မန်းဂဇက်မှပေးသော ဒုက္ခများ

ထော် လေးDecember 6, 20131min32222

မန်းဂေဇက်မှပေးသောဒုက္ခ ဆိုပီးခေါင်းစဉ်တပ်ထားတာက ရွာအဖြစ်မှမြို့သို့မပြောင်းမှီ အချိန်ကရခဲ့တဲ့ ဒုက္ခဖြစ်နေလို့ပါ

ဂဇက်ရွာနဲ့ အဲ မြို့နဲ့ရင်းနှီးခဲ့တာ ကြာခဲ့ပါပီ
ဂဇက်ရွာ ( အဲ ရွာကစွဲနေပီဗျာ ရွာလို့ပဲပြောမယ် ကွန်ဆာဗေးတစ်ပြောပြော ဘာပြောပြော)
ဂဇက်ရွာရဲ့ ရင်းနှီးနွေးထွေးမှုတွေ ငြင်းခုန်ခြင်းအနုပညာတွေ (ခရက်ဒစ်တူ ဘူလဲမသိ ဟီး) ကျနော် သဘောကျနှစ်သက်ခဲ့တာ ကြာခဲ့ပါပီ
ဘယ်လောကဘယ်လောက်ထိအောင်လဲဆိုတော့ ထောက်လှမ်းရေးပြသနာကြောင့် မိနိးခလေးတွေကို ဝီစကီ အဲ ဝီစီလိုက်ဝေတာကို ပိုစ့်တင်နေတဲ့အချိန်(ဘူရဲဒေါ့ မှတ်မိဒေါ့ဗူး)
မအီးတုန်းလား မအိတုန်လား(ဘယ်လိုခေါ်ရမှန်းမသိလို့) အလှူခံနေတာကို ဆာဘုန်းကျော်က စွပ်စွဲတဲ့အချိန် ဆာပေကသူ့ဆိုင်ရှေ့ မှာအရူးမကြီးတစ်ယောက်နဲ့ရန်ဖြစ်တဲ့အချိန် အိုက်အချိန်တွေထဲက ဂဇက်ရဲ့ရင်းနှီးနွေးထွေးမှုတွေ ကိုအားကျရင်း အမြဲတမ်းဂဇက်စာဖတ်သူအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ် (သူကြီးခင်ဗျာာ အဲ မြို့စားမင်းခင်ဗျာ နာမည်တွေပါတဲ့အတွက် ဒီပိုစ့်ကို ဖြတ်ချင်ဖြတ်ပစ်နိုင်ပါကြောင်း)
ဒါကတော့ အင်ထရိုပါ ဟီး(ရုပ်ပြောင်လေးတွေမလုပ်တတ်လို့)

