=============================

ဒီနှစ် (၂၀၁၄) ခုနှစ်ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိ ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ဒီခရီးစဉ်ကတော့ မင်းကွန်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးနဲ့ ပြင်ဦးလွင် ပါပဲ။

ဖေဖော်ဝါရီ ၁၂ ရက် ညမှာ ရန်ကုန်ကနေ စတင် ထွက်ခွာခဲ့ပြီး မင်းကွန်း မြသိန်းတန် စေတီရှေ့ကို မနက် မခင်း တခင်း အချိန်မှာ ရောက်ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ဘုရားတက်ဖူးတာ ဘာညာနဲ့ မိုးလင်းခဲ့ပါတယ်။

မြသိန်းတန် အ၀င်မုခ်ဦး

မြသိန်းတန် အ၀င်မုခ်ဦး

မြသိန်းတန် စေတီတော်

မြသိန်းတန် စေတီတော်

အဲ့ဒီမှာ ဈေးရောင်းတဲ့ မိန်းမကြီးတစ်ယောက် ပြောတာကတော့ မြသိန်းတန် စေတီက အတွန့်အတွန့်တွေဟာ သီတာ ခုနစ်တန် ကို ကိုယ်စားပြုတာပါတဲ့။

ဒါဆိုရင် သီတာ ခုနစ်တန်ရဲ့ အလယ်က မြင့်မိုရ်တောင် နေရာမှာ ဘုရားတည်ထားတယ် ဆိုတဲ့ သဘောကို သက်ရောက်သွားလေမလားပါပဲ။

မြသိန်းတန် ဘုရားကနေ ဆင်းလာတော့ ရောင်နီတွေ သန်းလို့လာပါပြီ။ အရာရာကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ခွင့် ရလို့လာပါသည်။

ဘုရားအ၀င် မုခ်ဦးကနေ လှမ်းမျှော်ကာ ကြည့်လိုက်မိတော့ ခြင်္သေ့ကြီး နှစ်ကောင်ကို တွေ့ရသည်။ အနောက်မှာလည်းပဲ မြစ်ကြီးနဲ့ ရှုချင်စဖွယ်ပါပဲ။

ဒါနဲ့ပဲ အဲ့ဒီနေရာကို လှမ်းလို့ သွားခဲ့ပါသေးသည်။

မြသိန်းတန် ဘုရားတည့်တည့်က ခြင်္သေ့ကြီး နှစ်ကောင်

မြသိန်းတန် ဘုရားတည့်တည့်က ခြင်္သေ့ကြီး နှစ်ကောင်

ခြင်္သေ့ကြီး နှစ်ကောင်ရှေ့က မြစ်တစ်စင်း

ခြင်္သေ့ကြီး နှစ်ကောင်ရှေ့က မြစ်တစ်စင်း

ခြင်္သေ့ကြီး ၂ ကောင်အနား လက်ပံပင်ကြီးပေါ်ကနေ ဆင်းသက်လာတဲ့ လက်ပံပွင့်

ခြင်္သေ့ကြီး ၂ ကောင်အနား လက်ပံပင်ကြီးပေါ်ကနေ မြေပြင်ပေါ် ဆင်းသက်နားလာတဲ့ လက်ပံပွင့်

မြသိန်းတန် ဘုရားကနေ မြစ်နံဘေးနားကို သွား၊ ပြီးတော့ နေအထွက် ကွက်တိ ဓာတ်ပုံရိုက်ခဲ့ပြီးတဲ့နောက်မှာတော့ မင်းကွန်း ခေါင်းလောင်းကြီးဆီသို့ ခြေလှမ်း လှည့်လို့ လာခဲ့ပါတယ်။

မင်းကွန်း ခေါင်းလောင်းကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်တော့ စိတ်ထဲမှာတော့ ဒီလို ဖြစ်မိသွားတယ်။

“ဟာ … နည်းတာကြီး မဟုတ်ဘူး” :mrgreen:

