အလံဖြူမပါတဲ့ အိမ်မက်ရထားနဲ့
စရွေးကိုက်အံဝှက်လေးထဲ
(ငါ့ကိုယ်ငါ) သော့ခတ်ထားတယ်…..

ငါ့သက်ပြင်းရှည်တွေ ငါပြန်ရှုရှိုက်ရင်း
မှန်ပြတင်းရဲ့အခြားတစ်ဖက်က
လွပ်လပ်ခြင်းတွေ အားကျရင်းပေါ့…..

ရက်ရာဇာမပါတဲ့ ပြက္ခဒိန်ကို
ခေါင်းအုံးအိပ်မိမှတော့
အိပ်မက်တွေခါးနေတာ မဆန်းပါဘူး…..

နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ တစ်ဖက်တစ်ချက်က
ကြိုဆိုပါ၏ ဆိုတဲ့စာသား
ဘာလို့များ (ငါ) မေ့နေပါလိမ့်…,

About ထော် လေး

ထော် လေး has written 2 post in this Website..

အောက်စီဂျင်ကိုပဲရှုတဲ့ ပုံမှန်လူပါပဲ တစ်နေ့ထမင်းနှစ်နပ်စားတယ် ပုခုံးနှစ်ဖက်ကြား ခေါင်းရှိတယ် မြေကြီးပေါ်လမ်းလျှောက်တယ် အညတရသမားလေးပေါ့ ဒလောက်ဘာဘဲ.......