ကေဇီနဲ့ ဓာတ်ပုံရိုက် အလွဲများ

ဇီဇီDecember 5, 20132min29020

ကေဇီ အသက်ငယ်တုန်းက ဓာတ်ပုံရိုက်မယ် ဆို အော်ငိုတာ။
သိပ်ကြောက်တာတဲ့။
ရိုက်ဆိုတဲ့စကားပါလို့ဆိုလားပဲ။

နောက်တော့ ရောက်သမျှနေတာ တွေ့သမျှနဲ့ ဓာတ်ပုံရိုက်လွန်းလို့ တခြားလူတွေ စိတ်ကို ညစ်ယူရရော။
ရပါတယ်။
ကိုယ်လုပ်ချင်တာမှန်သမျှ အဖော်ရအောင် တခြားသူတွေကိုပါ စည်းရုံးနိုင်သမျှစည်းရုံးလိုက်တာ အပေါင်းအသင်းတစ်စုလုံး ဘယ်နားသွားသွားဓာတ်ပုံရိုက်မယ် ဆိုတာချည်းပဲ။
ဖဘသူငယ်ချင်းများ သိတော်မူတဲ့ အတိုင်းပါပဲ။  :mrgreenn:

အဲ ကံကောင်းသလားမသိတဲ့ အချက်က အဖွဲ့ထဲက သူငယ်ချင်း အထီးတွေက ပြောင်းကြီး ကင်မလာ (ကိုယ်ကတော့ အဲ့လိုပဲခေါ်တယ်။) ကိုင်တာ ၅ ယောက်ထက်မနည်းရှိပါတယ်။
အဲ ကံဆိုးတဲ့ အချက်က လူပုံမရိုက်ချင်သော၊ ရိုက်ချင်သူက မော်ဒယ်(လ) လေးတွေမှ ရိုက်ချင်သော၊ ရိုက်ပေးသော်လည်း အပြောဆိုးသော သူငယ်ချင်းများမို့ ဒီ အလွဲက စ ပါတယ်။

၂၀၁၁၊ ကေဇီနဲ့ ဝါလေး ဓာတ်ပုံရိုက်ဖို့ ကြံရာကစ…….
အဲဒီ သူငယ်ချင်းက စလုံးမှာ နာမည် စ ရ လာသော ဓာတ်ပုံဆရာ။ အဲလာ ပြောဟဲ့ ဆိုဟဲ့နဲ့ ရိုက်ပေးမယ်ပေါ့။ ကိုယ်တွေကို ပိုက်ဆံမယူ အလကားဆိုတာနဲ့ ပျော်ရွှင်ပြီး   ချီတက်ကြလေသတည်းပေါ့။
သူ က ဝတ်တဲ့ စားတဲ့ အရောင်က အစ နှုတ်ခမ်းနီ အရောင်က အစ မှာပါတယ်။
ဒါပေမဲ့ အင်ဂျီ အနက်ကြိုက်သမာ:၊ နှုတ်ခမ်းအနီရောင်ကြိုက်သမား ကေဇီ က မပါမဖြစ် တစ်စုံ အနက်ကို ယူခဲ့ပါတယ်။ အနီရောင်ဆိုးပါတယ်။
ပိန်ချင်၊ပေါ်လွင်ချင်လိုက်တာလည်း ၂ ယောက်မရှိ။
ဖတိုဂရပ်ဖာ စိတ်ဆိုးပါတယ်၊ဒါမဲ့ မဆူရက်ပါဘူးးး ဓာတ်ပုံရိုက်ပါတယ်။
ဓာတ်ပုံထွက်လာတဲ့အချိန်မှာမှ ပညာပြပါတယ်။
အဲဒီ အနက်ဝတ်စုံနဲ့ဓာတ်ပုံ မပေးပါဘူးးးး
အဲဒါ မေးကြည့်တော့ ဘယ်ဓာတ်ပုံတုန်း တဲ့။
ဪ ဟို နတ်ကတော် ဓာတ်ပုံလားတဲ့။ အနက်ရောင်ကြီးနဲ့ ဆိုတော့ မြင်သာအောင် အဲလိုကိုပြောပလိုက်တာတဲ့။
အဟင့်။
နတ်ကတော်တွေက အနက်ဝတ်တယ်လို့ သူပြောမှ ကြားဖူးတယ်။ ဒါမဲ့ အဲ့ ဓာတ်ပုံရတောင် မတင်ရဲတော့တာ ခုထိ။