ကျနော်ဟာ စက်ခန်းမှာတာဝန်ထမ်းဆောင်ရတဲ့ ပင်လယ်ပျော်တစ်ယောက်ပါ
ကျနော်သင်းဘောစတက်ပီး ၂လလောက်နေတော့ ဂဇက်ရွာနဲ့တကျော့ပြန် ရင်းနှီးပီးသကာလ ကိုယ်ကိုတိုင်မရေးနိုင်တော့ သူများရေးတာလေးတွေဖတ် ကျေနပ်နေရပါလေရော
ကမ်းကိုမြင်ရပီဆိုတာနဲ့ ဖုန်းအစုတ်လေးထုတ် www.myanmargazette.net ကိုနှိပ်တော့တာပဲ
(ချစ်ချစ်နဲ့ကလည်း ပြောစရာကကုန်ပီဆိုတော့)
ကျနော့်ဂျူတီက 8 to 12 ပါ overtime က၂နာရီပိုဆင်းရတယ် တနေ့ကို ၁ဝနာရီလုပ်ရပါတယ်
လွန်ခဲ့တဲ့ ၂လ တရုတ်ကြီးစီမှာ cargo ချဖို့ အန်ကာမှာ ၃ရက် ကာဂိုချတာ ၃ရက် ၆ရက်ကြာပါတယ်
အန်ကာကလည်း ကမ်းနဲ့အလွန်နီးတော့ ကော်နက်ရှင်က တဗျောင်းဗျောင်းနဲ့ ကောင်းချက်ကောင်းချက်က ဂဇက်ကလည်း ငြင်းခုန်ခြင်းအနုပညာမှာ ကောင်းချက်ကောင်းချက် ကျနော့်မှာအရှိန်မသတ်နိုင်ခဲ့
ဂဇက်ဒုက္ခပေးချက်များ…
နေ့လည် ၁၂နာရီထမင်းစားပီးတာနဲ့ ဂဇက်ကိုဖတ်လိုက်တာ ချစ်ချစ်က ဗိုက်ပါကနေလှမ်းကတောင်ကတောင် လုပ်ရင်တောင် ဒီနေ့ဘာလုပ်စရာရှိလို့ ညာလုပ်စရာရှိလို့ဆိုပီး ဗျောင်လိမ်ရပေါင်းလဲများခဲ့ရတယ်
ည၁၂နာရီဂျူတီပီးတော့လည်း အိုက်အနုပညာမှာဆက်လက်စီးမြောလိုက်တာ နံနက်မိုးသောက် အလင်းရောက်ပြန်ပါပကော
အိမ်သာတက်ဖို့တောင် မေ့လောက်အောင်စွဲဆောင်နိုင်လွမ်းတယ် ဂဇက်ရယ်
ခုမှဒါဂယ့် ဒုက်ခ ဂဆဒါ
ကျနော်တို့သင်းဘောကြီးဟာ တရုတ်ကြီးကိုပေးစရာရှိတာပေးပီးတော့ ဗြောင်အလွတ်ကြီး ဆောက်ချိုင်းနား sea ကိုခုတ်မောင်းလို့ပေါ့
ဘာကြီး၄ဘာဆိုတာ ဆောက်ချိုင်းနား sea မှာ ကူးခတ်နေတဲ့ ဘယ်သင်းဘောကိုမဆို ဝါးမျိုနိုင်စွမ်းရှိလေရဲ့
လှုပ်လိုက်တဲ့ သင်းဘော ၂၈° လောက်ရှိမယ်
စပီခည ပတ်တနာဂ
၄ရက်တိတိအိမ်သာမသွားထားတဲ့ဒီဗိုက် မကြာခင်အချိန်အတွင်း သင်မထုတ်လျှင် ကျုပ်ဘာကျုပ်အတင်းတိုးထွက်တော့မည် ဖြစ်ကြောင်းသတင်းကောင်း ပါးလာလေပီ
အိမ်သာ ကျနော်တို့လို crew တွေက ဘုံအိမ်သာပေါ့
ဘုံအိမ်သာဆိုတော့ သိတဲအတိုင်း ရေပိုက်ကအစ ထိုင်တဲ့ခွက်အဆုံး အားလုံးဟာ ပျက်စီးလို့နေသည်ပေါ့
ကုလားသကြီးက အကြံကြီးစွာဖြင့်ရေပိုက်ခေါင်းအစား ရေပုံးလေးတစ်လုံးချထားပေးလေရဲ့
ထိုဘိုထိုင်အိမ်သာကြီးပေါ်တွင် ရေပိုက်မရှိထြင့် မည်သို့စမတ်ကျကျထိုင်၍အင်းနိုင်မည်နည်း
မြန်မာမှုသာပြုရတော့သည် သင်းဘောက ၂၈° လှုပ်နေချိန် ဘိုထိုင်အိမ်သာကြီးပေါ်တွင် ၄ရက်မသွားထားျသာဗိုက်ကို မြန်မာမှုပြုရသဖြငိ့ မည်မျှကြီးစွာဒုက္ခရောက်ရမည်နည်း မိတ်ဆွေ သို့သော် မိခင်များ၏ မေတ္တာတရားကိုကား မောင်ထော်လေးတစ်ယောက်ကောင်းစွာနားလည်တတ်ခြေသည်

ညံ့ဖြင်းနုံခြာသောအရေးအသားနှင့် မှားယွ င်းသောစာလုံးပေါငိးများကို သည်းခံဖတ်ရှုပေးကျကုန်သော သူတော်စင်အပေါင်းအားအထူးပင်ကျေးဇူးတင်အပ်ပါ်သည

