အားတင်းမိခြင်း

ထော် လေးDecember 6, 20131min1229

အလံဖြူမပါတဲ့ အိမ်မက်ရထားနဲ့
စရွေးကိုက်အံဝှက်လေးထဲ
(ငါ့ကိုယ်ငါ) သော့ခတ်ထားတယ်…..

ငါ့သက်ပြင်းရှည်တွေ ငါပြန်ရှုရှိုက်ရင်း
မှန်ပြတင်းရဲ့အခြားတစ်ဖက်က
လွပ်လပ်ခြင်းတွေ အားကျရင်းပေါ့…..

ရက်ရာဇာမပါတဲ့ ပြက္ခဒိန်ကို
ခေါင်းအုံးအိပ်မိမှတော့
အိပ်မက်တွေခါးနေတာ မဆန်းပါဘူး…..

နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ တစ်ဖက်တစ်ချက်က
ကြိုဆိုပါ၏ ဆိုတဲ့စာသား
ဘာလို့များ (ငါ) မေ့နေပါလိမ့်…,

9 comments

  • အရီးခင်

    December 6, 2013 at 5:43 pm

    { နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ တစ်ဖက်တစ်ချက်က
    ကြိုဆိုပါ၏ ဆိုတဲ့စာသား }
    ဒီစကားကြိုက်တယ်။
    ဆိုင်းဘုတ် ရဲ့ ဟိုဘက်၊ဒီဘက် ကျောချင်းကပ်ပြီး တစ်မျိုးစီ ဆန့်ကျင်ဖက် အဓိပ္ပါယ် နဲ့။
    မြန်မာပြည်မှာ ရထားနဲ့ ခရီးသွားတုန်း မြင်ရတဲ့ ဆိုင်းဘုတ်လေးနဲ့ ကို့ရို့ကားယား တွေးခဲ့ဘူးတဲ့ အချိန်တွေကိုပြန်သတိရသွားတယ်။
    “ကြိုဆိုပါ၏” အဘထော်။ 😛

  • ထော် လေး

    December 6, 2013 at 6:16 pm

    ကြိုဆိုပါ၏ ဆိုပေမဲ့လည်း နှုတ်ခွန်းဆက်ရတော့မယ် ခည
    နက်ဖြန်မနက် သင်းဘောကပြန်ထွက်တော့မှာမို့ ခည
    ကျေးဇူးတင်ပါတယ် ခည

  • ထော် လေး

    December 6, 2013 at 7:15 pm

    ဂလို မြောက်ပေးဒါဂို ကျေးဇူးတင်ဘာဂျောင်း ခည

  • kyeemite

    December 7, 2013 at 9:37 am

    “ရက်ရာဇာမပါတဲ့ ပြက္ခဒိန်ကို
    ခေါင်းအုံးအိပ်မိမှတော့
    အိပ်မက်တွေခါးနေတာ မဆန်းပါဘူး”…..ကြိုက်တယ်ဗျာ..ကဗျာလေးကို..တိုတိုနဲ့ထိမိတယ်

  • TNA

    December 7, 2013 at 11:15 am

    ဒီဖက်အခြမ်းက နှုတ်ဆက်ရင်း ဟိုဖက်အခြမ်းကကြိုဆိုပါတယ် ဘထော် :mrgreen:

  • alinsett

    December 7, 2013 at 11:21 am

    ကျွန်တော်
    ဒိလို စာသားးမျိုးး
    ဒီလို ကဗျာမျိုးကို
    ြကြိုက်တယ်
    ချစ်တယ်
    လက်ခုပ်တီး အားပေး ခံစားသွားပါတယ်ဗျိုု ့

    ဂဇက်ကဗျာပြခန်းအတွက်လည်း
    ကဗျာလေးတွေ ပေးပို ့ကူညီပါဦးနောာ်

    alinsett.art@gmail.com

  • လူကလေး

    December 10, 2013 at 1:31 pm

    Comment တွေ ပြီးအောင် ဖတ်ပြီးမှကို ကဗျာ ကို နောက်တခေါက်ထပ်ဖတ်ရသေးတယ်ဗျို့.. စာသားတွေမှတ်မိအောင်ရယ်..

  • Ma Ma

    December 11, 2013 at 5:19 pm

    အနုပညာဝမ်းစာမနည်းပေဘူးပဲ။ အနုပညာဂုရုကြီးကို ကြိုဆိုပါတယ်။ 🙂
    ဘဝတစ်ခုမှာတော့ သွေးသားအသစ်ရ/ရောက်လာတဲ့အခါ ဝမ်းပန်းတသာ ကြိုဆိုကြတယ်။
    အချိန်တန်လို့ ထွက်ခွာသွားတဲ့အခါကျ ဝမ်းနည်းပက်လက်နဲ့ နှုတ်ဆက်ကြရတယ်။ :'(

Leave a Reply