မင်းကွန်းခေါင်းလောင်း ထားရှိရာ နေရာ

မင်းကွန်းခေါင်းလောင်း ထားရှိရာ နေရာ

မင်းကွန်း ခေါင်းလောင်းကြီး

မင်းကွန်း ခေါင်းလောင်းကြီး

မင်းကွန်း ခေါင်းလောင်းကြီး မှာ ကြည့်ချင်တာ ကြည့်ပြီးတဲ့ အခါမှာတော့ မင်းကွန်း ပုထိုးတော်ကြီး ဆီသို့ ဆက်လက် ချီတက်ခဲ့ပြန်ပါတယ်။

မင်းကွန်း ခေါင်းလောင်းနဲ့ ပုထိုးတော် ကြားမှာ မင်းကွန်း ဆရာတော်ကြီးရဲ့ ရုပ်တုတော် ထားရှိရာ အဆောင်တော်ကို ဖူးတွေ့ခဲ့ရပါသေးတယ်။

မင်းကွန်းဆရာတော်ကြီးရဲ့ ရုပ်တုတော် ထားရှိရာ အဆောင်တော်

မင်းကွန်းဆရာတော်ကြီးရဲ့ ရုပ်တုတော် ထားရှိရာ အဆောင်တော်

မင်းကွန်းဆရာတော်ကြီး ရုပ်တု

မင်းကွန်းဆရာတော်ကြီး ရုပ်တု

မင်းကွန်း ပုထိုးတော်ကြီး

မင်းကွန်း ပုထိုးတော်ကြီး

ဖေပေါက်တို့ လက်ဆော့ဆော့ နေတဲ့ထဲမှာ ပါတဲ့ ခြင်္သေ့ဖင်ကြီး

ဖေပေါက်တို့ လက်ဆော့ဆော့ နေတဲ့ထဲမှာ ပါတဲ့ ခြင်္သေ့ဖင်ကြီး

ပုထိုးတော်ကြီး ကနေ ပြန်လာတော့ လမ်းမှာ ပုထိုးတော်ကြီး တည်ထားဖို့ ပုံစံငယ် လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒါ ဖုန်းနဲ့ပဲ ရိုက်လာတာမို့ ပုံ မတင်တော့ဘူး။

ပုံစံငယ် အရ အခု တွေ့ရတဲ့ ပုထိုးတော်ကြီးဟာ အောက်ခြေ အဆင့်ပဲ တည်ဆောက် ပြီးစီးပါသေးတယ်။

ဒီပုထိုးတော်ကြီးကို ဆက်ပြီး ဆောက်လုပ်ရင် စနေသားတစ်ယောက်ရဲ့ အသက်ကို စတေးရမယ် လို့ ဆိုလာတာမို့ ဘုရင်က ဆက်မလုပ်ခဲ့ဘူးလို့ ပြော .. တာ .. ပဲ …။

တကယ်လို့ ပုထိုးတော်ကြီးကို အပြီးသတ်အထိ ဆောက်လုပ်ခဲ့မယ်ဆိုရင် ကမ္ဘာ့ အမြင့်ဆုံး စာရင်းထဲမှာ ပါဝင်ဖို့ ရှိပါတယ်။

 

ဒီနေ့တော့ ဒီလောက်ပဲဗျာ ……။ ကြုံတုန်းလေး အောက်က ပုံလေးတွေလည်း အားပေးသွားကြပါဦး။

မဟာရာဇာ ခေါင်းလောင်း တီးနေတာ ...

မဟာရာဇာ ခေါင်းလောင်း တီးနေတာ …

 

ဒါကတော့ စတိုင်မလိုင်နဲ့ပေါ့။ (ဂျစ်ခလေး မမျင်ဘာစေနဲ့)

ဒါကတော့ စတိုင်မလိုင်နဲ့ပေါ့။ (ဂျစ်ခလေး မမျင်ဘာစေနဲ့)

:mrgreen: :mrgreen: :mrgreen:

=============================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။