လ လာ လား

ကြေးမုံဂျီးအမျိုး ကူမြူနစ်တရုတ်ပြည်၏ ပထမဆုံး စူးစမ်းရေးယဉ်အား အာကာသထဲသို့ လွှတ်တင်လိုက်ရာ ဗျည်းအက္ခရာ “လ” အားလာရောက် လေ့လာမည်ထင်၍ ဧည့်ခံကြိုဆိုရန် ဗျူတီပါလာသွား အလှပြင်ထားသော မြန်တျန့်သတ်ပုံကော်မတီဝင် ဂေဇက်အမ်တီမမ ပိုက်ဆံ အလဟဿ ကုန်သွားဂျောင်း မာမီခင်စန်းဝင်းတပည့် ဂျော်လ်ကီအောင်ပု ထံမှသိရသည်။

အော်မီတော်ဖော

အိမ်ဖြုတော်၌ ကျင်းပသော ကျေးဇူးတော်နေ့ အခမ်းနားတွင် အမေရိကန်သမတ အိုဘားမားက ဟင်းချက်ရန် လျာထားသော ကြက်ဆင်နှစ်ကောင်အား လွှတ်ပေးလိုက်သည့်အတွက် လာမည့် နှစ်ကူးပွဲတော်တွင် ကိုဘေး နွားဆယ်ကောင်သတ်ရန် အာရပ်ဓါးကောက် သွေးနေသော မြန်တျန့်ဂေဇက်သဂျီး မာမွတ်ခိုမ် အမြင်မှန်ရကာ တရုတ်ဘုံကျောင်းတွင် သက်သတ်လွတ် အော်ဒါပြောင်းမှာလိုက်သည်။

အလယ်တလုံးပဲလွဲ

ရုပ်ရှင်အစည်းအရုံး ငှက္ကထ ဦးလူမင်းမှ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော သထိန်းဂျီးမောင်ဝိတ် မူးယစ်ဆေးဝါး အရှုပ်တော်ပုံ ရဲစစ်ချက်တခုတွင် ၎င်းအမည် ပါဝင်နေဂျင်းအား ငြင်းဆိုလိုက်သဖြင့် အချောင် နာမည်ကြီးလိုသူ ဦးကြောင်မင်းက ၎င်းနှင့်လူစားထိုးရန် အကြံပြုထားသည်။

စုံထောက်ကြီး

အမေရိကန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် နှစ်ယောက်စီး အပေါ့စား ရဟတ်ယဉ် စက်ရုံသည် သမဒဂျီး၏ ရန်ကုန်မြို့တွင်း ယဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး ပထမခြေလှမ်းဟု ဂုံယူနေသူ ကြံ့ဖွတ်ပါတီ သာပေါင်းမြို့နယ် လွှတ်တော်အမတ် မောင်ထုံအား စုံထောက်ဟု ချီးမွမ်းထောပနာ ပြုလျက်ရှိသည်။

စလုံးနဲ့ဆလိမ်မကွဲ

ညောင်နှစ်ပင် အခြေခွင်အုပဒေအား စံဖြင့်မတိုင်းသင့်ဂျောင်း စစ်တဗိုင်း အစိုးမရနှင့် နီးစပ်သူ မြန်တျန့်နိုင်ငံရေး သုတေသီ စာရေးဆရာ ဦးကျော်ဝင်း RFA သတင်းဌာနအား ပြောကြားအပြီးတွင် ဆန်ဈေးနှုန်းများ ဒလဟော ကျဆင်းသွား၍ စာလုံးပေါင်းသတ်ပုံ သေချာဂရုစိုက်ဖတ်ရန် မြန်ကျန့်ဆန်ကုန်သည်ကြီးများအသင်း အုတ်ကထ အမ်တီမမမှ အမြတ်ကြီးစား အသင်းသားများအား တောင်းဆိုလိုက်သည်။

ဖင်ပြောင်တကိုယ်တည်း

သမဒဂျီး ဦးသိန်းစိန်က ဘွားဒေါ်ဂျီး တွေ့ဆုံရန် တောင်းဆိုထားသော လေးဦးထဲသာမက အခြားသူများနှင့်ပါ တွေ့မည်ဖြစ်၍ အချိန်ဆိုင်းထားဂျင်းဖြစ်ကြောင်း ကြေငြာလိုက်သဖြင့် မြန်တျန့်ပန်းသေးခေါင်းဆောင် ရာကွတ် မာမွတ်ခိုမ် ပြည်တော်ပြန်သွားရာ တာလီဘန်မူလာ ဆလိုင်းဖင်ပြောင် တယောက်ထဲ ကိုယ်တွင်လွယ်ထားသော အသေခံဗုံးခါးပတ် ပတ်လျက် ပိုက်ဘောမိ ကျန်ခဲ့ဂျောင်း သောကြာနေ့ ဝတ်ပြုပွဲတခုတွင် မော်လဝီအေ့ဝဒီဂျီးမှ တိုးတိုးတိတ်တိတ် ကြေငြာသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး