စဉ်းစားကြစေလိုပါတယ် ( ၆ရ ) ( ဂုဏ်ယူမိပါတယ် )

Foreign ResidentDecember 7, 20132min390

စဉ်းစားကြစေလိုပါတယ် ( ၆ရ )

( ဂုဏ်ယူမိပါတယ် )

 

၁ ။

အဘ တို ဩဇီကို အမေစု လာသွားတာကိုတော့ အားလုံး သိကြမှာပါ ။

အဲဒီ အခါမှာ ၊

၁ ။ အဘတို့ ဩဇီ  နိုင်ငံ ရဲ့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ၊

၂ ။ ဩဇီ  နိုင်ငံ ရဲ့ လက်ရှိ အာဏာရ Liberal ပါတီ ရဲ့ ဒုတိယ ခေါင်းဆောင် ၊

Ms. Julie Bishop က အမေစု ကို ဓါတ်ပုံ တစ်ပုံ လက်ဆောင် ပေးပါတယ် ။

 

အဲဒီ ဓါတ်ပုံ က ၁၉၉၅ ခုနှစ်က Ms. Julie Bishop ၊

အမေစု ဆီ လာလည်စဉ်က နှစ်ဦးအတူ ရိုက်ထားတဲ့ ပုံပါ ။

အဲဒီ အချိန်မှာ Ms. Julie Bishop က သာမာန် ရှေ့နေလေးပဲ ရှိပါသေးတယ် ။

 

အဲဒီမှာ ဂုဏ်ယူစရာ ကတော့ Ms. Julie Bishop ပြောခဲ့တဲ့ စကားပါ ။

” Presenting Daw Aung San Suu Kyi with a photo of our first meeting in 95 –

a meeting that inspired me to enter politics ” တဲ့ ။

<https://twitter.com/JulieBishopMP/status/405984644698353664/photo/1>

 

သူမ ပြောခဲ့တဲ့ အဓိပ္ပါယ်က ၊

၁၉၉၅ ခုနှစ်မှာ ( သာမာန် ရှေ့နေ တစ်ဦးအနေနှင့် ) အမေစု နှင့် တွေ့ဆုံခဲ့ရပြီး ၊

သူမ ( Ms. Julie Bishop ) ဟာ ၊ အမေစု ကို အတုယူ အားကျ ကြည်ညိုစိတ်ကြောင့် ၊

သူမ ( Ms. Julie Bishop ) ဟာ နိုင်ငံရေး နယ်ပါယ်ထဲကို စတင် ဝင်ရောက်ခဲ့တာပါတဲ့ ။

 

ကဲ ၊ ဒီစကားလေး တစ်ခွန်း နှင့်တင် လုံလောက်သွားပါပြီ ။

အမေစု ကို အတုယူ အားကျ ကြည်ညိုလို့ ၊ နိုင်ငံရေး နယ်ထဲကို စပြီး ဝင်ခဲ့တာ ။

အခု ၊ ဩဇီ  နိုင်ငံ ရဲ့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ။

ဩဇီ နိုင်ငံ ရဲ့ လက်ရှိ အာဏာရ Liberal ပါတီ ရဲ့ ဒုတိယ ခေါင်းဆောင် ။

 

အဘ တို့ ၊ ဩဇီ မှာ နေနေတဲ့ မြန်မာတွေ ( အမေစု ကြောင့် ) ၊

ဘယ်လောက် ဂုဏ်ယူခဲ့ရမယ် ၊ စဉ်းစားသာ ကြည့်ပေတော့ ။

 

အမေစု ကို အတုယူ အားကျ ကြည်ညိုလို့ ၊ နိုင်ငံရေး နယ်ထဲကို စပြီး ဝင်ခဲ့တာ ။
အမေစု ကို အတုယူ အားကျ ကြည်ညိုလို့ ၊ နိုင်ငံရေး နယ်ထဲကို စပြီး ဝင်ခဲ့တာ ။

 

၂ ။

၂ရ – ၁၁ – ၂၀၁၃ က အမေစု အဘ တို့ ရဲ့ ဆစ်ဒနီ ကို လာတယ် ။

ဆစ်ဒနီ ရဲ့ အထင်ရှားဆုံး Opera House မှာ ၊

၁ ။ ဆစ်ဒနီက မြန်မာ ကွန်မြူနတီ နှင့် တွေ့ဆုံပွဲ လုပ်တယ် ၊ မိန့်ခွန်းပြောတယ် ။

၂ ။ ဆစ်ဒနီ က နာမည်ကျော် တက္ကသိုလ် ၂ ခုက ဒေါက်တာ ဘွဲ့ပေးတာကို လက်ခံပြီး မိန့်ခွန်းပြောတယ် ။

 

အစီ အစဉ် ( ၂ ) အတွက် ၊ အဘ တို့

38 comments

  • မင်း ခန့် ကျော်

    December 7, 2013 at 4:44 pm

    ဒေါ်စုကို အားကျတဲ့မြန်မာ နိုင်ငံရေးသမားတွေတော့

    လေးထောင့်ခန်းပဲ နော့်။

    • Foreign Resident

      December 7, 2013 at 4:59 pm

      ” လေးထောင့်ခန်းပဲ နော့် ”

      အင်း ၊ အကောင်းဘက်က လှည့်တွေးရင်တော့ ၊
      စား ဝတ် နေ ရေး ၊ မပူရတော့ဘူးပေါ့လေ ။

      အခုတောင် ၊ ဟို မေါ်ကွန်းဝင် ဇနီး ဆိုတာ ၊
      နေစရာ အိမ် လိုချင်လို ဆိုပြီး ဆန္ဒပြလိုက်တာလေ ။
      အခု ဆွဲသွားလေ ရဲ့ ။
      ဟီ ဟိ ၊ ဒီ အဖွားကြီးတော့ ၊ စား ဝတ် နေ ရေး ၊ မပူရတော့ဘူး ။

    • KZ

      December 9, 2013 at 11:09 am

      အမလေး ။
      ။လေးထောင့်ခန်းထဲရောက်တာမပြောနဲ့။
      လေးစားတဲ့သူတွေရဲ့ အပြစ်မဟုတ်။

      အုပ်ချုပ်သူတွေရဲ့စိတ်ဓာတ်နဲ့ ဦးနှောက်တွေကိုလည်းကြည့်ဦးလေ။။

      တောက်တလွဲတွေ……….

  • alinsett

    December 7, 2013 at 5:07 pm

    ကျွန်တောာ်ကတော့ အမေစုကို
    ကြည်ညိုတယ်လို ့တော့ မပြောချင်
    လေးစားအားကျတာတော့သေချာတယ်

    ——

    အဲဒီ ပြဇာတ်ကြီး
    ကြည့်ချင်လိုက်တာဗျာ

    🙂

  • Ma Ma

    December 7, 2013 at 5:09 pm

    သူ(အမေစု) တစ်ယောက်ရှိလို့သာပဲ မြန်မာဆိုတာကို ကမာ္ဘကသိကြရတာမို့ တကယ့်ကို လေးစားအားကျဂုဏ်ယူလောက်ပါပေတယ်။ 🙂

  • ဦးကျောက်ခဲ

    December 7, 2013 at 5:42 pm

    ဟီ ဟိ တို့အဘလည်း ဟိုအွန်လိုင်း အဆိုကျော်လေးကို သွားငန်းသေးသကိုး…
    အဘရယ် သူ့ခမျာ ကျွဲကောသီး အုန်းသီး ရောင်းနေရတာပါ…
    အဟဲ… စီလုပ်များကို အမွှန်းတင်ကြတော့ သင်းတို့ကို အုပ်ချုပ်ရတဲ့…
    ဟောင်ကောင်က အသားမဲ ဗမာမောင်ကျောက်စ် စိတ်ကြီးတောင် ဝင်တယ်…
    😀

    • Foreign Resident

      December 9, 2013 at 6:03 am

      ဦးကျောက်ခဲ says:
      ” အဟဲ… စီလုပ်များကို အမွှန်းတင်ကြတော့ သင်းတို့ကို အုပ်ချုပ်ရတဲ့…
      ဟောင်ကောင်က အသားမဲ ဗမာမောင်ကျောက်စ် စိတ်ကြီးတောင် ဝင်တယ်… ”

      ဦးကျောက် ရဲ့ ပြည်ကြီး တရုတ်တွေ အပေါ် အမြင်လေးကိုလည်း အရမ်း သိချင်ပါတယ် ။

      အဘ အနေနှင့်ကတော့ ၊ ဒီ ပြည်ကြီး တရုတ် တွေထဲက ၊
      ၁ ။ ဆင်းရဲတဲ့ အောက်ခြေလူတန်းစား တွေ နှင့်ဘဲ ဆက်ဆံ ဘူးတာက တစ်ကြောင်း ၊
      ၂ ။ တရုတ် ပြည်ကြီး ထဲမှာ နှစ်ပေါက်တဲ့အထိ မနေထိုင်ဘူးတာက တစ်ကြောင်း မို့ ၊
      လူမျိုး တစ်မျိုး ကို ဝေဖန်ရလောက်အောင် အချက်အလက် မပြည့်စုံပါဘူးကွယ် ။

