မန်းဂေဇက်မှပေးသောဒုက္ခ ဆိုပီးခေါင်းစဉ်တပ်ထားတာက ရွာအဖြစ်မှမြို့သို့မပြောင်းမှီ အချိန်ကရခဲ့တဲ့ ဒုက္ခဖြစ်နေလို့ပါ

ဂဇက်ရွာနဲ့ အဲ မြို့နဲ့ရင်းနှီးခဲ့တာ ကြာခဲ့ပါပီ
ဂဇက်ရွာ ( အဲ ရွာကစွဲနေပီဗျာ ရွာလို့ပဲပြောမယ် ကွန်ဆာဗေးတစ်ပြောပြော ဘာပြောပြော)
ဂဇက်ရွာရဲ့ ရင်းနှီးနွေးထွေးမှုတွေ ငြင်းခုန်ခြင်းအနုပညာတွေ (ခရက်ဒစ်တူ ဘူလဲမသိ ဟီး) ကျနော် သဘောကျနှစ်သက်ခဲ့တာ ကြာခဲ့ပါပီ
ဘယ်လောကဘယ်လောက်ထိအောင်လဲဆိုတော့ ထောက်လှမ်းရေးပြသနာကြောင့် မိနိးခလေးတွေကို ဝီစကီ အဲ ဝီစီလိုက်ဝေတာကို ပိုစ့်တင်နေတဲ့အချိန်(ဘူရဲဒေါ့ မှတ်မိဒေါ့ဗူး)
မအီးတုန်းလား မအိတုန်လား(ဘယ်လိုခေါ်ရမှန်းမသိလို့) အလှူခံနေတာကို ဆာဘုန်းကျော်က စွပ်စွဲတဲ့အချိန် ဆာပေကသူ့ဆိုင်ရှေ့ မှာအရူးမကြီးတစ်ယောက်နဲ့ရန်ဖြစ်တဲ့အချိန် အိုက်အချိန်တွေထဲက ဂဇက်ရဲ့ရင်းနှီးနွေးထွေးမှုတွေ ကိုအားကျရင်း အမြဲတမ်းဂဇက်စာဖတ်သူအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ် (သူကြီးခင်ဗျာာ အဲ မြို့စားမင်းခင်ဗျာ နာမည်တွေပါတဲ့အတွက် ဒီပိုစ့်ကို ဖြတ်ချင်ဖြတ်ပစ်နိုင်ပါကြောင်း)
ဒါကတော့ အင်ထရိုပါ ဟီး(ရုပ်ပြောင်လေးတွေမလုပ်တတ်လို့)