22 comments

  • padonmar

    December 7, 2013 at 1:04 am

    သည်းခံဖတ်ရင် သူတော်စင်လို့ ပြောလိုက်သလားလို့ ဖတ်ကြောင်းအပြေးအလွှားပြောသွားပါသည်။

  • ထော် လေး

    December 7, 2013 at 1:35 am

    ခွင့်လွှတ်သည်းခံခြင်းဟာ သူတော်ကောင် သူတော်စင်တို့အလုပ်မို့ပါ အန်တီဒုံ
    ကျေးကျေးပါ ခည

  • ကထူးဆန်း

    December 7, 2013 at 6:10 am

    ပို၍ ပို၍ ရလတ္တံ့ …

  • Ma Ma

    December 7, 2013 at 7:31 am

    ဒါ့ကြောင့်လည်း ဂွဇက်လို့ ပြောကြတာပေ့ါ။
    နောက်ကိုလည်း ဆက်ရေးဖို့ အားပေးပါတယ်။
    (သည်းခံဖတ်ရှု့ရင် သူတော်စင်ဖြစ်မယ်လို့ ပြောထားလေတော့) :kwi:
    ဒါ့ထက် ရွာထဲမှာ သင်္ဘောသီးမျိ ုးနွယ်များ အားကောင်းလာချေသည်တမုံ့။ 🙂

    ရုပ်ပြောင်လေးတွေ ထည့်ချင်ရင် ပို့စ်ရေးတဲ့အခါ ဘယ်ဘက်အပေါ်က အိုင်ကွန်လေးကနေ ယူလို့ရတယ်။
    ကွန်မန့်တွေမှာ ထည့်ချင်ရင်တော့ အောက်မှာသိသလောက်ရေးပေးလိုက်တယ်။
    ” ” က ရုပ်ပြောင်ပေါ်အောင်လို့ ရေးပေးလိုက်တာ။ ထည့်စရာမလိုဘူး။
    “:-D”= 😀
    “:kwi:”= :kwi:
    “:mrgreen:”= :mrgreen:
    “:(“= 🙁
    “:)”= 🙂
    “:loll:”= :loll:

  • မင်း ခန့် ကျော်

    December 7, 2013 at 9:25 am

    မာ လိမ် မှုး ကြီး Kai ပဲ့ ကိုင် နေ သော

    ဂ ဂ ဂ ဇက် ဇက် သင်းး သင်းးး ဘေား ဘေား

    ကြီးးးး ပေါ်ါ်ါ်ါ်ါ်ါ် မှ လှော် တက် ပိုင်ရှင် တဦး ပေါ်ထွက်

    လာပါဘီ :mrgreen:

  • KZ

    December 7, 2013 at 9:25 am

    စိတ်အပူနဲ့။
    နောက်ဆို ဒီထက်ပိုဆိုးမှာ…

    :mrgreen:

    • ဗုံဗုံ

      December 8, 2013 at 1:23 pm

      တင်းဘောတား…ဆိုပါလား..
      မမဂျီးရဲ့..အဟွတ်… :mrgreen:

      • Wow

        December 9, 2013 at 11:53 am

        အဟမ်း… အဟမ်း…. မိဗုံ လူဂျီးတွေရှေ့ကဖယ်… သဘောင်္သီးဆိုလို့ အပြေးလာဒါ :mrgreen:

  • kyeemite

    December 7, 2013 at 9:47 am

    အန်တီ မမ နောက်လိုက်ပီးထပ်ဖြည့်ပေးတာ
    “:evil:” 👿
    “:lol:” 😆
    “:boss:” :boss:
    😀

  • ဦးကျောက်ခဲ

    December 7, 2013 at 10:14 am

    ဆြာထော်ရေ ဂဇက်စွဲတာကတော့ ဆြာတင်မဟုတ်…
    ကျောက်စ်မှာလည်း ကွန်ပူတာ ဖွင့်မိရင် မနေနိုင် မထိုင်နိုင်…
    😀