      အဘ တွေမိသလောက်ကတော့ ၊ တရုတ် အောက်ခြေလူတန်းစား တွေဟာ ၊
      စကား ကို အကျယ်ကြီး ရန်ဖြစ်သလို ပြောတယ် ။
      ကိုယ် နှုတ် အမူအရာ နဲနဲ ကြမ်းတယ် / ရိုင်းတယ် ဆိုပါဆို့ ။
      အားမနာတတ်ဘူး ၊ ပွင့်ပွင့်လင်းလင်း ပြောတယ် ။
      ဗမာပြည် က တရုတ်တွေလောက် အလုပ် ဝီရိယ မရှိဘူး ။
      အစား အသောက် က ၊ အပြုတ်တွေကို အစားများတယ် ။

      • ဦးကျောက်ခဲ

        December 9, 2013 at 8:07 am

        အဘရေ လူမျိုးရေးမို့ မမန့်ချင်သော်လည်း
        မေးလာတော့ ဖြေပါ့မယ်…
        ပြည်ကြီးတရုပ်များက ဘယ်လောက်ချမ်းသာချမ်းသာ…
        အတ္တကြီးပြီး စိတ်ဓာတ် အလွန်အောက်တန်းကျပါတယ်…
        မောင်ကျောက်စ် အုပ်ချုပ်ရတာ လူ ၆၃ရယောက်ရှိပါတယ်…
        ပြင်သစ် ဒက်ချ် အင်္ဂလိပ် ဟန်ဂေရီယန်း ၁၅ယောက်ဖယ်လိုက်ရင်
        ၆၂၂ယောက်သော တရုပ်များပါ…
        အကျင့်တန်ချက်ကတော့ လက်လန်တာမို့
        ဟောင်ကောင်/စလုံး တရုပ်များက ပြည်ကြီးတရုပ်များနဲ့ အနှိုင်းခံရရင်
        အလွန်စိတ်ဆိုးပါတယ်…
        ဆိုတော့အဘရယ် မှန်းသာကြည့်ပေတော့…
        မောင်ကျောက်စ်တောင် သင်းတို့ စိတ်ဓာတ်မကူးအောင်…
        ကိုယ့်ကိုယ်ကို ဆုံးမနေရတယ်…
        😀

        • မင်း ခန့် ကျော်

          December 9, 2013 at 10:34 am

          ဟုတ်ပါ့ ဦးကျောက်စ် ရေ။

          ကျုပ်နယ်စပ် မှာတုန်းက တုတ်တွေ

          စားသောက်ဆိုင်မှာစားလိုက်ပုံများပက်စက်ချက်စည်းမဲ့ချက်ကတော့

          အရိုးတွေ အကြွင်းအကျန်တွေ ပစ်ထားလိုက်တာများ သူတို့စားပွဲ ဝဲ/ယာ

          ပျိုးကျဲ ထားသလားအောက်မေ့ရတယ်။

          အသက်ရှင်ဖို့ စားတဲ့ထမင်းတောင်တန်ဖိုးရှိရှိမစားတက်ဘူး။

          မန်းလေးမှာ အဲ့ တုတ် တွေ များလာပြီ။

          အဲဒီလို ေ-ာက်ကျင့်တွေကို အနားက မြန်မာတွေ တုတတ်လာပြီ။

          ဒါတောင်အစားစားပုံပဲပြောသေးတာ။

          ငွေရှာပုံကိုမပြောသေးဘူး။

          ငွေရှာပုံက အစားစားတာထက်ပိုပြီးအောက်တန်းကျတယ်။

          မြန်မာမှာ ခိုင်မာမျှတတဲ့ ခြေ/ဥ မပေါ်သေးသရွေ့ တရုတ် တွေမ များစေချင်ဘူးရယ်။

      • Foreign Resident

        December 9, 2013 at 11:19 am

        ဦးကျောက်ခဲ says:
        ” ပြည်ကြီး တရုပ် များက ဘယ်လောက် ချမ်းသာ ချမ်းသာ…
        အတ္တကြီးပြီး စိတ်ဓာတ် အလွန်အောက်တန်းကျပါတယ်…”

        ” ဟောင်ကောင် / စလုံး တရုပ်များက ပြည်ကြီး တရုပ်များနဲ့ အနှိုင်းခံရရင်
        အလွန်စိတ်ဆိုးပါတယ်… ”

        အွန် ၊ အဘ အထင်တော့ ( အထင်ပါ ) ။
        ပြည်ကြီး တရုတ် ၊ စလုံး တရုတ် ၊ ဟောင်ကောင် တရုတ် ၊ မြန်မာ တရုတ် ၊
        အားလုံးဟာ တရုတ် ဗီဇ က အခြေခံ အတူတူလောက်ပါဘဲ ။
        စံနစ် / ပါတ်ဝန်းကျင် / တရား ဥပဒေ / အစိုးရ ကွာသွားလို့သာ ၊
        တရုတ် တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ၊ ယဉ်ကျေးမှု ကွာသွားတာပါ ။

        တရုတ် အားလုံးဟာ ၊ အခြေခံ အားဖြင့် ၊
        လောဘ / အတ္တ ကြိီးကြတာချည်း ပါဘဲ ။

        အဲဒီ တစ်ချက်တည်းကြောင့်ဘဲ ၊ တရုတ် လူမျိုးတွေ ၊
        ပြည်မကြီး မှာကော ၊ ကမာ္ဘ အနှံ့မှာ အောင်မြင် နေကြတာ ထင်တယ် ။

        အဘ အထင် ၊ ရှေ့လျှောက် တရုတ်တွေ ပိုပြီး ပိုပြီး လူမုန်းခံရတော့မယ် ။
        ဘာလို့လဲ ဆိုတော့ ၊

        ၁ ။
        တရုတ်တွေ ၊ ကမာ္ဘ့ နေရာ အနှံ့မှာ ၊
        သိသိသာသာကို ၊ အရမ်း ချမ်းသာလာပြီ ။
        အဲဒီတော့ကာ ၊ ရှင်းရှင်းလေးပါ ၊ မနာလို ခံရတော့မယ် ။

        ၂ ။
        တရုတ်တွေ ကိုယ်နှိုက်ကလည်း မေါက်မာလာပြီ ။
        စ လုံး တရုတ်တွေ ဆိုရင် ချမ်းသာတာနှင့်အမျှ ၊
        တခြားလူမျိုးတွေ အပေါ်ကို အရမ်း မေါက်မါလာပြီ ။

        ၃ ။
        တရုတ် ပြည်မကြီး က ၊ လက်နက် နည်းပညာ အားကောင်းလာလို့ ၊
        သူတို့ရဲ့ အင်အား ကို ဘေး နိုင်ငံတွေကို စပြီး ထုတ်ပြနေပြီ ။
        ဒေသန္တရ စစ်ပွဲ အသေးလေးတွေ ဖြစ်လာလိမ့်မယ် ။

        ၄ ။
        တရုတ် ပြည်မကြီး က သူ့ရဲ့ ဖွံ့ဖြိုးမှု အရှိန်ကို ထိမ်းဖို့အတွက် ၊
        သူတို့ လိုအပ်တဲ့ စွမ်းအင် ကို သရဲ မရဲ ရှာလိမ့်မယ် ။
        အဲဒီမှာလည်း စစ်ပွဲ အသေးလေးတွေ ဖြစ်လာလိမ့်မယ် ။

