ဓမ္မဒူတ ဒီဇင်ဘာယဉ်ကျေးလိမ္မာကလေးတရားစခန်းဖွင့်မည်

ဦးကောက်December 4, 20131min1516

 ယဉ်ကျေးလိမ္မာ ကလေးတရားစခန်းဖွင့်မည်

374416_359032237546277_1198532030_n

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ

ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၌ ကျောင်းသား၊ ကျောင်းသူများအတွက်

ယဉ်ကျေးလိမ္မာ တရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ

Grade 10 ( ၉ တန်း ) များအတွက် ၂၁ -၁၂ -၂၀၁၃ ရက်မှ ၂၃ – ၁၂ -၂၀၁၃ ရက်အထိ ၊

တက္ကသိုလ်ကျောင်းသား များအတွက် ၂၄ – ၁၂ -၂၀၁၃ ရက်မှ ၂၆ -၁၂ -၂၀၁၃ ရက်အထိ ၊

Grade 8/9 ( ၇/၈ တန်း ) များအတွက် ၂ရ – ၁၂ – ၂၀၁၃ ရက်မှ ၂၉ – ၁၂ – ၂၀၁၃ ရက်အထိ ၊

Grade 6/7 ( ၅/၆ တန်း ) များအတွက် ၃ဝ – ၁၂ – ၂၀၁၃ ရက်မှ ၁ – ၁ -၂၀၁၄ ရက်အထိ

Grade 4/5 ( ၃/၄ တန်း ) များအတွက် ၂ – ၁ – ၂၀၁၄ ရက်မှ ၄ – ၁ -၂၀၁၄ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။

တရားစခန်းဝင်ရောက်ရန်အတွက်ဖော်ပြပါ e-mail လိပ်စာများသို့ အမည် ၊ မိဘအမည် ၊ ပညာအရည်အချင်း ကျောင်း ၊ နေရပ်လိပ်စာတို့ကို

အင်္ဂလိပ်လိုရေးသားပြီး ဒီဇင်ဘာ ၄ ရက် မှ ၈ ရက် အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

Grade 10 ( ၉ တန်း ) များအတွက် dmdt092013@gmail.com

တက္ကသိုလ်ကျောင်းသားများအတွက် dmdtuni2013@gmail.com

Grade 8/9 ( ရ / ၈ ) တန်းများအတွက် dmdt782013@gmail.com

Grade 6/7 ( ၅ / ၆ ) တန်းများအတွက် dmdt562013@gmail.com

Grade 4/5 ( ၃ / ၄ ) တန်းများအတွက် dmdt342013@gmail.com သို့

စာရင်းသွင်းသူများသည် ၁ လက်မဓါတ်ပုံ ၂ ပုံ ၊ ကျောင်းသားကတ် ( သို့ ) မှတ်ပုံတင်မိတ္တူ နှင့် တကွ

replymail ကို print ထုတ်၍ သင်တန်းသို့ မိမိတက်ရောက်ရမည့်နေ့ မွန်းလွဲ ၂ နာရီ အရောက် လာကြရမည်ဖြစ်ပါသည်။

မိမိစာရင်းသွင်းသော e-mail လိပ်စာများသို့ ဒီဇင်ဘာလ ၁၆ ရက် မှ ၁၈ ရက်အတွင်း အကြောင်းပြန်ပါမည်။

အချက်အလက်မပြည့်စုံ၊မမှန်သူများကို စာရင်းလက်ခံမည်မဟုတ်ပါ။

6 comments

  • Phoe Thitsar

    December 4, 2013 at 10:09 pm

    ဒီသတင်းလေးကြားရတာ အရမ်းဝမ်းသာတယ်ဗျာ..
    အိမ်မှ မျောက်မူးလဲလောက်အောင် ကဲကြသောတူ၊တူမများ ဒီဇင်ဘာပိတ်ရက်မှာ ထိန်းမနိုင်သိမ်းမရကဲကြမှာ ကိုကြောက်နေတာ အခုတော့ အဆင်ပြေသွားပြီ..
    တရားစခန်းဝင်ရန် တိုက်တွန်းပေးလိုက်မယ်…ဟီဟိ…
    ဒီပိုစ့်လေး တင်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျာ…

  • KZ

    December 5, 2013 at 10:29 am

    ဟယ်။
    တဂျီး လာတော့ မယ်။ ခဏနေ။
    :mrgreen:

    ဟိ။
    အဲလို နဲ့ နောက်မျိုးဆက်တွေ အားလုံး ယဉ်ကျေးလိမ်မာသွားရင် ကောင်းမှာပဲ။

    ခု လူဂျီးတွေ တွက်ရော သင်တန်းရှိဘူးလားးးး
    ကိုယ်အမြင်နဲ့ မတိုက်ဆိုင်တိုင်း ဆဲဆိုနေတဲ့ လူဂျီးတွေလေ။ :mrgreenn:
    အနော်ကိုယ်တိုင်ရှေ့ဆုံးက သင်တန်းတက်ရမှာ :mrgreenn:

  • ကြောင်ဝတုတ်

    December 5, 2013 at 3:11 pm

    မလိမ္မာသူများအတွက် အခုလိုတကူးတကသင်တန်းဖွင့်ပေးသူများကို ကျေးဇူးတင်ရမည်သာ…
    ကျွန်ုပ်တို့ကဲ့သို့ လိမ္မာပြီးသူများ အဘယ်သို့သွားအံ့စဉ်းစားနေရပါသည်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Phoe Thitsar

    December 5, 2013 at 9:43 pm

    မပူပါနဲ့ဗျာ…
    ဦးမာဃက welcome ပါတဲ့….
    ကျနော်တောင် နတ်သမီး တစ်ထောင်ကြိုမှာထားပြီးပြီ…
    နောင်နှစ်တစ်ရာကြာရင်လာခဲ့မယ်လို့… အဆင့်သင့်ပြင်ထားပါလို့..

  • alinsett

    December 7, 2013 at 5:29 pm

    သိပ်ကောင်းတာပေါ့ဗျာာ

    အရာထင်ဖို့ပဲ လိုတော့တယ်

Leave a Reply