပ်ရှင်ကားသစ်တွေ ပြတဲ့ ရုပ်ရှင်ရုံလေးလည်း နီးခဲ့တယ်။

    ဟိုအရင်ကအိမ်လေးမှာ ညညဆို ဂစ်တာဝိုင်းလေး အိမ်ရှေ့မှာ ရှိခဲ့တယ်။

    • KZ

      December 5, 2013 at 10:13 am

      အာတီဒုံ ရဲ့ “ဟို အရင် က အိမ်လေး” ကလည်း ပျော်စရာကောင်းမှာပဲ။
      🙂

  • ခင် ခ

    December 5, 2013 at 12:44 pm

    ဟိုးအရင်က အိမ်ကြီးတစ်ခုမှာ နေခဲ့ဘူးတယ်။
    ဟိုအရင်က အိမ်လေးတစ်ခုမှာ နေခဲ့ဘူးတယ်။
    အရင်က အိမ်တစ်ခုမှာ နေခဲ့ဘူးတယ်။
    မကြာသေးမှီက အိမ်လေးတစ်ခုမှာ နေခဲ့ဘူးတယ်။
    အခုတော့ အိမ်တစ်ခုမှာ နေစဲပါ။
    ဪ နေရတဲ့အိမ်တွေ နေရာတွေ ပြောင်းခဲ့သလိုဘဲ အဲဒီအိမ်တွေမှာနေတဲ့
    ခင်ခ တစ်ယောက်လည်း ပြောင်းခဲ့ပါတယ် ဇရာရယ်။

    • KZ

      December 5, 2013 at 1:09 pm

      ဟယ်။
      အိမ်တွေ အများကြီးပဲ။
      ဘယ်အိမ်လွမ်းရမတုန်း??
      :mrgreen:

  • alinsett

    December 5, 2013 at 1:20 pm

    ကျနော့်မှာလည်းဟိုအရင်က အိမ်ကလေး ရှိဖူး
    လွမ်းဖူး
    ပြန်လိုချင်ဖူးတယ်

    အခုနဲ့မတူတဲ့အိမ်လေးဆီ
    ပြန်သွားဖို့ရာက
    မလွယ်

    မလွယ်တော့ပါဘူးလေ

    🙁

  • Shwe Ei

    December 5, 2013 at 4:22 pm

    ကိုယ်သဘောကျတဲ့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အိမ်လေးတလုံး ကိုယ်တိုင်ဖန်တီးခွင့်ရှိနေသေးရင် အချိန်မဆွဲနဲ့ ဆွိရေ….အခုဘဲစလိုက်တော့ 🙂

    • KZ

      December 5, 2013 at 4:45 pm

      အာ့ဆို ဟင်းချက်နေရမှာပေါ့လို့။
      :hint:

  • Mahar Myanmar

    December 7, 2013 at 2:09 pm

    ငါ.. အိပ်မက်ထဲ ထိ လွမ်းဆဲ
    ဘယ်တော့မှ မရောက်နိုင်ခဲ့..
    အဖြူရောင်ခြယ် တဲ့ နှလုံးသား များ
    ဘယ်မှာ ရှာလို့ တွေ့လိမ့်မလဲ ..
    ပင်လယ်ကြီး ရဲ့ ဟိုး တစ်ဘက်ကမ်း
    ငါ .. လှမ်းရင်း မှန်းမျှော် ဆဲ..
    ဒီ ရင်ကို ချည်သော ကြိုးတင်း ခဲ့
    ငါ အိမ်ပြန် ရန် မဖြစ်နိုင်သူ..
    ကြေကွဲခြင်း နဲ့ ငိုရှိုက် တဲ့ ညတွေ
    ဘယ်သူ သိနိုင်မလဲ..
    ကြည်လင် ဖြူစင်နေသော ကောင်းကင် မှာ
    ကြယ်ရော်လင်းလက်တောက်ပဆဲ..
    အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ
    သယ်ဆောင်ရာ ခရီးဆက်ဆဲ
    အိပ် မပျော်တဲ့ ညတိုင်း အတွေးများလည်း
    အိမ်ပြန် ချင်တဲ့ အလွမ်း တွေ …ပဲ

Leave a Reply