        • ဦးကြောင်ကြီး

          December 9, 2013 at 11:35 am

          တရုတ်ချမ်းသာသလောက်တော့ အခြားလူမျိုးတွေလည်း ယူအက်စ် အနောက်တိုင်းမှာ ချမ်းသာကြပါတယ်၊ ဥပမာ – အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပီနို၊ ဂျပန်၊ ကိုရီးယား..။ လူဦးရေ အချိုးချကြည့်ရင် သိပ်ကွာဟတယ် မထင်ဘူး။ တခုတော့ရှိတယ် ကြံဖန်ပြောရင်တော့ ဂျပန် ကိုရီးယား၊ ဗီယက်နမ် အေးရှန်းအတော်များများ တရုပ်အနွယ်လို့ ပြောကြမလား။ တကယ်တော်ရင် ဂျူ းတွေလို လူနည်းနည်းလေးနဲ့ နိုင်ငံတကာမှာ စွာနိုင်ရမယ်၊ တိုင်းပြည် နိုင်ငံရေး စီးပွားရေး မီဒီယာ စာတာတွေ ချုပ်ကိုင်ထားနိုင်ရမယ်။ တရုတ် တကောင်တမြီးမှ အဲဒီနေရာတွေမှာ မတွေ့မိသေးပါ။ အရင်ထက် ငွေရှိလာတော့ လည်နိုင်ပတ်နိုင် သုံးနိုင် ဖြုန်းနိုင်လာတယ်၊ အဲလို သုံးဖြုန်းအောင်လည်း မြှောက်ပေး လမ်းဖွင့်ပေးရတယ်။ နို့်မို့ ဘယ်သူက ပိုက်ဆံလာဖြုန်းမှာလဲ။ အဲဒါလည်း မားကက်တင်း ဗျုဟာတမျိုးပဲ။ အိမ်သာမှ ဧည့်လာဆိုတာ ကုန်သွယ်ရေး မညီမျှမှု သိပ်ကြီးနေတော့ တရုတ်ဆီက ငွေကို ကိုယ့်ဆီပြန်လာဖြုန်း၊ ငွေလာမြှုပ်ဖို့ အချော့သပ်ဆွဲခေါ်တယ်။ တရုတ်ငွေရှင်တွေလည်း သူ့နိုင်ငံတွင်း ငွေမြှုပ်တာထက် ယူအက်စ်၊ အီးယူ၊ ဂျပန် စတော့၊ ဘွန်းစာချုပ်တွေ ဝယ်တာ ပိုဆိတ်ချရတာ သိတော့ အပြင်ထွက်မြှုပ်တယ်။ ဝင်းဝင်းဆိုပေမဲ့ ဘယ်ဝင်းက ရှေ့ရောက်သလဲ ကြည့်တတ်ရင် မြင်ပါမယ်။ သိပ်လည်း တရုတ် အထင်မကြီးနဲ့ဗျ.. အနောက်အစိုးရနဲ့ မီဒီယာတွေက ဒါမျိုး နောကြေနေပီ။ အေးရှန်းတွေ အဲလိုအပြောတွေနဲ့ နောက်ဆုံး ဖင်လေးပွတ်ပြီး ပြန်သွားရတာချည်းပဲ..။

        • Foreign Resident

          December 9, 2013 at 12:13 pm

          ” တကယ်တော်ရင် ဂျူ းတွေလို လူနည်းနည်းလေးနဲ့ နိုင်ငံတကာမှာ စွာနိုင်ရမယ် ”

          ဟုတ်ပါတယ် ။ ဂျူးတွေက တရုတ်တွေထက် ပိုတော်ပါတယ် ။
          ပိုက်ဆံ ရှာတာချင်း တူရင်တောင် ၊ တရုတ်က ပိုက်ဆံ သိပ်ဖြုန်းကြတယ် ။
          ဂျူးတွေက အမေရိက ကိုတောင် ၊ နောက်ကွယ်က ကြိုးကိုင်နေတယ် ကြားပါတယ် ။

          ” သိပ်လည်း တရုတ် အထင်မကြီးနဲ့ဗျ.. အနောက်အစိုးရနဲ့ မီဒီယာတွေက ဒါမျိုး နောကြေနေပီ။
          အေးရှန်းတွေ အဲလိုအပြောတွေနဲ့ နောက်ဆုံး ဖင်လေးပွတ်ပြီး ပြန်သွားရတာချည်းပဲ ”

          အနောက် နိုင်ငံ အားလုံးကို အထင်မကြီးပေမယ့် ၊ အမေရိက ကိုတော့ အထင်ကြီးမိပါတယ် ။
          ကမာ္ဘ့ ရဲ့ အဓိက အဖြစ်အပျက် အားလုံးကို ၊ နောက်ကွယ်က ပုံဖေါ်နေတဲ့ နိုင်ငံ ပါ ။
          ( စံနစ် ကောင်းတော့လည်း ၊ ကမာ္ဘ ပေါ်က အတော်ဆုံးလူတွေ သွားချင်နေတဲ့ နိုင်ငံပေကိုး ၊
          တခြား နိုင်ငံတွေက ယှဉ်နိုင်ဖို့ မလွယ်ပေဘူး ကိုး )

  • အဘရေ အမေစုအတွက် ဂုဏ်ယူတယ်ဆိုတဲ့စကားဟာ ပြောဖို့တောင်မလိုအောင် အဆင်သင့်အမြဲရှိနေပြီးသားပါ။
    ဓာတ်ပုံလေးတွေကိုလည်းသိမ်းသွားပါတယ်။

  • အဘရဟူဒီ

    December 7, 2013 at 8:44 pm

    ICBC မှာ အလွန်အင်မတန် လန်ထွက်နေတဲ့ စိနမာကတ္တာတွေ ရှိကြောင်း
    စကားမစပ် ပြောခဲ့ပယဇီ ခီညော်.

    :kwi:

  • padonmar

    December 7, 2013 at 11:21 pm

    အဘဖေါ ပျောက်နေလို့ ထွက်လာအောင် ချွန်ပေးတာပါ။ဟီဟိ..
    အမှန်တော့ အဲဒီပို့စ်ကို အချိန်ကြာမှ တင်ဖြစ်တာလည်း ဂုဏ်ပြုရမယ့်လူတွေရုပ်က တရုတ်ရုပ်ပေါက်နေတော့ (တရုတ်မှန်းသိသာနေတော့)ပြောချင်တာ နဲ့ လွဲကုန်မှာစိုးလို့ပါ။
    ထင်တဲ့အတိုင်းပဲ မလတ်နဲ့ သဂျီးကနေဆက်လိုက်တာ တရုတ်လိုင်းဖြစ်သွားတော့ ဆဲခံရရင် အဖော်ရအောင် အဘကိုပါ အမှုတွဲ ဖွင့်လိုက်တာလို့ ဝန်ခံပါတယ်။
    အဘရေ၊
    ဒေါ်စုတယောက်သာမက ဦးသန့်လည်း ရှိသေးတယ်လေ။
    ကမာ္ဘကသိတဲ့ လေးစားရတဲ့ ဗမာစစ်စစ်။
    အဲတော့ ကျမက ဟိုဖက်က ကောက်ချက်ကို ဒီဖက်မှာဆက်ဆွဲမယ်။
    ဗမာ(မြန်မာမဟုတ်) လူမျိုးတွေရဲ့ဗီဇက သဒ္ဓါစရိုက်များတယ်။ယုံကြည်လွယ်တယ်။ရက်ရောတယ်။စိတ်နူးညံ့ပျော့ပျောင်းတယ်။ဆွဲဆောင်လို့လွယ်တယ်။
    ပညာနဲ့ယှဉ်ရင် ကောင်းတော်ဖြစ်တယ်။
    ပညာနဲ့ မယှဉ်တဲ့သူတွေကျတော့ ကောင်းညံ့ဖြစ်ကြတယ်။ပျော့တယ်၊ပျင်းတယ်၊လက်လျှော့လွယ်တယ်။သူများညာတာခံရလောက်အောင် နားယောင်လွယ်တယ်။
    လောဘစရိုက်ဆိုတာ မကောင်းတာပါ၊ပြင်ရပိုခက်ပါတယ်။
    သဒ္ဓါစရိုက်က ကောင်းတဲ့စရိုက်ပါ၊ကိုယ့်ကိုကိုယ်ပြင်ချင်ရင် လွယ်ပါတယ်။ပညာလေးထပ်ထည့်ရုံပါပဲ။
    (မကောင်းတာသိရင် ကောင်းရာရောက်အောင် ပြင်ကြစေချင်လို့ ပြောတာပါ၊ဆဲချင်လည်း အဘပို့စ်ထဲ ဆဲအောင်လို့ ဟီဟိ)

    • Foreign Resident

      December 9, 2013 at 11:54 am

      padonmar says:

      ” အဘဖေါ ပျောက်နေလို့ ထွက်လာအောင် ချွန်ပေးတာပါ ။ ဟီ ဟိ ”
      ” ဆဲခံရရင် အဖော်ရအောင် အဘကိုပါ အမှုတွဲ ဖွင့်လိုက်တာလို့ ဝန်ခံပါတယ် ။ ”

      တွေ့လား ။ အဘ ဖေါ ကို ဆို သိပ်ချစ်ကြတာဘဲ ။
      အဆဲခံရမှာ သေချာပေါက် အကွက်လေးတွေ ဆိုရင် ၊
      အဘ ဖေါ လက်ကို လှမ်းချိတ်လိုက်တာဘဲ ။ ဟီ ဟိ ။
      သူ က ဝန်တောင် ခံထားလိုက်သေးတယ် ။ ဟီ ဟိ ။

      ဒါပေမယ့် ၊ အဘ က မနက်ဖြန်လောက်ဆို မအားတော့ဘူးကွယ့် ။
      ခရီး တစ်ခု သွားစရာလေး ရှိလို့ ၊ ၂ ပါတ်လောက် ကြာမယ် ။
      အဲဒီတော့ကာ ၊ ဆဲချင်တဲ့သူတွေ လွတ်လွတ် လပ်လပ်သာ ဆဲထားနှင့်ကြပါ ။
      ဟီ ဟိ ။

