သက်တမ်းကုန်ဆုံးတော့မည့် အိမ်ခြံမြေရောင်းဝယ်ခွန် လျှော့ချပေးထားမှုအား တစ်နှစ်သက်တမ်း ထပ်တိုးမည်ဟုသိရ

klnAugust 6, 20101min661

အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သိန်း ၅၀၀ဝ နှင့်အထက်ဆိုပါက အခွန် ၁၂ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀ဝ အောက်ဆိုပါက အခွန် ၁၅ရာခိုင်နှုန်းသာ ပေးဆောင်ရန် လျော့ချပေးထားမှုအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါ လျော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁ဝ ပြည့်နှစ် ဩဂုတ်လ ၁၂ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ယခုကဲ့သို့ တစ်နှစ်ထပ်မံ တိုးမြှင့်လိုက်သည့်အတွက် ၂၀၁၁ ခုနှစ် ဩဂုတ်လအထိ အကျုံးဝင်မည်ဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။ ယခုအခါတွင် ရန်ကုန်အိမ်ခြံမြေဈေးမှာလည်း အချက်အခြာကျနေရာများဆိုပါက များစွာမြင့်တက်လျှက်ရှိနေပြီး ၂၀၀၅ ခုနှစ်ကဖြင့်နှိုင်းယှဉ်ပါက ၆ဆနီးပါးပင် မြင့်တက်လာသည့်နေရာများ ရှိလာကြောင်း သိရသည်။

One comment

  • True Faith

    August 6, 2010 at 8:26 am

    ငွေမည်းကို ငွေဖြူလျှော်ဖွပ်လို့ မကုန်သေးဘူး ထင်ပါတယ်။ လုပ်ကြဟ။ တိုင်းပြည်ပျက်အောင် လုပ်သာထားကြ။ ဆင်းရဲသား နင်းပြားအများစုအတွက်တော့ တနေ့စာ ဝရင် ဝမ်းသာနေရတယ်။ မနက်ဖြန်အတွက်တောင် မစဉ်းစားနိုင်ဘူး။

Leave a Reply