ကျနော်ဟာ စက်ခန်းမှာတာဝန်ထမ်းဆောင်ရတဲ့ ပင်လယ်ပျော်တစ်ယောက်ပါ
ကျနော်သင်းဘောစတက်ပီး ၂လလောက်နေတော့ ဂဇက်ရွာနဲ့တကျော့ပြန် ရင်းနှီးပီးသကာလ ကိုယ်ကိုတိုင်မရေးနိုင်တော့ သူများရေးတာလေးတွေဖတ် ကျေနပ်နေရပါလေရော
ကမ်းကိုမြင်ရပီဆိုတာနဲ့ ဖုန်းအစုတ်လေးထုတ် www.myanmargazette.net ကိုနှိပ်တော့တာပဲ
(ချစ်ချစ်နဲ့ကလည်း ပြောစရာကကုန်ပီဆိုတော့)
ကျနော့်ဂျူတီက 8 to 12 ပါ overtime က၂နာရီပိုဆင်းရတယ် တနေ့ကို ၁၀နာရီလုပ်ရပါတယ်
လွန်ခဲ့တဲ့ ၂လ တရုတ်ကြီးစီမှာ cargo ချဖို့ အန်ကာမှာ ၃ရက် ကာဂိုချတာ ၃ရက် ၆ရက်ကြာပါတယ်
အန်ကာကလည်း ကမ်းနဲ့အလွန်နီးတော့ ကော်နက်ရှင်က တဗျောင်းဗျောင်းနဲ့ ကောင်းချက်ကောင်းချက်က ဂဇက်ကလည်း ငြင်းခုန်ခြင်းအနုပညာမှာ ကောင်းချက်ကောင်းချက် ကျနော့်မှာအရှိန်မသတ်နိုင်ခဲ့
ဂဇက်ဒုက္ခပေးချက်များ…
နေ့လည် ၁၂နာရီထမင်းစားပီးတာနဲ့ ဂဇက်ကိုဖတ်လိုက်တာ ချစ်ချစ်က ဗိုက်ပါကနေလှမ်းကတောင်ကတောင် လုပ်ရင်တောင် ဒီနေ့ဘာလုပ်စရာရှိလို့ ညာလုပ်စရာရှိလို့ဆိုပီး ဗျောင်လိမ်ရပေါင်းလဲများခဲ့ရတယ်
ည၁၂နာရီဂျူတီပီးတော့လည်း အိုက်အနုပညာမှာဆက်လက်စီးမြောလိုက်တာ နံနက်မိုးသောက် အလင်းရောက်ပြန်ပါပကော
အိမ်သာတက်ဖို့တောင် မေ့လောက်အောင်စွဲဆောင်နိုင်လွမ်းတယ် ဂဇက်ရယ်
ခုမှဒါဂယ့် ဒုက်ခ ဂဆဒါ
ကျနော်တို့သင်းဘောကြီးဟာ တရုတ်ကြီးကိုပေးစရာရှိတာပေးပီးတော့ ဗြောင်အလွတ်ကြီး ဆောက်ချိုင်းနား sea ကိုခုတ်မောင်းလို့ပေါ့
ဘာကြီး၎ဘာဆိုတာ ဆောက်ချိုင်းနား sea မှာ ကူးခတ်နေတဲ့ ဘယ်သင်းဘောကိုမဆို ဝါးမျိုနိုင်စွမ်းရှိလေရဲ့
လှုပ်လိုက်တဲ့ သင်းဘော ၂၈° လောက်ရှိမယ်
စပီခည ပတ်တနာဂ
၎ရက်တိတိအိမ်သာမသွားထားတဲ့ဒီဗိုက် မကြာခင်အချိန်အတွင်း သင်မထုတ်လျှင် ကျုပ်ဘာကျုပ်အတင်းတိုးထွက်တော့မည် ဖြစ်ကြောင်းသတင်းကောင်း ပါးလာလေပီ
အိမ်သာ ကျနော်တို့လို crew တွေက ဘုံအိမ်သာပေါ့
ဘုံအိမ်သာဆိုတော့ သိတဲအတိုင်း ရေပိုက်ကအစ ထိုင်တဲ့ခွက်အဆုံး အားလုံးဟာ ပျက်စီးလို့နေသည်ပေါ့
ကုလားသကြီးက အကြံကြီးစွာဖြင့်ရေပိုက်ခေါင်းအစား ရေပုံးလေးတစ်လုံးချထားပေးလေရဲ့
ထိုဘိုထိုင်အိမ်သာကြီးပေါ်တွင် ရေပိုက်မရှိထြင့် မည်သို့စမတ်ကျကျထိုင်၍အင်းနိုင်မည်နည်း
မြန်မာမှုသာပြုရတော့သည် သင်းဘောက ၂၈° လှုပ်နေချိန် ဘိုထိုင်အိမ်သာကြီးပေါ်တွင် ၄ရက်မသွားထာျးသာဗိုက်ကို မြန်မာမှုပြုရသဖြငိ့ မည်မျှကြီးစွာဒုက္ခရောက်ရမည်နည်း မိတ်ဆွေ သို့သော် မိခင်များ၏ မေတ္တာတရားကိုကား မောင်ထော်လေးတစ်ယောက်ကောင်းစွာနားလည်တတ်ခြေသည်

ညံ့ဖြင်းနုံခြာသောအရေးအသားနှင့် မှားယွ င်းသောစာလုံးပေါငိးများကို သည်းခံဖတ်ရှုပေးကျကုန်သော သူတော်စင်အပေါင်းအားအထူးပင်ကျေးဇူးတင်အပ်ပါ်သည

About ထော် လေး

ထော် လေး has written 2 post in this Website..

အောက်စီဂျင်ကိုပဲရှုတဲ့ ပုံမှန်လူပါပဲ တစ်နေ့ထမင်းနှစ်နပ်စားတယ် ပုခုံးနှစ်ဖက်ကြား ခေါင်းရှိတယ် မြေကြီးပေါ်လမ်းလျှောက်တယ် အညတရသမားလေးပေါ့ ဒလောက်ဘာဘဲ.......