      • sorrow weaver

        December 9, 2013 at 12:12 pm

        ဘဖော…တိန်းဘောသွားစီးမို့လား….ပြန်လာရင် နယူးဇီလန်ပတ် သိန်းဘောအကြောင်းကိုယ်တွေ့လေး ရေးပါဗျာ …အဲ့ဘက်လေးတိုးဆွဲချင်လို့ ….ဗမာတရုတ်သဌေးမားကတ်ကြီးက မက်စရာဗျ…အဟိဟိ

      • Foreign Resident

        December 9, 2013 at 12:26 pm

        sorrow weaver says:
        ” ဗမာ တရုတ် သဌေး မားကတ်ကြီးက မက်စရာဗျ…အဟိဟိ ”

        အရေးထဲ တရုတ် ဆိုတဲ့ စကားလေး ၊
        မ ပါ ပါ အောင် မန့်သွားရသေးတယ် ။ လူဇိုး ။ 😛

  • kai

    December 8, 2013 at 4:37 am

    အင်း…
    ကျုပ်ကတော့.. မြန်မာ့နယ်နမိတ်အင်ပါယာထဲမွေးတဲ့သူမှန်သမျှ.. မြန်မာစစ်စစ်ပဲ..။ မြန်မာ့သွေး၁၀ဝရာနှုန်းပဲ..။
    ရေတောင်ပေးမရောဘူး…။

    မြန်မာပြည်ဆိုတာ.. ကမ္ဘာ့လူအများဆုံးတိုင်းပြည်၂ခုကြား…( ကုလားပြည်နဲ့စိနပြည်)ကြားနှစ်ထောင်သောင်းချီရှိနေတာ….။
    တရုတ်ကုလား ရောမှမြန်မာဖြစ်တာကို.. ဟိုခွဲဒီခွဲနဲ့..
    နကိုကမှ.. ရှေ့ဘဝ-လက်ရှိဘဝ-နောက်ဘဝနဲ့… တယောက်၃ကိုယ်ကွဲ(ခွဲ)ပြီး.. တိုင်ပါတ်နေတာ…
    သွေးထဲ..တရုတ်-ကုလားထပ်ခွဲရင်တော့… လူ၁ယောက် ၅ကို်ယ်ခွဲပြီး.. တိုင်ပါတ်ကုန်မယ်…

    ဒန်တန့်တန်… :kwi:

    • Foreign Resident

      December 9, 2013 at 5:06 am

      kai says:
      ” အင်း…
      ကျုပ်ကတော့.. မြန်မာ့ နယ်နမိတ် အင်ပါယာထဲ မွေးတဲ့သူမှန်သမျှ.. မြန်မာစစ်စစ်ပဲ..။
      မြန်မာ့သွေး ၁၀ဝ ရာနှုန်းပဲ..။ ရေတောင်ပေးမရောဘူး…။ ”

      သူကြီး ရယ် ။ ပြောရက်လိုက်တာ ။
      ကျုပ်တို့ ( မြန်မာပြည်ပေါက် တရုတ်သွေး စပ်တဲ့သူတွေ ) ကတော့ ၊
      ဒီလို လူ့ အတန်းအစား / လူမျိုး ဘယ် ခွဲ ချင်ပါ့မလည်းဗျာ ။

      ကျုပ်တို့ ( မြန်မာပြည်ပေါက် တရုတ်သွေး စပ်တဲ့သူတွေ ) ခမျာ ၊
      ကိုယ်တင် မကဘူး ၊ ကိုယ့် မိဘတွေပါ မွေးဖွားခဲ့ရာ ၊ အမိ မြန်မာပြည်ကြီး ထဲ မှာတင် ၊
      လူမျိုးပေါ် မူတည်ပြီး ၊ ဒုတိယတန်းစား နိုင်ငံသား တွေ အဖြစ် ၊
      လူ အတန်းအစား / လူမျိုး အခွဲခံ ( Discriminate အလုပ်ခံ ) ခဲ့ရတဲ့ ၊
      အဖိနှိပ်ခံ အနှိမ်ခံ လူမျိုး တွေပါဗျာ ။

      ကျနော် ၊ အဖေ အမေ တရုတ်စပ် လူမျိုး အနေနှင့် ၊
      မြန်မာ နိုင်ငံကြီးထဲမှာ မွေးဖွားလာခဲ့မိတာ ၊
      ကျနော့် မှာ ဘာ အပြစ် များရှိနေလို့ ၊ ကျနော် တို့ဟာ ၊
      မြန်မာ နိုင်ငံ ရဲ့ ဒုတိယတန်းစား နိုင်ငံသား ဖြစ်ရသလဲဗျာ ။

      ကျနော့် သူငယ်ချင်း အရင်းကြီးတွေ ၊ ဆေး ကျောင်း အင်ဂျင်နီယာကျောင်း တွေကနေ အထုတ်ခံရတယ် ။
      ကျနော်တို့ မိသားစု ကိုယ်နှိုက်လည်း အခုချိန် ထိတောင် ၊ နည်းမျိုးစုံ နှင့် အဖိနှိပ်ခံ နေရတာပါဗျာ ။
      မြန်မာနိုင်ငံဟာ တော်တော်လေးကို တရားမျှတမှု ဆိတ်သုန်းနေတဲ့ ၊ အောက်တန်းကျတဲ့ နိုင်ငံပါဗျာ ။
      ကျနော် ပြောချင်တဲ့စိတ် ရှိလာတဲ့ တစ်ချိန်ကျရင် ၊ ဒီ အကြောင်းတွေ သေချာ ရေးပြပါဦးမယ်ဗျာ ။

    • ဦးကြောင်ကြီး

      December 9, 2013 at 8:05 am

      ရေမရောဖို့ နာမည်လေးတော့ ပြောင်းပေးပါ မာမွတ်ခိုမ်..

    • မင်း ခန့် ကျော်

      December 9, 2013 at 11:13 am

      လူသားဖြစ်တည်မူ့ ကို ဘာသာတရားယုံကြည်မူ့ရှု့ထောင့်ကကြည့်ရင်

      အားလုံးဟာ အမျိုးတွေချည်းပါပဲ။

      ယူအက်စ်မြေမှာလူဦးရေ သန်း တသောင်းလောက်နောက်ထပ်နေနိုင်တဲ့

      မြေရှိတာမို့ အဲဒီမြေမှာမွေးသမျှ အမေရိကန်ဖြစ်စေ လုပ်လို့ရပါတယ်။

      မြန်မာပြည်က နဂိုက ကျဉ်းကျဉ်း စနစ်က မရှိ အနောက်ဘက်အိမ်နီး

      ချင်းတွေက တပြွတ်ပြွတ် လာမွေးလိုက် အရှေ့ မြောက်က တအိအိ

      ဝင်လာလိုက်နဲ့ အနှစ်နှစ်ဆယ်တောင်ခံပါ့မလားပဲ။

      လက်ရှိတိုင်းရင်းသားတွေအကုန်လုံးငုတ်တုတ်မေ့နေချိန်မှာ ဒီအရေး

      ကိုတော့ အလေးမထားလို့မရဘူးဗျ။

      တရုတ်က တရုတ်ပဲ ။ ကုလားက ကုလားပဲ။

      ဘာမှစဉ်းစားပေးရမဲ့အချိန်မဟုတ်ဘူး။ နေနိုင်ရင် ပျော်နိုင်ရင်နေပဲ။

      အဟိ ဘယ်သူမှ တရုတ်ရယ်လာပါလာပါ ကုလားရယ်လာပါလာပါ

      ဘယ်သူမှအတင်းမခေါ်ဘူး။ စီးပွားလုပ်ချင်ရင်လာလုပ် ရတယ်။ထုံစံ

      အတိုင်းပဲ အခွန်ဆောင် ပြီးရင်ပြန် ။ ဒီကတိုင်းရင်းသားတွေ က အစိုးရ

      ကတပူ တရုတ်က တပူ ကုလားက တပူ အပူမီးဝိုင်းနေတာရယ်။

      အစိုးရမီးတော့ ငြိမ်းဖို့ သိပ်မရဲဘူးရယ်။ သေနတ်ရှိတာကိုးးးး

      ကျန်မီးတော့ ငြိမ်းရဲတယ်။ ကုလားက ငြိမ်ငြိမ်မနေတော့ အတီး

      ခံနေရပြီ။ တရုတ် က ဘာကိုထောင်ချင်သလဲ?