  • kai

    December 7, 2013 at 10:31 am

    ၄ရက်တိတိအိမ်သာမသွားထားပဲနေနိုင်တဲ့ဗိုက်မျိုးထိမ်းသိမ်းနိုင်စွမ်းရှိတယ်ပေါ့…
    ္မဤကားအံ့ဖွယ်သုတ… :kwi:

  • alinsett

    December 7, 2013 at 10:38 am

    စာတွေကို ကျိုဇိုဘာဒယ် ခည

    အရေးကောင်း အတွေးကောင်းမယ့်သူတစ်ယောက်လို ့မြင်မိပါတယ်

  • TNA

    December 7, 2013 at 11:13 am

    အရမ်းအရမ်းကိုသီးခံဖတ်သွားတယ်လို့ သတင်းပို့ပါတယ်။ 😀

  • surmi

    December 7, 2013 at 11:32 am

    ​တော်​သိတာပဲ​နော်​…
    ဟိုးးး ……​ရှေး​ရှေးပ​ဝေဏသီကတည်​းက ဒီရွာမှာရှိ​နေတယ်​ထင်​တယ်​..
    ဖြစ်​ရပ်​​တွေကိုအတိအကျမှတ်​မိ​နေတာ အံ့ဖွယ်​သုတ 🙂
    ဝမ်​းသာတယ်​ဗျာ…
    ​နောက်​ထပ်​သ​င်္ဘောသီးတစ်​​ယောက်​နဲ့မိတ်​​ဆွေဖြစ်​ရတာ…

  • sorrow weaver

    December 7, 2013 at 6:59 pm

    ရွာသားအသစ်ကလေး..ရည်းစားရှိသလား…အဟိဟိ …မရှိသေးရင် ကချင်မ..မကြိုက်နဲ့ နော်….
    ပုံ… Anti-ကချင်မ … အသိမ်းပိုက်ခံ …ကချင်လူညိုချောနုထွားကြီး ဆောရိုး….အဟိဟိ

  • lele kyi

    December 7, 2013 at 7:38 pm

    “ကြောင်ကြီး
    ဖောင်စီး
    ဗျောင်ကြီး
    လိုက်တီး
    ထော်လေး
    ဂေါ်ပွေး
    လှော်ပြေး (သင်းဘော)။”
    ဦးကြောင်ကြီး အစား နှုတ်ခွန်းဆက်ပါအိ။ ပိုက်ပိုက်တွေပေါရင် ” Air De Montcuq” လေးဝယ်ရှူပါလား။
    http://www.businessinsider.com/tinned-air-air-de-montcuq-makes-big-profit-2013-12

    • ဦးကြောင်ကြီး

      December 9, 2013 at 9:53 am

      ဗလိုင်းဂျီးပါလား.. အဲဒေါ့ ဗလာချီ ပျံကစ်မယ်..
      လဲ့ကိုခြစ်
      နွဲ့ပျို kiss
      တည့်ဆိုဖြစ်
      မှည့်စိုအစ်.. ရှလွတ်..

  • Mr. MarGa

    December 8, 2013 at 8:36 pm

    နန်းတော်ရာသူနောက်မှ လိုက်ပါသည်။
    ဂဇက် အစွဲကို ယခုထိ မချွတ်နိုင်သေးသောကြောင့်… :mrgreenn:

  • မဟာရာဇာ အံစာတုံး

    December 9, 2013 at 12:34 am

    ဝီစီ ခေတ်က ဆိုဒေါ့ဂါ …
    ဟိုးးး ရှေးရှေးဒုန်းကလို့ ပေါလို့ ရဒယ် …
    အတော်တော်ကြီးကို ကြာကြာလှဘီဘဲ …
    ဒါတောင် ဂုမှ ပို့စ်တွေ စမျင်ရဒယ် …

    ဒါ့ထက် … စကားမစပ် ..
    တစ်နေ့ ထမင်း နှစ်နှပ်ဘဲ စားဒယ်ဆိုဒေါ့ကာ …
    ခညားက ဘုန်းဂျီးလား …
    :mrgreen:

  • Shwe Ei

    December 9, 2013 at 11:15 am

    ဘာဘာ ဘာမှမဆိုင်ဝူး…ခွိ 😆

Leave a Reply