😥

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~

၂၀၁၂ ကျတော့ နောက် သူငယ်ချင်း တစ်ယောက်ပေါ့။ ရုပ်ကလေးက ကြည့်ကောင်းပေမဲ့ အပြောဆိုးလွန်းလို့ ဘယ်သွားသွား ဘာမှ မပြောပဲ နေပါလို့ တောင်းပန်ရတဲ့ သူငယ်ချင်းးး
သူက ဘာမှချေးမများဘူးးး
ကြိုက်ရာဝတ် ကြုံသလို ရိုက်ပဲ။

ဓာတ်ပုံတွေ ရလာတော့ လာပေးတယ်။
ပြောသေးတယ်။
ဟဲ့ ။ နင့် တောက်တဲ့ ပုံက မလှဘူးမှတ်နေတာ။ မဆိုးဘူး တဲ့။
အွန် ! ကိုယ်ရိုက်တဲ့ထဲ ဘယ်နားက တောက်တဲ့ပါတုန်းပေါ့။
သူပြတဲ့ပုံ ကြည့်လိုက်တော့ ကျားသစ် အဆင် လေးပါ အရပ်ကတို့။
ဆက်စီဖြစ်တယ် ဆိုပြီး ဝယ်ထားရတဲ့ အဆင်လေးပါ။ အဲလာလေး ဝတ်ပြီး ရိုက်ထားတာကိုသူ့ အမြင်ကျမှ ဘယ်လို ဖြစ်ပြီး တောက်တဲ့ဖြစ်သွားတုန်းမသိ။ ဓာတ်ပုံဆရာ ဆိုတော့ အဲလို အလှအပကို မြင်တတ်တာပေါ့ ပလိတ်သတ်ကြီးးးးး

ဖြစ်ချင်တာက ဒီ လို ပါ။
ဖြစ်ချင်တာက ဒီ လို ပါ။
ဖြစ်သွားတာက ဒီလို
ဖြစ်သွားတာက ဒီလို

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်က သူများကို အင်မတန် နိပ်ကွတ်တတ်သော အပြောရှိသော သူငယ်ချင်းးးး
သူရိုက်ပေးတာက Botnical garden  က သစ်ပင်အောက်မှာ။ အဲ့ပင်က Botnical garden လာတဲ့သူတိုင်း ရိုက်ပါတယ်။ အနေအထားလှတာရော အတော်ကို ကြီးမားတဲ့ သစ်ပင်မို့ပါ။
ဓာတ်ပုံထွက်လာတော့ ပြောတယ်။
ငါ့ သူငယ်ချင်းက လှတာအေ တဲ့။ ရုပ်ကဆိုး (အဲလေ) ရုက္ခစိုး အတိုင်းပဲ တဲ့။
အဟင့်။
အဲလာသာကြည့်ပါတော့ ပလိတ်သတ်ကြီးရယ်။

 

 

 

ဂလိုလေး ဖစ်မယ်မြင်ယောင်ထားတာ
ဂလိုလေး ဖစ်မယ်မြင်ယောင်ထားတာ
ဂလိုဖစ်သွားတယ်
ဂလိုဖစ်သွားတယ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ခုတော့ ဘယ်သူ့မှ မပူစာရဲတော့လို့ ကိုယ့်ဖုန်းလေးနဲ့ကိုယ်ပဲ တင်းတိမ်ရတော့တယ်။

:hint:

 

20 comments

  • padonmar

    December 6, 2013 at 12:58 am

    ကေဇီလေး ဒါ့ကြောင့် စိတ်နာနာနဲ့ ပရိုဖိုင်းပုံတွေ ခဏခဏပြောင်းနေတာဖြစ်မယ်။

  • MAUNG

    December 6, 2013 at 8:29 am

    အောင်မလေးဗျာ ..ပြော ရက်လိုက်တာ နတ်ကတော် တဲ့ ရက်ရက် စက်စက်

  • ဦးကျောက်ခဲ

    December 6, 2013 at 8:51 am

    အဟွတ်… ကျောက်စ်ကတော့ အဲသည့်ဒုက္ခအေးတယ်…
    ကိုယ်တိုင်လည်းမရိုက်တတ်သလို ဝါသနာလည်းမပါဘူး…
    ငယ်ငယ်လေးတည်းကနေ အခုအထိ ဓာတ်ပုံလည်းများများမရှိ…
    ဟိဟိ… ဖုန်းကင်မရာနဲ့ ဟင်းပွဲဓာတ်ပုံရိုက်တာတောင် မဖြောင့်ဘူး…
    တော်ချက်က ၉လောက်ရှိသကွဲ့… ဟီး ဟီး
    😀

  • Wow

    December 6, 2013 at 9:17 am

    ကြုံရာနေရာမှာ ဒါ့ပုံပြေးရိုက်တတ်တာတော့ တူနေဘီ… :kwi:

  • ဗုံဗုံ

    December 6, 2013 at 12:11 pm

    စဉ့်အိုးကို တောက်တဲ့ ဖြစ်အောင် ပြောတဲ့လူက ရှိသေးဒယ်..အံ့ပါ့ :mrgreen:

  • TNA

    December 6, 2013 at 12:32 pm

    ပုံတွေမပါလို့ ရေးပြတာကိုမျက်စိထဲမြင်မြင်ကျိပြီး ရီရီသွားပါအိ :mrgreen:

  • Crystalline

    December 6, 2013 at 2:06 pm

    ကေကေဇီတို့ကတော့မရီနိုင်ဘူး.. :mrgreenn:
    စကားမစပ်.. ချွိမမတို့ ချန်ဂီအဲပို့မှာ ခရီးသည်တွေကို စင်ကာပူရ ၄ဝ ကဒ်လက်ဆောင်ပေးနေတယ်ဆိုပဲ.. တပုလင်းစာပေါ့.. အစ်မမိသားစု ၃ယောက်ရခဲ့တယ်.. ၃ယောက်ဆိုတော့ သုံးပုလင်းပေါ့ 😉

  • Mr. MarGa

    December 6, 2013 at 2:32 pm

    ကြည့်ရတာ အလွဲတွေ မကုန်သေးဘူးထင်တယ်
    နောက်ထပ် ဘာတွေ လွဲဦးမလဲဗျ…
    ဒါပေမယ့် ဒို့ ဂျီးဒေါ်က ကိုယ်တိုင်ရိုက်ရင်တော့ လက်ရည် မဆိုးလှဘူး
    ဓာတ်ပုံဆရာမပဲ လုပ်ပါဗျာ… ကင်မရာနောက်မှာပဲနေ. ရှေ့ဘက် ထွက်ကို မလာနဲ့ :mrgreenn: :mrgreenn: :mrgreenn:

  • nozomi

    December 6, 2013 at 2:49 pm

    အန်တီဆွိ
    မြန်မာပြည် ပြန်လာရင် ရိုက်ပေးပါရစေ
    .
    .
    ဘာ နဲ့ ရိုက်မယ် ဆိုတာတော့ ကိုယ်တိုင် ရွေးပါ့မယ်

  • ညီမတို့တော့ ကိုယ့်အရိုးလူမြင်မှာဆိုးလို့ တစ်ခါမှ ဆိုင်မှာဓာတ်သေမရိုက်ရဲဘူး။
    (ဘွဲ့ဓာတ်ပုံနှင့်လယင်မယ်လျှောက်လွှာအတွက်အလှပုံမှလွဲ၍)
    ဂုနောက်ပိုင်း ကိုယ့်ဘာကိုယ်ဖုန်းနဲ့ရိုက်တော့လည်း တစ်ကိုယ်လုံးမှာအဝဆုံးဖြစ်လောက်တဲ့ မျက်နှာတစ်ခုပဲရိုက်တယ်
    :mrgreen:

  • kyeemite

    December 7, 2013 at 10:03 am

    ကျုပ်ငယ်ငယ်ကပုံကတော့ ဟိုတခါ ဖေ့ဘုတ်တော်ကြီးမှာတင်ပြတဲ့ မိသားစုပုံရယ်
    ၉လသားထိုင်ရက်ပုံရယ်..၂ ပုံပဲချိတယ်.. သားနဲ့သမီးပုံတွေတော့ မွစာကိုကျဲလို့ 😀

  • alinsett

    December 7, 2013 at 11:29 am

    နည်းနည်းလေးတော့ လွဲနေမယ်
    လွဲလွဲလေးလည်း ကောင်းပါတယ်
    :kwi:

  • လွဲတာတွေ အတော်များတယ်..
    အလွဲတွေနဲ့ ကေဇီ.. ဟဲဟဲ.. မိုက်တယ်နော်..
    ဒါ့ပုံကတော့ ခေဇီမို့လို့… အလွဲတွေကိုဖတ်ပြီး မချိသွားဖြဲပါသီ.. :mrgreen:

  • surmi

    December 7, 2013 at 1:46 pm

    ဓတ်​ပုံရိုက်​​လေ့မရှိ..
    ကိုယ်​့ပုံကိုယ်​ပြန်​ကြည်​့မိရင်​သရဲ​ကြောက်​တတ်​မှာစိုးလို့
    ပြီး​တော့ … ဓာတ်​ပုံဆိုတာပြန်​ကြည်​့တိုင်​း
    ကိုယ်​အသက်​ကြီးသွားပြီဖြစ်​​ကြောင်​း​ထောက်​ခံ​နေသလိုလို 🙂