      လူမျိုးရေးတော့မခွဲခြားဘူး ။ ကုလားလဲပေါင်းတယ်။တရုတ်လဲ

      ပေါင်းတယ်။ တန်းတူအခွင့်အရေးတော့မပေးနိုင်သေးဘူး။

      ကျုပ်တို့တောင်မရသေးတာ။

      အပိုတွေပြောနေရတာ အာညောင်းးးး အဲ လက်ညောင်းတယ် :mrgreen:

  • တောတွင်းပျော်

    December 8, 2013 at 8:31 pm

    ၆ ။

    ဟီ ဟိ ။ အဆဲခံရအောင် တစ်ချက် ပြောလိုက်ဦးမယ် ။

    South East Asia မှာတော့ ၊ တရုတ် လူမျိုး / ကပြား တွေ များရင် ၊

    များသလောက် ၊ အဲဒီ နိုင်ငံဟာ ချမ်းသာ တာဘဲ ။

    ဟီဟိ! အဘရေ…
    ကျနော်လည်း တရုတ်မကိုပဲ ရှာယူတော ့မယ်။
    ကျနော်တို ့ တိုင်းပြည် မြန်မာပြည်အတွက် စေတနာ အပြည် ့နဲ ့ပါ။
    ကိုကြောင်ကြီးရေ Meow ကြစို ့။ ။
    နောက်တာပါ အဘ။
    ကျနော်လည်း တရုတ်တွေနဲ ့ အတူအလုပ်လုပ်နေတာပါ။
    သူတို ့တွေရဲ ့အလုပ်ပေါ်ထားတဲ ့ စိတ်ဓါတ်က အတော်လေးစားအတုယူဖို ့ကောင်းပါတယ်။

    • Foreign Resident

      December 9, 2013 at 5:38 am

      တောတွင်းပျော် says:
      ” ဟီ ဟိ ! အဘရေ…
      ကျနော်လည်း တရုတ်မကိုပဲ ရှာယူတော ့မယ်။
      ကျနော်တို ့ တိုင်းပြည် မြန်မာပြည်အတွက် စေတနာ အပြည် ့နဲ ့ပါ ”

      ဟဲ ဟဲ ။ ယူပါဗျာ ။ ယူပါ ။ တရုတ်မလေးတွေ ကိုပဲ ရှာယူပါ ဗျာ ။ အားပေးပါတယ် ။
      ရှာလို့ အဆင်မပြေရင် ၊ အဘမှာ တူမ ဝမ်းကွဲ အချော အလှလေးတွေတောင် ရှိသေး ။
      အဘ တို့က ၊ လူမျိုး အသားအရောင် ခွဲခြားတဲ့စိတ် မရှိပါဘူးဗျာ ။
      ( တူမ ဝမ်းကွဲ အချော အလှလေး တစ်ယောက် ရဲ့ ရည်းစား ဟာလည်း ဗမာ ပါဘဲဗျာ )
      ( အဘ ကိုယ်တိုင် နှင့် အဘ ရဲ့ ညီ အရင်း တစ်ယောက် ကလည်း ၊
      ဗမာ မ စစ်စစ် တွေကို လက်ထပ်ယူထားကြတာပါကွယ် )

      အဲ ၊ တစ်ခုတော့ ရှိတယ် ၊
      သူတို့ မှာ လူမျိုး အသားအရောင် ခွဲခြားတဲ့စိတ် သိပ် မရှိလှပေမယ့် ။
      သူတို့ က ငွေ ၊ ဂုဏ် ၊ အာဏာ ၊ စာရိတ္တ နှင့် စိတ်ဓါတ် ကိုတော့ မက်လိမ့်မပေါ့ ။
      အဲဒီတော့ကာ ၊ ကိုရင်ဟာ ၊ အဲဒီ အပေါ်က အချက်တွေ ပြည့်စုံလို့ကတော့ ၊
      အဘ ကိုယ်တိုင် ၊ အဘ တူမ ဝမ်းကွဲ တရုတ်မ အချော အလှလေးတွေ နှင့် ၊
      မိတ်ဆက်ပေးဖို့ ဝန်မလေးပါဘူးဗျာ ။

  • ဦးကြောင်ကြီး

    December 9, 2013 at 8:00 am

    ဒါဂ ဒလိုစိသဗ.. တရုတ် တိုးတက်တာ လောဘနဲ့ အလုပ်ကြိုးစားလို့.. တရုတ်မ တိုတက်တာ တရုတ်လောဘကြီးလို့..။ စနစ် + ရေခံမြေခံ သိပ်စဂါးပြောတယ်.. တရုတ်ခြင်းတူပေမဲ့ ဈေးဂွက်စီးပွားရေး စနစ်ကျင့်သုံးခဲ့တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ ပြည်မထက် အဆပေါင်းများစွာ ချမ်းသာတယ် (တဦးခြင်းဝင်ငွေ)။ ဒီနေ့ တဟုန်ထိုး တိုးတက်လာတဲ့ ပြည်မဂျီးမှာတောင် ကမ်းရိုးတန်းဒေသ အထူးစီးပွားရေးဇုန်တွေနဲ့ ကုန်းတွင်းပိုင်းဒေသ ကွာဟချက် ကြီးမားတယ်။ တလောက ပြည်မဂနေ ယူအက်စ် လုပ်ငန်းဗီဇာနဲ့လာသူ ရှန်ဟဲက တရုတ်မတယောက်နဲ့တွေ့တော့ ယူနန်ပြည်နယ်နဲ့ မြန်တျန့် နယ်စပ်ခြင်းထိဂျောင်း မိတ်ဆက်ပြောမိတယ်။ သူက ယူနန် (သူတို့ခေါ်တာတမျိုး) ပြည်နယ်က ကုန်းတွင်းပိတ်မို့ အဆင်းရဲဆုံး ပြည်နယ်တခုတဲ့။ ဒါတောင် ဟိုဖက်ဒီဖက် နယ်စပ်ဖြတ်သွားတဲ့အခါ ကျနော်တို့ဆီက ရွှေလီမြို့နဲ့ သူတို့ဆီက ကြယ်ခေါင်မြို့ ဖွံ့ဖြိုးစည်ပင်ပုံခြင်း အကွာဂျီးကွာဒယ်နော်။ ယူနန်ပြည်နယ် တိုးတက်ဖို့ မြန်တျန့်ပြည်ကို အပိုင်ချုပ်ထားတာ အရေးကြီးတဲ့ တချက်ဖြစ်တယ်။ နို့မို့ရင် သူ့မှာ ပင်လယ်ဆိပ်ကမ်း ထွက်ပေါက် မစိဗူး။
    ဦးဖောပြောတဲ့ မြန်တျန့်သားတွေကို တီလုပ်လက် အပ်လို့ ကြီးပွားလာမလား။ လူမျိုးနဲ့မဆိုင် စနစ်နဲ့သာ ဆိုင်တာမို့ အဲဒီစနစ်ဆိုတဲ့နေရာမှာလည်း ရှေးရိုးစွဲနဲ့ ခေတ်မှီ အပေါ်မူတည်သေးတယ်။ ယေဘူယျအားဖြင့် တရုတ်တိုးတက်သွားတာ ခေတ်မှီ အနောက်အတိုင်း အတွေးအခေါ် လက်ခံရကောင်းမှန်း သိသွားလို့၊ ရေခံမြေခံ (အရင်းအမြစ်၊ လုပ်အား၊ တည်ငြိမ်မှု) ပေါင်းစပ်လိုက်တော့ အချိန်အခါမှာလည်း ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတော့ အနောက်ကမာ္ဘရဲ့ ကုန်ထုတ်လုပ်ငန်းတွေ အပြင်ထွက်ကုန်တယ်။ အဲဒီမှာ ချက်ကောင်း ဖမ်းလိုက်နိုင်သူတွေ ထောကုန်တယ်။ တရုတ်မှ မဟုတ် မလေး၊ ဗီယက်နမ်.. တောင်အမေရိကမှာဆို ဘရာဇီး.. အာဖရိကမှာဆို ကင်ညာ စတဲ့နိုင်ငံတွေ သူဌေးဖြစ်ကုန်တယ်။ တရုတ်ကြီးကတော့ သူများထက်သာတဲ့ နဂိုအခံ ရှိပြီးသားဆိုတော့ ပိုမြန်တာပေါ့။ လူမျိုးထက် စနစ်အရေးကြီးပုံ ပြောပါတယ်။ ဗီဇ၊ ပတ်ဝန်းကျင်လည်း ပစ်ပယ်လို့ မရနိုင်ဘူး။ တူကြေးဆို အိန္ဒိယ ဘာလို့ကျန်ခဲ့သလဲ.. ရိုးရာအစွဲ သိပ်ကြီးတာကိုး။ တနေ့က လီကွမ်းယု အင်တာဗျူ း ဂျာနယ်တခုမှာ ဖတ်ရတယ်။ သူက ဘာပြောလဲဆို စင်ကာပူမှာ အိန္ဒိယစာသင်ကျောင်းဖွင့်ဖို့ အသစ်လျောက်တော့ သုံးလေးကျောင်း ရှိပြီးသားမို့ ငြင်းလိုက်သတဲ့။ ဆက်ပြောတာ အိန္ဒယသားတွေက စင်ကာပူမှာ စစ်မှုထမ်းဖူးပြီး ဂရင်းကတ်ရတောင် အိန္ဒိယရိုးရာ အစဉ်အလာ အတွေးအခေါ အမူအကျင့်တွေ မပြောင်းနိုင်ဘူး.. မပြောင်းနိုင်ရခြင်းက မပြောင်းချင်လို့ အဟောင်းကို ဖက်တွယ်ထားလို့.. အကျိုးဆက်က စင်ကာပူ လူနေမှုစနစ်နဲ့ အံမဝင်တော့ဘူး။ ဒါကြောင့် အိန္ဒိယသမိုင်း ယဉ်ကျေးမှု စတာတွေပဲ အဓိကသင်ပေးမည့် ကျောင်းကို လက်မခံရတာလို့ ရှင်းပြတယ်။ တရုတ်တွေကြတော့ပို ပြုလွယ်ပြင်လွယ် လက်ခံလွယ်လို့ တိုးတက်တာ ပြောရမယ်။ ဆန့်ကျင်ဖက် အမြင်က ကြည့်ရင်တော့ အမျိုးအနွယ် အစဉ်အလာ စောင့်ထိန်းမှု အားနည်းဒယ် ဘာညာပေါ့ဗျာ။ ဒါလည်း ညှိယူရမည့် တချက်ပဲ.. အဲဒါကိုချည်း ရှေ့တန်းတင်ရင်တော့ သူများနောက် ကျန်ခဲ့တာပေါ့။

    • Foreign Resident

      December 9, 2013 at 11:45 am

      ဦးကြောင်ကြီး says:

      ” ယေဘူယျအားဖြင့် တရုတ်တိုးတက်သွားတာ ၊
      ခေတ်မှီ အနောက်တိုင်း အတွေးအခေါ် လက်ခံရကောင်းမှန်း သိသွားလို့ ”

      ” တရုတ်တွေကြတော့ပို ပြုလွယ်ပြင်လွယ် လက်ခံလွယ်လို့ တိုးတက်တာ ပြောရမယ်။
      ဆန့်ကျင်ဖက် အမြင်က ကြည့်ရင်တော့ အမျိုးအနွယ် အစဉ်အလာ စောင့်ထိန်းမှု အားနည်းဒယ် ဘာညာပေါ့ဗျာ ”

      ဦးကြောင် မန့်သွားတာတွေ ကို လက်ခံပါတယ် ။

      Hight Light တစ်ချက် လုပ်ချင်တာကတော့ ၊
      ” တရုတ်တွေ က ပြုလွယ်ပြင်လွယ် လက်ခံလွယ် ” တယ် ဆိုတဲ့အချက်ပါ ။
      တရုတ်တွေက ဗီဇ ကိုယ်နှိုက်က ၊ Conservative သိပ်မဖြစ်လို့ ၊
      ကမာ္ဘ အနှံ့ ရေကြည်ရာ မြက်နုရာ လျှောက်သွားနေတာလို့ ထင်မိတယ် ။

      ကျနော်တို့ မိသားစု ဆိုရင် ၊ လက်ရှိ မိဘတွေသာ မရှိတော့တဲ့ အချိန်ရောက်ရင် ၊
      မြန်မာပြည်မှာ တစ်ယောက်မှ ကျန်လိမ့်မယ် မထင်တော့ဘူး ။

      နောက် အဓိက အချက် ထောက်ခံချင်တာက ၊
      ” အနောက်တိုင်း အတွေးအခေါ် လက်ခံရကောင်းမှန်း သိသွားလို့ ” ဆိုတာပါ ။

      ကိုယ်တွေကဘဲ ၊ ဩဇီမှာ အခြေချ နေမိပြီး ၊
      ဒီမိုကရေစီ ၊ လူ့ အခွင့်အရေး ၊ တရားမျှတခြင်း ကို လက်တွေ့ ခံစားနေရလို့လား မ သိဘူး ။

      တိုင်းပြည် တပြည် တိုးတက် အေးချမ်းဖို့ ဆိုရင် ၊ အနောက်တိုင်း အတွေးအခေါ် တွေဖြစ်တဲ့ ၊
      ဒီမိုကရေစီ ၊ လူ့ အခွင့်အရေး ၊ တရားမျှတခြင်း တို့နှင့် သွားကို သွားမှ ဖြစ်မယ်လို့ ၊
      ယူဆ ယုံကြည်နေမိတယ် ။
      ( အဖြူတွေကို အထင်ကြီးစိတ် ဝင်နေပြီလို့ ၊ အပြောခံရတော့မှာဘဲ ၊ ဟီ ဟိ )

      • kai

        December 9, 2013 at 12:58 pm

        သိပ်မကြာခင်နှစ်တွေမှာ.. ယူအက်စ်ရဲ့မြီရှင်.. စိနရဲ့အကြွေးတွေ…မပေး/မဆပ်တော့ပဲ.. ယူအက်စ်က. တိုင်းပြည်လိုက်.ဒေဝါလီခံမယ်ထင်ပါတယ်…
        တကယ်ဖြစ်ပုံက.. ယူအက်စ်က.. စိနနဲ့ဂျပွန်ကအကြွေးယူ… မစ်ဒယ်အိစ်ကရေနံဝယ်ပြီး.. ကမ္ဘာ့အလုပ်အကိုင်နဲ့.. ငွေကြေးလည်ပါတ်မှုဖြစ်စေလိုက်တာပါ..။

        ဆိုတော့…
        စိနသားတွေအလုပ်လုပ်တာဟာ.. ဘာအဓိပ္ပါယ်လည်း..။
        အဖြူဆိုတဲ့.. ကော့ကေးရှန်တွေ.. ဘယ်လိုလုပ်စားအုပ်ချုပ်သလည်း….။
        အာရှသားတွေ.. ဘာလည်း…ဘယ်လည်း…
        ဒူ…ဝူ..ဝူ…ပါပဲ..လို့.. :kwi:

      • Foreign Resident

        December 9, 2013 at 2:35 pm

        kai says:
        ” သိပ်မကြာခင်နှစ်တွေမှာ.. ယူအက်စ်ရဲ့မြီရှင်..
        စိနရဲ့အကြွေးတွေ…မပေး/မဆပ်တော့ပဲ..
        ယူအက်စ်က. တိုင်းပြည်လိုက်.ဒေဝါလီခံမယ်ထင်ပါတယ်…”

        အွန် ၊ သူကြီး Idea ကြီးကလည်း ၊ မြင့်လိုက်တာ / ကြမ်းလိုက်တာ ။
        အမေရိက က တရုတ် အကြွေးတွေ မ ဆပ်နိုင်လို့ ၊ ဒေဝါလီ ခံတော့မယ် ။
        ဖြစ်နိုင်ပါ့မလား ။ အမေရိကန်တွေ မျက်နှာ ဘယ်သွားထားမလဲ ။

        • kai

          December 9, 2013 at 3:31 pm

          ဒေါ်လာနဲ့ပါတ်သက်လာရင်.. မိတ်ဆွေမျိုးတူဥရောပကိုတောင်… ဆွဲချဖို့ဝန်မလေးတဲ့.. အမေရိကန်တွေဟာ.. ဒီလိုလုပ်တော့မယ်..လုပ်နိုင်တယ်ဆိုတာ.. ၂ကြိမ်ပြခဲ့ပြီးပြီ..။

          ပြီးခဲ့တဲ့.. ၂လက.. အိုဘားမားအစိုးရကို..ကွန်ဂရက်ကလုပ်ပြတာတွေဟာ.. နောက်လုပ်မယ့်.. အချက်ပြချက်( Hints )လို့.. မမြင်နိုင်ဖူးလား..
          နောင်လာမယ့်ရွေးကောက်ပွဲမှာ.. ရီပါ့ဗလစ်ကင်န်ပါတီက.. သမ္မတဖြစ်မှာလေ…။

          ဒန်တန်တန်…
          =
          At 11th hour, U.S. edges away from brink of debt crisis | Reuters
          http://www.reuters.com/article/2013/…/us-usa-fiscal-idUSBRE98N1122013101…‎
          Oct 16, 2013 – How and when might the United States default? … biggest economy close to a debt default that could have threatened global financial calamity.
          ==
          Obama signs bill to end partial shutdown, avert debt default – CNN …
          http://www.cnn.com/2013/10/16/politics/shutdown-showdown/‎
          updated 12:51 AM EDT, Thu October 17, 2013. STORY HIGHLIGHTS … The past 16 days of the partial government shutdown have come at a steep cost.
          =

  • KZ

    December 9, 2013 at 11:18 am

    ဘဖောရေ။
    ဘာမှတော့ မပြောတော့ပါဘူးနော့။
    ဒီ ပို့(စ) အပေါ်ပိုင်း အတွက် ကျေးဇူးတင်ပါတယ်လို့သာ။။
    ကျန်တဲ့ အပိုင်းကတော့ ငြင်းတာပဲ ထိုင်ကြည့်တော့မယ်။