  • Mahar Myanmar

    December 7, 2013 at 1:47 pm

    ဓါတ်ပုံ တွေ ဒီ လောက် လွဲ နေတာ ဒါကြောင့် ကိုး..
    ဂလိုကိုး ..ဟ။။
    ဪ … တောက်တဲ့ တဲ့…
    သင်ဇာဝင့်ကျော် .. ဂျးီ ဒေါ်ကြောင့် ..
    အခု … ငို နေပြီ..
    ကျားသစ် ပါ ဆို.. တောက်တဲ့ ..တဲ့
    အဟင့်…

  • Ko chogyi

    December 8, 2013 at 9:12 pm

    ကိုယ်လည်းငယ်ငယ်ကတည်း ဓာတ်ပုံရိုက်ဝါသနာပါတယ်။
    kz အားကျလို့ ဓာတ်ပုံရိုက်အလွဲလေးအကြောင်းရေးရဦးမယ်

  • မဟာရာဇာ အံစာတုံး

    December 9, 2013 at 9:21 am

    တားဂဒေါ့ သူညားကိုပဲ ရိုက်ပေးဒတ်ဒယ် ..
    ဒါတောင် ..
    စတိုင်မလိုင်နဲ့နေမှ ရိုက်ပေးဒါ …
    နို့မဟုတ်ယင် ရိုက်ပေးဘူးးး
    ဒီဒေါ့ဂါ …
    တားနဲ့တွေ့ယင် ပူနဲ့
    မမခိုင်ဇာလို စတိုင်မလိုင် ထုတ်တတ်တဲ့လူနဲ့ဒေါ့ အံဂိုက်ဘဲ …
    တွေ့ယင် ဖဒီး ရိုက်ပေးဘာ့မယ် … နှစ် တစ် လက် မ နဲ့ ….
    :mrgreen:

  • KZ

    December 9, 2013 at 11:51 am

    အာတီဒုံ – အဲလိုပဲ အကြောင်းပြပြီး ချိန်းရတာပဲ၊ ဟိ
    မောင် – သများကိုလေ သူတို့ အဲလို ရက်စက်ကြတယ်။
    ကျောက်(စ) – ကျောက်(စ) နဲ့ စုံတွဲပုံတွေ အနော်ဆီမှာ ရှိတယ်။ဟေးဟေးဟေးးး
    ဝါးးး – ဒါမဲ့ နာ က အိမ်သာထဲမှာ ရိုက်ဖူးဘူးးး ခွိခွိ
    ဗုံ – စဉ့်အိုးဟုတ်ပါဘူးးး၊ စည်ပိုင်းပါ
    သဲ – ကိုယ့်ပုံ ကိုယ်တော့ မပြရဲတော့ဘူးးး
    ခရစ် – လေဆိပ်ဘက်မရောက်တာကြာပေါ့။ မသိလိုက်ဘူးး။
    တဂျား – အဲလာဆို မော်လဒယ် ချောချောလေးရှာပေးပါ
    ကိုနို – အဲဒီ ကြိုက်ရာ ဆိုတာ ကြောက်လို့ လာတော့ဘူးးး
    သော် – အဲလောက် ပိန်မှ ဓာတ်ပုံထဲ အတော်ပဲဟ။
    မိုက် – အရင်က ဖလင်ခေတ်က ဓာတ်ပုံတစ်ပုံရဖို့ဆိုတာ ခက်တယ်လေ
    အလက်ဆင်း/အမွန် – မမဂျီး ဆက်လွဲလိုက်ဦးမယ်။
    ဆာ – ဒီ ထက်အသက်မကြီးခင်ရိုက်ရတာ၊ ဓာတ်ပုံကပဲ ကျန်တာကိုး
    မဟာ – ဟိ။ သင်ဇာ့လိုဖစ်မလားလို့ တောက်တဲ့ဖစ်သွားတယ်။ ဟီးဟီး
    ကိုချို – ရေးပါဗျို့။ ဖတ်ချင်ပါတယ်။
    အံစာ – ၂/၁ က နည်းနည်း သေးနေတယ်။
    🙂

  • Paing Lay

    December 9, 2013 at 3:13 pm

    နည်းနည်းလေးတော့ လွဲနေမယ်……….လွဲလွဲလေးပဲကောင်းပါတယ် 😀 :mrgreen:

  • ဦးကြောင်ကြီး

    December 10, 2013 at 9:58 am

    ဦးကြောင် နေးကစ်ပုံ ရိုက်ခြင်လို့ အဲသာ ကေဇီလေး အားရင် အွန်လိုင်းကင်မရာ ဖွင့်ထားနော်.. ဟို ပက်ကညော သဗုံမ ခြစ်စပယ်လှိုင်းကို သွားအပြနဲ့.. ဒင်းက ငါ့ကို အော့အော့ဂျီးဒဲ့.. ဟွန့် မြင်လဲအမြင်ဗူးပဲနဲ့..။

Leave a Reply