    အနော်တို့ဆီ မတိုးတက်လာတာ အဓိကနဲ့သာမည မခွဲတတ်လို့ဆိုတာ ဝင်မပြောတော့ဘူးးးး
    ဟိဟိ

    😀

  • သကြားလုုံးကြော်

    December 9, 2013 at 2:46 pm

    “အမေစု ( ဗမာ လူမျိုး ) လောက် ကြည်ညိုစရာ ကောင်းတဲ့ ၊ အမေစု ခြေဖျားကို မှီတဲ့ ၊ ဗမာပြည် ပေါက် တရုတ်တော့ ၊ အဘ တစ်သက်မှာ တစ်ယောက်မှ မတွေ့ဖူး သေးဘူး ။”

    ဗမာပြည်ပေါက်တရုုတ်ဆိုုမှတော့ အမေစုုနဲ့ နှိုင်းလိုု့ ဘယ်ရမလဲ။ ဒီလောက်မျိုးချစ်တွေကိုု။ မော်စီတုုန်းနဲ့ နှိုင်းရင် ဟုုတ်တုုတ်တုုတ်။

    ကျမတို့ကတော့ ရောက်ရာအရပ်ပေါ်မူတည်ပြီး ရေလိုုက်ငါးလိုုက် လူမျိုးပြောင်းတယ်။ အဖြူတွေ နဲ့ တရုုတ်တွေက မေးရင် ဗမာမှဗမာ။ ဒါတောင် တရုုတ်ပြည်က တရုုပ်တွေက နင့်မှာတရုုတ်သွေးပါမှာပါဆိုုပြီး အတင်း မျိုးရိုုးစပ်သေးတယ်။ 4th generation ဗမာမှဗမာလိုု့ တရုုတ်စကားကိုု မပြောတတ်ဘူးလိုု့။
    တရုုတ်တွေနဲ့ ရောခံရမှာများ ကြောက်မှကြောက်။ ရန်ကုုန်ပြန်ရင် တရုုတ်ဗမာဖြစ်သွားရော။ တခါလေ ခရီးသွားရင် အမေရိကန်၊ တခါတလေ ခရီးသွားရင် ဗမာ၊ တခါတလေ ခရီးသွားရင် ယိုုးဒယား။

    အဖြူတွေက တရုုတ်တွေ မြင်ပါများလိုု့ တရုုတ်ပြည်က တရုုတ် မဟုုတ်မှန်းတော့ မမေးပဲသိကြတယ်။ အခုုတလော တော်တော် အမေးခံနေရတာက Vietnamese American လားတဲ့။ တိန်။ ရီရမလိုု ငိုုရမလိုု။

    • kai

      December 9, 2013 at 3:42 pm

      သိသလောက်.. ပြည်မကစိနတိုင်းသားတွေ.. အမေရိကန်စိနသားတွေက.. မြန်မာတရုတ်တွေ ကိုယ့်ကိုယ်ကိုယ်ချိုင်းနီးစ်လို့သုံးရင်.. မြန်တယန့်လို့.. ပြင်ပြောတယ်…။ ဒါမှမဟုတ်.. အိုဗာစီးချိုင်းနီးစ်ဆိုလား.. အဓိပ္ပါယ်ထွက်တဲ့.. စကားလုံးပြန်သုံးပြောတယ်..။
      ယူအက်စ်မှာ.. အဖွဲ့အစည်း.. အသင်းကို ချိုင်းနီးစ်စာလုံးသုံးပြီးနဲ့ထောင်ရင်.. ကန့်ကွက်တယ်..။

      … မြန်တယန့်ဟာ.. နောက်ဆုံးတော့ မြန်တယန့်ပါပဲ..။ :kwi:
      ဒါပေမယ့်..
      ဥရောပ/အရှေ့အလယ်ပိုင်းသွားရင်.. စိနသားလိုပြော…
      အာစီယံနိုင်ငံတွေမှာ.. အမေရိကန်ပြော…
      အမေရိကားမှာ.. ဗမာလို့ပြော…
      ရေလိုက်ငါးလိုက်.. အကောင်းဆုံးပါ…။ :mrgreen:

  • Foreign Resident

    December 10, 2013 at 1:42 am

    ဘိုင် ဘိုင် ရွာသူား တို့ရေ
    အဘ New Zealand ကိုသွားပြီ
    အခု Sydney Airport က Departure Terminal ထဲမှာ

    • မင်း ခန့် ကျော်

      December 10, 2013 at 10:32 am

      အဘရေ ကြိုးစားထား :mrgreen:

      တရုပ်အကြောင်းကျတော်သိသလောက်မန့်ပေးပါအုံးမယ်။

      အမှားအမှန်တော့ အဘအားမှပဲ။

      “တရုတ်များသလောက် အဲသည်နိုင်ငံဟာချမ်းသာတာပဲ”

      ကျတော်တို့လဲချမ်းသာချင်တယ်ဗျ။

      အဘကဒီလိုပြောတော့တရုတ်ကိုနဲနဲပြန်ကြည့်မိတယ်။

      နိုင်ငံရေးက ကွန်မြူ နစ်ပါတီ ဆိုရှယ်လစ်စနစ်။

      စီးပွားရေးက ဈေးကွက်စီးပွားရေးစနစ် or အရင်းရှင်စနစ်။

      တိုင်းပြည်အကျယ်က ဧရာမ။

      လူဦးရေက သန်းပေါင်းထောင်ချီ။

      ဒီကြားထဲ ဟောင်ကောင်လို မကာအိုလို သီးခြားအုပ်ချုပ်ရေး

      စနစ်တွေလဲပါသေးတယ်။

      အစိုးရဲ့အုပ်ချုပ်ရေးစနစ်နဲ့သွားနေတဲ့စီးပွားရေးစနစ်က

      ဆန့်ကျင်ဘက်။ရန်သူတွေ။ဒီနှစ်ခုကိုတေ့ပေးနိုင်တဲ့အစိုးရ

      ကအချိန်တခုထိပဲတေ့ပေးနိုင်မယ်။ခုထိပ်တိုက်တွေ့မဲ့အရေး

      ကနေ စီးပွားရေးက သူ့မူလ မျိုးတူ ရှိရာကို ရှောင်ထွက်သွားတယ်။

      ပြည်တွင်းမှာရှိသမျှအားကိုယူသွားတဲ့သဘော။ ဆက်နေလို့

      မရတော့ဘူး။ဒီတော့ တရုတ်ရဲ့စီးပွားရေးဖြန့်ကျက်မူ့ပုံစံနဲ့

      ကမ္ဘာအနှံ ပြန့်သွားတဲ့သဘော။အပေါ်ယံအမြင်မှာပဲပြည်မနဲ့

      ဆက်စပ်နေတာ။အတွင်းပိုင်းထိနက်နက်ရှိုင်းရှိုင်းမပက်သတ်

      တော့ဘူး။ ဒီအခြေအနေကြောင့်ကွန်မြူ နစ်ပါတီထိပ်ပိုင်းခေါင်းဆောင်

      တွေခေါင်းခဲကုန်ပြီ။ စီးပွားရေးနဲ့ထိထိမိမိ ချိတ်ဆက်စဉ်ကရတဲ့

      ငွေတွေ ရယ် ခု ၂၀၁ဝ နောက်ပိုင်း ခပ်ကျဲကျဲပြန်ဝင်လာတဲ့

      ငွေတွေလောက်ရယ်နဲ့ ဟန်မပျက်ဆက်နေတာပါ။ ဒါကြောင့်

      သူတို့လဲမူဝါဒ ပြင်ဖို့စဉ်းစားလာပြီ။တွေးခေါ်လာပြီ။

      နောက်သူတို့ပြည်နယ်အစိုးရ အထူးသဖြင့်ပင်လယ်နဲ့ဝေးတဲ့

      ကုန်းတွင်းပိုင်း အစိုးရတွေအတွက် အရင်းရှင်စီးပွားရေးသမား

      တွေရဲ့ဘဏ်တွေကနေ ငွေချေးပြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်တယ်။

      လုပ်ပြီးလို့ ရောင်းတော့မဲ့အချိန်မှာ ပင်လယ်ထွက်ပေါက်တွေ

      ရှိတဲ့ ကမ်းခြေဘက် ပြောင်းသွားတဲ့အရင်းရှင်တွေနောက်ကို

      ကုန်းတွင်းပိုင်းကလူတွေလိုက်သွားတော့ ပြည်နယ်အစိုးရတွေ

      ငုတ်တုတ်မေ့ကုန်တယ်။ လူမရှိတဲ့နေရာမှာမြို့သစ်တည်သလို

      ဖြစ်ကုန်တယ်။ချေးထားတဲ့ငွေက အရင်းရှင်တွေဆီက။ အရင်းရှင်

      တွေကလည်း ပထမ ပင်လယ်ထွက်ပေါက်ရှိရာကိုရွှေ့တယ်။

      ဒုတိယ သူ့အလားအလာ မြင်တဲ့နိုင်ငံတွေကိုရွှေ့တယ်။

      ဒီတော့ အစိုးရလဲသူ့ရဲ့စီးပွားရေးပူစီဖေါင်း မကွဲအောင်မနဲထိန်း

      နေရပြီ။ တရုတ်လို့ဆိုရင် ပင်လယ်ထွက်ပေါက်နားမှာ တိုင်းပြည်ကို

      စွန့်ခွာဖို့ချောင်းနေသောလူမျိုးလို့ ပြောစမှတ်ပြုရမဲ့အချိန်နီး

      လာပါပြီ။ တရုတ်နိုင်ငံကို ဖောင်တစီးလို့ပြောကြမယ်ဆိုရင်

      ဖောင်စီးနေသောလူမျိုးများသည် အရှေ့ဘက်ပိုင်း၌တိုးဝှေ့

      လျက် အနားရှိ လှေများပေါ်သို့ ကူးဖို့ပြင်နေဟန် ရှိနေပါတယ်။

      အချိန်မှီကူးရင်ကူးမကူးရင် အရင်အခြေအနေတိုင်းပြန်ဖြစ်အောင်လုပ်

      အဲသလိုမဟုတ်ရင် တဖက်စီး အလေးချိန်ကြောင့်ဖောင် ကွဲသွားနိုင်ပါတယ်။

      နောက် တရုတ်ချမ်းသားမူ့ဘယ်လောက်ဟန်နိုင်မလဲ?

      အရင်တုန်က ၂၀၀ဝ ခုနှစ် ထိလောက်က တရုတ်စီးပွားရေးဟာ

      ကမ္ဘာ့စီးပွားရေးနဲ့ (လျှပ်စစ်သွယ်ရင်ရှော့မကူးအောင်) ဖြူ းစ် ခံထားသလို

      ချိတ်ဆက်ထားတာ။ကမ္ဘာ့ငွေကြေး စီးပွားရေးဂယက်ရိုက်

      ခက်လာရင် ဆိုရှယ်လစ်စနစ်ဖြူ းစ်က ဖြတ်ပေးလို့ တရုတ်

      စီးပွားရေး အထိအခိုက်နဲတယ်။အရင်းရှင်စနစ်စီးပွားရေး

      က ရှေ့ကိုသွားချင်ပေမဲ့ ဆိုရှယ်လစ်စနစ်က အနှောင့်အယှက်

      ပေးပေးနေတယ်။ ဒီတော့ တရုတ်အစိုးရက ချမ်းသာရေး

      အင်အားရှိရေးမျော်ကိုးပြီး ဆက်ထားတဲ့ဖြူ းစ်ကို ဖြုတ်ပေးလိုက်တယ်။

      အရင်းရှင်စီးပွားရေးက ပိုပြေးလာနိုင်တယ်။တရုတ်အစိုးရ

      အတော်ကြီးကြွယ်ဝလာတယ်။စစ်အင်အားတိုးတက်ခေတ်မှီ

      လာတယ်။ ကမ္ဘာကို ကြွက်သားညှစ်ပြလာနိုင်တယ်။

      ၂၀၁ဝ နောက်ပိုင်းမှာ အပြေးကောင်နေတဲ့ တရုတ်အရင်းရှင်

      စီးပွားရေး ဟာ ပိုမိုစိမ်းတဲ့စားကျက်တွေကိုတွေ့လာတယ်။

      စားချင်လာတယ်။ပိုမိုကျယ်ပြန့်တဲ့ လွင်ပြင်ကြီးမှာ အရှိန် အမြန်ဆုံး

      နဲ့ပြေးချင်လာတယ်။ ဒီလိုလုပ်ဖို့ကရှိရင်း စားရင်း ပြည်တွင်း

      စားကျက်ကိုစွန့်ခွါရမယ်။ ဒီလိုနဲ့စွန့်ခွါသူတွေစွန့်ခွါတယ်။

      မစွန့်ခွါနိုင်သူတွေက စွန့်ခွါနိုင်အောင်အားမွေးတယ်။

      ကျတော့် အထင် ၂၀၂ဝ ဆိုရင်ကို တရုတ်ပြည်ဟာ အခွံသာသာ

      ကျန်ခဲ့လိမ့်မယ်။အုပ်ချုပ်ရေးစနစ်မပြင်ရင်ပေါ့လေ။

      ဒီတော့ တရုတ်တွေ မြက်ခင်းစိမ်းစိမ်းမှာ စားကောင်းကောင်းနဲ့

      ဖိစားနေရင်း အရင်က လုံခြုံ ပေမဲ့ ကျားချောင်းခံရတဲ့အဖြစ်မျိုး

      ကြုံလာရင် အရိုင်းမို့ လွတ်အောင်ပြေးနိုင်ပါ့မလား?

      ပရိရယ်ကြွယ်တဲ့ မုဆိုးကဖမ်းပြီး လှည်းဆွဲ ခိုင်းမလ?

      ဒါကြောင့်မို့ ကျတော်တော့ တရုတ်လာလို့ချမ်းသာဖို့

      ထက် ဖရိုဖရဲ ဂယက်ထရင် သူတို့နဲ့ပေါင်းမိလို့ရော

      အထောင်းခံရမှာစိုးတယ်။

      ဒီတော့ ချမ်းသာခြင်းအစစ်က ပြည်တွင်းအားကပဲ အစစ်လို့

      ယုံကြည်မိပါတယ်။

  • lynn htet

    December 11, 2013 at 5:15 pm

    “! “

  • မောင်မိုဘိုင်(သလ္လာဝတီ)

    December 12, 2013 at 4:12 am

    ဒေါ်စုရဲ့ ပုံလေးကို ကူးထားလိုက်ပါတယ်….
    ဘဂျီးဖောရဲ့ ပို့စ်ကို ဖတ်သွားပါတယ်..
    ဆြာသမားတွေရဲ့ ကွန်မန်းတွေကိုလည်း အားပေးသွားပါတယ်…

  • Aung

    December 14, 2013 at 1:51 am

    မြန်မာတွေက မတွေ့လိုက်ရတဲ့ အနော်ရထာကို တမ်းတပြီး အမျိုးဂုဏ်မောက်တယ်။
    တရုတ်တွေက မတော်ရတဲ့အမျိုးတွေနဲ့ မိသားစုအကျိုးစီးပွားအတွက်
    လိုအပ်တာထက် ပိုပြီး အတ္တကြီးကျတယ်။ ကုလားက ဘွတ်မယ် မွေးမယ် စုမယ်ကလွဲပြီး ဘာမှသိတာမဟုတ်
    ကျုပ် တရုတ်ပြည်ရောက်တုန်းက ကျုပ်ရုပ်ကို ကိုရီးယားထင်ပြီး ဘားက တရုတ်မတွေက
    ဖင်ချလောက်အောင် ကုန်းပြရိုသေနေပြတာ ကျုပ်သူငယ်ချင်းက မြန်သီး (မြန်မာဆိုတာမသိ) ဆိုပီးပြောလိုက်တော့
    စောက်ဖတ်တောင်မလုပ်တော့ဘူး..
    ဆီးဂိမ်းလေး မီးရောင်စုံဖွင့်ပြီးဖင်ဂေါင်းကျယ်မနေကျနဲ့ တကယ်ချမ်းသာအောင် တကယ်ပညာတတ်အောင်လုပ်ကျ။
    ဆီးဂိမ်းလုပ် စောက်ကြွေးတင်ပြီး စောက်ကြွေးနောက်ဆုံးဆပ်ရလဲ ပြည်သူနဲ့ သံယံဇာတပဲရှိတယ်.. သူရဲကောင်းက မျှော်မှန်းတဲ့ ဝါဒကို ဖြုတ်ပြီး စနစ်တစ်ခုခိုင်မာအောင် လုပ်နိုင်ဖို့ စနစ်ခိုင်မာရင် ဘယ်ကောင်တက်တက် ဒီမူဝါဒပဲ ဖြစ်နေမှာပဲ။
    စောက်အစိုးရ အထင်ကြီးမနေနဲ့ နောက် တစ်ရာစုအထိ ဘာမှမဖြစ်လာဘူး။ စောက်အဖြူကောင်လဲ အထင်မကြီးနဲ့ စောက်ကုလားလဲ အထင်မကြီးနဲ့ စောက်တရုတ်လဲ အထင်မကြီးနဲ့ ။ ကိုယ့်အမျိုးသားရေးနဲ့ နိုင်ငံ အကျိုးစီးပွားပဲကြည့်။ အမျိုးသားအကျိုးစီးပွားဆို အမြဲတမ်း မိတ်ဖက်၊ အမြဲတမ်းရန်သူ လုံးဝမရှိ။

  • မဟာရာဇာ အံစာတုံး

    December 14, 2013 at 9:29 am

    ကျော်လည်း
    စဉ်းစားရင်းနဲ့
    ဝင်ပီး ဂုဏ်ယူသွားဘာဒယ် ဘဘဂျီးး

Comments are closed.